SIN DING THU 20
Na Thungetna Khangtosak In
“Na lungkhamna teng uh ama tungah gen un.”—LA. 62:8.
LA 45 ကျွန်တော့်နှလုံးအကြံအစည်
အကြိုသုံးသပ်ချက်a
ယေဟောဝါဆီ မှန်မှန် ဆုတောင်းနိုင်။ ဘာကိစ္စအတွက်မဆို လမ်းညွှန်မှု တောင်းနိုင် (စာပိုဒ် ၁ ကို ကြည့်ပါ)
1. Jehovah in amah a bia mite bang sem dingin sam a hiam? (Lim zong en in.)
နှစ်သိမ့်မှု၊ လမ်းညွှန်မှု လိုတဲ့အခါ ဘယ်သူ့ဆီ တောင်းနိုင်သလဲ။ ယေဟောဝါဘုရားဆီကိုပါ။ ဘာကိစ္စအတွက်မဆို လမ်းညွှန်မှု ရဖို့ လွတ်လွတ်လပ်လပ် ဆုတောင်းနိုင်တယ်။ (ပညာ. ၃:၅၊ ၆) ယေဟောဝါကိုယ်တိုင် ဖိတ်ခေါ်ထားလို့ပဲ။ “အမြဲ မပြတ် ဆုတောင်းနေကြပါ” လို့ ပြောထားတဲ့အတွက် မကြာခဏ တောင်းစေချင်တာ ထင်ရှားတယ်။ (၁ သက်. ၅:၁၇) အချိန် မတွန့်တိုတဲ့ ဘုရား ဖြစ်လို့ ဘယ်နှကြိမ်ပဲ တောင်းလို့ ရတယ်ဆိုပြီး ကန့်သတ်မထားဘူး။
2. Hih thulu-ah bang thu kikum ding i hiam?
၂ ဆုတောင်းခြင်း အခွင့်ထူးကို ကျွန်တော်တို့ တန်ဖိုးထားကြတယ်။ ဒါပေမဲ့ ဆုတောင်းဖို့ အချိန် ရှာရ ခက်နေနိုင်တယ်။ ဆုတောင်းခြင်း အရည်အသွေး တိုးတက်ဖို့ လိုနေတယ်လို့ ခံစားရနိုင်တယ်။ ကျမ်းစာမှာ ဆုတောင်းဖို့ အားပေးထားတာ၊ ဆုတောင်းနိုင်ပုံနဲ့ပတ်သက်ပြီး လမ်းညွှန်ထားတာ အများကြီး တွေ့နိုင်လို့ ကျေးဇူးတင်စရာပါပဲ။ ယေရှုလိုပဲ ဆုတောင်းဖို့ အချိန် ဘယ်လို ဖယ်ထားနိုင်ကြောင်း၊ အရေးကြီး အချက် ငါးချက် ထည့်ဆုတောင်းခြင်းအားဖြင့် ဆုတောင်းခြင်း အရည်အသွေးကို ဘယ်လို တိုးတက်စေနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
JESUH IN THUNGET NADINGIN HUN A TUAMIN KOIH
3. Thungetna tawh kisai-in Jesuh in bang thei a hiam?
၃ ဆုတောင်းချက်တွေကို ယေဟောဝါ တန်ဖိုးထားမှန်း ယေရှု သိထားတယ်။ မြေကြီးပေါ် မလာခင် နှစ်ပေါင်းများစွာ ဖခင်ဘေးမှာ အတူ ရှိခဲ့တယ်။ ဟန္န၊ ဒါဝိဒ်၊ ဧလိယနဲ့ တခြားသစ္စာရှိသူများစွာရဲ့ လှိုက်လှဲတဲ့ ဆုတောင်းချက်တွေကို ဖခင် ဖြေပေးတာ တွေ့တယ်။ (၁ ရှ. ၁:၁၀၊ ၁၁၊ ၂၀။ ၁ ဘု. ၁၉:၄-၆။ ဆာ. ၃၂:၅) ဒါကြောင့်လည်း ယုံကြည်စိတ်ချမှု အပြည့်နဲ့ မကြာခဏ ဆုတောင်းဖို့ တပည့်တွေကို သင်ပေးတာ။—မ. ၇:၇-၁၁။
