Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w23 May laim. 2-7
  • Na Thungetna Khangtosak In

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Na Thungetna Khangtosak In
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
  • Thuluneute
  • A Thu Kibang
  • JESUH IN THUNGET NADINGIN HUN A TUAMIN KOIH
  • THUNGETNA-A A KIHEL THEI A THUPI THU NGA
  • Thungetna ii A Manphatna
    Lai Siangtho In Bang Hong Sinsak A Hiam?
  • Thungetna Tawh Pasian Kiang Nai In
    Nuntak Nuam Nei Den In!—Lai Siangtho Sinkhopna
  • Jehovah In I Thungetnate Hong Dawn Dan
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
w23 May laim. 2-7

SIN DING THU 20

Na Thungetna Khangtosak In

“Na lungkhamna teng uh ama tungah gen un.”—LA. 62:8.

LA 45 ကျွန်တော့်​နှလုံး​အကြံအစည်

အကြို​သုံးသပ်ချက်a

ရုပ်ပုံ– ညီအစ်ကိုတစ်ယောက် တစ်နေ့တာအတွင်း အကြိမ်ကြိမ် ဆုတောင်းနေ။ ၁။ အိပ်ရာထချိန် ဆုတောင်းနေ။ ၂။ အစာ မစားခင် မိသားစုနဲ့အတူ ဆုတောင်းနေ။ ၃။ ဗီဒီယို ချိတ်ဆက်ပြီး အမှုဆောင်မှာ မပါဝင်ခင် ဆုတောင်းနေ။ ၄။ အိမ်အပြင်ဘက်မှာ အေးအေးဆေးဆေး ထိုင်နေတုန်း ဆုတောင်းနေ။ ၅။ အိပ်ရာမဝင်ခင် ဆုတောင်းနေ။

ယေဟောဝါဆီ မှန်မှန် ဆုတောင်း​နိုင်။ ဘာ​ကိစ္စ​အတွက်​မ​ဆို လမ်းညွှန်မှု တောင်း​နိုင် (စာပိုဒ် ၁ ကို ကြည့်ပါ)

1. Jehovah in amah a bia mite bang sem dingin sam a hiam? (Lim zong en in.)

နှစ်သိမ့်မှု၊ လမ်းညွှန်မှု လိုတဲ့အခါ ဘယ်သူ့ဆီ တောင်းနိုင်သလဲ။ ယေဟောဝါဘုရားဆီ​ကို​ပါ။ ဘာ​ကိစ္စ​အတွက်​မ​ဆို လမ်းညွှန်မှု ရဖို့ လွတ်လွတ်လပ်လပ် ဆုတောင်းနိုင်တယ်။ (ပညာ. ၃:၅၊ ၆) ယေဟောဝါ​ကိုယ်တိုင် ဖိတ်ခေါ်​ထားလို့​ပဲ။ “အမြဲ မပြတ် ဆုတောင်း​နေကြပါ” လို့ ပြော​ထားတဲ့အတွက် မကြာခဏ တောင်း​စေချင်​တာ ထင်ရှားတယ်။ (၁ သက်. ၅:၁၇) အချိန် မတွန့်တိုတဲ့ ဘုရား ဖြစ်လို့ ဘယ်နှကြိမ်​ပဲ တောင်း​လို့ ရတယ်​ဆိုပြီး ကန့်သတ်​မထားဘူး။

2. Hih thulu-ah bang thu kikum ding i hiam?

၂ ဆုတောင်းခြင်း အခွင့်ထူး​ကို ကျွန်တော်တို့ တန်ဖိုးထားကြတယ်။ ဒါပေမဲ့ ဆုတောင်းဖို့ အချိန် ရှာ​ရ ခက်နေနိုင်တယ်။ ဆုတောင်းခြင်း အရည်အသွေး တိုးတက်ဖို့ လိုနေတယ်လို့ ခံစားရနိုင်တယ်။ ကျမ်းစာမှာ ဆုတောင်းဖို့ အားပေးထားတာ၊ ဆုတောင်း​နိုင်​ပုံ​နဲ့ပတ်သက်ပြီး လမ်းညွှန်​ထားတာ အများကြီး တွေ့နိုင်​လို့ ကျေးဇူးတင်စရာပါပဲ။ ယေရှုလိုပဲ ဆုတောင်းဖို့ အချိန် ဘယ်လို ဖယ်​ထား​နိုင်​ကြောင်း၊ အရေးကြီး အချက် ငါး​ချက် ထည့်ဆုတောင်းခြင်းအားဖြင့် ဆုတောင်းခြင်း အရည်အသွေးကို ဘယ်လို တိုးတက်စေနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

