ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb16 စာ. ၁၀၀
  • ဘိုင်ဘယ်ကရင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘိုင်ဘယ်ကရင်း
  • ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb16 စာ. ၁၀၀

အင်ဒိုနီးရှားနိုင်ငံ

ဘိုင်ဘယ်ကရင်း

၁၉၃၅ ခုနှစ်နောက်ပိုင်းမှာ ဆူမားတြားမြောက်ပိုင်း တိုဘာအိုင်တစ်ဝိုက်မှာ ဘိုင်ဘယ်ကရင်း (ဒတ်ချ်နာမည်ဖြစ်ပြီး အဓိပ္ပာယ်က “ကျမ်းစာကျောင်းသားအုပ်စု”) ဆိုတဲ့ ဘာသာရေးအဖွဲ့သစ်တစ်ခု ပေါ်လာတယ်။ ရှေ့ဆောင်တစ်ယောက်ဆီက စာပေတွေကို ကျောင်းဆရာအတော်များများ လက်ခံခဲ့ပြီးနောက်ပိုင်း အဲဒီအဖွဲ့ပေါ်လာတာ။ ဒီရှေ့ဆောင်က ၁၉၃၆ ခုနှစ်မှာ တိုဘာအိုင်တစ်ဝိုက် ဟောပြောခဲ့တဲ့ ညီအစ်ကိုအဲရစ် ယူအင် ဖြစ်နိုင်တယ်။ ကျောင်းဆရာတွေက စာပေတွေကိုဖတ်ပြီး ဘာတပ်ခ် ပရိုတက်စတင့်ချာ့ချ်ကနေ ထွက်လိုက်ကြတယ်။ ဒီနောက် အိမ်တွင်းကျမ်းစာလေ့လာတဲ့ အုပ်စုတွေ ဖွဲ့ခဲ့ကြတယ်။ အုပ်စုတွေများလာပြီး အဖွဲ့ဝင် ရာနဲ့ချီရှိလာတယ်။a

ဘိုင်ဘယ်ကရင်းအဖွဲ့ဝင်ဟောင်းဖြစ်တဲ့ ဒယ်မီ ဆင်ဘိုလန်

ဘိုင်ဘယ်ကရင်း အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ ဒယ်မီ ဆင်ဘိုလန်ဟာ အခု ခရစ်ယာန်ညီအစ်မတစ်ယောက်ဖြစ်နေပြီ

ဘိုင်ဘယ်ကရင်းအဖွဲ့ဝင်တွေဟာ ရှေ့ဆောင်ညီအစ်ကို ဝေငှခဲ့တဲ့စာပေတွေကို ဖတ်ပြီး ကျမ်းစာအမှန်တရား သိလာကြတယ်။ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီး ၁၉၇၂ ခုနှစ်မှာ အမှန်တရားသိလာတဲ့ ဒယ်မီ ဆင်ဘိုလန် အခုလို ပြောပြတယ်– “သူတို့က အလံအလေးမပြုဘူး၊ ခရစ္စမတ်ပွဲနဲ့ မွေးနေ့ပွဲတွေ မကျင်းပဘူး။ တချို့က တစ်အိမ်တက်ဆင်းတောင် ဟောကြတယ်။” ဒါပေမဲ့ ဘုရားအဖွဲ့အစည်းရဲ့ လမ်းညွှန်မှု မရှိတာကြောင့် လူ့အတွေးအခေါ်တွေ လွှမ်းမိုးလာတယ်။ “အမျိုးသမီးတွေကို မိတ်ကပ်မလိမ်းခိုင်းဘူး၊ လက်ဝတ်ရတနာ၊ ခေတ်ပေါ်အဝတ်အစားနဲ့ ခေတ်ပေါ်ဖိနပ်တွေ မဝတ်ခိုင်းဘူး။ အဖွဲ့ဝင်တွေကို နိုင်ငံသားကတ်တောင် မကိုင်ခိုင်းဘူးဆိုတော့ အစိုးရက အမြင်မကြည်တော့ဘူး” လို့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ ညီအစ်မလီမရီယာ နာဒပ်ဒပ် ပြောပြတယ်။

ဘိုင်ဘယ်ကရင်းအဖွဲ့ဟာ တဖြည်းဖြည်း ဂိုဏ်းကွဲသွားပြီး နောက်ဆုံး ပျောက်သွားတယ်။ နောက်ပိုင်းမှာ တိုဘာအိုင်ဝန်းကျင်ကို ရှေ့ဆောင်တွေပြန်လာတဲ့အခါ ဘိုင်ဘယ်ကရင်းအဖွဲ့ဝင်ဟောင်း အတော်များများ အမှန်တရားကိုလက်ခံခဲ့ကြတယ်။

a ဘိုင်ဘယ်ကရင်းအဖွဲ့မှာ အဖွဲ့ဝင် ထောင်နဲ့ချီရှိတယ်လို့ တချို့ခန့်မှန်းကြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