4. Thungetna tawh kisai-in Jesuh tung pan bang sin thei i hiam?
၄ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး တပည့်တွေကို ယေရှု စံနမူနာ ပြတယ်။ အမှုဆောင်ချိန်တစ်လျှောက် ယေရှု မကြာခဏ ဆုတောင်းတယ်။ အမြဲလိုလို အလုပ်များနေတတ်လို့၊ လူတွေ ဝိုင်းနေတတ်လို့ ဆုတောင်းဖို့ အချိန် ဖယ်ထားရတယ်။ (မာ. ၆:၃၁၊ ၄၅၊ ၄၆) တစ်ယောက်တည်း သီးသန့် ဆုတောင်းဖို့ အချိန်ရအောင် မနက်စောစော ထတယ်။ (မာ. ၁:၃၅) တစ်ခေါက်ဆိုရင် အရေးကြီး ဆုံးဖြတ်ချက် မချခင် တစ်ညလုံး ဆုတောင်းတယ်။ (လု. ၆:၁၂၊ ၁၃) မြေကြီး အမှုဆောင်ချိန်အတွင်း အခက်ခဲဆုံး တာဝန် ပြီးမြောက်နိုင်ဖို့ မသေဆုံးခင် ညမှာလည်း ထပ်တလဲလဲ ဆုတောင်းတယ်။—မ. ၂၆:၃၉၊ ၄၂၊ ၄၄။
5. Thunget ciangin Jesuh koici etteh thei i hiam?
၅ ဘယ်လောက် အလုပ်များများ ဆုတောင်းဖို့ အချိန် ဖယ်ထားရမယ်ဆိုတာ ယေရှုရဲ့ စံနမူနာက သင်ပေးတယ်။ ယေရှုလိုပဲ ဆုတောင်းဖို့ အချိန် ရအောင် မနက်စောစော ထနိုင်တယ်။ ဒါမှမဟုတ် နည်းနည်း နောက်ကျပြီးမှ အိပ်ရာ ဝင်နိုင်တယ်။ ဒါက ဆုတောင်းခြင်း အခွင့်ထူးအတွက် ယေဟောဝါကို ကျေးဇူးတင်ကြောင်း ပြရာရောက်တယ်။ ဆုတောင်းခြင်း အခွင့်ထူးအကြောင်း ဦးဆုံး သိလိုက်ရချိန်မှာ ဘုရားကို ဘယ်လောက် ကျေးဇူးတင်မိတယ်ဆိုတာ ညီအစ်မ လင်း မှတ်မိနေတုန်းပဲ။ “ယေဟောဝါဆီ အချိန်မရွေး ဆုတောင်းစကားပြောလို့ ရမှန်း သိလိုက်ရတော့ ဘုရားကို မိတ်ဆွေအဖြစ် မြင်ဖို့ ပိုလွယ်လာတယ်။ ဆုတောင်းခြင်း အရည်အသွေး ပိုတိုးတက်ချင်လာတယ်” လို့ လင်း ပြောတယ်။ ကျွန်တော်တို့လည်း အဲဒီလို ခံစားရမှာပါ။ ဒါဆိုရင် ထည့်ဆုတောင်းနိုင်တဲ့ အရေးကြီး အချက် ငါးချက်ကို သုံးသပ်ကြည့်ရအောင်။