JESUH IN THUNGET NADINGIN HUN A TUAMIN KOIH

3. Thungetna tawh kisai-in Jesuh in bang thei a hiam?

၃ ဆုတောင်းချက်တွေကို ယေဟောဝါ တန်ဖိုးထား​မှန်း ယေရှု သိထားတယ်။ မြေကြီးပေါ် မလာခင် နှစ်ပေါင်းများစွာ ဖခင်​ဘေးမှာ အတူ ရှိခဲ့တယ်။ ဟန္န၊ ဒါဝိဒ်၊ ဧလိယနဲ့ တခြား​သစ္စာရှိသူ​များစွာ​ရဲ့ လှိုက်လှဲ​တဲ့ ဆုတောင်းချက်တွေကို ဖခင် ဖြေပေးတာ တွေ့တယ်။ (၁ ရှ. ၁:၁၀၊ ၁၁၊ ၂၀။ ၁ ဘု. ၁၉:၄-၆။ ဆာ. ၃၂:၅) ဒါကြောင့်​လည်း ယုံကြည်စိတ်ချမှု အပြည့်​နဲ့ မကြာခဏ ဆုတောင်းဖို့ တပည့်တွေကို သင်ပေးတာ။—မ. ၇:၇-၁၁။

4. Thungetna tawh kisai-in Jesuh tung pan bang sin thei i hiam?

၄ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး တပည့်တွေကို ယေရှု စံနမူနာ ပြတယ်။ အမှုဆောင်ချိန်​တစ်လျှောက် ယေရှု မကြာခဏ ဆုတောင်းတယ်။ အမြဲလိုလို အလုပ်များ​နေတတ်​လို့၊ လူတွေ ဝိုင်းနေတတ်လို့ ဆုတောင်းဖို့ အချိန် ဖယ်​ထား​ရတယ်။ (မာ. ၆:၃၁၊ ၄၅၊ ၄၆) တစ်ယောက်တည်း သီးသန့် ဆုတောင်းဖို့ အချိန်​ရအောင် မနက်စောစော ထ​တယ်။ (မာ. ၁:၃၅) တစ်ခေါက်​ဆိုရင် အရေးကြီး ဆုံးဖြတ်ချက် မချခင် တစ်ညလုံး ဆုတောင်းတယ်။ (လု. ၆:၁၂၊ ၁၃) မြေကြီး အမှုဆောင်ချိန်​အတွင်း အခက်ခဲဆုံး တာဝန် ပြီးမြောက်​နိုင်ဖို့ မသေဆုံးခင် ညမှာ​လည်း ထပ်တလဲလဲ ဆုတောင်းတယ်။—မ. ၂၆:၃၉၊ ၄၂၊ ၄၄။

5. Thunget ciangin Jesuh koici etteh thei i hiam?

၅ ဘယ်လောက် အလုပ်များများ ဆုတောင်းဖို့ အချိန် ဖယ်​ထားရမယ်ဆိုတာ ယေရှုရဲ့ စံနမူနာ​က သင်ပေးတယ်။ ယေရှုလိုပဲ ဆုတောင်းဖို့ အချိန် ရအောင် မနက်စောစော ထ​နိုင်တယ်။ ဒါမှမဟုတ် နည်းနည်း နောက်ကျ​ပြီးမှ အိပ်ရာ ဝင်နိုင်တယ်။ ဒါက ဆုတောင်းခြင်း အခွင့်ထူး​အတွက် ယေဟောဝါကို ကျေးဇူးတင်ကြောင်း ပြရာရောက်တယ်။ ဆုတောင်းခြင်း အခွင့်ထူး​အကြောင်း ဦးဆုံး သိ​လိုက်​ရချိန်မှာ ဘုရားကို ဘယ်လောက် ကျေးဇူးတင်မိတယ်ဆိုတာ ညီအစ်မ လင်း မှတ်မိ​နေတုန်းပဲ။ “ယေဟောဝါဆီ အချိန်မရွေး ဆုတောင်း​စကားပြော​လို့ ရ​မှန်း သိလိုက်ရတော့ ဘုရားကို မိတ်ဆွေအဖြစ် မြင်ဖို့ ပိုလွယ်လာတယ်။ ဆုတောင်းခြင်း အရည်အသွေး ပိုတိုးတက်ချင်လာတယ်” လို့ လင်း ပြောတယ်။ ကျွန်တော်တို့လည်း အဲဒီလို ခံစားရမှာ​ပါ။ ဒါဆိုရင် ထည့်​ဆုတောင်း​နိုင်​တဲ့ အရေးကြီး အချက် ငါး​ချက်ကို သုံးသပ်​ကြည့်ရအောင်။

