Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w23 November laim. 20-25
  • Jehovah In Ka Thunget Hong Dawng Ding Hiam?

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Jehovah In Ka Thunget Hong Dawng Ding Hiam?
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
  • Thuluneute
  • A Thu Kibang
  • JEHOVAH IN BANG HONG SEPSAK DING LAMEN THEI I HIAM?
  • JEHOVAH IN BANG SEM DINGIN HONG LAMEN A HAIM?
  • I THUNGETNA KHEEL DING BANG HANGIN KISAM THEI A HIAM?
  • Jehovah In I Thungetnate Hong Dawn Dan
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
  • Na Thungetna Khangtosak In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
  • Thungetna ii A Manphatna
    Lai Siangtho In Bang Hong Sinsak A Hiam?
  • Thungetna Tawh Pasian Kiang Nai In
    Nuntak Nuam Nei Den In!—Lai Siangtho Sinkhopna
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
w23 November laim. 20-25

SIN DING THU 49

Jehovah In Ka Thunget Hong Dawng Ding Hiam?

“Note in kei hong samin, hong pai-in thu nong ngen ding uh a, ke’n zong kong dawng ding hi.”—JER. 29:12.

LA 41 ဆုတောင်းသံ​ကို နားထောင်​ပေးပါ

အကြို​သုံးသပ်ချက်a

1-2. Jehovah in i thunget hong dawng lo ci-in bang hang ngaihsun khathei i hiam?

“ယေဟောဝါဆီ​မှာ ပျော်ရွှင်​ကြည်နူး​မှု​ကို ရှာပါ။ အလိုဆန္ဒတွေကို ဘုရား ဖြည့်ဆည်းပေး​လိမ့်မယ်။” (ဆာ. ၃၇:၄) သိပ်ကောင်းတဲ့ ကတိ​ပဲ။ ဒါဆိုရင် တောင်းသမျှ ယေဟောဝါ ချက်ချင်း ဖြည့်ဆည်းပေးမယ်လို့ မျှော်လင့်သင့်သလား။ အခြေအနေ​တချို့ စဉ်းစားကြည့်ပါ။ သတင်းကောင်း ဟောပြောသူများ​အတွက် သင်တန်း တက်​ရဖို့ တစ်ကိုယ်ရေ ညီအစ်မ​တစ်ယောက် ဆုတောင်းတယ်။ တစ်နှစ်ပြီး တစ်နှစ်​သာ ကုန်​သွားတယ်။ မ​တက်​ရ​သေး​ဘူး။ အသင်းတော်မှာ ပိုပြီး အမှုဆောင်ချင်လို့ ရောဂါဆိုး သက်သာ​ဖို့ ညီအစ်ကို​လေး​တစ်ယောက် ဆုတောင်းတယ်။ သက်သာ​မလာဘူး။ သားသမီး အမှန်တရားထဲ ရှိနေဖို့ မိဘတွေ ဆုတောင်းတယ်။ ဒါပေမဲ့ ယေဟောဝါကို သားသမီး ဆက်ဝတ်မပြုဘူး။

၂ သင်လည်း ယေဟောဝါဆီ တစ်ခုခု ဆုတောင်း​ထားပေမဲ့ အဖြေ မရသေး​တာ ဖြစ်နိုင်တယ်။ ‘တခြားသူတွေ တောင်းတာ ယေဟောဝါ ဖြည့်ဆည်း​ပေးပြီး ငါ တောင်းတာ​တော့ ဖြည့်ဆည်း​မပေးဘူး’ လို့ ကောက်ချက် ချမိနိုင်တယ်။ အမှား တစ်ခုခု လုပ်ထား​မိ​လို့ ဖြစ်မယ်ဆိုပြီး တွေးမိနိုင်တယ်။ ညီအစ်မ ဂျဲနက်b အဲဒီလို တွေးမိတယ်။ ဗေသလမှာ အမှုဆောင်ချင်တဲ့​အကြောင်း သူတို့ ဇနီးမောင်နှံ ဆုတောင်းတယ်။ “သိပ်မကြာခင် ဖိတ်ခေါ်ခံရမယ် ထင်​နေတာ” လို့ ဂျဲနက် ပြောတယ်။ လတွေ၊ နှစ်တွေ အလီလီ ပြောင်းသွားတယ်။ ဖိတ်ခေါ်​မခံရဘူး။ “ဝမ်း​လည်း နည်း၊ ဇဝေဇဝါ​လည်း ဖြစ်​မိတယ်။ ယေဟောဝါ မကြိုက်တာ ဘာများ လုပ်ထား​မိ​လို့​လဲ။ ဗေသလမှာ အမှုဆောင်ချင်တဲ့​အကြောင်း သတ်သတ်မှတ်မှတ် တောင်း​ထားတာ။ ဘာလို့ ဖြည့်ဆည်း​မပေးတာလဲ” လို့ ပြောတယ်။

