Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w23 May laim. 8-13
  • Jehovah In I Thungetnate Hong Dawn Dan

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Jehovah In I Thungetnate Hong Dawn Dan
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
  • Thuluneute
  • A Thu Kibang
  • JEHOVAH IN I LAMET DANIN HONG DAWNG LO KHATHEI
  • TU HUNAH JEHOVAH IN THUNGETNATE A DAWN DAN
  • JEHOVAH KIANG THUNGET NADINGIN LE HONG DAWNNA I SAN THEIH NADINGIN UPNA KISAM
  • Jehovah In Ka Thunget Hong Dawng Ding Hiam?
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
  • Thungetna ii A Manphatna
    Lai Siangtho In Bang Hong Sinsak A Hiam?
  • Na Thungetna Khangtosak In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
w23 May laim. 8-13

SIN DING THU 21

Jehovah In I Thungetnate Hong Dawn Dan

“Ama kiang panin i nget khempeuh zong hong pia ding hi, ci-in i thei hi.”—1 JOH. 5:15.

LA 41 ဆုတောင်းသံ​ကို နားထောင်​ပေးပါ

အကြို​သုံးသပ်ချက်a

1-2. Thungetna tawh kisai-in koi bangin ngaihsun khathei i hiam?

ကိုယ့်​ဆုတောင်းချက်​တွေ​ကို ယေဟောဝါ ဖြေပေးနေမနေ ဇဝေဇဝါ ဖြစ်ဖူးသလား။ ညီအစ်ကို/မများစွာ ဇဝေဇဝါ ဖြစ်ဖူးကြတယ်။ အထူးသဖြင့်၊ အခက်အခဲ ကြုံရချိန်မှာ ဆုတောင်းချက်တွေကို ဘုရား ဘယ်လို ဖြေပေး​နေသလဲဆိုတာ သတိထား​မိ​ဖို့ ခက်​တတ်တယ်။

၂ ဝတ်ပြုသူ​တွေ​ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေပေးတယ်ဆိုတာ ဘာကြောင့် ယုံကြည်​စိတ်ချနိုင်သလဲ။ (၁ ယော. ၅:၁၅) ဆုတောင်းချက်တွေကို ဘုရား ဖြေ​မပေးဘူးလို့ တစ်ခါတလေ ဘာကြောင့် ထင်​မိ​နိုင်သလဲ။ ဒီနေ့​အချိန်မှာ ဆုတောင်းချက်တွေကို ဘုရား ဘယ်လို ဖြေပေးသလဲ။ ဒီ​မေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

JEHOVAH IN I LAMET DANIN HONG DAWNG LO KHATHEI

3. Jehovah in bang hangin ama kiangah thu hong ngensak nuam a hiam?

၃ ကျွန်တော်တို့ကို ယေဟောဝါ သိပ်​ချစ်ပြီး တန်ဖိုးထားတယ်။ (ဟဂ္ဂဲ ၂:၇။ ၁ ယော. ၄:၁၀) မိမိနဲ့ ရင်းနှီးနေဖို့၊ အခက်အခဲတွေ ခံရပ်နိုင်ဖို့ ကူညီပေးချင်တယ်။ ဒါကြောင့် အကူအညီ ရဖို့ မိမိဆီ ဆုတောင်း​စေချင်​တာ။—၁ ပေ. ၅:၆၊ ၇။

ဒါဝိဒ် စောင်းတီးနေချိန် သူ့ဆီ ပစ်လိုက်တဲ့ လှံကို ရှောင်။

ရန်သူတွေ လက်ကနေ ကယ်တင်ခြင်းအားဖြင့် ဒါဝိဒ်ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဖြေပေး (စာပိုဒ် ၄ ကို ကြည့်ပါ)