THUNGETNA-A A KIHEL THEI A THUPI THU NGA

6. Maangmuhna 4:10, 11-a a gen bangin, Jehovah in bang a ngah ding kilawm a hiam?

၆ ယေဟောဝါကို ချီးမွမ်းပါ။ ကောင်းကင်မှာ ယေဟောဝါကို ကိုးကွယ်​နေ​ကြ​တဲ့ အကြီးအကဲ ၂၄ ပါး​ကို စိတ်အာရုံမှာ တမန်တော် ယောဟန် မြင်တယ်။ သူတို့က “ဂုဏ်တင်မှု၊ ချီးမွမ်းမှု​နဲ့ အစွမ်း​ခွန်အား​တွေ​ကို ကိုယ်တော် ရထိုက်ပါတယ်” ဆိုပြီး ချီးမွမ်းကြတယ်။ (ဗျာဒိတ် ၄:၁၀၊ ၁၁ ကို ဖတ်ပါ။) သစ္စာရှိ ကောင်းကင်တမန်တွေ​လည်း ယေဟောဝါကို ချီးမွမ်း​ဂုဏ်တင်​ရတဲ့ အကြောင်းရင်း များစွာ ရှိတယ်။ ကောင်းကင်မှာ ဘုရားနဲ့​အတူ နေ​လို့ ဘုရားအကြောင်း ကောင်းကောင်း သိလာကြတယ်။ လုပ်ဆောင်မှုတိုင်းမှာ ဘုရားရဲ့ အရည်အသွေးတွေ မြင်ရလို့ ဘုရားကို ချီးမွမ်း​ချင်စိတ် တဖွားဖွား ပေါ်လာကြတယ်။—ယောဘ ၃၈:၄-၇။

7. Bang adingin Jehovah phat thei i hiam?

၇ ကျွန်တော်တို့လည်း ဆုတောင်းတဲ့အခါ ယေဟောဝါကို ချီးမွမ်း​သင့်​တယ်။ ချီးမွမ်း​နိုင်​တဲ့ တစ်နည်းကတော့ ဘုရားနဲ့ပတ်သက်ပြီး ဘာကို နှစ်သက်တယ်၊ ဘာကြောင့် နှစ်သက်တယ်ဆိုတာ ထည့်​ဆုတောင်းခြင်း​ပဲ။ ကျမ်းစာ ဖတ်ရှု၊ လေ့လာတဲ့အခါ အထူးတလည် နှစ်သက်​မိ​တဲ့ ယေဟောဝါရဲ့ အရည်အသွေးတွေကို တွေ့အောင် ရှာပါ။ (ယောဘ ၃၇:၂၃။ ရော. ၁၁:၃၃) အဲဒီ​အရည်အသွေးတွေ​နဲ့ပတ်သက်ပြီး ဘယ်လို ခံစားရတယ်ဆိုတာ ယေဟောဝါကို ပြောပြပါ။ ဒါ့အပြင် ကျွန်တော်တို့ကို ယေဟောဝါ မပြတ် ဂရုစိုက်၊ စောင့်ရှောက်​ပေးနေတယ်။ ဒါကြောင့် ကိုယ့်အတွက်၊ ကမ္ဘာချီ ညီအစ်ကို အသင်းအပင်း​အတွက် ယေဟောဝါ လုပ်ဆောင်ပေး​ရာတွေကို​လည်း ချီးမွမ်း​နိုင်တယ်။—၁ ရှ. ၁:၂၇။ ၂:၁၊ ၂။

