ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၀၃ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ခေါင်းစ‎ဥ်ငယ်များ
  • အောက်တိုဘာ ၁၃ တွင်စမည့်အပတ်
  • အောက်တိုဘာ ၂၀ တွင်စမည့်အပတ်
  • အောက်တိုဘာ ၂၇ တွင်စမည့်အပတ်
  • နိုဝင်ဘာ ၃ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နဓ ၁၀/၀၃ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

အောက်တိုဘာ ၁၃ တွင်စမည့်အပတ်

သီချင်း ၈၆

၅ မိ– ဒေသကြေညာချက်များ။

၂၀ မိ– “ယေဟောဝါကိုချီးမွမ်းရန် အတူတကွစုဝေးခြင်း။”a ဖော်ပြထားသောမေးခွန်းများကို အသုံးပြုပါ။ သောကြာနေ့နံနက်မှ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအထိ အစီအစဉ်တိုင်းကိုတက်ရောက်ကြရန် အားလုံးကိုတိုက်တွန်းပါ။ နားထောင်ရုံမျှသာမဟုတ်ဘဲ သိရှိရာများကို လက်တွေ့ကျင့်သုံးဖို့လိုအပ်ကြောင်း အလေးပေးတင်ပြပါ။ မှတ်စုများယူကြရန် အားလုံးကိုတိုက်တွန်းပါ။

၂၀ မိ– “လျောက်ပတ်သောအဝတ်အစားက ဘုရားသခင်ကို ရိုသေလေးမြတ်ကြောင်းပြ။”b အကြီးအကဲတစ်ဦးကိုင်ရန်။ ဖော်ပြထားသောမေးခွန်းများကို အသုံးပြုပါ။ စာဖတ်စွမ်းရည်ရှိသော ညီအစ်ကိုတစ်ဦးအား တစ်ပိုဒ်စီကို အသံကျယ်ကျယ်ဖြင့် ဖတ်စေပါ။

သီချင်း ၁၁၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

အောက်တိုဘာ ၂၀ တွင်စမည့်အပတ်

သီချင်း ၂၁၅

၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ စာမျက်နှာ ၈ ပါအကြံပြုချက်များကို အသုံးပြု၍ စက်တင်ဘာ ၁၅ ကင်းမျှော်စင် နှင့် အောက်တိုဘာ ၈ နိုးလော့! အတွက်တင်ဆက်ပုံကို လက်တွေ့ကျကျ သရုပ်ပြနှစ်ခုပြုလုပ်ပါ။ သရုပ်ပြတစ်ခုစီတွင် မဂ္ဂဇင်းတစ်စောင်တည်းကိုသာ အသားပေးဖော်ပြသော်လည်း နှစ်စောင်စလုံးကို အစုံလိုက်ဝေငှသင့်သည်။ တင်ဆက်မှုတစ်ခုတွင် မဂ္ဂဇင်းလမ်းကြောင်းထံ ပြန်လည်ပတ်မှုပြုလုပ်နေပုံကို သရုပ်ပြပါ။ “ကျွန်ုပ်တို့၏နောက်စာစောင်တွင်” ဟူသောလေးထောင့်ကွက်ကို အာရုံစိုက်စေခြင်းဖြင့် နောက်တစ်ကြိမ်လည်ပတ်မှုအတွက် လမ်းခင်းထားပါ။—အောက်တိုဘာ ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စ. ၈၊ အပိုဒ် ၇-၈ ရှု။

၂၀ မိ– “ယေဟောဝါ၏အမှုတော်ကို ဝမ်းမြောက်စွာဆောင်ရွက်ကြလော့။”c (ဤဆွေးနွေးမှုအတွက် အားလုံးတွင် ဇန်နဝါရီ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်စာရွက် ရှိသင့်သည်။) အပိုဒ် ၄ ကိုဆွေးနွေးပြီးနောက် နိုဝင်ဘာလအတွင်း တောင်းဆို ဘရိုရှာနှင့် အသိပညာ စာအုပ်ကို ဝေငှကြမည်ဖြစ်ကြောင်း ဖော်ပြပါ။ ဇန်နဝါရီ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်မှ အကြံပြုထားသောတင်ဆက်မှုများအနက် တစ်ခုကို အကျဉ်းချုံးသုံးသပ်ပါ။ ထို့နောက် တင်ဆက်မှုကိုသရုပ်ပြသည့် လေ့ကျင့်မှုအစီအစဉ်ကိုပြပါ။ ဓမ္မအမှုအတွက် ကောင်းစွာပြင်ဆင်ကြရန် အားလုံးကိုတိုက်တွန်းပါ။

၁၅ မိ– ကျမ်းစာသင်အံမှုများ ကျင်းပခြင်းက ကောင်းချီးများရရှိစေ။ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ အဆင့်ဆင့်တိုးတက်သော ကျမ်းစာသင်အံမှုများအကြောင်းပါဝင်သည့် ကျွန်ုပ်တို့၏စာပေများမှ တွေ့ကြုံမှုအချို့ကို ပြောပြပါ။ (က၀၀ ၃/၁ စ. ၆; yb98 စစ. ၅၅-၆၀ [လိပ်]) တွေ့ကြုံမှုများမှ ကျွန်ုပ်တို့သိရှိရာများနှင့် ကျမ်းစာသင်အံမှုများ ကျင်းပခြင်းမှ အကျိုးကျေးဇူးခံစားရပုံတို့ကို မှတ်ချက်ပေးရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။