4. Jehovah in amah a bia mite ii thungetnate dawng ahihlam koici theihtheih i hiam? (Lim zong en in.)

၄ ဝတ်ပြုသူ​တွေ​ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေပေး​ကြောင်း ကျမ်းစာမှာ မကြာခဏ ဖတ်ရတယ်။ ဥပမာ၊ ဘုရင် ဒါဝိဒ်ဟာ ဘဝ​တစ်လျှောက် ရန်သူတွေ ဝိုင်းနေလို့ ဘုရားဆီ မကြာခဏ အကူအညီ တောင်း​ရတယ်။ တစ်ကြိမ်မှာ “အို ယေဟောဝါ၊ ကျွန်တော် ဆုတောင်းတာကို ကြား​လှည့်ပါ။ အသနားခံနေတာကို နားထောင်​ပေးပါ။ ကိုယ်တော့်​သစ္စာတရား​နဲ့ ဖြောင့်မတ်ခြင်း​ကို ထောက်ပြီး ပြန်ဖြေ​လှည့်ပါ” လို့ ဆုတောင်းတယ်။ (ဆာ. ၁၄၃:၁) ဒါဝိဒ်ရဲ့ ဆုတောင်းချက်တွေကို ဘုရား ဖြေပေးတယ်။ (၁ ရှ. ၁၉:၁၀၊ ၁၈-၂၀။ ၂ ရှ. ၅:၁၇-၂၅) ဒါကြောင့်​လည်း ‘ယေဟောဝါဟာ ဆုတောင်းသူတိုင်းရဲ့ အနီးအပါး​မှာ ရှိတယ်’ လို့ ဒါဝိဒ် ယုံကြည်စိတ်ချမှု ရှိရှိ ပြော​နိုင်​ခဲ့​တာ။ ကျွန်တော်တို့လည်း ထပ်တူ စိတ်ချနိုင်ပါတယ်။—ဆာ. ၁၄၅:၁၈။

တမန်တော် ပေါလု ပြင်းပြင်းပြပြ ဆုတောင်းနေ။

ခံရပ်နိုင်စွမ်း ပေးခြင်းအားဖြင့် ပေါလုရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဖြေပေး (စာပိုဒ် ၅ ကို ကြည့်ပါ)

5. Jehovah in amah a bia mite’ lamet danin thungetnate a dawng tawntung hiam? Gentehna pia in. (Lim zong en in.)

၅ ကျွန်တော်တို့ မျှော်လင့်တဲ့ နည်းအတိုင်း ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေချင်မှ ဖြေ​မယ်။ ဥပမာ၊ တမန်တော် ပေါလုဟာ “ကိုယ်ခန္ဓာ​မှာ စူးတဲ့ ဆူး” ကို ဖယ်ရှား​ပေးဖို့ ဘုရားဆီ သုံးကြိမ် သတ်သတ်မှတ်မှတ် အသနားခံ ဆုတောင်းတယ်။ ယေဟောဝါ ဖြေ​ပေးသလား။ ဖြေပေးပါတယ်။ ပေါလု မျှော်လင့်တဲ့ နည်းအတိုင်းတော့ မဟုတ်ဘူး။ ပြဿနာကို ဖယ်ရှား​ပေးမယ့်အစား သစ္စာရှိရှိ ဆက်​အမှုဆောင်​နိုင်ဖို့ လိုအပ်တဲ့ ခွန်အား ပေးတယ်။—၂ ကော. ၁၂:၇-၁၀။

6. Jehovah in i thungetnate hong dawng lo, ci-in bang hang khat veivei kingaihsun khathei a hiam?

၆ ကျွန်တော်တို့လည်း မျှော်လင့်တဲ့ နည်းအတိုင်း အဖြေ မရတဲ့ အချိန်တွေ ရှိနိုင်တယ်။ ဘယ်လို ကူညီ​ရင် အကောင်းဆုံး ဖြစ်မယ်​ဆိုတာ ယေဟောဝါ သေချာပေါက် သိတယ်။ “ကျွန်တော်တို့ တောင်းလျှောက်သမျှ၊ ကြံစည်သမျှထက် အတိုင်းထက်အလွန်” တောင် လုပ်ဆောင်ပေးနိုင်တယ်။ (ဧ. ၃:၂၀) ဒါကြောင့် ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို မျှော်လင့်မထားတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ နည်းနဲ့ ဖြေပေးနိုင်တယ်။