8. Jehovah tunga lungdam ding a kisapna a hang thu pawlkhat in bangteng a hiam? (1 Khang Tangthu 16:34)

၈ ယေဟောဝါကို ကျေးဇူးတင်ပါ။ ယေဟောဝါကို ကျေးဇူးတင်​သင့်​တဲ့ အကြောင်းရင်း အများကြီး ရှိတယ်။ (၁ ရာဇဝင်ချုပ် ၁၆:၃၄ ကို ဖတ်ပါ။) ကောင်းမြတ်တဲ့ ဆု​ကျေးဇူး မှန်သမျှ ဘုရားဆီ​က လာတာ ဖြစ်လို့ ကိုယ့်​မှာ ရှိတဲ့ ကောင်းမြတ်​ရာ​တွေ​အတွက် ဘုရားကို ကျေးဇူးတင်​နိုင်တယ်။ (ယာ. ၁:၁၇) လှပတဲ့ ကမ္ဘာမြေ၊ အံ့ချီးဖွယ် ဖန်ဆင်းခြင်း လက်ရာတွေ​အတွက် ကျေးဇူးတင်​နိုင်တယ်။ မိသားစု၊ မိတ်ဆွေ၊ အသက်၊ မျှော်လင့်ချက် ပေးထားလို့ ကျေးဇူးတင်​နိုင်တယ်။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရထားတာ​ကလည်း ကျေးဇူးတင်စရာပါပဲ။

9. Jehovah tungah lungdamna lah ding bang hang kisam a hiam?

၉ ယေဟောဝါကို ကိုယ် သတ်သတ်မှတ်မှတ် ကျေးဇူးတင်​ရမယ့် အကြောင်းရင်းတွေ ကြိုးစား​တွေးတောပါ။ ဒီနေ့ခေတ် လူများစွာ​ဟာ ရဖို့​ပဲ အာရုံစိုက်​ကြတယ်။ ရထားတာ​တွေ​အတွက် ကျေးဇူးတင်​ရ​ကောင်း​မှန်း မသိကြဘူး။ အဲဒီသဘောထား ကျွန်တော်တို့မှာ ရှိလာ​ရင် တောင်းဖို့ချည်း​သက်​သက် ဆုတောင်း​မိ​လာနိုင်တယ်။ အဲဒီလို မဖြစ်ဖို့ ယေဟောဝါ လုပ်ပေးသမျှအတွက် ကျေးဇူးတင်နေရမယ်၊ ကျေးဇူးတင်ကြောင်း ပြနေ​ရမယ်။—လု. ၆:၄၅။

ညအချိန် လသာဆောင်မှာ ထိုင်ရင်း ညီအစ်မတစ်ယောက် ဆုတောင်းနေ။ ဘေးက စားပွဲမှာ ကျမ်းစာနဲ့ မှတ်စုစာအုပ် ရှိ။

ယေဟောဝါကို ကျေးဇူးသိတတ်ခြင်းက ခံနိုင်ရည် ရှိဖို့ ကူညီပေးနိုင် (စာပိုဒ် ၁၀ ကို ကြည့်ပါ)

10. Lungdam theihna lungsim in thuakzawhna nei dingin unaunu khat koi bangin huh a hiam? (Lim zong en in.)

၁၀ ကျေးဇူး​သိစိတ်​က အခက်အခဲတွေ ခံရပ်ဖို့ ကူညီပေးနိုင်တယ်။ ၂၀၁၅၊ ဇန်နဝါရီ ၁၅ ကင်းမျှော်စင် မှာ ပါတဲ့ ညီအစ်မ ကျုံစွတ်​အကြောင်း သုံးသပ်ကြည့်ပါ။ အဆုတ်​ကင်ဆာ တော်တော်လေး ပျံ့နေမှန်း သိလိုက်ရတယ်။ “ဒီ​ရောဂါဆိုး​ရဲ့ ရိုက်ချက်​က ပြင်းလွန်းပါတယ်။ အရာအားလုံးကို ဆုံးရှုံး​လိုက်​ရပြီ​လို့ ခံစားရတယ်။ တအား​လည်း ကြောက်တယ်” လို့ ပြောတယ်။ ခံရပ်ဖို့ ဘာက ကူညီပေးသလဲ။ ညတိုင်း အိပ်ရာ မဝင်ခင် လသာဆောင်ပေါ် သွားပြီး တစ်နေ့တာ​အတွင်း ကျေးဇူး​တင်စရာ ငါးခု စဉ်းစားပြီး ယေဟောဝါကို ဆုတောင်းတယ်။ ညီအစ်မ စိတ်သက်သာ​သွားပြီး ယေဟောဝါကို ချစ်တဲ့​အကြောင်း ထုတ်ပြောချင်လာတယ်။ သစ္စာရှိ ကျေးကျွန်တွေ အခက်အခဲ ကြုံရချိန်မှာ ယေဟောဝါ ကူညီပေးမှန်း၊ ကြုံရတဲ့ အခက်အခဲတွေ​ထက် ခံစားရတဲ့ ကောင်းချီးတွေ ပိုများ​မှန်း သိလာတယ်။ ကျွန်တော်တို့လည်း ညီအစ်မ ကျုံစွတ်​လို​ပဲ ဒုက္ခရောက်ချိန်မှာ​တောင် ယေဟောဝါကို ကျေးဇူး​တင်စရာ အများကြီး ရှိပါတယ်။ ကျေးဇူးတင်ကြောင်း ဘုရားကို ဆုတောင်း​ပြောပြတာက ခံနိုင်ရည် ရှိစေတယ်။ စိတ်​တည်ငြိမ်​စေတယ်။