3. Hih thulu-ah bang thu kikum ding i hiam?

၃ ဆုတောင်းတာ ယေဟောဝါ နား​ကော ထောင်ရဲ့​လား​လို့ တစ်ခါတလေ တွေးမိနိုင်တယ်။ ရှေးသစ္စာရှိ အမျိုးသား​တချို့​တောင် အဲဒီလို တွေးမိ​ကြတယ်။ (ယောဘ ၃၀:၂၀။ ဆာ. ၂၂:၂။ ဟဗ. ၁:၂) ကိုယ် ဆုတောင်းတာကို ယေဟောဝါ လျစ်လျူမရှု​ဘူး​ဆိုတာ ဘာက စိတ်ချစေနိုင်​သလဲ။ (ဆာ. ၆၅:၂) အဖြေ ရဖို့ ဒီ​မေးခွန်းတွေ အရင် သုံးသပ်​ကြည့်ရအောင်– (၁) ယေဟောဝါ ဘာ​လုပ်ပေးမယ်လို့ မျှော်လင့်နိုင်သလဲ။ (၂) ကျွန်တော်တို့ ဘာလုပ်ဖို့ ယေဟောဝါ မျှော်လင့်​သလဲ။ (၃) ဆုတောင်းချက် ပြောင်းဖို့ ဘာကြောင့် လို​နိုင်​သလဲ။

JEHOVAH IN BANG HONG SEPSAK DING LAMEN THEI I HIAM?

4. Jeremiah 29:12-ah Jehovah in bang hong kamciam a hiam?

၄ ဆုတောင်းချက်တွေ နားထောင်မယ်​လို့ ကတိပေးတယ်။ (ယေရမိ ၂၉:၁၂ ကို ဖတ်ပါ။) သစ္စာရှိ ဝတ်ပြု​သူတွေကို ဘုရား သိပ်ချစ်လို့ ဆုတောင်းတဲ့အခါ ဘယ်တော့မှ လျစ်လျူရှု​မှာ မဟုတ်ဘူး။ (ဆာ. ၁၀:၁၇။ ၃၇:၂၈) တောင်းသမျှ ပေးမယ်​လို့​တော့ မဆိုလိုဘူး။ တချို့​ဆုတောင်းချက်တွေ ပြည့်​ဖို့ ကမ္ဘာသစ် ရောက်တဲ့​အထိ စောင့်​ရနိုင်တယ်။

5. Jehovah in i thungetnate bang tawh teh a hiam? Hilhcian in.

၅ ဆုတောင်းချက်တွေကို မိမိ​ရည်ရွယ်ချက်နဲ့ ချိန်ထိုး​တယ်။ (ဟေရှာ. ၅၅:၈၊ ၉) ရည်ရွယ်ချက်​တစ်ခုကတော့ မိမိအုပ်ချုပ်မှုကို ဝမ်းမြောက်ဝမ်းသာ၊ စည်းစည်းလုံးလုံး လက်အောက်ခံ​မယ့် အမျိုးသား/သမီးတွေ ကမ္ဘာမြေမှာ ပြည့်​နေဖို့​ပဲ။ ဒါပေမဲ့ လူလူချင်း အုပ်ချုပ်​တာ ပိုကောင်းတယ်လို့ စာတန် ပြောတယ်။ (က. ၃:၁-၅) စာတန် မှားတယ်ဆိုတာ ပြ​ချင်လို့ လူလူချင်း အုပ်ချုပ်​ဖို့ ယေဟောဝါ ခွင့်ပြုလိုက်တယ်။ လူလူချင်း အုပ်ချုပ်​လို့ ဒီနေ့ ပြဿနာတွေ များနေတာ။ (ဒေ. ၈:၉) ဒါပေမဲ့ ရှိသမျှ ပြဿနာ အခုချိန်မှာ ယေဟောဝါ ရှင်း​မပေးဘူး။ လိုက်​ရှင်း​ပေး​ရင် လူအုပ်ချုပ်တာ ကောင်းသား​ပဲ၊ ပြဿနာတွေ ဖြေရှင်း​နိုင်​သား​ပဲ​လို့ တချို့ ထင်​သွားမယ်။