7. Bang hangin i thungetna i khel ding kisam khathei a hiam? Gentehna pia in.

၇ ယေဟောဝါရဲ့ အလိုတော်ကို ရှင်းရှင်းလင်းလင်း ပိုသိလာတာနဲ့အမျှ ကိုယ့်​ဆုတောင်းချက်ကို ပြောင်းဖို့ လိုအပ်နိုင်တယ်။ ဥပမာ၊ ညီအစ်ကို မာတင် ပိုစင်ဂါဟာ လက်ထပ်ပြီး မကြာခင်​မှာ နာဇီ ချွေးတပ်​စခန်း အပို့ခံရတယ်။ ဇနီးသည်ကို စောင့်ရှောက်​ပေးချင်လို့၊ ဟောပြောခြင်း လုပ်ငန်းမှာ ပြန်ပါဝင်ချင်လို့ ချွေးတပ်​စခန်း​ကနေ လွတ်အောင် ကူညီပေးပါ​ဆိုပြီး ဆုတောင်းတယ်။ နှစ်ပတ်​သာ ကြာသွားတယ်။ လွတ်မယ့် အရိပ်အယောင် မတွေ့ရဘူး။ ဒါနဲ့ “ယေဟောဝါ လုပ်စေချင်တာကို သိဖို့ ကူညီပေးပါ” လို့ ပြောင်း​ပြီး ဆုတောင်းတယ်။ ချွေးတပ်​စခန်း​မှာ ရှိတဲ့ ညီအစ်ကိုတွေ​အကြောင်း စပြီး စဉ်းစားတယ်။ ညီအစ်ကိုတွေခမျာ သူတို့​ဇနီး၊ သားသမီးတွေအတွက် သိပ်စိုးရိမ်​နေကြတာ။ ဒါကြောင့် “ယေဟောဝါ၊ တာဝန်အသစ် ပေးလို့ ကျေးဇူးတင်ပါတယ်။ ညီအစ်ကိုတွေကို အားပေးနိုင်အောင် ကူညီပေးပါ” လို့ ပိုစင်ဂါ ဆုတောင်းတယ်။ ချွေးတပ်​စခန်း​မှာ နေ​ရတဲ့ ကိုးနှစ်​လုံးလုံး ညီအစ်ကိုတွေကို အားပေးနိုင်ခဲ့တယ်။

8. Thu i nget ciangin a thupi bang thu i phawk ding kisam a hiam?

၈ လူတွေ ကြုံနေရတဲ့ သဘာဝဘေး၊ ဖျားနာခြင်း၊ သေခြင်း စတဲ့ ပြဿနာ​အားလုံးကို အပြီးအပိုင် ဖယ်ရှား​ပေးဖို့ ယေဟောဝါ ရည်ရွယ်​ထားတယ်။ သတ်မှတ်ထားချိန်​မှာ နိုင်ငံတော်​အားဖြင့် အဲဒီရည်ရွယ်ချက်ကို ပြည့်စုံစေမယ်ဆိုတာ ကျွန်တော်တို့ သတိရ,ရမယ်။ (ဒံ. ၂:၄၄။ ဗျာ. ၂၁:၃၊ ၄) လောလောဆယ်တော့ လောကကို စာတန် အုပ်ချုပ်​ဖို့ ခွင့်ပြုထားတယ်။b (ယော. ၁၂:၃၁။ ဗျာ. ၁၂:၉) အခု​အချိန်မှာ လူ့​ပြဿနာတွေကို ဘုရား လိုက်​ဖြေရှင်း​ပေးနေ​ရင် စာတန် ကောင်းကောင်း အုပ်ချုပ်​နိုင်​ပုံ ပေါက်သွားမှာ။ ကတိတွေ ပြည့်စုံစေမယ့် အချိန်ကို ယေဟောဝါ စောင့်​နေပေမဲ့ ကျွန်တော်တို့ အကူအညီ လိုတဲ့အခါ လက်ပိုက် ကြည့်​မနေပါဘူး။ ဘုရား ကူညီပေးတဲ့ နည်း​တချို့ကို သုံးသပ်ကြရအောင်။