THUNGETNA-A A KIHEL THEI A THUPI THU NGA
6. Maangmuhna 4:10, 11-a a gen bangin, Jehovah in bang a ngah ding kilawm a hiam?
၆ ယေဟောဝါကို ချီးမွမ်းပါ။ ကောင်းကင်မှာ ယေဟောဝါကို ကိုးကွယ်နေကြတဲ့ အကြီးအကဲ ၂၄ ပါးကို စိတ်အာရုံမှာ တမန်တော် ယောဟန် မြင်တယ်။ သူတို့က “ဂုဏ်တင်မှု၊ ချီးမွမ်းမှုနဲ့ အစွမ်းခွန်အားတွေကို ကိုယ်တော် ရထိုက်ပါတယ်” ဆိုပြီး ချီးမွမ်းကြတယ်။ (ဗျာဒိတ် ၄:၁၀၊ ၁၁ ကို ဖတ်ပါ။) သစ္စာရှိ ကောင်းကင်တမန်တွေလည်း ယေဟောဝါကို ချီးမွမ်းဂုဏ်တင်ရတဲ့ အကြောင်းရင်း များစွာ ရှိတယ်။ ကောင်းကင်မှာ ဘုရားနဲ့အတူ နေလို့ ဘုရားအကြောင်း ကောင်းကောင်း သိလာကြတယ်။ လုပ်ဆောင်မှုတိုင်းမှာ ဘုရားရဲ့ အရည်အသွေးတွေ မြင်ရလို့ ဘုရားကို ချီးမွမ်းချင်စိတ် တဖွားဖွား ပေါ်လာကြတယ်။—ယောဘ ၃၈:၄-၇။
7. Bang adingin Jehovah phat thei i hiam?
၇ ကျွန်တော်တို့လည်း ဆုတောင်းတဲ့အခါ ယေဟောဝါကို ချီးမွမ်းသင့်တယ်။ ချီးမွမ်းနိုင်တဲ့ တစ်နည်းကတော့ ဘုရားနဲ့ပတ်သက်ပြီး ဘာကို နှစ်သက်တယ်၊ ဘာကြောင့် နှစ်သက်တယ်ဆိုတာ ထည့်ဆုတောင်းခြင်းပဲ။ ကျမ်းစာ ဖတ်ရှု၊ လေ့လာတဲ့အခါ အထူးတလည် နှစ်သက်မိတဲ့ ယေဟောဝါရဲ့ အရည်အသွေးတွေကို တွေ့အောင် ရှာပါ။ (ယောဘ ၃၇:၂၃။ ရော. ၁၁:၃၃) အဲဒီအရည်အသွေးတွေနဲ့ပတ်သက်ပြီး ဘယ်လို ခံစားရတယ်ဆိုတာ ယေဟောဝါကို ပြောပြပါ။ ဒါ့အပြင် ကျွန်တော်တို့ကို ယေဟောဝါ မပြတ် ဂရုစိုက်၊ စောင့်ရှောက်ပေးနေတယ်။ ဒါကြောင့် ကိုယ့်အတွက်၊ ကမ္ဘာချီ ညီအစ်ကို အသင်းအပင်းအတွက် ယေဟောဝါ လုပ်ဆောင်ပေးရာတွေကိုလည်း ချီးမွမ်းနိုင်တယ်။—၁ ရှ. ၁:၂၇။ ၂:၁၊ ၂။
8. Jehovah tunga lungdam ding a kisapna a hang thu pawlkhat in bangteng a hiam? (1 Khang Tangthu 16:34)
၈ ယေဟောဝါကို ကျေးဇူးတင်ပါ။ ယေဟောဝါကို ကျေးဇူးတင်သင့်တဲ့ အကြောင်းရင်း အများကြီး ရှိတယ်။ (၁ ရာဇဝင်ချုပ် ၁၆:၃၄ ကို ဖတ်ပါ။) ကောင်းမြတ်တဲ့ ဆုကျေးဇူး မှန်သမျှ ဘုရားဆီက လာတာ ဖြစ်လို့ ကိုယ့်မှာ ရှိတဲ့ ကောင်းမြတ်ရာတွေအတွက် ဘုရားကို ကျေးဇူးတင်နိုင်တယ်။ (ယာ. ၁:၁၇) လှပတဲ့ ကမ္ဘာမြေ၊ အံ့ချီးဖွယ် ဖန်ဆင်းခြင်း လက်ရာတွေအတွက် ကျေးဇူးတင်နိုင်တယ်။ မိသားစု၊ မိတ်ဆွေ၊ အသက်၊ မျှော်လင့်ချက် ပေးထားလို့ ကျေးဇူးတင်နိုင်တယ်။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရထားတာကလည်း ကျေးဇူးတင်စရာပါပဲ။