6. Jehovah sepna khempeuh itna kihel denin, thuman den cih bang hang i muan ding kisam a hiam?

၆ တောင်းတာ တူ​ရင်တောင် ဖြေတာ တူချင်မှ တူ​မယ်။ ဥပမာ၊ ဟေဇကိ​မင်း သေလုမြောပါး ဖျား​လို့ ပြန်​သက်သာ​ဖို့ အသနားခံတော့ ယေဟောဝါ သက်သာ​စေ​တယ်။ (၂ ဘု. ၂၀:၁-၆) ကျန်းမာရေး ပြဿနာ ဖြစ်ပုံရ​တဲ့ “ကိုယ်ခန္ဓာ​မှာ စူးတဲ့ ဆူး” ဖယ်ရှား​ပေးဖို့ တမန်တော် ပေါလု အသနားခံတော့ ယေဟောဝါ ဖယ်ရှား​မပေးဘူး။ (၂ ကော. ၁၂:၇-၉) တမန်တော် ယာကုပ်နဲ့ ပေတရု​အကြောင်းလည်း စဉ်းစားကြည့်ပါ။ နှစ်ယောက်စလုံး​ကို ဟေရုဒ်​မင်း အသက်​ရန်ရှာ​တယ်။ ပေတရု​အတွက် အသင်းတော် ဆုတောင်း​ပေးသလို ယာကုပ်​အတွက်​လည်း တောင်း​ပေးမှာပဲ။ ဒါပေမဲ့ ယာကုပ် အသတ်ခံ​လိုက်ရတယ်။ ပေတရု​ကိုတော့ ကောင်းကင်တမန် ကယ်လိုက်တယ်။ (တ. ၁၂:၁-၁၁) ‘ပေတရု​ကို ယေဟောဝါ ကယ်​ပြီး ယာကုပ်ကို ဘာကြောင့် မ​ကယ်​သလဲ’ လို့ တွေးမိ​မယ်။ ကျမ်းစာမှာ ဖော်ပြ​မထားဘူး။c ဒါပေမဲ့ ယေဟောဝါရဲ့ နည်းလမ်းတွေ “မတရားမှု ကင်း” တယ်​ဆိုတာ စိတ်ချနိုင်တယ်။ (တရား. ၃၂:၄) ဒါ့အပြင် နှစ်ယောက်စလုံး​ကို ယေဟောဝါ ချစ်မှန်း ကျွန်တော်တို့ သိတာပဲ။ (ဗျာ. ၂၁:၁၄) ကျွန်တော်တို့လည်း တစ်ခါတလေ မျှော်လင့်​ထားတဲ့ အဖြေ မရတာ​မျိုး ဖြစ်နိုင်တယ်။ ယေဟောဝါ လုပ်သမျှ အမြဲ မေတ္တာပါတယ်၊ တရားမျှတတယ်​ဆိုတာ စိတ်ချ​လို့ ဆုတောင်းချက် အဖြေပေး​ပုံ​ကို မကျေမနပ် အတွန့်​မ​တက်ကြ​ဘူး။—ယောဘ ၃၃:၁၃။

7. Bang i pelh ding kisam a hiam? Bang hang hiam?

၇ ကိုယ့်​အခြေအနေကို တခြားသူတွေနဲ့ ယှဉ်တာမျိုး ရှောင်ရမယ်။ ဥပမာ၊ ယေဟောဝါဆီ တစ်ခုခု သတ်သတ်မှတ်မှတ် ဆုတောင်း​ထားပေမဲ့ အဖြေ မရဘူး။ ကိုယ့်​လို တောင်းတဲ့ နောက်တစ်ယောက်ကိုတော့ ယေဟောဝါ အဖြေပေး​ပုံ ပေါက်​တာ​မျိုး ကြုံနိုင်တယ်။ ညီအစ်မ အန်နာ အဲဒီလို ကြုံရတယ်။ ခင်ပွန်း မက်သရူး ကင်ဆာ​ရောဂါ သက်သာ​ဖို့ အန်နာ ဆုတောင်းတယ်။ အဲဒီအချိန်မှာ​ပဲ သက်ကြီး ညီအစ်မ​နှစ်ယောက်​လည်း ကင်ဆာ ဖြစ်နေတယ်။ ဒါနဲ့ မက်သရူး​အတွက်​ကော ညီအစ်မတွေ​အတွက်ပါ အသည်းအသန် ဆုတောင်းတယ်။ ညီအစ်မတွေ ပြန်​သက်သာ​လာပေမဲ့ မက်သရူး ဆုံးသွား​တယ်။ ယေဟောဝါ​ကြောင့် ညီအစ်မတွေ ပြန်​သက်သာ​လာတာ​ဆိုရင် မက်သရူး​ကျတော့ ဘာကြောင့် ဆုံးသွား​ရသလဲ​ဆိုပြီး အန်နာ တွေးမိတယ်။ အကြောင်းရင်း ကျွန်တော်တို့ မသိဘူး။ ဒါပေမဲ့ သိတာ ရှိတယ်။ ဆင်းရဲဒုက္ခ​အားလုံးကို ယေဟောဝါ အဆုံးတိုင်​စေမယ်၊ ချစ်ရသူတွေကို ပြန်ထမြောက်​ပေးချင်​နေတယ်​ဆိုတာပဲ။—ယောဘ ၁၄:၁၅။

8. (a) Isaiah 43:2-a a gen bangin, Jehovah in koi bangin hong huh ding a hiam? (b) Haksatna i tuah ciangin thungetna in koi bangin hong huh thei a hiam? (Thungetna In Haksatna Thuakzo Sak video en in.)

