SIN DING THU 22
“Lampi Siangtho” Tawnsuak In
“Tua lai-ah lam lianpi khat om ding a, Lampi Siangtho kici ding hi.”—ISA. 35:8.
LA 31 ဘုရားနဲ့အတူ လျှောက်လှမ်းပါ
အကြိုသုံးသပ်ချက်a
1-2. Babylon gama om Jew mite in bang a thupi thukhensatna a bawl ding uh kisam a hiam? (Ezra 1:2-4)
ဗာဗုလုန်ပြည်မှာ အနှစ် ၇၀ လောက် သုံ့ပန်းဘဝ ရောက်နေတဲ့ ဂျူးတွေ နေရင်းပြည် အစ္စရေး ပြန်လို့ ရပြီဆိုတဲ့ အမိန့်ထွက်လာတယ်။ (ဧဇရ ၁:၂-၄ ကို ဖတ်ပါ။) ဒါ ယေဟောဝါကြောင့်ပဲ။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ ဗာဗုလုန်တွေဟာ သုံ့ပန်းတွေကို ပြန်လွှတ်ပေးရိုး ထုံးစံ မရှိဘူး။ (ဟေရှာ. ၁၄:၄၊ ၁၇) ဒါပေမဲ့ ဗာဗုလုန်မြို့ သိမ်းပိုက်ခံလိုက်ရတယ်။ အဲဒီနောက် လာအုပ်ချုပ်တဲ့ ဘုရင်က ဂျူးတွေကို နိုင်ငံကနေ ထွက်ခွာခွင့် ပေးလိုက်တယ်။ ဒီတော့ ဂျူးအားလုံး၊ အထူးသဖြင့် အိမ်ထောင်ဦးစီးတွေ ဆုံးဖြတ်ရတော့မယ်။ ဗာဗုလုန်ပြည်ကနေ ထွက်သွားမလား၊ ဆက်နေမလား။ တော်တော် ဆုံးဖြတ်ရ ခက်မှာပဲ။ ဘာကြောင့်လဲ။
၂ ခရီးဝေး နှင်ဖို့ သက်ကြီးပိုင်းတွေအတွက် မလွယ်ဘူး။ ဗာဗုလုန်ပြည်မှာ မွေးတဲ့ နောက်ပေါက်တွေအတွက်ကျတော့ ဒီနေရာက နေရင်းပြည် ဖြစ်နေပြီ။ အစ္စရေးပြည်လို့ ပြောလိုက်ရင် ဘိုးဘေးတွေ နေခဲ့တဲ့ နေရာလို့ပဲ မြင်နေကြတာ။ ဒါ့အပြင် တချို့က ဗာဗုလုန်ပြည်မှာ တော်တော်လေး စီးပွားဖြစ်နေကြတယ်။ ဒီတော့ အိမ်ကြီးအိမ်ကောင်းတွေ၊ စီးပွားတွေ ထားခဲ့ပြီး နေရာသစ်မှာ သွားအခြေချဖို့ ခက်နေနိုင်တယ်။
3. Israel gam a hong ciahkik ding a citak Jew mite in bang thupha ngah ding uh a hiam?
၃ စွန့်လွှတ်ရမှာတွေ ရှိပေမဲ့ အစ္စရေးပြည် ပြန်လာရင် ကောင်းချီး အများကြီး ရမယ်ဆိုတာ သစ္စာရှိ ဂျူးတွေ သိကြတယ်။ ကောင်းချီးတစ်ခုကတော့ ဝတ်ပြုရေးနဲ့ ဆိုင်တယ်။ ဗာဗုလုန်ပြည်မှာ အယူမှား ဗိမာန် ၅၀ ကျော် ရှိပေမဲ့ ယေဟောဝါရဲ့ ဗိမာန်တော် မရှိဘူး။ မောရှေပညတ် တောင်းဆိုတဲ့အတိုင်း ပူဇော်သက္ကာတွေ ဆက်သဖို့ ပလ္လင် မရှိဘူး။ ဆက်သပေးဖို့ စနစ်တကျ ဖွဲ့စည်းထားတဲ့ ပုရောဟိတ်တွေ မရှိဘူး။ ဒါ့အပြင် ယေဟောဝါဘုရားနဲ့ ဘုရားစံနှုန်းတွေကို အလေးမထားတဲ့ အယူမှား အမျိုးသား/သမီးတွေကြားမှာ ဘုရားလူမျိုး မြုပ်နေတယ်။ ဒါကြောင့် ယေဟောဝါကို ချစ်တဲ့ ဂျူးတွေကတော့ နေရင်းပြည် ပြန်ဖို့ စိုင်းပြင်းနေကြပြီ။ အဲဒီကို ရောက်မှ စင်ကြယ်တဲ့ ဝတ်ပြုရေး ပြန်ထွန်းကားအောင် လုပ်နိုင်ကြမှာကိုး။
