ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၆ ဇွန် စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်တော်တို့အတွက် အဓိပ္ပာယ်ရှိတဲ့ “တင်စားချက်”
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
  • ကျွန်ုပ်တို့အတွက် “ပုံဆောင်ဇာတ်လမ်း”၏ အကျိုးကျေးဇူး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဘုရားသခင့် ထာဝရရည်ရွယ်တော်မူချက် အကြုံးဝင်သော ပဋိညာဉ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • နိုင်ငံတော်ကို အခိုင်အမာယုံကြည်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
က၂၆ ဇွန် စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

ဂလာတိ ၄:၂၄ မှာ ဘယ်ပဋိညာဉ်နှစ်ခုအကြောင်း ပေါလု ပြောနေတာ ဖြစ်မလဲ

အာဗြဟံ၊ စာရာ၊ ဟာဂရတို့ရဲ့ ဆက်ဆံရေးအကြောင်း ပြောပြီးနောက် တမန်တော်ပေါလုက “ဒါတွေဟာ တင်စားချက်တွေပဲ။ ဒီအမျိုးသမီးနှစ်ယောက်ဟာ ပဋိညာဉ်နှစ်ခုကို တင်စားတယ်” လို့ ပြောတယ်။ (ဂလ. ၄:၂၂-၂၄) အရင်ကတော့ ဒီပဋိညာဉ်နှစ်ခုဟာ ပဋိညာဉ်သစ်နဲ့ ပညတ်ပဋိညာဉ်ကို ဆိုလိုတယ်လို့ နားလည်ခဲ့ကြတယ်။ ဒါပေမဲ့ ပြန်ဆန်းစစ်ကြည့်တဲ့အခါ နားလည်မှု ပြုပြင်ပြောင်းလဲဖို့ လိုအပ်လာတယ်။ ပေါလုက ပဋိညာဉ်သစ်အကြောင်း ပြောနေတာ မဟုတ်ဘဲ အာဗြဟံနဲ့ဖွဲ့တဲ့ ပဋိညာဉ်အကြောင်း ပြောနေပုံရတယ်။ အဲဒီလို ယူဆရတဲ့ အကြောင်းရင်းတချို့ကို သုံးသပ်ကြည့်ပါ။a

အစေခံဖြစ်တဲ့ ဟာဂရဟာ ဘီစီ ၁၅၁၃၊ ဆိုင်းနိုင်းတောင်မှာဖွဲ့တဲ့ ပညတ်ပဋိညာဉ်ကို ဆိုလိုတယ်လို့ ပေါလုပြောတယ်။ (ဂလ. ၄:၂၅။ ထွ. ၁၉:၅၊ ၆) ပညတ်တရားကို အပြည့်အဝ လိုက်လျှောက်နိုင်တဲ့သူတစ်ယောက်မှ မရှိတဲ့အတွက် ဂျူးတွေအနေနဲ့ မိမိတို့ဟာ အပြစ်တရားရဲ့ကျွန်ဖြစ်တယ်ဆိုတာ သတိထားမိစေတယ်။ မေရှိယ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ဒီပဋိညာဉ်က ခွဲခြားသိမြင်စေတယ်။ ဘာကြောင့်လဲ။ ပညတ်တရားကို အပြည့်အဝ လိုက်လျှောက်နိုင်မယ့်သူဟာ မေရှိယပဲ ဖြစ်လို့ပါ။ မေရှိယဟာ မိမိရဲ့ စုံလင်တဲ့အသက်ကို ယေဟောဝါဆီ ဆက်သလိုက်တဲ့အခါ မစုံလင်တဲ့ လူသားတွေဟာ အပြစ်နဲ့ သေခြင်းအောက်ကနေ လွတ်မြောက်ဖို့ အခွင့်အရေး ရသွားတယ်။ (ဂလ. ၃:၁၉၊ ၂၄၊ ၂၅) ဒါကြောင့် ပညတ်ပဋိညာဉ်ဖွဲ့ရတဲ့ ရည်ရွယ်ချက် အကောင်အထည် ပေါ်ပြီဖြစ်လို့ ပညတ်တရား မလိုအပ်တော့ဘူး။—ရော. ၁၀:၄။