၈ အမြဲ ထောက်မ​ပေးမယ်။ ကျွန်တော်တို့ ဒုက္ခရောက်တာ မေတ္တာရှင် အဖ ယေဟောဝါ မ​ကြည့်​ရက်​ဘူး။ (ဟေရှာ. ၆၃:၉) ဒါပေမဲ့ မြစ်ရေ​လို၊ မီး​လို အခက်အခဲတွေ တစ်ခုမှ မကြုံအောင် လိုက်​ကာကွယ်​မပေးဘူး။ (ဟေရှာယ ၄၃:၂ ကို ဖတ်ပါ။) “ဖြတ်လျှောက်” နိုင်အောင် ကူညီပေးမယ်​လို့​တော့ ကတိပေးတယ်။ အခက်အခဲတွေကြောင့် မိမိနဲ့ ဆက်ဆံရေး ပြတ်တောက်​သွားတာမျိုး အဖြစ်မခံဘူး။ ခံရပ်နိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော် ပေးမယ်။ (လု. ၁၁:၁၃။ ဖိ. ၄:၁၃) ဒါကြောင့် ခံနိုင်ရည် ရှိဖို့၊ ဆက်သစ္စာရှိနိုင်ဖို့ လိုတာ ကွက်တိ ဘုရား အမြဲ ပေးမယ်​ဆိုတာ စိတ်ချပါ။d

JEHOVAH IN BANG SEM DINGIN HONG LAMEN A HAIM?

9. James 1:6, 7-a a gen bangin, Jehovah in hong huh ding cih bang hang i muan ding kisam a hiam?

၉ မိမိကို ယုံဖို့ မျှော်လင့်တယ်။ (ဟီ. ၁၁:၆) တစ်ခါတလေ အခက်အခဲတွေ မ​ကျော်လွှားနိုင်​ပုံ ပေါက်နေနိုင်တယ်။ ယေဟောဝါ ကူညီပေးပါ့မလားလို့ သံသယ စ​ဝင်လာနိုင်တယ်။ ဒါပေမဲ့ ဘုရားပေး ခွန်အားကြောင့် “မြို့ရိုး​ကို တက်​နိုင်” မယ်​လို့ ကျမ်းစာမှာ အာမခံတယ်။ (ဆာ. ၁၈:၂၉) ဒါကြောင့် သံသယ ဝင်​မနေပါနဲ့။ ဆုတောင်းချက်တွေ ယေဟောဝါ ဖြေပေးမယ်ဆိုတာ စိတ်ချပြီး ယုံယုံကြည်ကြည်​သာ တောင်းနေပါ။—ယာကုပ် ၁:၆၊ ၇ ကို ဖတ်ပါ။

10. Thu i nget banah i hih theihzah a, sep ding a kisaplam gentehna pia in.

၁၀ ဆု​လည်း တောင်း၊ ကိုယ့်ဘက်ကလည်း တတ်နိုင်​တာ လုပ်ဖို့ မျှော်လင့်တယ်။ ခရိုင်​အစည်းအဝေး တက်​လို့ ရအောင် အလုပ်ကနေ ခွင့်​ရ​ပါ​စေ​ဆိုပြီး ညီအစ်ကို​တစ်ယောက် ဆုတောင်းတယ် ဆိုပါစို့။ ဒီ​ဆုတောင်းချက်ကို ယေဟောဝါ ဘယ်လို ဖြေပေး​မလဲ။ အလုပ်ရှင်​ဆီ ခွင့်​သွား​တောင်း​ရဲ​တဲ့ သတ္တိ ပေးနိုင်တယ်။ ဒါပေမဲ့ ခွင့်​သွား​တောင်း​ရမှာ ညီအစ်ကိုရဲ့ တာဝန်။ ခဏခဏ​တောင် သွား​တောင်း​ရနိုင်တယ်။ နောက်တစ်ရက် အစား​ပြန်​လုပ်ပေးမယ်၊ လစာ ဖြတ်​လို့ ရတယ်​စသဖြင့် ညှိ​ရနိုင်တယ်။