4. Israel gam a hong ciahkik ding Jew mite tungah Jehovah in bang kamciam a hiam?
၄ ဗာဗုလုန်ပြည်ကနေ အစ္စရေးပြည်ကို လေးလလောက် ခရီးကြမ်း နှင်ရမယ်။ ဒါပေမဲ့ လမ်းမှာ အတားအဆီး မှန်သမျှ ရှင်းထားမယ်လို့ ယေဟောဝါ ကတိပေးတယ်။ “ယေဟောဝါဘုရားရဲ့ လမ်းကို ရှင်းလင်းကြ။ တောကန္တာရမှာ ငါတို့ရဲ့ ဘုရားသခင်အတွက် လမ်းမကို ဖြောင့်ဖြူးအောင် လုပ်ကြ။ . . . မညီညာတဲ့ မြေဟာ ညီညာပြန့်ပြူးရမယ်။ ကြမ်းတမ်းတဲ့ မြေဟာ ချိုင့်ဝှမ်းလွင်ပြင် ဖြစ်ရမယ်” လို့ ဟေရှာယ ပြောတယ်။ (ဟေရှာ. ၄၀:၃၊ ၄) မြင်ယောင်ကြည့်ပါ– တောကန္တာရကို ဖြတ်ပြီး လမ်းမ ဖောက်ထားမယ်။ လွင်ပြင်လို ညီညာပြန့်ပြူးနေမယ်။ တောင်တက် တောင်ဆင်း သွားရတာ၊ လျှိုမြောင်တွေ ဖြတ်ရတာထက် ဖြောင့်ဖြူးနေတဲ့ လမ်းမမှာ သွားရတာ ပိုလွယ်လို့၊ ပိုမြန်လို့ ခရီးသွားတွေအတွက် ကောင်းချီးပါပဲ။
5. Babylon gam pan Israel gam paina lampi pen bang lampi kici a hiam?
၅ အခုခေတ်မှာ လမ်းမ တော်တော်များများကို နာမည်တွေ၊ နံပါတ်တွေ တပ်ပြီး ခေါ်ကြတယ်။ ဟေရှာယ ပြောတဲ့ လမ်းမမှာလည်း နာမည် ရှိတယ်။ “အဲဒီမှာ လမ်းမကြီးတစ်ခု ရှိမယ်။ သန့်ရှင်းတဲ့ လမ်းလို့ ခေါ်တယ်။ အဲဒီလမ်းပေါ် မသန့်ရှင်းတဲ့သူ သွားလာမှာ မဟုတ်ဘူး” လို့ ဖတ်ရတယ်။ (ဟေရှာ. ၃၅:၈) ဒီကတိက အဲဒီခေတ် အစ္စရေးတွေအတွက် ဘာအဓိပ္ပာယ် ရှိသလဲ။ ကျွန်တော်တို့အတွက်ကော ဘာအဓိပ္ပာယ် ရှိသလဲ။
“LAMPI SIANGTHO”—A BEISA HUN LE TU HUN
6. Hih lampi bang hangin siangtho kici a hiam?
၆ ဒီလမ်းမကို “သန့်ရှင်းတဲ့ လမ်း” ဆိုတဲ့ သိပ်လှတဲ့ နာမည် ပေးထားတယ်။ သန့်ရှင်းတယ်လို့ ဘာကြောင့် ပြောသလဲ။ “မသန့်ရှင်းတဲ့သူ၊” တစ်နည်းအားဖြင့် လိင်အကျင့် ယိုယွင်းသူ၊ ရုပ်တု ကိုးကွယ်သူ၊ ကြီးလေးတဲ့ အပြစ် ကျူးလွန်သူ ဂျူးတစ်ယောက်မှ အစ္စရေးပြည် ဝင်ခွင့် ရမှာ မဟုတ်လို့ပဲ။ ပြည်တော်ပြန် ဂျူးတွေဟာ ဘုရားအတွက် “သန့်ရှင်းတဲ့ လူမျိုး” ဖြစ်လာကြမယ်။ (တရား. ၇:၆) ဒါပေမဲ့ ဘုရားနှစ်သက်မှု ရဖို့ သူတို့ ဘာအပြောင်းအလဲမှ လုပ်စရာ မလိုဘူးလို့တော့ မဆိုလိုဘူး။