TU HUNAH JEHOVAH IN THUNGETNATE A DAWN DAN

9. Thukhensatna bawl ding a kisap ciangin Jehovah in koi bangin hong huh thei a hiam? Gentehna pia in.

၉ ဉာဏ်ပညာ ပေးတယ်။ ကျွန်တော်တို့ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ လိုအပ်တဲ့ ဉာဏ်ပညာ ပေးမယ်​လို့ ယေဟောဝါ ကတိပေးတယ်။ အထူးသဖြင့်၊ ကိုယ့်​အသက်တာအပေါ် သက်ရောက်မှု ရှိ​မယ့် ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ဘုရားဆီ​က ဉာဏ်ပညာ လိုအပ်တယ်။ ဥပမာ၊ တစ်ကိုယ်ရေ နေ​မ​လား၊ အိမ်ထောင်​ပြုမလား ဆုံးဖြတ်တဲ့အခါ ဖြစ်တယ်။ (ယာ. ၁:၅) တစ်ကိုယ်ရေ ညီအစ်မ မာရီယာ​အကြောင်း သုံးသပ်ကြည့်ပါ။c မှန်မှန်ရှေ့ဆောင် လုပ်ရင်း ညီအစ်ကို တစ်ယောက်နဲ့ ဆုံတယ်။ “ရင်းနှီးလာတာနဲ့အမျှ သံယောဇဉ် တွယ်လာတယ်။ ကျွန်မ တစ်ခုခု ဆုံးဖြတ်​မှ ဖြစ်တော့မယ်။ ယေဟောဝါရဲ့ လမ်းညွှန်မှု ရဖို့ အများကြီး ဆုတောင်းတယ်။ ဒါပေမဲ့ ယေဟောဝါက လမ်းညွှန်ချက်​ပဲ ပေးမှာ။ ဆုံးဖြတ်​မပေးဘူး” လို့ မာရီယာ ပြောတယ်။ ဘုရား ဉာဏ်ပညာ ပေးတယ်လို့ မာရီယာ ခံစားရတယ်။ ဘယ်လို ပေးသလဲ။ အဖွဲ့အစည်းထုတ် စာပေတွေ​ကတစ်ဆင့်​ပါ။ စာပေတွေမှာ ရှာဖွေ​လေ့လာ​လို့ အဖြေ ရသွားတယ်။ ယုံကြည်သူ မိခင်ရဲ့ ပညာရှိ အကြံပေးချက်ကို​လည်း လိုက်နာတယ်။ ဒါကြောင့် ကိုယ့်​ခံစားချက်ကို ပြန်​ဆန်းစစ်​နိုင်ခဲ့တယ်။ ပညာရှိရှိ ဆုံးဖြတ်နိုင်ခဲ့တယ်။

ဒုက္ခသည်စခန်းက ညီအစ်ကိုတစ်ယောက် ကျမ်းစာ ဖတ်နေ။

ဘယ်လိုနည်းနဲ့ ခံရပ်နိုင်စွမ်း ယေဟောဝါ ပေးသလဲ (စာပိုဒ် ၁၀ ကို ကြည့်ပါ)

10. Filippi 4:13-a a gen bangin, Jehovah in amah a bia mite koi bangin huh ding a hiam? Gentehna pia in. (Lim zong en in.)