9. Jehovah tungah lungdamna lah ding bang hang kisam a hiam?
၉ ယေဟောဝါကို ကိုယ် သတ်သတ်မှတ်မှတ် ကျေးဇူးတင်ရမယ့် အကြောင်းရင်းတွေ ကြိုးစားတွေးတောပါ။ ဒီနေ့ခေတ် လူများစွာဟာ ရဖို့ပဲ အာရုံစိုက်ကြတယ်။ ရထားတာတွေအတွက် ကျေးဇူးတင်ရကောင်းမှန်း မသိကြဘူး။ အဲဒီသဘောထား ကျွန်တော်တို့မှာ ရှိလာရင် တောင်းဖို့ချည်းသက်သက် ဆုတောင်းမိလာနိုင်တယ်။ အဲဒီလို မဖြစ်ဖို့ ယေဟောဝါ လုပ်ပေးသမျှအတွက် ကျေးဇူးတင်နေရမယ်၊ ကျေးဇူးတင်ကြောင်း ပြနေရမယ်။—လု. ၆:၄၅။
ယေဟောဝါကို ကျေးဇူးသိတတ်ခြင်းက ခံနိုင်ရည် ရှိဖို့ ကူညီပေးနိုင် (စာပိုဒ် ၁၀ ကို ကြည့်ပါ)
10. Lungdam theihna lungsim in thuakzawhna nei dingin unaunu khat koi bangin huh a hiam? (Lim zong en in.)
၁၀ ကျေးဇူးသိစိတ်က အခက်အခဲတွေ ခံရပ်ဖို့ ကူညီပေးနိုင်တယ်။ ၂၀၁၅၊ ဇန်နဝါရီ ၁၅ ကင်းမျှော်စင် မှာ ပါတဲ့ ညီအစ်မ ကျုံစွတ်အကြောင်း သုံးသပ်ကြည့်ပါ။ အဆုတ်ကင်ဆာ တော်တော်လေး ပျံ့နေမှန်း သိလိုက်ရတယ်။ “ဒီရောဂါဆိုးရဲ့ ရိုက်ချက်က ပြင်းလွန်းပါတယ်။ အရာအားလုံးကို ဆုံးရှုံးလိုက်ရပြီလို့ ခံစားရတယ်။ တအားလည်း ကြောက်တယ်” လို့ ပြောတယ်။ ခံရပ်ဖို့ ဘာက ကူညီပေးသလဲ။ ညတိုင်း အိပ်ရာ မဝင်ခင် လသာဆောင်ပေါ် သွားပြီး တစ်နေ့တာအတွင်း ကျေးဇူးတင်စရာ ငါးခု စဉ်းစားပြီး ယေဟောဝါကို ဆုတောင်းတယ်။ ညီအစ်မ စိတ်သက်သာသွားပြီး ယေဟောဝါကို ချစ်တဲ့အကြောင်း ထုတ်ပြောချင်လာတယ်။ သစ္စာရှိ ကျေးကျွန်တွေ အခက်အခဲ ကြုံရချိန်မှာ ယေဟောဝါ ကူညီပေးမှန်း၊ ကြုံရတဲ့ အခက်အခဲတွေထက် ခံစားရတဲ့ ကောင်းချီးတွေ ပိုများမှန်း သိလာတယ်။ ကျွန်တော်တို့လည်း ညီအစ်မ ကျုံစွတ်လိုပဲ ဒုက္ခရောက်ချိန်မှာတောင် ယေဟောဝါကို ကျေးဇူးတင်စရာ အများကြီး ရှိပါတယ်။ ကျေးဇူးတင်ကြောင်း ဘုရားကို ဆုတောင်းပြောပြတာက ခံနိုင်ရည် ရှိစေတယ်။ စိတ်တည်ငြိမ်စေတယ်။