7. Jew mi pawlkhat in bang kikhelnate a bawl ding uh kisam a hiam? Gentehna pia in.
၇ အစောပိုင်းမှာ ဖော်ပြတဲ့အတိုင်း ဂျူးအများစုဟာ ဗာဗုလုန်ပြည်မှာ မွေးကြတာ။ ဗာဗုလုန်တွေရဲ့ အတွေးအခေါ်၊ စံနှုန်းတွေနဲ့ ယဉ်ပါးနေကြပြီ။ အစ္စရေးပြည်ကို ဂျူး ပထမတစ်သုတ် ပြန်လာပြီးနောက် ၆၉ နှစ် အကြာမှာ အယူမှား အမျိုးသမီးတွေကို ဂျူးတချို့ လက်ထပ်ယူထားမှန်း ဧဇရ သိလိုက်ရတယ်။ (ထွ. ၃၄:၁၅၊ ၁၆။ ဧဇ. ၉:၁၊ ၂) ဒါ့အပြင် အစ္စရေးပြည်မှာ မွေးပါလျက်နဲ့ ကလေးတွေ ဂျူးစကားတောင် မပြောတတ်မှန်း သိလိုက်ရတော့ ဘုရင်ခံ နေဟမိ ပါးစပ် အဟောင်းသား ဖြစ်သွားတယ်။ (တရား. ၆:၆၊ ၇။ နေ. ၁၃:၂၃၊ ၂၄) တကယ်ဆိုရင် ကျမ်းစာကို ဟီဘရူးစကားနဲ့ အဓိက ရေးထားတာ။ ဟီဘရူးစကား နားမလည်မှတော့ ယေဟောဝါကို ဒီကလေးတွေ ဘယ်လိုလုပ် ချစ်ပြီး ဝတ်ပြုတော့မလဲ။ (ဧဇ. ၁၀:၃၊ ၄၄) ဒါကြောင့် ဂျူးတွေ အပြောင်းအလဲကြီး လုပ်ကြရမယ်။ ဒါပေမဲ့ စင်ကြယ်တဲ့ ဝတ်ပြုရေး တဖြည်းဖြည်း ပြန်လည်ထွန်းကားနေပြီ ဖြစ်တဲ့ အစ္စရေးပြည်မှာဆိုတော့ အပြောင်းအလဲ လုပ်ရတာ လွယ်မှာပါ။—နေ. ၈:၈၊ ၉။
၁၉၁၉ ခုနှစ်ကစပြီး သန်းနဲ့ချီတဲ့ အမျိုးသား/သမီး၊ ကလေးတွေဟာ မဟာဗာဗုလုန်ကနေ ထွက်လာပြီး “သန့်ရှင်းတဲ့ လမ်း” မှာ စလျှောက်ကြ (စာပိုဒ် ၈ ကို ကြည့်ပါ)