11. Bang hangin thu i nget pahpah ding kisam a hiam?

၁၁ ထပ်ခါထပ်ခါ တောင်းဖို့ မျှော်လင့်တယ်။ (၁ သက်. ၅:၁၇) ဆုတောင်းချက်​တချို့ ချက်ချင်း အဖြေ ရမှာ မဟုတ်မှန်း ယေရှု​စကားကနေ သိနိုင်တယ်။ (လု. ၁၁:၉) စိတ်ဓာတ်​မကျပါနဲ့။ ဇွဲမလျှော့ဘဲ ခဏခဏ တောင်းပါ။ (လု. ၁၈:၁-၇) တစ်ခုခု​နဲ့ပတ်သက်ပြီး တောက်လျှောက် တောင်းတာ​ဟာ စိတ်ကူးပေါက်တုန်း ထ​တောင်းတာ မဟုတ်မှန်း ပြရာ ရောက်တယ်။ ယေဟောဝါ ကူညီပေးနိုင်တယ်ဆိုတာ ယုံကြောင်း​လည်း ပြရာ ရောက်တယ်။

I THUNGETNA KHEEL DING BANG HANGIN KISAM THEI A HIAM?

12. (a) Thungetna tawh kisai ngaihsut ding a kisam dotna khat in bang a hiam? Bang hang hiam? (b) Jehovah i zahtakna a kilang dingin koi banga thunget ding kisam a hiam? (“Ka Thungetnate In Jehovah Ka Zahtaklam A Kilangsak Hiam?” Kiu li bawm en in.)

၁၂ ဆုတောင်း​ထားတာ အဖြေ မရဘူး​ဆိုရင် မေးခွန်း သုံးခု စဉ်းစားကြည့်ပါ။ ပထမ၊ ‘တောင်းသင့်​တာ တောင်းနေတာ ဟုတ်ရဲ့လား။’ ကိုယ့်အတွက် ဘာ​အကောင်းဆုံးလဲ ကိုယ် သိတယ်လို့ ထင်တတ်ကြတယ်။ ဒါပေမဲ့ ကိုယ် တောင်း​ထားတာက ရေရှည် အကျိုးမရှိတာမျိုး ဖြစ်နေနိုင်တယ်။ ပြဿနာ​တစ်ခုနဲ့​ပတ်သက်ပြီး ဆုတောင်းတာ​ဆိုရင် ကိုယ် တောင်း​ထားတဲ့ ဖြေရှင်းနည်း​ထက် ပိုကောင်းတဲ့ ဖြေရှင်းနည်း ရှိနေနိုင်တယ်။ တစ်ခါတလေ ကိုယ် တောင်းတာ​တွေ​က ယေဟောဝါရဲ့ အလိုတော်နဲ့ မညီ​တာ ဖြစ်နေနိုင်တယ်။ (၁ ယော. ၅:၁၄) အစပိုင်းမှာ ဖော်ပြခဲ့တဲ့ မိဘတွေ​အကြောင်း ပြန်စဉ်းစားကြည့်ပါ။ သားသမီး အမှန်တရားမှာ ဆက်ရှိနေဖို့ ဆုတောင်းတယ်။ ဒီလို​တောင်းတာ သင့်တော်​ပုံ ပေါက်နိုင်တယ်။ ဒါပေမဲ့ မိမိကို ဝတ်ပြုဖို့ ဘယ်သူ့ကိုမှ ယေဟောဝါ ဖိအား​မပေးဘူး။ သားသမီးတွေ အပါအဝင် ကျွန်တော်တို့​အားလုံး ကိုယ့်​စိတ်နဲ့​ကိုယ် ရွေးချယ်​ပြီး ဝတ်ပြုတာကို လိုချင်တာ။ (တရား. ၁၀:၁၂၊ ၁၃။ ၃၀:၁၉၊ ၂၀) ဒီတော့ မိဘတွေ ဘယ်လို ပြောင်း​ပြီး ဆုတောင်းနိုင်သလဲ။ ဘုရားကို သားသမီး ချစ်လာအောင်၊ ဘုရားနဲ့ ရင်းနှီး​လာအောင် ထိထိမိမိ သွန်သင်​ဆုံးမ​နိုင်ဖို့ ကူညီပေးပါ​ဆိုပြီး တောင်းနိုင်တယ်။—ပညာ. ၂၂:၆။

ငါ့​ဆုတောင်းချက်တွေ​က ယေဟောဝါကို လေးစား​ရာ ကျ​ရဲ့​လား

ယေဟောဝါဟာ ဆုတောင်းချက်တွေ ဖြေ​ပေးချင်တဲ့ မေတ္တာရှင် ဖခင်​ပါ။ ဒါပေမဲ့ ဖန်ဆင်းရှင် ဖြစ်တာမို့ လေးစား​ခံထိုက်တယ်။ (ဗျာ. ၄:၁၁) ဆုတောင်းတဲ့အခါ ကောင်းကင်ဘုံစံ ဖခင်ကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။