11. Jesuh vantung a kah khit zawh ciang, a nungzuite adingin hangsanna bang hang kisam a hiam?

၁၁ ရဲရဲရင့်ရင့် ဟောပြောနိုင်ဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ “ဂျေရုဆလင်​မြို့၊ ယုဒပြည်​တစ်ဝန်းလုံး၊ ရှမာရိ​ပြည်၊ ကမ္ဘာမြေ အစွန်အဖျား​အထိ” မိမိ​အကြောင်း သက်သေခံဖို့ တပည့်တွေကို ယေရှု ကောင်းကင် မတက်ခင် ထပ်​မှာတယ်။ (တ. ၁:၈။ လု. ၂၄:၄၆-၄၈) မကြာခင်​မှာ​ပဲ ဂျူးဘာသာရေး ခေါင်းဆောင်တွေ​က တမန်တော် ပေတရု​နဲ့ ယောဟန်ကို ဂျူး​တရားရုံးချုပ်​ဆီ ဖမ်းခေါ်သွားကြတယ်။ မဟောပြောဖို့ အမိန့်​ပေးကြတယ်။ ခြိမ်းတောင် ခြိမ်းခြောက်​ကြတယ်။ (တ. ၄:၁၈၊ ၂၁) ဘာဆက်​ဖြစ်သလဲ။

12. Sawltak 4:29, 31-a a gen bangin, nungzuite in bang sem uh a hiam?

၁၂ ဂျူးဘာသာရေး ခေါင်းဆောင်တွေ ခြိမ်းခြောက်ပေမဲ့ “ဘုရားသခင့်​စကား​ထက် ခင်ဗျားတို့ရဲ့ စကားကို နားထောင်မယ်​ဆိုရင် ဘုရားသခင်​ရှေ့မှာ မှန်ကန်ပါ့မလားဆိုတာ ခင်ဗျားတို့​ကိုယ်တိုင်​ပဲ ဆုံးဖြတ်ကြပါတော့။ ကျွန်တော်တို့ကတော့ ကြားခဲ့​မြင်ခဲ့တာတွေကို မဟောဘဲ မနေနိုင်​ပါ​ဘူး” လို့ ပေတရု​နဲ့ ယောဟန် ပြန်ပြောကြတယ်။ (တ. ၄:၁၉၊ ၂၀) သူတို့ ပြန်လွတ်လာတော့ “တရားစကားတော်ကို ရဲရဲရင့်ရင့် ဟောပြောနိုင်​ခွင့် ပေးသနားပါ” ဆိုပြီး တပည့်တွေ ဆုတောင်း​ကြ​တယ်။ လှိုက်လှဲ​တဲ့ အဲဒီ​ဆုတောင်းချက်ကို ယေဟောဝါ ဖြေပေးတယ်။—တမန်တော် ၄:၂၉၊ ၃၁ ကို ဖတ်ပါ။