8. A beisa huna thupiangte i lunglut ding bang hang kisam a hiam? (Laibu mai-a lim en in.)
၈ ‘ဟိုးအရင်က အဖြစ်အပျက်တွေ ဖတ်ရတာ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် အဓိပ္ပာယ် ရှိကော ရှိပါ့မလား’ လို့ တချို့ တွေးမိနိုင်တယ်။ အဓိပ္ပာယ် ရှိပါတယ်။ “သန့်ရှင်းတဲ့ လမ်း” မှာ ကျွန်တော်တို့ ပုံဆောင်သဘောနဲ့ လျှောက်နေကြလို့ပါ။ ဘိသိက်ခံ ဖြစ်ဖြစ်၊ “တခြားသိုး” ဖြစ်ဖြစ် “သန့်ရှင်းတဲ့ လမ်း” မှာ ဆက်လျှောက်နေကြရမယ်။ ဒီလမ်းပေါ် ဆက်လျှောက်နေတာက အခုကော၊ နိုင်ငံတော် ကောင်းချီးတွေ ရမယ့် အနာဂတ်မှာပါ ယေဟောဝါကို ဆက်ဝတ်ပြုဖို့ ကူညီပေးမှာ ဖြစ်လို့ပဲ။b (ယော. ၁၀:၁၆) အေဒီ ၁၉၁၉ ကစပြီး သန်းနဲ့ချီတဲ့ အမျိုးသား/သမီး၊ ကလေးတွေဟာ မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာ မဟာဗာဗုလုန်ကနေ ထွက်လာပြီး ဒီပုံဆောင်လမ်းမှာ စလျှောက်ကြတယ်။ သင်လည်း ဒီလမ်းမှာ လျှောက်နေမှာပဲ။ လွန်ခဲ့တဲ့ အနှစ် ၁၀၀ လောက်က လမ်း စပွင့်လာပေမဲ့ အဲဒီမတိုင်ခင် နှစ်ပေါင်းများစွာကတည်းက လမ်းကို အသင့်ပြင်ထားခဲ့တာ။
LAMPI BAWLNA
9. Isaiah 57:14 ah “Lampi Siangtho” bawlna tawh kisai-in bang gen a hiam?
၉ ဗာဗုလုန်ပြည်ကနေ ထွက်လာတဲ့ ဂျူးတွေအတွက် အတားအဆီးတွေ ယေဟောဝါ ဖယ်ရှားပေးတယ်။ (ဟေရှာယ ၅၇:၁၄ ကို ဖတ်ပါ။) ခေတ်သစ် “သန့်ရှင်းတဲ့ လမ်း” ကိုကော။ မဟာဗာဗုလုန်ကနေ ထွက်လာမယ့် လမ်းကို ရှင်းလင်းဖို့ ဘုရားတရား ကိုင်းရှိုင်းတဲ့ အမျိုးသားတွေကို ၁၉၁၉ မတိုင်ခင် ရာစုနှစ်တွေကတည်းက ယေဟောဝါ စသုံးနေပြီ။ (ဟေရှာယ ၄၀:၃ နဲ့ နှိုင်းယှဉ်ပါ။) စိတ်ရိုးဖြောင့်သူတွေ မဟာဗာဗုလုန်ကနေ ထွက်လာပြီး လူမျိုးတော်နဲ့အတူ ယေဟောဝါကို ဝတ်ပြုနိုင်ဖို့ အဲဒီအမျိုးသားတွေ လမ်း အသင့်ပြင်ကြတယ်။ “လမ်း အသင့်ပြင်တဲ့ အလုပ်” မှာ ဘာတွေ ပါသလဲ။ ဥပမာတချို့ သုံးသပ်ကြည့်ပါ။
ရာစုနှစ်များစွာကတည်းက ဘုရားတရား ကိုင်းရှိုင်းတဲ့ အမျိုးသားတွေဟာ လူတွေ မဟာဗာဗုလုန်ကနေ ထွက်လာနိုင်ဖို့ လမ်းရှင်းပေး (စာပိုဒ် ၁၀-၁၁ ကို ကြည့်ပါ)
10-11. Lai Siangtho khetkhiatna le lehkhiatna hangin Lai Siangtho pilna koi bangin hong khang semsem a hiam? (Lim zong en in.)
၁၀ ပုံနှိပ်ခြင်း။ ၁၄၅၀ ခုနှစ်လောက်အထိ ကျမ်းစာကို လက်နဲ့ ကူးရေးကြရလို့ တော်တော်လေး အချိန်စားတယ်။ ကျမ်းစာ ရှားတယ်။ သိပ်စျေးကြီးတယ်။ ဒါပေမဲ့ ပုံနှိပ်စက်တွေ ပေါ်လာတော့ ကျမ်းစာကို အလွယ်တကူ ထုတ်ဝေဖြန့်ချိလာနိုင်တယ်။
၁၁ ဘာသာပြန်ခြင်း။ ရာစုနှစ်များစွာအထိ ကျမ်းစာကို လက်တင်စကားနဲ့ပဲ အဓိက ရနိုင်တယ်။ ပညာတတ်တွေပဲ လက်တင်စကား နားလည်တာ။ ဒါပေမဲ့ ပုံနှိပ်လုပ်ငန်း တွင်ကျယ်လာတဲ့အခါမှာတော့ သာမန်လူတွေ နားလည်တဲ့ ဘာသာစကားတွေနဲ့ ကျမ်းစာ ဘာသာပြန်ဖို့ ဘုရားတရား ကိုင်းရှိုင်းတဲ့ အမျိုးသားတွေ ကြိုးစားကြတယ်။ ဒါကြောင့် ကျမ်းစာမှာ တကယ် ဖော်ပြတာနဲ့ ဓမ္မဆရာတွေ သင်ပေးတာကို ကျမ်းစာဖတ်သူတွေ နှိုင်းယှဉ်လာနိုင်ကြတယ်။
ဘုရားတရား ကိုင်းရှိုင်းတဲ့ အမျိုးသားတွေဟာ လူတွေ မဟာဗာဗုလုန်ကနေ ထွက်လာနိုင်ဖို့ လမ်းရှင်းပေး (စာပိုဒ် ၁၂-၁၄ ကို ကြည့်ပါ)c
12-13. Kum zalom 19 lai-in, Lai Siangtho sangnaupangte in biaknate ii thuhilhna man lote koi bangin pholak na kipan uh a hiam? Gentehna pia in.