  • ကိုယ် တောင်းတာ​တွေ​ဟာ အလိုတော်နဲ့ ညီ​ပါ​စေ။ တောင်းတဲ့ အကြောင်းရင်း မှန်​ပါ​စေ။ (၁ ယော. ၅:၁၄) ကိုယ် လိုချင်တာ၊ ဖြစ်ချင်​တာ​တွေ​ပဲ တစ်ကိုယ်ကောင်း​ဆန်​ဆန် မတောင်းသင့်ဘူး။ တစ်ကိုယ်ကောင်း​ဆန်​ဆန် “တလွဲ တောင်းနေ” ရင် အဖြေ ရမှာ မဟုတ်ဘူးလို့ ပထမရာစု ခရစ်ယာန်တွေကို ယာကုပ် သတိပေးတယ်။—ယာ. ၄:၃။

  • မရ​မ​က ဇွတ်​မ​တောင်းပါ​နဲ့။ (မ. ၄:၇) ဆုတောင်းချက်ကို ဘယ်လို ဖြေရင် အကောင်းဆုံး ဖြစ်မလဲ ယေဟောဝါ သိတယ်ဆိုတာ စိတ်ချပါ။ ကိုယ် မျှော်လင့်​တာ​နဲ့ ဘုရား ဖြေတာ တစ်ခါတလေ တူချင်မှ တူ​မယ်။—ဧ. ၃:၂၀။

  • နေ့တိုင်း ဘုရား ပေးထားတာ​တွေ​အတွက် ကျေးဇူးတင်ဖို့ မမေ့ပါနဲ့။ ကူညီပေး​မှု​အတွက် ကျေးဇူးတင်ကြောင်း ပြောတဲ့အခါ ဘုရား ဘယ်လောက် ပီတိ​ဖြစ်မယ်​ဆိုတာ မြင်ယောင်​ကြည့်ပါ။—ကော. ၃:၁၅။ ၁ သက်. ၅:၁၇၊ ၁၈။

13. Peter Masa 5:6, 7-a a gen bangin, bang hun ciangin Jehovah in hong huh ding a hiam? Hilhcian in.

၁၃ ဒုတိယ၊ ‘ယေဟောဝါ ဖြည့်ဆည်းပေးဖို့ အချိန် တန်​ပြီလား။’ ဆုတောင်းချက် အဖြေ ချက်ချင်း ရ​မှ ဖြစ်မယ်လို့ ကျွန်တော်တို့ ခံစားမိနိုင်တယ်။ ဘယ်အချိန် အကောင်းဆုံးလဲ ယေဟောဝါ သိတယ်။ (၁ ပေတရု ၅:၆၊ ၇ ကို ဖတ်ပါ။) တောင်းတာ ချက်ချင်း မရရင် ယေဟောဝါ ‘မပေးဘူး’ လို့ မတွေး​လိုက်ပါ​နဲ့။ ‘မ​ပေး​သေး​တာ’ ဖြစ်မှာ​ပါ။ ရောဂါ သက်သာ​ဖို့ ဆုတောင်းတဲ့ ညီအစ်ကို​လေး​အကြောင်း ပြန်စဉ်းစားကြည့်ပါ။ အံ့ဖွယ်​နည်းနဲ့ ယေဟောဝါ ကုပေး​လိုက်ရင် ‘ယေဟောဝါကို ဆက်​ဝတ်ပြုမှာ​ပေါ့။ ရောဂါ ပျောက်​အောင် လုပ်ပေးထားတာ​ကိုး’ ဆိုပြီး စာတန် စွပ်စွဲ​မှာ။ (ယောဘ ၁:၉-၁၁။ ၂:၄) အနာ​ရောဂါ​အားလုံး ပျောက်ကင်းအောင် လုပ်ပေးမယ့်​အချိန် ယေဟောဝါ သတ်မှတ်​ပြီးပြီ။ (ဟေရှာ. ၃၃:၂၄။ ဗျာ. ၂၁:၃၊ ၄) အဲဒီအချိန် မရောက်ခင်​တော့ အံ့ဖွယ်​နည်းနဲ့ ရောဂါ ပျောက်​ဖို့ မျှော်လင့်​လို့ မရဘူး။ ဒီတော့ ညီအစ်ကို​လေး ဘယ်လို ပြောင်း​ပြီး ဆုတောင်းနိုင်သလဲ။ ရောဂါဒဏ် ခံနိုင်ဖို့၊ ဘုရားကို သစ္စာရှိရှိ ဆက်​ဝတ်ပြုနိုင်ဖို့ အစွမ်း​ခွန်အား၊ ငြိမ်သက်ခြင်း ပေးပါ​ဆိုပြီး တောင်းနိုင်တယ်။—ဆာ. ၂၉:၁၁။