13. Unaupa Jin-hyuk tung pan bang sin thei i hiam?

၁၃ မဟောပြောဖို့ အာဏာပိုင်တွေ ပြောလာရင်တောင် ဆက်​ဟောပြောခြင်းအားဖြင့် ပထမရာစု တပည့်တွေကို ကျွန်တော်တို့ အတုယူနိုင်တယ်။ ဥပမာ၊ ကြားနေမှုကြောင့် ထောင်ချခံရတဲ့ ညီအစ်ကို ဂျင် ဟယော့​အကြောင်း စဉ်းစားကြည့်ပါ။ တိုက်ပိတ်​ခံရတဲ့ အကျဉ်းသား​တချို့အတွက် အစားအသောက်၊ အသုံးအဆောင် ဝေခြမ်းပေးဖို့ တာဝန် ရတယ်။ တာဝန်နဲ့ ဆိုင်​တာ​ပဲ ပြော​ခွင့် ရှိတယ်။ ကျမ်းစာအကြောင်း မပြောရဘူး။ ဒါပေမဲ့ အခွင့်အရေး ရတိုင်း ရဲရဲဝံ့ဝံ့၊ ပါးပါးနပ်နပ် ဟောနိုင်ဖို့ ဆုတောင်းတယ်။ (တ. ၅:၂၉) “ကျွန်တော့်​ဆုတောင်းချက်ကို ယေဟောဝါ ဖြေပေးတယ်။ ရဲစွမ်းသတ္တိနဲ့ ဉာဏ်ပညာ ပေးတဲ့အတွက် အကျဉ်းခန်း တံခါးဝ​မှာ ငါး​မိနစ်​ကြာ ကျမ်းစာ သင်အံမှုတွေ စ​နိုင်တယ်။ နောက်တစ်နေ့ ထောင်သားတွေကို ပေးမယ့် စာတွေ ညဘက်​မှာ ရေးတယ်” လို့ ပြောတယ်။ ကျွန်တော်တို့ကိုလည်း အမှုဆောင်မှာ အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးမယ်​ဆိုတာ စိတ်ချနိုင်တယ်။ ဒါကြောင့် ဂျင် ဟယော့လိုပဲ ဘုရားဆီ ရဲစွမ်းသတ္တိနဲ့ ဉာဏ်ပညာ တောင်းပါ။

14. Haksatnate i tuak ciangin bang in hong huh thei a hiam? (Late 37:3, 5)

၁၄ အခက်အခဲတွေကို ခံရပ်နိုင်ဖို့ ယေဟောဝါဆီ အကူအညီ တောင်းပါ။ ကျွန်တော်တို့ အများစုဟာ စိတ်​ပန်း၊ လူ​ပန်း ဖြစ်နေကြတယ်။ ချစ်ရသူ သေဆုံးသွားတာ၊ မိသားစုမှာ အခက်အခဲ ကြုံရတာ၊ နှိပ်စက်​ညှဉ်းပန်း​ခံရတာ ဖြစ်နိုင်တယ်။ ဒီ​ကြားထဲ ကပ်ရောဂါတွေ၊ စစ်ပွဲတွေ​ကြောင့် တစ်ပူပေါ် နှစ်ပူဆင့်ရတယ်။ သိပ်ခင်တဲ့ မိတ်ဆွေ​တစ်ယောက်ကို ပြောပြသလိုမျိုး ကိုယ့်​အခြေအနေ၊ ခံစားချက်ကို ယေဟောဝါဆီ ရင်ဖွင့်​ပြောပြပါ။ သင့်​အကျိုးအတွက် ယေဟောဝါ လုပ်ဆောင်ပေးမယ်​ဆိုတာ စိတ်ချပါ။—ဆာလံ ၃၇:၃၊ ၅ ကို ဖတ်ပါ။

15. ‘Haksat hun cianga thuakzawh’ nadingin thungetna in koi bangin hong huh a hiam? Gentehna pia in.