၁၂ ကျမ်းစာ လေ့လာမှု အထောက်အကူများ။ ကျမ်းစာ ကျောင်းသားတွေဟာ ကျမ်းစာကို စစ်စစ်ပေါက်ပေါက် လေ့လာလို့ အများကြီး သိလာကြတယ်။ တခြားသူတွေကို သိလာတာတွေ စပြောပြကြတယ်။ ဥပမာ၊ ၁၉ ရာစုမှာ ချာ့ချ်ရဲ့ ဘာသာရေး သွန်သင်ချက် အမှားတွေကို ထောက်ပြတဲ့ ဝေစာတွေ စထုတ်ဝေတယ်။ ဓမ္မဆရာတွေ ဒေါသူပုန် ထကြတော့တာပေါ့။
၁၃ ၁၈၃၅ လောက်မှာ ဟင်နရီ ဂရူး လို့ ခေါ်တဲ့ ဘုရားတရား ကိုင်းရှိုင်းသူတစ်ယောက် က လူသေတွေရဲ့ အခြေအနေအကြောင်း ဆွေးနွေးထားတဲ့ ဝေစာ ထုတ်တယ်။ ချာ့ချ်အများစု သွန်သင်သလို မသေနိုင်တဲ့ အသက်ဟာ မွေးရာပါ မဟုတ်ဘဲ ဘုရား ပေးမှ ရနိုင်ကြောင်း ကျမ်းစာကနေ ထောက်ပြတယ်။ ၁၈၃၇ မှာ ဂျော့ စတောစ်လို့ ခေါ်တဲ့ ခရစ်ယာန် ဘုန်းကြီးတစ်ယောက် ရထား စီးရင်း အဲဒီဝေစာ တွေ့သွားတယ်။ ဝေစာ ဖတ်ပြီးနောက် ဒါ အရေးကြီး အမှန်တရား ဖြစ်တယ်ဆိုတာ သဘောပေါက်သွားတယ်။ ဒါနဲ့ တခြားသူတွေကို ပြန်ပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။ ၁၈၄၂ မှာ “စုံစမ်းစစ်ဆေးမှုတစ်ခု—ဆိုးသွမ်းသူများ မသေနိုင်သောအဖြစ် ရရှိသလော” ဆိုတဲ့ စိတ်ဝင်စားစရာ ခေါင်းစဉ်နဲ့ ဟောပြောချက်တွေ ဆက်တိုက်ပေးတယ်။ ဂျော့ စတောစ်ရဲ့ ရေးသားထုတ်ဝေမှုတွေကို စိတ်ထိမိသွားသူ တစ်ယောက်ကတော့ ချားလ်စ် တေ့ဇ် ရပ်စယ်လ်ဆိုတဲ့ လူငယ်လေးပါပဲ။
