ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb16 စာ. ၉၇-စာ. ၉၉ ပိုဒ်. ၂
  • အစောပိုင်း ဟောပြောခြင်းနည်းလမ်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အစောပိုင်း ဟောပြောခြင်းနည်းလမ်းများ
  • ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • ရေဒီယိုအသံလွှင့်ခြင်း
  • အလင်းဆောင်သူ
၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb16 စာ. ၉၇-စာ. ၉၉ ပိုဒ်. ၂
၅၂ ပေရှည်တဲ့ အလင်းဆောင်သူ ရွက်သင်္ဘော

အင်ဒိုနီးရှားနိုင်ငံ

အစောပိုင်း ဟောပြောခြင်းနည်းလမ်းများ

ရေဒီယိုအသံလွှင့်ခြင်း

ရေဒီယိုအသံလွှင့် ဧရိယာတိုင်

၁၉၃၃ ခုနှစ်မှာ ဂျကာတာမြို့ ရေဒီယိုအသံလွှင့်ရုံကနေ ညီအစ်ကိုရပ်သဖော့ဒ်ရဲ့ ဟောပြောချက်တွေကို ထုတ်လွှင့်တယ်။ ဒတ်ချ်လိုဟောတဲ့ ဟောပြောချက်တွေကိုတော့ စိတ်ဝင်စားသူတစ်ယောက်က ရေဒီယိုကနေ ဖတ်ပြတယ်။ ဒီထုတ်လွှင့်မှုကြောင့် လူတွေ ပိုစိတ်ဝင်စားလာပြီး စာပေအများကြီး ဝေငှနိုင်ခဲ့တယ်။

ညီအစ်ကိုရပ်သဖော့ဒ်ရဲ့ “ငြိမ်းချမ်းရေးနဲ့ ကြီးပွားတိုးတက်ရေးအပေါ် သန့်ရှင်းရာနှစ်ရဲ့ အကျိုးသက်ရောက်မှု” ဟောပြောချက်ကို ထုတ်လွှင့်တဲ့အခါ ကက်သလစ်ဘုန်းကြီးတွေ အရမ်းဒေါသထွက်ကြတယ်။a ဒါကြောင့် ဒီအသံသွင်းဟောပြောချက်တွေကို ယူလာပေးတဲ့ ညီအစ်ကို ဒီရှူမာကာကို “အသရေဖျက်မှု၊ လှောင်ပြောင်သရော်မှု၊ မလိုမုန်းထားမှု” နဲ့ တရားစွဲကြတယ်။ ညီအစ်ကိုက ခိုင်ခိုင်မာမာ ထုချေပြောဆိုပေမဲ့ ၂၅ ဂိလ်ဒါb ဒဏ်ရိုက်ခံရပြီး တရားရုံးစရိတ်အားလုံးလည်း ပေးရတယ်။ အမှုစစ်ဆေးတဲ့အကြောင်းကို အဓိကသတင်းစာသုံးစောင်မှာ ဖော်ပြခဲ့လို့ ပိုကောင်းတဲ့သက်သေခံချက် ဖြစ်သွားတယ်။

အလင်းဆောင်သူ

ကင်းမျှော်စင်အသင်းရဲ့ ၅၂ ပေရှည်တဲ့ အလင်းဆောင်သူ ရွက်သင်္ဘောဟာ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ကနေ ခြောက်လကြာ ဟောပြောခြင်းခရီးစဉ်ကို ရွက်လွှင့်ပြီးနောက် ၁၉၃၅၊ ဇူလိုင် ၁၅ ရက်မှာ ဂျကာတာမြို့ကို ရောက်လာတယ်။ သင်္ဘောမှာ ဇွဲထက်သန်တဲ့ ရှေ့ဆောင်ခုနစ်ယောက်ပါပြီး အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားနိုင်ငံအနှံ့ သတင်းကောင်းဟောပြောဖို့ ဆုံးဖြတ်ထားကြတယ်။

ရှေ့ဆောင်တွေရဲ့ အလင်းဆောင်သူ ရွက်သင်္ဘောဟာ နှစ်နှစ်ကျော်အတွင်း အင်ဒိုနီးရှားနိုင်ငံရဲ့ ဆိပ်ကမ်းကြီးငယ်မရွေး သွားပြီး ကျမ်းစာစာပေတွေ ဝေငှခဲ့တယ်။ ဆိပ်ကမ်းငယ်တွေကို ရောက်တာနဲ့ “ကင်းမျှော်စင်အသင်းဥက္ကဋ္ဌ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်ရဲ့ဟောပြောချက်ကို ဓာတ်ပြားစက်နဲ့ ဖွင့်ပြတယ်။ သီးခြားဖြစ်နေတဲ့ မလေးရွာသားတွေက သင်္ဘောအကြီးကြီး ဆိုက်ကပ်တာ မြင်တဲ့အခါ၊ လေထဲကနေ အသံအကျယ်ကြီး ထွက်လာတာကို ကြားတဲ့အခါ ဘယ်လောက်အံ့သြကြမယ်ဆိုတာ စဉ်းစားကြည့်ပါ။ ပန်းကန်ပြားပျံကြီးကို မြင်လိုက်ရသလို စိတ်လှုပ်ရှားနေကြတယ်” လို့ ညီအစ်မ ဂျန် ဒေးရှမ် ပြောပြတယ်။

ညီအစ်ကိုတွေ ရဲရဲဝံ့ဝံ့ဟောပြောတာကြောင့် ဘုန်းကြီးတွေ ဒေါသထွက်ပြီး အင်ဒိုနီးရှားဆိပ်ကမ်း အတော်များများကို ဝင်ခွင့်မပေးဖို့ အာဏာပိုင်တွေကို ဖိအားပေးတယ်။ ဒါကြောင့် ၁၉၃၇၊ ဒီဇင်ဘာလမှာ အလင်းဆောင်သူ ရွက်သင်္ဘောဟာ ဩစတြေးလျနိုင်ငံကို ပြန်သွားတယ်။ အင်ဒိုနီးရှားမှာ ထူးခြားတဲ့ ဟောပြောခြင်းလုပ်ငန်းမှတ်တမ်းပါပဲ။

အလင်းဆောင်သူ ရွက်သင်္ဘောပေါ်က ညီအစ်ကိုတွေ

အလင်းဆောင်သူ ရွက်သင်္ဘောပေါ်က ညီအစ်ကိုတွေ

a ညီအစ်ကိုရပ်သဖော့ဒ်ရဲ့ ဟောပြောချက်က ကက်သလစ်ချာ့ချ်ရဲ့ သွန်သင်ချက်အမှားတွေ၊ နိုင်ငံရေးနဲ့ စီးပွားရေးမှာ အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်တယ်။

b ယူအက်စ်ဒေါ်လာ ၃၀၀ နဲ့ ညီမျှတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