ပေါလုက စာရာကိုကျတော့ “ကတိတော်ကြောင့်” သားကို မွေးဖွားခွင့်ရတဲ့၊ “အစေခံမဟုတ်တဲ့ မိန်းမ” လို့ ပြောတယ်။ (ဂလ. ၄:၂၃) အဲဒီကတိဟာ အာဗြဟံပဋိညာဉ် ဖြစ်တယ်။ (ဂလ. ၃:၂၉။ ၄:၂၈၊ ၃၀) ဒီပဋိညာဉ်အကြောင်းကို ကမ္ဘာဦး ၂၂:၁၈ မှာ ဒီလို ပြောထားတယ်– “ငါ့စကားကို မင်းနားထောင်တဲ့အတွက် ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးအားလုံးဟာ မင်းရဲ့မျိုးနွယ်ကြောင့် ကောင်းချီးရလိမ့်မယ်။”

အာဗြဟံပဋိညာဉ်က ဧဒင်မှာ ယေဟောဝါပေးခဲ့တဲ့ ကတိကို ပိုနားလည်စေတယ်။ (က. ၃:၁၅) ကြိုကတိပေးထားတဲ့ “မျိုးနွယ်” ဟာ အာဗြဟံကနေ ဆင်းသက်လာမယ်ဆိုတာ သိစေတယ်။ “မျိုးနွယ်” ရဲ့ အဓိကအပိုင်းက ယေရှုခရစ်ဖြစ်တယ်။ ဒီ “မျိုးနွယ်” ထဲမှာ ယေရှုနဲ့အတူ ဘုရားနိုင်ငံတော်မှာ အုပ်ချုပ်ကြမယ့် “ခရစ်တော်ပိုင်ဆိုင်” တဲ့ ၁၄၄,၀၀၀ လည်း ပါတယ်လို့ ပေါလု ရှင်းပြတယ်။ (ဂလ. ၃:၁၆၊ ၂၉။ ဗျာ. ၁၄:၁-၃) အာဗြဟံကို ယေဟောဝါပေးခဲ့တဲ့ ကတိ ပြည့်စုံလာတဲ့အခါ ယေရှုစကားကို လိုက်နာသူတွေဟာ ကောင်းချီးများစွာ ရရှိမယ်။

ပေါလု ဘာကြောင့် ဒီ “တင်စားချက်” အကြောင်း ပြောရတာလဲ။ ဂျူးတွေဟာ မောရှေပညတ်ကို လိုက်နာဖို့ပဲ အတင်းအကျပ် လုပ်နေမယ်ဆိုရင် ဟာဂရလိုပဲ ကျွန်ဘဝ ရောက်နေတာနဲ့ တူမယ်။ ဒါပေမဲ့ အာဗြဟံရဲ့ “မျိုးနွယ်” ဖြစ်တဲ့ ယေရှုကို လက်ခံလိုက်တာက စာရာလိုပဲ လွတ်လပ်သူတွေ ဖြစ်စေတယ်။ အပြစ်နဲ့သေခြင်းအောက်ကနေ လွတ်မြောက်စေတယ်။ (ယော. ၈:၃၂-၃၄) ပညတ်ပဋိညာဉ်က ခရစ်တော် ဘယ်သူဘယ်ဝါဖြစ်ကြောင်း သိစေတယ်။ ဒါကြောင့် ယေရှုကို လက်မခံရင် ပညတ်ပဋိညာဉ်ပေးရတဲ့ ရည်ရွယ်ချက်ကို နားမလည်ရာကျတယ်။

ဂလာတိမြို့က ခရစ်ယာန်အများစုဟာ ဂျူးလူမျိုးတွေ မဟုတ်ကြဘူး။ ပညတ်တရားအောက်မှာ မရှိခဲ့ကြဘူး။ ဒါကြောင့် အသင်းတော်ထဲမှာရှိတဲ့ ဂျူးတွေက လူမျိုးခြား ခရစ်ယာန်တွေကို ပညတ်တရားအတိုင်း လိုက်ဖို့ ဖိအားပေးနေကြတယ်။ အဲဒီအထဲမှာ အရေဖြားဖြတ်တာလည်း ပါတယ်။ ဒါကြောင့် ခရစ်တော်ကိုနာခံခြင်းကြောင့် “လွတ်လပ်မှု” ရပြီးသား ခရစ်ယာန်တွေက ပညတ်တရားကို လိုက်နာခြင်းနဲ့တူတဲ့ “ကျွန်” ဘဝကို ပြန်သွားရင် ဘယ်လောက်တောင် မိုက်မဲရာကျသလဲလို့ ပေါလု ဆင်ခြင်ပြနေတာ။—ဂလ. ၅:၁၊ ၁၀-၁၄။

a ၂၀၀၆၊ မတ် ၁၅ ကင်းမျှော်စင်၊ စာမျက်နှာ ၁၀-၁၂ မှာပါတဲ့ နားလည်မှုကို ဒီဆောင်းပါးမှာ ပြုပြင်ပြောင်းလဲထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