14. Janice’ tuahkhakna pan bang sin thei i hiam?

၁၄ ဗေသလမှာ အမှုဆောင်ချင်လို့ ဆုတောင်းတဲ့ ဂျဲနက်​အကြောင်း ပြန်စဉ်းစားကြည့်ပါ။ မျှော်လင့်မထားတဲ့ နည်းနဲ့ ယေဟောဝါ အဖြေပေးတာကို နောက်​ငါးနှစ် ကြာမှ သဘောပေါက်လာတယ်။ “အဲဒီ​အတောအတွင်း ယေဟောဝါ အများကြီး သင်ပေး၊ လေ့ကျင့်ပေး​နေတာပဲ။ ကျွန်မ ဘုရားကို ပို​ကိုးစား​တတ်​ဖို့၊ ကျမ်းစာကို ထဲထဲဝင်ဝင် လေ့လာ​တတ်​ဖို့ လို​နေခဲ့တာ။ ဘယ်နေရာကနေ​ပဲ အမှုဆောင်​ရ ဆောင်​ရ ပျော်​တတ်​ဖို့ လို​နေခဲ့တာ” လို့ ပြောတယ်။ နောက်ပိုင်း၊ ဂျဲနက်​တို့ ဇနီးမောင်နှံ တိုက်နယ်​လုပ်ငန်းမှာ ပါဝင်​ရတယ်။ “ပြန်တွေး​ကြည့်ရင် ကျွန်မ မျှော်လင့်​ထားတဲ့ ပုံစံနဲ့​သာ မဟုတ်တာ။ ဆုတောင်းချက်တွေ ယေဟောဝါ ဖြေပေးတယ်။ ဘုရား ပေးတဲ့ အဖြေ ဘာကြောင့် အကောင်းဆုံး ဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့ အချိန်တော့ လိုတာ​ပေါ့။ ဘုရား​မေတ္တာ၊ ကြင်နာမှု ခံစားရလို့ ပျော်တယ်” လို့ ပြောတယ်။

ရုပ်ပုံ– ၁။ သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း လျှောက်လွှာ ညီအစ်မနှစ်ယောက် ဖြည့်နေ။ နှစ်ယောက်စလုံး လျှောက်လွှာ မတင်ခင် ဆုတောင်း။ ၂။ လျှောက်လွှာ တင်ထားတဲ့ နောက်ညီအစ်မ အပါအဝင် သူငယ်ချင်းတွေကို နိုင်ငံတော်ခန်းမမှာ ညီအစ်မတစ်ယောက် သင်တန်း ဖိတ်ခေါ်စာ ဝမ်းသာအားရ ပြနေ။ ၃။ သင်တန်း ဖိတ်မခံရတဲ့ ညီအစ်မ ယေဟောဝါဆီ ဆုတောင်း။ အဲဒီနောက် စာရေး။ နောက်ပိုင်း၊ တိုင်းတစ်ပါးမှာ အမှုဆောင်။ အဖွဲ့အစည်း ဆောက်လုပ်ရေး စီမံကိန်းမှာ ပါဝင်။

ယေဟောဝါဆီက အဖြေ မရဘူးလို့ ခံစားရရင် ဆုတောင်းချက် ပြောင်း​ကြည့်ပါ (စာပိုဒ် ၁၅ ကို ကြည့်ပါ)f

15. A tangzaizaw a thu i nget ding bang hangin kisam thei a hiam? (Lim zong en in.)

၁၅ တတိယ၊ ‘ပြောင်း​ပြီး ဆုတောင်းသင့်​သ​လား။’ သတ်သတ်မှတ်မှတ် ဆုတောင်းတာ ကောင်းပါတယ်။ ဒါပေမဲ့ ယေဟောဝါ ဘာဖြစ်​စေချင်​သလဲ သိရအောင် တစ်ခါတလေ ဘောင်​ကျယ်ကျယ် ထားပြီး ဆုတောင်းနိုင်တယ်။ သတင်းကောင်း ဟောပြောသူများ​အတွက် သင်တန်း တက်​ချင်လို့ ဆုတောင်းတဲ့ တစ်ကိုယ်ရေ ညီအစ်မ​အကြောင်း ပြန်စဉ်းစားကြည့်ပါ။ ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်နိုင်အောင် သင်တန်း တက်ချင်တာ။ ဒါဆိုရင် သင်တန်း တက်​ရဖို့ ဆက်​ဆုတောင်းရင်း တစ်ဖက်​မှာ အမှုဆောင်​လုပ်ငန်း တိုးချဲ့နိုင်တဲ့ တခြား​အခွင့်အလမ်းတွေ မြင်လာအောင်​လည်း တောင်းနိုင်တယ်။ (တ. ၁၆:၉၊ ၁၀) အဲဒီနောက် အနီးနား​မှာ ရှေ့ဆောင် ပို​လိုတဲ့ အသင်းတော် ရှိသလား​လို့ တိုက်နယ် ကြီးကြပ်မှူးကို မေးနိုင်တယ်။ ဟောပြောသူ ပို​လိုတဲ့ နိုင်ငံ​ဒေသ ရှိသလား​လို့ ဌာနခွဲရုံးကို စာရေး​မေးနိုင်တယ်။e