11. Jesuh vantung a kah khit zawh ciang, a nungzuite adingin hangsanna bang hang kisam a hiam?
၁၁ ရဲရဲရင့်ရင့် ဟောပြောနိုင်ဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ “ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ ကမ္ဘာမြေ အစွန်အဖျားအထိ” မိမိအကြောင်း သက်သေခံဖို့ တပည့်တွေကို ယေရှု ကောင်းကင် မတက်ခင် ထပ်မှာတယ်။ (တ. ၁:၈။ လု. ၂၄:၄၆-၄၈) မကြာခင်မှာပဲ ဂျူးဘာသာရေး ခေါင်းဆောင်တွေက တမန်တော် ပေတရုနဲ့ ယောဟန်ကို ဂျူးတရားရုံးချုပ်ဆီ ဖမ်းခေါ်သွားကြတယ်။ မဟောပြောဖို့ အမိန့်ပေးကြတယ်။ ခြိမ်းတောင် ခြိမ်းခြောက်ကြတယ်။ (တ. ၄:၁၈၊ ၂၁) ဘာဆက်ဖြစ်သလဲ။
12. Sawltak 4:29, 31-a a gen bangin, nungzuite in bang sem uh a hiam?
၁၂ ဂျူးဘာသာရေး ခေါင်းဆောင်တွေ ခြိမ်းခြောက်ပေမဲ့ “ဘုရားသခင့်စကားထက် ခင်ဗျားတို့ရဲ့ စကားကို နားထောင်မယ်ဆိုရင် ဘုရားသခင်ရှေ့မှာ မှန်ကန်ပါ့မလားဆိုတာ ခင်ဗျားတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါတော့။ ကျွန်တော်တို့ကတော့ ကြားခဲ့မြင်ခဲ့တာတွေကို မဟောဘဲ မနေနိုင်ပါဘူး” လို့ ပေတရုနဲ့ ယောဟန် ပြန်ပြောကြတယ်။ (တ. ၄:၁၉၊ ၂၀) သူတို့ ပြန်လွတ်လာတော့ “တရားစကားတော်ကို ရဲရဲရင့်ရင့် ဟောပြောနိုင်ခွင့် ပေးသနားပါ” ဆိုပြီး တပည့်တွေ ဆုတောင်းကြတယ်။ လှိုက်လှဲတဲ့ အဲဒီဆုတောင်းချက်ကို ယေဟောဝါ ဖြေပေးတယ်။—တမန်တော် ၄:၂၉၊ ၃၁ ကို ဖတ်ပါ။