၁၅ ဇွဲမလျှော့တမ်း ဆုတောင်းတာက “ဒုက္ခရောက်တဲ့အခါ ခံနိုင်ရည် ရှိ” စေတယ်။ (ရော. ၁၂:၁၂) ဝတ်ပြုသူ​တွေ ဘာ​ကြုံနေရတယ်ဆိုတာ ယေဟောဝါ သိတယ်။ “သူတို့ အော်ဟစ် အကူအညီ တောင်း” တာ ကြားတယ်။ (ဆာ. ၁၄၅:၁၈၊ ၁၉) ဥပမာ၊ ၂၉ နှစ်အရွယ် ရှေ့ဆောင် ညီအစ်မ ခရစ်စတီဟာ မထင်မှတ်​ဘဲ ကျန်းမာရေး အကြီးအကျယ် ချို့ယွင်း​လာလို့ တော်တော်လေး စိတ်ဓာတ်ကျနေတယ်။ နောက်တော့ မိခင်​ဆီ​မှာ​ပါ ရောဂါဆိုး​တစ်ခု ရှိ​မှန်း သိလိုက်ရတယ်။ “နေ့ရက်တိုင်းကို ရင်ဆိုင်​နိုင်အောင် လိုအပ်တဲ့ ခွန်အား ပေးပါ​လို့ ကျွန်မ ပြင်းပြင်းပြပြ ဆုတောင်းတယ်။ ကြိုးစားပြီး အစည်းအဝေး မှန်မှန် တက်တယ်၊ ကိုယ်ပိုင် လေ့လာမှု လုပ်တယ်။ ဆုတောင်းလို့ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်​နိုင်​ခဲ့​တာ။ ကျွန်မ​ဘေးမှာ ယေဟောဝါ အမြဲ ရှိတယ်ဆိုတဲ့ အသိကြောင့် စိတ်သက်သာ​ရတယ်။ ကျန်းမာရေး ပြဿနာကတော့ ရှိနေတုန်းပဲ။ ဒါပေမဲ့ စိတ်​ငြိမ်သက်​နေတယ်။ ဒါ ကျွန်မ​ဆုတောင်းချက်ရဲ့ အဖြေ​ပဲ” လို့ ပြောတယ်။ ‘ဘုရားတရား ကိုင်းရှိုင်းသူတွေကို ဒုက္ခတွေ​ကြား​ကနေ ဘယ်လို ကယ်ရမလဲ​ဆိုတာ ယေဟောဝါ သိ’ ကြောင်း ကျွန်တော်တို့လည်း အမြဲ အမှတ်ရ​ကြရအောင်။—၂ ပေ. ၂:၉။

ရုပ်ပုံ– သွေးဆောင်မှုကို တိုက်လှန်နိုင်ဖို့ ညီအစ်ကိုတစ်ယောက် အဆင့်ဆင့် လုပ်ဆောင်။ ၁။ ထက်ထက်သန်သန် ဆုတောင်းနေ။ ၂။ တက်ဘလက်ထဲက အက်ပလီကေးရှင်းတစ်ခု ဖျက်နေ။ ၃။ ကျမ်းစာ ဖတ်နေ။

သွေးဆောင်မှုတွေ တိုက်လှန်နိုင်ဖို့ (၁) ယေဟောဝါဆီ အကူအညီ တောင်းပါ၊ (၂) ဆုတောင်းချက်နဲ့​အညီ နေပါ၊ (၃) ယေဟောဝါနဲ့ ဆက်ဆံရေး ကောင်းအောင် လုပ်ပါ (စာပိုဒ် ၁၆-၁၇ ကို ကြည့်ပါ)

16. Zolnate dozawh nadingin Jehovah’ huhna bang hang kisam a hiam?

၁၆ သွေးဆောင်မှုတွေ တိုက်လှန်နိုင်ဖို့ ယေဟောဝါဆီ အကူအညီ တောင်းပါ။ ကျွန်တော်တို့ မစုံလင်လို့ အမှား​လုပ်ချင်စိတ်ကို အမြဲ တိုက်လှန်​နေကြရတယ်။ သွေးဆောင်မှုတွေ တိုက်လှန်​ရ မ​ခက်​ခက်​အောင် စာတန်​လည်း လုပ်နေတယ်။ တစ်နည်းကတော့ မသန့်ရှင်းတဲ့ ဖျော်ဖြေမှု​အားဖြင့် ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကို ပျက်စီးစေ​ခြင်း​ပဲ။ အဲဒီလို ဖျော်ဖြေရေး​တွေ​က မသန့်ရှင်းတဲ့ အတွေး​တွေ ဝင်လာစေနိုင်တယ်။ ကြီးလေးတဲ့ အပြစ်တွေ ကျူးလွန်စေနိုင်​တယ်။—မာ. ၇:၂၁-၂၃။ ယာ. ၁:၁၄၊ ၁၅။