14. Unaupa Russell le a lawmte in a beisa huna lampi a bawl mite hangin bang hamphatna ngah uh a hiam? (Lim zong en in.)
၁၄ ညီအစ်ကို ရပ်စယ်လ်နဲ့ အပေါင်းပါတွေဟာ ရှေ့ကနေ လမ်း အသင့်ပြင်ပေးသွားသူတွေကြောင့် ဘာအကျိုး ရသလဲ။ ရှေ့ကလူတွေ ပြုစုခဲ့တဲ့ ကျမ်းစာ အဘိဓာန်၊ ဝေါဟာရ စာရင်း၊ ဘာသာပြန်ကျမ်းတွေကို သူတို့ မှီငြမ်းနိုင်ကြတယ်။ ဟင်နရီ ဂရူး၊ ဂျော့ စတောစ်နဲ့ တခြားသူတွေ လေ့လာရှာဖွေထားရာတွေကနေလည်း အကျိုးရကြတယ်။ ကျမ်းစာ အကြောင်းအရာတွေ ဆွေးနွေးထားတဲ့ စာအုပ်၊ ဝေစာ အများကြီး ထုတ်ဝေခြင်းအားဖြင့် လမ်း အသင့်ပြင်တဲ့ လုပ်ငန်းမှာ ကိုယ်တိုင် ပါဝင်ကြတယ်။
15. Kum 1919 in bang kikhelnate hong piang a hiam?
၁၅ ၁၉၁၉ မှာ မဟာဗာဗုလုန် ဩဇာအောက်ကနေ ဘုရားလူမျိုး လွတ်မြောက်လာတယ်။ အဲဒီနှစ်မှာပဲ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” အတန်းအစား အချိန်ကိုက် ပေါ်လာလို့ ဖွင့်ခါစ “သန့်ရှင်းတဲ့ လမ်း” ပေါ် စိတ်ရိုးဖြောင့်သူတွေ စလျှောက်ဖို့ ကူညီပေးနိုင်ခဲ့တယ်။ (မ. ၂၄:၄၅-၄၇) ဒီလမ်းပေါ် စလျှောက်သူတွေဟာ ရှေ့က သစ္စာရှိ “လမ်းလုပ်သားတွေ” ရဲ့ ကျေးဇူးကြောင့် ယေဟောဝါရဲ့ ရည်ရွယ်ချက်တွေအကြောင်း အများကြီး သိလာကြတယ်။ (ပညာ. ၄:၁၈) ယေဟောဝါရဲ့ တောင်းဆိုချက်တွေအတိုင်း နေတတ်လာကြတယ်။ ဒါပေမဲ့ မိမိလူမျိုး အပြောင်းအလဲတွေ တစ်ထိုင်တည်း လုပ်ဖို့ ယေဟောဝါ မမျှော်လင့်ပါဘူး။ အဆင့်ဆင့် သန့်စင်ပေးတယ်။ (“လူမျိုးတော်ကို ယေဟောဝါ အဆင့်ဆင့် သန့်စင်ပေး” လေးထောင့်ကွက်ကို ကြည့်ပါ။) နောက်ဆိုရင်တော့ ကျွန်တော်တို့ လုပ်သမျှ ဘုရားစိတ်တော်နဲ့ တွေ့တဲ့ အချိန် ရောက်လာတော့မှာမို့ ဝမ်းသာစရာပါပဲ။—ကော. ၁:၁၀။
“LAMPI SIANGTHO” KIHONG LAI
16. Kum 1919 a kipan “Lampi Siangtho” koi bangin kipuahpha a hiam? (Isaiah 48:17; 60:17)
၁၆ ဘယ်လမ်းဖြစ်ဖြစ် မှန်မှန် ပြုပြင်မွမ်းမံပေးဖို့ လိုတယ်။ ဒါကြောင့် နောက်ထပ် လူများနိုင်သမျှ များများ မဟာဗာဗုလုန်ကနေ ထွက်လာနိုင်ဖို့ “သန့်ရှင်းတဲ့ လမ်း” ကို ၁၉၁၉ ကစပြီး ပြုပြင်မွမ်းမံတယ်။ ဥပမာ၊ ခန့်အပ်ခံရခါစ သစ္စာနဲ့ သတိပညာရှိ ကျွန်ဟာ ဒီလမ်းပေါ် စလျှောက်သူတွေ ကျမ်းစာ အမှန်တရား သင်ယူနိုင်ဖို့ ဘုရားသခင့် စောင်းတော် ဆိုတဲ့ ကျမ်းစာ လေ့လာမှု စာအုပ်ကို ၁၉၂၁ မှာ ထုတ်ဝေတယ်။ ဒီစာအုပ်ကို ဘာသာစကား ၃၆ မျိုးနဲ့ အုပ်ရေ ၆ သန်းနီးပါး ထုတ်ဝေနိုင်ခဲ့လို့ လူများစွာ အမှန်တရား သိလာကြတယ်။ မကြာသေးခင်ကလည်း ကျမ်းစာ သင်အံမှုတွေမှာ သုံးဖို့ ပျော်စရာဘဝ ထာဝရ စံစားကြ ဆိုတဲ့ စာအုပ်သစ် ထုတ်ထားတယ်။ ကျွန်တော်တို့အားလုံး “သန့်ရှင်းတဲ့ လမ်း” မှာ ဆက်လျှောက်နိုင်ဖို့ နောက်ဆုံးကာလတစ်လျှောက် အဖွဲ့အစည်းကတစ်ဆင့် ကျမ်းစာ အသိပညာတွေ ယေဟောဝါ မပြတ် ပြင်ဆင်ပေးနေတယ်။—ဟေရှာယ ၄၈:၁၇။ ၆၀:၁၇ ကို ဖတ်ပါ။
17-18. “Lampi Siangtho” tawnsuak leng koi mun tung ding i hiam?