၁၀ ခံရပ်နိုင်စွမ်း ပေးတယ်။ တမန်တော် ပေါလု​ကို ယေဟောဝါ ခံရပ်နိုင်စွမ်း ပေးသလို ကျွန်တော်တို့ကိုလည်း ပေးမယ်။ (ဖိလိပ္ပိ ၄:၁၃ ကို ဖတ်ပါ။) အခက်အခဲတွေ ခံရပ်နိုင်ဖို့ ညီအစ်ကို ဘင်ဂျမင်​ကို ဘုရား ဘယ်လို ကူညီပေးသလဲ သုံးသပ်ကြည့်ပါ။ ငယ်ငယ်ကတည်းက မိသားစုနဲ့​အတူ အာဖရိက​မှာ ရှိတဲ့ ဒုက္ခသည်​စခန်းတွေမှာ နေခဲ့ရ​တယ်။ “ဘုရား နှစ်သက်တာတွေ လုပ်နိုင်ဖို့ ခွန်အားပေးပါဆိုပြီး ကျွန်တော် အမြဲ ဆုတောင်းတယ်။ စိတ်ငြိမ်သက်မှု၊ ဆက်​ဟောပြောနိုင်ဖို့ သတ္တိ၊ ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ စာပေတွေ ပေးခြင်းအားဖြင့် ကျွန်တော့်​ဆုတောင်းချက်ကို ဘုရား ဖြေပေးတယ်။ ဘုရား​အကူအညီကြောင့် ခံရပ်နိုင်ခဲ့​ကြ​တဲ့ ညီအစ်ကို/မတွေရဲ့ တွေ့ကြုံမှုတွေ ဖတ်တာကလည်း ဆက်သစ္စာ​ရှိနေမယ်​ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပို​ခိုင်မာလာစေတယ်” လို့ ဘင်ဂျမင် ပြောတယ်။

ညီအစ်ကို/မတွေ​ကတစ်ဆင့် ယေဟောဝါ ကူညီပေးတာ ကြုံဖူးသလား (စာပိုဒ် ၁၁-၁၂ ကို ကြည့်ပါ)d

11-12. I thungetnate hong dawn nadingin Jehovah in unaute koi bangin zang thei a hiam? (Lim zong en in.)

၁၁ ညီအစ်ကို/မတွေကို သုံးပြီး ကူညီပေးတယ်။ မသေဆုံးခင် ညမှာ ယေရှု ပြင်းပြင်းပြပြ ဆုတောင်းတယ်။ ဘုရားကို စော်ကား​ပြောဆိုသူ​ဆိုတဲ့ စွဲချက်​နဲ့ မ​သေ​ပါ​ရစေနဲ့​လို့ ဆုတောင်းနေတာ။ ယေရှု တောင်းတဲ့​အတိုင်း ဘုရား ဖြည့်ဆည်း​မပေးဘူး။ ဒါပေမဲ့ ကောင်းကင်တမန်​တစ်ပါး စေလွှတ်ပြီး အားပေးတယ်။ (လု. ၂၂:၄၂၊ ၄၃) အဲဒီလိုပဲ၊ ကျွန်တော်တို့​ဆီ ဖုန်းဆက်ဖို့၊ လည်ပတ်ဖို့ ညီအစ်ကို/မ တစ်ယောက်ယောက်ကို ဘုရား လှုံ့ဆော်​ပေးနိုင်တယ်။ တစ်ယောက်ယောက်ကို ကူညီပေးဖို့ ကျွန်တော်တို့ကို လှုံ့ဆော်​တာ​လည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ညီအစ်ကို/မ အချင်းချင်း “ကောင်းတဲ့ စကား” ပြောဖို့ အခွင့်အရေး ရှာ​ကြရအောင်။—ပညာ. ၁၂:၂၅။

၁၂ ညီအစ်မ မီရီယမ်​အကြောင်း စဉ်းစားကြည့်ပါ။ ယောက်ျား ဆုံးပြီး အပတ်​အနည်းငယ်​အ​ကြာ အိမ်မှာ တစ်ယောက်တည်း ရှိနေတုန်း ဝမ်းနည်း​အားငယ်​လာပြီး မျက်ရည်​မဆည်နိုင်​အောင် ငိုနေရှာတယ်။ “တစ်ယောက်ယောက်​နဲ့ စကားပြောချင်နေပေမဲ့ ဖုန်းဆက်ဖို့ အားမရှိလို့ ယေဟောဝါဆီ ဆုတောင်းလိုက်တယ်။ ငိုပြီး ဆုတောင်း​နေတုန်း ဖုန်း​မြည်​လာတယ်။ သိပ်ခင်ရတဲ့ အကြီးအကဲ ဖုန်းဆက်တာ” လို့ မီရီယမ် ပြောတယ်။ အကြီးအကဲနဲ့ သူ့ဇနီး​ဆီကနေ နှစ်သိမ့်မှု ရခဲ့တယ်။ ဖုန်းဆက်ဖို့ အဲဒီအကြီးအကဲကို ယေဟောဝါ လှုံ့ဆော်​ပေး​လိုက်တာပဲ​လို့ ညီအစ်မ ခံစားရတယ်။