17. Zolnate dozawh nadinga thu i nget ciangin ei lam pan bang i sep ding kisam a hiam? (Lim zong en in.)

၁၇ အမှား လုပ်ဖို့ သွေးဆောင်​ခံရတဲ့အခါ တွန်းလှန်နိုင်ဖို့ ယေဟောဝါရဲ့ အကူအညီ လိုတယ်။ ယေရှု သင်ပေးတဲ့ စံပြ ဆုတောင်းချက်​မှာ “သွေးဆောင်မှုနောက် ပါ​မသွားအောင် ကူညီ​ပြီး ဆိုးညစ်သူရဲ့ လက်ကနေ ကယ်တင်​ပေးပါ” ဆိုတဲ့​အချက် ပါတယ်။ (မ. ၆:၁၃) ကျွန်တော်တို့ကို ယေဟောဝါ ကူညီချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က အကူအညီ တောင်းရမယ်။ တောင်းပြီးရင်လည်း ဆုတောင်းချက်နဲ့​အညီ နေ​ရမယ်။ စာတန့်လောက​မှာ ရေပန်းစားနေတဲ့ အတွေးအခေါ်၊ အယူအဆ အမှားတွေကို မဖတ်​မိ၊ နားမထောင်​မိ​ဖို့ ကြိုးစားရမယ်။ (ဆာ. ၉၇:၁၀) ကျမ်းစာ ဖတ်ရှု၊ လေ့လာခြင်းအားဖြင့် စိတ်နှလုံးထဲ ကောင်းတဲ့ အတွေးအခေါ်တွေ ဖြည့်ထားရမယ်။ အစည်းအဝေး တက်တာ၊ အမှုဆောင်မှာ ပါဝင်တာက​လည်း အတွေးအခေါ်ကို ကာကွယ်ပေးတယ်။ ဒါ့အပြင် ကျွန်တော်တို့ မခံနိုင်​လောက်​တဲ့ သွေးဆောင်ခြင်း​ကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ယေဟောဝါ ကတိပေးထားတယ်။—၁ ကော. ၁၀:၁၂၊ ၁၃။

18. Thungetna tawh kisai-in bangteng sep ding khensat na hiam?

၁၈ ခက်ခဲတဲ့ ဒီနောက်ဆုံး​ကာလမှာ ကျွန်တော်တို့ ယောက်တိုင်း ယေဟောဝါအပေါ် ဆက်သစ္စာရှိနိုင်အောင် အရင်ကထက် ဆုတောင်းဖို့ လိုအပ်တယ်။ ယေဟောဝါက မိမိဆီ “ရင်ဖွင့်” ဆုတောင်း​စေချင်တယ်။ (ဆာ. ၆၂:၈) ဒါကြောင့် အူလှိုက်သည်းလှိုက် ဆုတောင်းဖို့ နေ့တိုင်း အချိန် ဖယ်ထားပါ။ ယေဟောဝါ လုပ်ပေးသမျှအတွက် ချီးမွမ်း၊ ကျေးဇူးတင်ပါ။ ရဲရဲရင့်ရင့် ဟောပြောနိုင်ဖို့၊ အခက်အခဲတွေ ခံရပ်နိုင်ဖို့၊ သွေးဆောင်မှုတွေ တိုက်လှန်နိုင်ဖို့ အကူအညီ တောင်းပါ။ ဘယ်သူ့ကြောင့်၊ ဘာကြောင့်​မှ ယေဟောဝါဆီ ဆုတောင်းတာ အပျက်​မခံပါနဲ့။ ဒါနဲ့ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို ဖြေပေးသလဲ။ ဒီအကြောင်း နောက်ဆောင်းပါးမှာ လေ့လာပါမယ်။

NANGH BANGCI DAWNG DING?

  • Jesuh in thungetna a thupi ngaihsutlam koici lakkhia a hiam?

  • Thunget ciangin bangteng kihelsak thei i hiam?

  • Thungetna tawh kisai-in bangteng sep ding khensat na hiam?

LA 42 ဘုရားသခင့် ကျေးကျွန်ရဲ့ ဆုတောင်း​စကား

a သိပ်ခင်တဲ့ မိတ်ဆွေ​တစ်ယောက်ကို အားရပါးရ စကား​ပြောသလို​မျိုး ဘုရားဆီ ကျွန်တော်တို့ ဆုတောင်းချင်ကြတယ်။ ဒါပေမဲ့ ဆုတောင်းဖို့ အချိန် ရှာ​ရ ခက်နေနိုင်တယ်။ ဘာ​ဆုတောင်း​ရ​မှန်း မသိ ဖြစ်နေနိုင်တယ်။ ဒီ​အခက်အခဲ နှစ်ခုကို ဖြေရှင်းဖို့ ဒီဆောင်းပါး​က ကူညီပေးပါမယ်။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