13. Unaupa Jin-hyuk tung pan bang sin thei i hiam?
၁၃ မဟောပြောဖို့ အာဏာပိုင်တွေ ပြောလာရင်တောင် ဆက်ဟောပြောခြင်းအားဖြင့် ပထမရာစု တပည့်တွေကို ကျွန်တော်တို့ အတုယူနိုင်တယ်။ ဥပမာ၊ ကြားနေမှုကြောင့် ထောင်ချခံရတဲ့ ညီအစ်ကို ဂျင် ဟယော့အကြောင်း စဉ်းစားကြည့်ပါ။ တိုက်ပိတ်ခံရတဲ့ အကျဉ်းသားတချို့အတွက် အစားအသောက်၊ အသုံးအဆောင် ဝေခြမ်းပေးဖို့ တာဝန် ရတယ်။ တာဝန်နဲ့ ဆိုင်တာပဲ ပြောခွင့် ရှိတယ်။ ကျမ်းစာအကြောင်း မပြောရဘူး။ ဒါပေမဲ့ အခွင့်အရေး ရတိုင်း ရဲရဲဝံ့ဝံ့၊ ပါးပါးနပ်နပ် ဟောနိုင်ဖို့ ဆုတောင်းတယ်။ (တ. ၅:၂၉) “ကျွန်တော့်ဆုတောင်းချက်ကို ယေဟောဝါ ဖြေပေးတယ်။ ရဲစွမ်းသတ္တိနဲ့ ဉာဏ်ပညာ ပေးတဲ့အတွက် အကျဉ်းခန်း တံခါးဝမှာ ငါးမိနစ်ကြာ ကျမ်းစာ သင်အံမှုတွေ စနိုင်တယ်။ နောက်တစ်နေ့ ထောင်သားတွေကို ပေးမယ့် စာတွေ ညဘက်မှာ ရေးတယ်” လို့ ပြောတယ်။ ကျွန်တော်တို့ကိုလည်း အမှုဆောင်မှာ အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ ဒါကြောင့် ဂျင် ဟယော့လိုပဲ ဘုရားဆီ ရဲစွမ်းသတ္တိနဲ့ ဉာဏ်ပညာ တောင်းပါ။
14. Haksatnate i tuak ciangin bang in hong huh thei a hiam? (Late 37:3, 5)
၁၄ အခက်အခဲတွေကို ခံရပ်နိုင်ဖို့ ယေဟောဝါဆီ အကူအညီ တောင်းပါ။ ကျွန်တော်တို့ အများစုဟာ စိတ်ပန်း၊ လူပန်း ဖြစ်နေကြတယ်။ ချစ်ရသူ သေဆုံးသွားတာ၊ မိသားစုမှာ အခက်အခဲ ကြုံရတာ၊ နှိပ်စက်ညှဉ်းပန်းခံရတာ ဖြစ်နိုင်တယ်။ ဒီကြားထဲ ကပ်ရောဂါတွေ၊ စစ်ပွဲတွေကြောင့် တစ်ပူပေါ် နှစ်ပူဆင့်ရတယ်။ သိပ်ခင်တဲ့ မိတ်ဆွေတစ်ယောက်ကို ပြောပြသလိုမျိုး ကိုယ့်အခြေအနေ၊ ခံစားချက်ကို ယေဟောဝါဆီ ရင်ဖွင့်ပြောပြပါ။ သင့်အကျိုးအတွက် ယေဟောဝါ လုပ်ဆောင်ပေးမယ်ဆိုတာ စိတ်ချပါ။—ဆာလံ ၃၇:၃၊ ၅ ကို ဖတ်ပါ။
15. ‘Haksat hun cianga thuakzawh’ nadingin thungetna in koi bangin hong huh a hiam? Gentehna pia in.