အချက်အလက်တချို့အကြောင်း မောင်နှံတစ်စုံကို ဆရာဝန် ပြနေ။

ကျွန်တော်တို့ကို ကူညီဖို့ မယုံကြည်သူတွေကို ယေဟောဝါ ဘယ်လို လှုံ့ဆော်​ပေးနိုင်သလဲ (စာပိုဒ် ၁၃-၁၄ ကို ကြည့်ပါ)

13. I thungetnate hong dawn nadingin Jehovah in thu um lo mite koi bangin zang thei a hiam?

၁၃ မယုံကြည်သူတွေကို သုံးပြီး ကူညီပေးတယ်။ (ပညာ. ၂၁:၁) မိမိလူမျိုးကို ကူညီဖို့ မယုံကြည်သူတွေကို ယေဟောဝါ လှုံ့ဆော်​ပေးတတ်တယ်။ ဥပမာ၊ မြို့​တည်ဆောက်ဖို့ ဂျေရုဆလင် ပြန်​ခွင့် နေဟမိ တောင်းတဲ့အခါ ခွင့်ပြု​ပေးဖို့ အာတဇေရဇ်​မင်းကို လှုံ့ဆော်ပေးတယ်။ (နေ. ၂:၃-၆) ဒီနေ့​အချိန်မှာ​လည်း ကျွန်တော်တို့ အကူအညီ လိုအပ်တဲ့အခါ ကူညီပေးဖို့ မယုံကြည်သူတွေကို လှုံ့ဆော်​ပေးနိုင်တယ်။

14. Unaunu Soo Hing ii tuahkhakna in koi bangin tha hong ngahsak a hiam? (Lim zong en in.)

၁၄ ညီအစ်မ ဆူဟင်ရဲ့ သား​မှာ စိတ်​ဝေဒနာ ရှိတယ်။ ဒီ​ကြားထဲ ဆိုးရွားတဲ့ မတော်တဆမှု ဖြစ်သွားတော့ သားကို ကြည့်ဖို့ လင်မယား​နှစ်ယောက်စလုံး အလုပ်​ထွက်​လိုက်ရတယ်။ ဒါကြောင့် ငွေကြေး ကျပ်တည်း​လာတယ်။ ရှိသမျှ ခွန်အား​နဲ့ မနည်း တောင့်ခံထားရတယ်လို့ ဆူဟင် ခံစားရတယ်။ ဒါနဲ့ ကူညီပေးဖို့ ယေဟောဝါဆီ ရင်ဖွင့်​ဆုတောင်းတယ်။ သူတို့ ပြနေ​ကျ ဆရာဝန်ကတစ်ဆင့် ယေဟောဝါ ကူညီပေးတယ်။ ဆရာဝန်​က ဆူဟင်​တို့​မိသားစုကို တော်တော်လေး စိတ်ဝင်တစား ရှိတယ်။ သူ့​အကူအညီကြောင့် အစိုးရ အထောက်အပံ့ ရသွားတယ်။ နေစရာ ရသွားတယ်။ “ယေဟောဝါ ကူညီပေးတာ​ပဲ​ဆိုတာ ကျွန်မတို့ သိလိုက်တယ်။ ဘုရားဟာ ‘ဆုတောင်းသံ​ကို နားထောင်တဲ့​အရှင်’ ပဲ” လို့ ဆူဟင် ပြောတယ်။—ဆာ. ၆၅:၂။

