ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
ထွက်ပါ
ဝင်ပါ
ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
ကြိုဆိုပါတယ်။
ဒီစာကြည့်တိုက်မှာ ယေဟောဝါသက်သေများရဲ့ စာပေတွေကို ဘာသာစကားမျိုးစုံနဲ့ ရှာဖွေလေ့လာနိုင်ပါတယ်။
စာပေတွေကို ကူးယူဖို့ jw.org ကို ဝင်ကြည့်ပါ။
  • ဒီနေ့

သောကြာနေ့၊ အောက်တိုဘာ ၁၆

အဲဒီမိန်းမရဲ့ လမ်းတွေဘက် စိတ်မယိုင်ပါနဲ့။ သူ့ရဲ့လမ်းတွေနား ယောင်လည်လည် သွားလုပ်မနေနဲ့။—ပညာ. ၇:၂၅။

ယေဟောဝါကို ကိုးကွယ်သူ ဘယ်သူမဆို ကြုံရနိုင်တဲ့အရာကို ရှောလမုန် ရေးခဲ့တဲ့ မှတ်တမ်းက ဖော်ပြတယ်။ ကြီးလေးတဲ့အမှား လုပ်မိတဲ့အခါမျိုးမှာ “ကောက်ကာငင်ကာ လုပ်မိသွားတာ။ ကိုယ့်ဘာသာကိုယ်တောင် မသိလိုက်ဘူး” လို့ ပြောတတ်ကြတယ်။ ဒါပေမဲ့ ကိုယ့်လုပ်ရပ်တွေကို အသေအချာ ပြန်စဉ်းစားကြည့်တဲ့အခါ အမှားလုပ်မိစေနိုင်တဲ့ ခြေလှမ်းတွေ လှမ်းထားခဲ့မိမှန်း သဘောပေါက်လာမယ်။ အဲဒီခြေလှမ်းတွေထဲမှာ မကောင်းတဲ့ အပေါင်းအသင်းတွေနဲ့ ပေါင်းတာ၊ အကျိုးမရှိတဲ့ ဖျော်ဖြေရေးတွေ ကြည့်တာ၊ ခရစ်ယာန်တစ်ယောက်အတွက် မသင့်တော်တဲ့ နေရာတွေ သွားတာ၊ မကြည့်သင့်တဲ့ ဝက်ဘ်ဆိုက်တွေ ဝင်ကြည့်တာ ပါတယ်။ ဆုမတောင်းတော့တာ၊ ကျမ်းစာမဖတ်တော့တာ၊ အစည်းအဝေး မတက်တော့တာ၊ အမှုဆောင်လုပ်ငန်းမှာ မပါဝင်တော့တာလည်း ပါတယ်။ အသေအချာ ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင် ပညာအလိမ္မာကျမ်းမှာ ပါတဲ့ လူငယ်လေးလိုပဲ ကောက်ကာငင်ကာ အမှားလုပ်မိတာ မဟုတ်မှန်း သိလာမယ်။ ဘာသင်ခန်းစာ ရသလဲ။ အမှားမလုပ်မိဖို့သာမက အမှားလုပ်မိစေနိုင်တဲ့ ခြေလှမ်းတွေ မလှမ်းမိဖို့ပါ သတိထားရမယ်။ လူငယ်လေးနဲ့ မိန်းမပျက်အကြောင်း ပြောပြီးနောက် ဒီအချက်နဲ့ပတ်သက်ပြီး ရှောလမုန် ပြောတယ်။—မ. ၅:၂၉၊ ၃၀။ w24.07 ၁၆ ¶၁၀-၁၁

ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၆

စနေနေ့၊ အောက်တိုဘာ ၁၇

မြေအိုးတွေလို ဖြစ်တဲ့ ကျွန်တော်တို့ဆီမှာ ဒီဘဏ္ဍာ ရှိနေတယ်။—၂ ကော. ၄:၇။

ဘဏ္ဍာဆိုတာ ဘာလဲ။ အသက်ကယ်လုပ်ငန်း ဖြစ်တဲ့ နိုင်ငံတော် သတင်းကောင်း ဟောခြင်းပါ။ (၂ ကော. ၄:၁) မြေအိုးတွေဆိုတာကော။ သတင်းကောင်း ဟောတဲ့ ဘုရားကျေးကျွန်တွေပါ။ ပေါလုခေတ်တုန်းက အစားအစာ၊ ဝိုင်၊ ငွေတို့လို အဖိုးတန် ပစ္စည်းတွေ သယ်ဖို့ မြေအိုးတွေကို ကုန်သည်တွေ သုံးကြတယ်။ အဲဒီလိုပဲ အဖိုးတန် သတင်းကောင်း သယ်ဆောင်ဖို့ ကျွန်တော်တို့ကို ယေဟောဝါ သုံးတယ်။ ယေဟောဝါရဲ့ အကူအညီကြောင့် ဟောပြောခြင်းတာဝန် ကျေပွန်နိုင်ဖို့ ခွန်အား ရကြပါလိမ့်မယ်။ တစ်ခါတလေ ကျွန်တော်တို့ လူကြောက်မိနိုင်တယ်။ ခါးခါးသီးသီး တုံ့ပြန်ခံရမှာ ကြောက်မိနိုင်တယ်။ မဟောဖို့ အမိန့်ပေးခံရတုန်းက တမန်တော်တွေ ဘာလုပ်ကြသလဲ စဉ်းစားကြည့်ပါ။ ကြောက်မသွားဘူး။ ဆက်မဟောဘဲ မနေဘူး။ “ ရဲရဲရင့်ရင့် ဟောပြောနိုင်ခွင့် ပေးသနားပါ” လို့ ဆုတောင်းတယ်။ ယေဟောဝါ ချက်ချင်း ဖြေပေးတယ်။ (တ. ၄:၁၈၊ ၂၉၊ ၃၁) ကျွန်တော်တို့လည်း ကြောက်စိတ် ဝင်လာရင် ဘယ်လို ဖျောက်နိုင်မလဲ။ လူတွေကို ကြောက်တဲ့စိတ်ထက် ချစ်တဲ့စိတ် ပိုများလာအောင် ကူညီပေးပါလို့ ဆုတောင်းပါ။ w24.04 ၁၆ ¶၈-၉

ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၆

တနင်္ဂနွေနေ့၊ အောက်တိုဘာ ၁၈

ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့ အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ။—မ. ၆:၉။

ယေဟောဝါကို ချစ်မြတ်နိုးတာက နာမတော်ကို သန့်ရှင်းမြင့်မြတ်စေဖို့လည်း လှုံ့ဆော်ပေးတယ်။ ယေဟောဝါအကြောင်း စာတန် ပြောထားသမျှ အလိမ်အညာတွေချည်းပဲဆိုတာ တခြားသူတွေကို ကျွန်တော်တို့ ပြောပြချင်ကြတယ်။ (က. ၃:၁-၅။ ယောဘ ၂:၄။ ယော. ၈:၄၄) ယေဟောဝါဟာ ဘယ်သူ ဖြစ်ကြောင်း၊ ဘယ်လို ဘုရားမျိုး ဖြစ်ကြောင်း အမှုဆောင်မှာ နားထောင်သူ ဘယ်သူ့ကိုမဆို ပြောပြချင်ကြတယ်။ ဘုရားရဲ့ အထင်ရှားဆုံး အရည်အသွေးဟာ မေတ္တာ ဖြစ်တယ်၊ ဘုရားရဲ့ အုပ်ချုပ်ပုံနည်းလမ်းဟာ ဖြောင့်မတ်မှန်ကန်တယ်၊ မကြာခင် ဆင်းရဲဒုက္ခတွေကို ဘုရားနိုင်ငံတော်က အဆုံးတိုင်စေပြီး လူ့မိသားစုအတွက် ငြိမ်သက်ပျော်ရွှင်မှု ဆောင်ကြဉ်းပေးတော့မယ် ဆိုတာ လူတိုင်းကို ပြောပြချင်ကြတယ်။ (ဆာ. ၃၇:၁၀၊ ၁၁၊ ၂၉။ ၁ ယော. ၄:၈) ဒီလိုမျိုးပြောပြတာဟာ နာမတော်ကို သန့်ရှင်းမြင့်မြတ်စေနေတာပဲ။ ယေဟောဝါသက်သေ ဆိုတဲ့ နာမည် နဲ့အညီ နေနေတယ်ဆိုတဲ့ အသိကြောင့်လည်း ကျွန်တော်တို့ ကျေနပ်ပျော်ရွှင်ရတယ်။ w24.05 ၁၈ ¶၁၂

ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၆
ကြိုဆိုပါတယ်။
ဒီစာကြည့်တိုက်မှာ ယေဟောဝါသက်သေများရဲ့ စာပေတွေကို ဘာသာစကားမျိုးစုံနဲ့ ရှာဖွေလေ့လာနိုင်ပါတယ်။
စာပေတွေကို ကူးယူဖို့ jw.org ကို ဝင်ကြည့်ပါ။
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