၁၅ ဇွဲမလျှော့တမ်း ဆုတောင်းတာက “ဒုက္ခရောက်တဲ့အခါ ခံနိုင်ရည် ရှိ” စေတယ်။ (ရော. ၁၂:၁၂) ဝတ်ပြုသူတွေ ဘာကြုံနေရတယ်ဆိုတာ ယေဟောဝါ သိတယ်။ “သူတို့ အော်ဟစ် အကူအညီ တောင်း” တာ ကြားတယ်။ (ဆာ. ၁၄၅:၁၈၊ ၁၉) ဥပမာ၊ ၂၉ နှစ်အရွယ် ရှေ့ဆောင် ညီအစ်မ ခရစ်စတီဟာ မထင်မှတ်ဘဲ ကျန်းမာရေး အကြီးအကျယ် ချို့ယွင်းလာလို့ တော်တော်လေး စိတ်ဓာတ်ကျနေတယ်။ နောက်တော့ မိခင်ဆီမှာပါ ရောဂါဆိုးတစ်ခု ရှိမှန်း သိလိုက်ရတယ်။ “နေ့ရက်တိုင်းကို ရင်ဆိုင်နိုင်အောင် လိုအပ်တဲ့ ခွန်အား ပေးပါလို့ ကျွန်မ ပြင်းပြင်းပြပြ ဆုတောင်းတယ်။ ကြိုးစားပြီး အစည်းအဝေး မှန်မှန် တက်တယ်၊ ကိုယ်ပိုင် လေ့လာမှု လုပ်တယ်။ ဆုတောင်းလို့ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့တာ။ ကျွန်မဘေးမှာ ယေဟောဝါ အမြဲ ရှိတယ်ဆိုတဲ့ အသိကြောင့် စိတ်သက်သာရတယ်။ ကျန်းမာရေး ပြဿနာကတော့ ရှိနေတုန်းပဲ။ ဒါပေမဲ့ စိတ်ငြိမ်သက်နေတယ်။ ဒါ ကျွန်မဆုတောင်းချက်ရဲ့ အဖြေပဲ” လို့ ပြောတယ်။ ‘ဘုရားတရား ကိုင်းရှိုင်းသူတွေကို ဒုက္ခတွေကြားကနေ ဘယ်လို ကယ်ရမလဲဆိုတာ ယေဟောဝါ သိ’ ကြောင်း ကျွန်တော်တို့လည်း အမြဲ အမှတ်ရကြရအောင်။—၂ ပေ. ၂:၉။
သွေးဆောင်မှုတွေ တိုက်လှန်နိုင်ဖို့ (၁) ယေဟောဝါဆီ အကူအညီ တောင်းပါ၊ (၂) ဆုတောင်းချက်နဲ့အညီ နေပါ၊ (၃) ယေဟောဝါနဲ့ ဆက်ဆံရေး ကောင်းအောင် လုပ်ပါ (စာပိုဒ် ၁၆-၁၇ ကို ကြည့်ပါ)
16. Zolnate dozawh nadingin Jehovah’ huhna bang hang kisam a hiam?
၁၆ သွေးဆောင်မှုတွေ တိုက်လှန်နိုင်ဖို့ ယေဟောဝါဆီ အကူအညီ တောင်းပါ။ ကျွန်တော်တို့ မစုံလင်လို့ အမှားလုပ်ချင်စိတ်ကို အမြဲ တိုက်လှန်နေကြရတယ်။ သွေးဆောင်မှုတွေ တိုက်လှန်ရ မခက်ခက်အောင် စာတန်လည်း လုပ်နေတယ်။ တစ်နည်းကတော့ မသန့်ရှင်းတဲ့ ဖျော်ဖြေမှုအားဖြင့် ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကို ပျက်စီးစေခြင်းပဲ။ အဲဒီလို ဖျော်ဖြေရေးတွေက မသန့်ရှင်းတဲ့ အတွေးတွေ ဝင်လာစေနိုင်တယ်။ ကြီးလေးတဲ့ အပြစ်တွေ ကျူးလွန်စေနိုင်တယ်။—မာ. ၇:၂၁-၂၃။ ယာ. ၁:၁၄၊ ၁၅။