JEHOVAH KIANG THUNGET NADINGIN LE HONG DAWNNA I SAN THEIH NADINGIN UPNA KISAM

15. Jehovah in a thungetnate dawng ahihlam unaunu khat in koici theih a hiam?

၁၅ ဆုတောင်းချက်တွေကို ယေဟောဝါ ထူးထူးခြားခြား ဖြေချင်မှ ဖြေ​မယ်။ ဒါပေမဲ့ ရလာတဲ့ အဖြေ​ဟာ ကျွန်တော်တို့ ဆက်သစ္စာရှိဖို့ လိုအပ်တာနဲ့ ကွက်တိ​ပဲ။ ဒါကြောင့် ကိုယ့်​ဆုတောင်းချက်တွေကို ဘုရား ဘယ်လို ဖြေပေးသလဲဆိုတာ မြင်အောင် ကြည့်ပါ။ ဆုတောင်းချက်တွေကို ဘုရား ဖြေ​မပေးဘူးလို့ ညီအစ်မ ယိုကို ခံစားနေရတယ်။ ဒါနဲ့ ဘုရားဆီ ဘာတွေ တောင်း​ထား​သလဲ​ဆိုတာ ချ​ရေး​လိုက်တယ်။ နောက်တော့ စာအုပ်​ထဲ ပြန်​ကြည့်တဲ့အခါ ဆုတောင်းချက် အားလုံးလိုလို အဖြေ​ရတာ တွေ့လိုက်ရတယ်။ တချို့ ဆုတောင်းချက်တွေ​ဆိုရင် ကိုယ်တိုင်​တောင် မေ့နေပြီ။ ဒါကြောင့် ကျွန်တော်တို့လည်း ကိုယ့်​ဆုတောင်းချက်တွေကို ဘုရား ဘယ်လို ဖြေပေးသလဲဆိုတာ မကြာမကြာ ပြန်​စဉ်းစားသင့်​တယ်။—ဆာ. ၆၆:၁၉၊ ၂၀။

16. Thungetna tawh kisai upna i neihlam koici lakkhia thei i hiam? (Hebru 11:6)

၁၆ ဆုတောင်းခြင်းအားဖြင့် ယေဟောဝါကို ယုံကြည်​ကြောင်း ကျွန်တော်တို့ ပြကြတယ်။ ဒါ့အပြင် ဘာ​အဖြေ​ပဲ ရ​ရ လက်ခံတာကလည်း ယုံကြည်ခြင်း ရှိကြောင်း ပြတာပဲ။ (ဟီဘရူး ၁၁:၆ ကို ဖတ်ပါ။) ညီအစ်ကို မိုက်နဲ့ ဇနီး ခရစ်စီ​အကြောင်း သုံးသပ်ကြည့်ပါ။ “ဗေသလမှာ အမှု​ဆောင်ချင်တဲ့​အကြောင်း ဘုရားဆီ ခဏခဏ ဆုတောင်း​ပြောပြတယ်။ လျှောက်လွှာ ခဏခဏ တင်တယ်။ ဒါပေမဲ့ ဖိတ်ခေါ် မခံရဘူး” လို့ မိုက် ပြောတယ်။ အမှုတော်မှာ သူတို့ကို ဘယ်လို အသုံးပြု​ရင် အကောင်းဆုံး ဖြစ်မယ်​ဆိုတာ ယေဟောဝါ သိကြောင်း သူတို့ စိတ်ချကြတယ်။ ဒါကြောင့် လုပ်နိုင်တာ ဆက်လုပ်တယ်။ ပိုလိုအပ်တဲ့ ဒေသမှာ မှန်မှန်ရှေ့ဆောင် လုပ်တယ်။ ဆောက်လုပ်ရေး စီမံကိန်းတွေမှာ ကူညီပေးတယ်။ အခု၊ နယ်လှည့်လုပ်ငန်းမှာ ပါဝင်​နေကြပြီ။ “ဆုတောင်းချက်တွေကို ကျွန်တော်တို့ မျှော်လင့်​သ​လို ယေဟောဝါ အမြဲ ဖြေ​မပေးဘူး။ ဒါပေမဲ့ ဖြေတာ​ကတော့ ဖြေတယ်။ ကျွန်တော်တို့ စိတ်ကူးထားတာထက်တောင် ပိုကောင်းတဲ့ နည်းနဲ့ ဖြေပေးတာ” လို့ မိုက် ပြောတယ်။

17-18. Late 86:6, 7-a a gen bangin, bang pen muang thei i hiam?