16. Bang pen muang thei i hiam?

၁၆ ဆွေးနွေးခဲ့တဲ့အတိုင်း ဆုတောင်းချက်တွေကို ယေဟောဝါ မေတ္တာပါပါ၊ တရား​မျှမျှတတ ဖြေပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ (ဆာ. ၄:၃။ ဟေရှာ. ၃၀:၁၈) မျှော်လင့်တဲ့​အတိုင်း အမြဲ အဖြေ ရချင်မှ ရမယ်။ ဒါပေမဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်တော့မှ လျစ်လျူမရှု​ဘူး။ ကျွန်တော်တို့ကို သိပ်ချစ်တဲ့အတွက် ဘယ်တော့မှ ပစ်မထားဘူး။ (ဆာ. ၉:၁၀) ရင်ဖွင့်​ဆုတောင်းခြင်းအားဖြင့် ယေဟောဝါကို “အချိန်တိုင်း” ဆက်​သာ “ယုံကြည်​ကိုးစား” နေပါ။—ဆာ. ၆၂:၈။

NANGH BANGCI DAWNG DING?

  • Jehovah in bang hong sepsak ding muang thei i hiam?

  • Jehovah in bang sem dingin hong lamen a hiam?

  • I thungetna kheel ding bang hangin kisam thei a hiam?

LA 43 ကျေးဇူးတင်​ချီးမွမ်း​တဲ့ ဆုတောင်း​စကား

a ဆုတောင်းချက်တွေကို မေတ္တာပါပါ၊ တရား​မျှမျှတတ ယေဟောဝါ အမြဲ ဖြေပေးမယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်ကြောင်း ဒီဆောင်းပါးမှာ ရှင်းပြ​သွားပါမယ်။

b အမည်လွှဲများ။

c ၂၀၂၂၊ ဖေဖော်ဝါရီလ ကင်းမျှော်စင် မှာ ပါတဲ့ “ယေဟောဝါ​ဘုရားရဲ့ လုပ်ဆောင်ပုံ​နည်းလမ်းတွေကို ယုံကြည်​စိတ်ချ​သ​လား” ဆောင်းပါး၊ ပိုဒ်. ၃-၆ ကို ကြည့်ပါ။

d အခက်အခဲတွေ ခံရပ်ဖို့ ယေဟောဝါ ဘယ်လို ကူညီပေးကြောင်း ထပ်သိချင်ရင် ဆုတောင်းခြင်းက အခက်အခဲ​ကို ခံရပ်​စေ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

e တခြား​ဌာနခွဲ ရပ်ကွက်မှာ အမှုဆောင်ချင်တယ်ဆိုရင် ထပ်ဆင့် ညွှန်ကြားချက်​တွေ သိဖို့ ယေဟောဝါရဲ့ အလိုတော်​ဆောင်ဖို့ ဖွဲ့စည်းထားခြင်း စာအုပ် အခန်း ၁၀၊ ပိုဒ်. ၆-၉ ကို ကြည့်ပါ။

f ပုံအညွှန်း– သတင်းကောင်း ဟောပြောသူများ​အတွက် သင်တန်း မလျှောက်ခင် ညီအစ်မ​နှစ်ယောက် ဆုတောင်းနေ။ တစ်ယောက် တက်​ရပြီး နောက်တစ်ယောက် မ​တက်​ရ။ မ​တက်ရတဲ့ ညီအစ်မ အလွန်အမင်း စိတ်ပျက်လက်ပျက် ဖြစ်​မ​သွား။ အမှုဆောင်​လုပ်ငန်း တိုးချဲ့​နိုင်​မယ့် တခြား​အခွင့်အလမ်းတွေ မြင်လာအောင် ကူညီပေးဖို့ ဆုတောင်း။ ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်ချင်တဲ့​အကြောင်း ဌာနခွဲရုံးကို စာရေး။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