17. Zolnate dozawh nadinga thu i nget ciangin ei lam pan bang i sep ding kisam a hiam? (Lim zong en in.)
၁၇ အမှား လုပ်ဖို့ သွေးဆောင်ခံရတဲ့အခါ တွန်းလှန်နိုင်ဖို့ ယေဟောဝါရဲ့ အကူအညီ လိုတယ်။ ယေရှု သင်ပေးတဲ့ စံပြ ဆုတောင်းချက်မှာ “သွေးဆောင်မှုနောက် ပါမသွားအောင် ကူညီပြီး ဆိုးညစ်သူရဲ့ လက်ကနေ ကယ်တင်ပေးပါ” ဆိုတဲ့အချက် ပါတယ်။ (မ. ၆:၁၃) ကျွန်တော်တို့ကို ယေဟောဝါ ကူညီချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က အကူအညီ တောင်းရမယ်။ တောင်းပြီးရင်လည်း ဆုတောင်းချက်နဲ့အညီ နေရမယ်။ စာတန့်လောကမှာ ရေပန်းစားနေတဲ့ အတွေးအခေါ်၊ အယူအဆ အမှားတွေကို မဖတ်မိ၊ နားမထောင်မိဖို့ ကြိုးစားရမယ်။ (ဆာ. ၉၇:၁၀) ကျမ်းစာ ဖတ်ရှု၊ လေ့လာခြင်းအားဖြင့် စိတ်နှလုံးထဲ ကောင်းတဲ့ အတွေးအခေါ်တွေ ဖြည့်ထားရမယ်။ အစည်းအဝေး တက်တာ၊ အမှုဆောင်မှာ ပါဝင်တာကလည်း အတွေးအခေါ်ကို ကာကွယ်ပေးတယ်။ ဒါ့အပြင် ကျွန်တော်တို့ မခံနိုင်လောက်တဲ့ သွေးဆောင်ခြင်းကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ယေဟောဝါ ကတိပေးထားတယ်။—၁ ကော. ၁၀:၁၂၊ ၁၃။
18. Thungetna tawh kisai-in bangteng sep ding khensat na hiam?
၁၈ ခက်ခဲတဲ့ ဒီနောက်ဆုံးကာလမှာ ကျွန်တော်တို့ ယောက်တိုင်း ယေဟောဝါအပေါ် ဆက်သစ္စာရှိနိုင်အောင် အရင်ကထက် ဆုတောင်းဖို့ လိုအပ်တယ်။ ယေဟောဝါက မိမိဆီ “ရင်ဖွင့်” ဆုတောင်းစေချင်တယ်။ (ဆာ. ၆၂:၈) ဒါကြောင့် အူလှိုက်သည်းလှိုက် ဆုတောင်းဖို့ နေ့တိုင်း အချိန် ဖယ်ထားပါ။ ယေဟောဝါ လုပ်ပေးသမျှအတွက် ချီးမွမ်း၊ ကျေးဇူးတင်ပါ။ ရဲရဲရင့်ရင့် ဟောပြောနိုင်ဖို့၊ အခက်အခဲတွေ ခံရပ်နိုင်ဖို့၊ သွေးဆောင်မှုတွေ တိုက်လှန်နိုင်ဖို့ အကူအညီ တောင်းပါ။ ဘယ်သူ့ကြောင့်၊ ဘာကြောင့်မှ ယေဟောဝါဆီ ဆုတောင်းတာ အပျက်မခံပါနဲ့။ ဒါနဲ့ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို ဖြေပေးသလဲ။ ဒီအကြောင်း နောက်ဆောင်းပါးမှာ လေ့လာပါမယ်။
LA 42 ဘုရားသခင့် ကျေးကျွန်ရဲ့ ဆုတောင်းစကား
a သိပ်ခင်တဲ့ မိတ်ဆွေတစ်ယောက်ကို အားရပါးရ စကားပြောသလိုမျိုး ဘုရားဆီ ကျွန်တော်တို့ ဆုတောင်းချင်ကြတယ်။ ဒါပေမဲ့ ဆုတောင်းဖို့ အချိန် ရှာရ ခက်နေနိုင်တယ်။ ဘာဆုတောင်းရမှန်း မသိ ဖြစ်နေနိုင်တယ်။ ဒီအခက်အခဲ နှစ်ခုကို ဖြေရှင်းဖို့ ဒီဆောင်းပါးက ကူညီပေးပါမယ်။