၁၇ ဆာလံ ၈၆:၆၊ ၇ ကို ဖတ်ပါ။ ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်တယ်၊ ဖြေပေးတယ်ဆိုတာ ဆာလံဆရာ ဒါဝိဒ် ယုံကြည်စိတ်ချတယ်။ သင်လည်း ယုံကြည်​စိတ်ချနိုင်ပါတယ်။ ဉာဏ်ပညာ၊ ခံရပ်နိုင်စွမ်း ပေးခြင်းအားဖြင့်၊ ယုံကြည်သူ၊ မယုံကြည်သူတွေကတစ်ဆင့် ကူညီပေးခြင်းအားဖြင့် ဆုတောင်းချက်တွေကို ဖြေပေး​ကြောင်း ဒီဆောင်းပါးမှာ ပါတဲ့ တွေ့ကြုံမှုတွေ​ကနေ သိခဲ့​ရပြီ။

၁၈ ကိုယ်​မျှော်လင့်တဲ့ နည်းအတိုင်း ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေ​မပေးရင်​တောင် တစ်နည်းနည်းနဲ့တော့ ဖြေပေးမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချကြတယ်။ လိုအပ်တာကို လိုအပ်ချိန် ကွက်တိ​မှာ ပေးပါလိမ့်မယ်။ ဒါကြောင့် လောလောဆယ် ကိုယ့်ကို ဘုရား ဂရုစိုက်​မယ်၊ ကမ္ဘာသစ်​မှာ​လည်း ‘အလိုဆန္ဒတွေကို ဖြည့်ဆည်းပေး’ မယ် ဆိုတဲ့ ယုံကြည်ချက်​နဲ့ ဆက်​သာ တောင်းနေပါ။—ဆာ. ၃၇:၄။

NANGH BANGCI DAWNG DING?

  • Jehovah in i thungetnate i lamet danin bang hangin hong dawng lo a hiam?

  • Jehovah in i thungetnate koi bangin hong dawng a hiam?

  • Thungetna tawh kisai-in upna i neihlam koi bangin lakkhia thei i hiam?

LA 46 ကျေးဇူးပါ၊ ယေဟောဝါ

a အလိုတော်နဲ့ ညီတဲ့ ဆုတောင်းချက်တွေကို ဖြေပေးမယ်လို့ ယေဟောဝါဘုရား အာမခံထားတယ်။ အခက်အခဲတွေ ကြုံတဲ့အခါ ဆက်သစ္စာရှိဖို့ လိုအပ်တဲ့ အကူအညီ ဘုရား ပေးမယ်​ဆိုတာ ကျွန်တော်တို့ စိတ်ချနိုင်တယ်။ ဆုတောင်းချက်တွေကို ဘုရား ဘယ်လို ဖြေပေးသလဲဆိုတာ ဆွေးနွေး​ကြရအောင်။

b ဒီ​လောကကို စာတန် အုပ်ချုပ်​ဖို့ ယေဟောဝါ ဘာကြောင့် ခွင့်ပြုထားကြောင်း သိချင်ရင် ၂၀၁၇၊ ဇွန်လ ကင်းမျှော်စင် မှာ ပါတဲ့ “ကြီးမားတဲ့ အရေးကိစ္စကို အာရုံစိုက်ပါ” ဆောင်းပါးကို ကြည့်ပါ။

c အမည်လွှဲများ။

d ပုံအညွှန်း– သားအမိ​နှစ်ယောက် ဒုက္ခသည်​အဖြစ် နိုင်ငံ တစ်နိုင်ငံ ရောက်သွား။ ညီအစ်ကို/မတွေ နွေးနွေး​ထွေးထွေး ကြိုဆိုပြီး လိုအပ်တာ ကူညီပေး။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