၁၇ လူတစ်ယောက် ကျမ်းစာ သင်အံမှု လက်ခံလိုက်တာနဲ့ “သန့်ရှင်းတဲ့ လမ်း” မှာ လျှောက်ဖို့ အခွင့်အရေး ရသွားပြီ။ တချို့က ခဏပဲ လျှောက်ပြီး လှည့်ထွက်သွားကြတယ်။ တချို့ကတော့ ခရီးဆုံး ပန်းတိုင် ရောက်တဲ့အထိ ဆက်လျှောက်ဖို့ ဆုံးဖြတ်ထားကြတယ်။ ခရီးဆုံး ပန်းတိုင်က ဘာလဲ။
၁၈ ကောင်းကင် မျှော်လင့်ချက် ရှိသူတွေဟာ “သန့်ရှင်းတဲ့ လမ်း” အတိုင်း ဆက်လျှောက်ရင် ကောင်းကင်မှာ ရှိတဲ့ “ဘုရားသခင့်ပရဒိသု” ကို ရောက်မယ်။ (ဗျာ. ၂:၇) မြေကြီး မျှော်လင့်ချက် ရှိသူတွေကတော့ အနှစ် ၁,၀၀၀ အကုန်မှာ စုံလင်ခြင်းအဖြစ်ကို ရောက်မယ်။ ဒီလမ်းအတိုင်း သင် လျှောက်နေတယ်ဆိုရင် နောက်လှည့် မကြည့်ပါနဲ့။ လှည့်ထွက်မသွားပါနဲ့။ ကမ္ဘာသစ်ဆိုတဲ့ ခရီးဆုံး ပန်းတိုင် ရောက်တဲ့အထိ ဆက်လျှောက်နေပါ။ “သာယာဖြောင့်ဖြူးတဲ့ လမ်းခရီး ဖြစ်ပါစေ” လို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
LA 24 ယေဟောဝါရဲ့ တောင်တော်ဆီ လာကြ
a ဗာဗုလုန်ပြည်ကနေ အစ္စရေးပြည် ပြန်တဲ့ လမ်းမကို “သန့်ရှင်းတဲ့ လမ်း” လို့ ယေဟောဝါ တင်စားခေါ်တယ်။ ခေတ်သစ် လူမျိုးတော်အတွက်လည်း ယေဟောဝါ လမ်းရှင်းပေးခဲ့လို့ အေဒီ ၁၉၁၉ ကစပြီး သန်းနဲ့ချီတဲ့ လူတွေဟာ မဟာဗာဗုလုန်ကနေ ထွက်ပြီး “သန့်ရှင်းတဲ့ လမ်း” မှာ စလျှောက်ကြတယ်။ ခရီးဆုံး ပန်းတိုင် ရောက်တဲ့အထိ ကျွန်တော်တို့အားလုံး ဒီလမ်းမှာ ဆက်လျှောက်နေကြရမယ်။
b ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂၊ စာ. ၂၆ ကို ကြည့်ပါ။
c ပုံအညွှန်း– ညီအစ်ကို ရပ်စယ်လ်နဲ့ အပေါင်းပါတွေဟာ ရှေ့က လူတွေ ပြင်ဆင်ပေးခဲ့တဲ့ ကျမ်းစာလေ့လာမှု အထောက်အကူပြု စာပေတွေ သုံးနေ။