သီချင်း ၁၇၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

အောက်တိုဘာ ၂၇ တွင်စမည့်အပတ်

သီချင်း ၆၄

၁၂ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ အောက်တိုဘာလယ်ကွင်းလုပ်ငန်း မှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ နောက်အပတ် လုပ်ငန်းတော်စည်းဝေးအတွက် ပြင်ဆင်သည့်အနေနှင့် လွန်ခဲ့သောလုပ်ငန်းတော်နှစ် အထူးစည်းဝေးပွဲနေ့အစီအစဉ်မှ မိမိတို့၏မှတ်စုများကို ပြန်သုံးသပ်ကြရန် အားလုံးကို တိုက်တွန်းပါ။ စာမျက်နှာ ၈ ပါအကြံပြုချက်ကို အသုံးပြု၍ အောက်တိုဘာ ၁ ကင်းမျှော်စင် အတွက်တင်ဆက်ပုံကို သရုပ်ပြပါ။

၂၀ မိ– ဝိညာဉ်တော်၏ဓားကို အသုံးပြုပါ။ (ဧ. ၆:၁၇) ဓမ္မအမှုကျောင်း စာအုပ်၊ စာမျက်နှာ ၁၄၃-၄ ကိုအခြေပြု၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ဤမေးခွန်းများနှင့်စပ်လျဉ်း၍ မှတ်ချက်များပေးရန် ဖိတ်ခေါ်ပါ– (၁) မေးခွန်းများကိုဖြေဆိုသောအခါ အဘယ်ကြောင့် သမ္မာကျမ်းစာကို ကျွန်ုပ်တို့အသုံးပြုကြသနည်း။ (၂) ယေဟောဝါသက်သေများဟူသောအမည်က ကျွန်ုပ်တို့အကြောင်း ဘာကိုဖော်ပြသနည်း။ (၃) အဘယ်ပုံသက်သေကို ယေရှုချမှတ်ခဲ့သနည်း၊ ကိုယ်တော့်ကို ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။ (၄) ဒေသခံရပ်ကွက်တွင် ကျမ်းစာဆိုင်ရာအတွေးအခေါ်များကို နိဒါန်းပျိုးရန် ထိရောက်မှုရှိသော နည်းအချို့ကား အဘယ်နည်း။ (၅) ဖြစ်နိုင်သည့်အခါတိုင်း ကျမ်းစာမှတိုက်ရိုက်ဖတ်ပြခြင်းသည် အဘယ်ကြောင့်ကောင်းသနည်း။ (၆) အကြီးအကဲများသည် ကျမ်းစာကို ကောင်းစွာအသုံးပြုရန် အခြားသူတို့ကို မည်သို့အားပေးနိုင်သနည်း။ စာမျက်နှာ ၁၄၄ ပေါ်အခြေပြု၍ ကောင်းစွာပြင်ဆင်ထားသော သရုပ်ပြတစ်ခုပြုလုပ်ပါ၊ ၎င်းသရုပ်ပြတွင် အရည်အချင်းရှိကြေညာသူတစ်ဦးသည် မေးခွန်းတစ်ခုကိုဖြေဆိုရာတွင် အနည်းဆုံး ကျမ်းချက်တစ်ချက်ကို အသုံးပြုသည်။ သက်သေခံသည့်အခါတိုင်း ကျမ်းစာအသုံးပြုရန် ပန်းတိုင်ထားကြဖို့ အားလုံးကိုတိုက်တွန်းပါ။

၁၃ မိ– ဒေသခံတွေ့ကြုံမှုများ။ ခရိုင်စည်းဝေးကြီးတက်ရောက်ခြင်းနှင့်စပ်လျဉ်း၍ဖြစ်စေ၊ အလုပ်၊ ကျောင်း သို့မဟုတ် အခြားတစ်နေရာရာတွင် အလွတ်သဘောသက်သေခံသည့်အခါ၌ဖြစ်စေ ရရှိခဲ့သောတွေ့ကြုံမှုများကို ပြောပြကြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။

သီချင်း ၅၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

နိုဝင်ဘာ ၃ တွင်စမည့်အပတ်

သီချင်း ၁၄၇

၅ မိ– ဒေသကြေညာချက်များ။

၁၅ မိ– “နှစ်ချုပ်စာအုပ် မှ အကျိုးကျေးဇူး အပြည့်အဝရရှိခြင်း။”d

၂၅ မိ– အလုပ်မွန်များ၌ ကြွယ်ဝလော့။ (၁ တိ. ၆:၁၈၊ ကဘ) ဤတွင်ဖော်ပြထားသောမေးခွန်းများကို အသုံးပြု၍ အကြီးအကဲတစ်ဦးသည် လွန်ခဲ့သောလုပ်ငန်းတော်နှစ်အတွင်း ကျင်းပခဲ့သော အထူးစည်းဝေးပွဲနေ့အစီအစဉ်ကို ပရိသတ်နှင့်ဆွေးနွေးရန်။ သိရှိခဲ့ရာများကို မည်သို့ကျင့်သုံးနိုင်ခဲ့ကြောင်း ပြောပြကြဖို့ အသင်းတော်ကိုဖိတ်ခေါ်ပါ။ (အပိုင်းများကို ကြိုတင်တာဝန်ပေးနိုင်သည်။) အောက်ပါအစီအစဉ်ပိုင်းများကို ပေါ်လွင်စေပါ– (၁) “အလုပ်မွန်များက ကြီးစွာသောအကျိုးဖြစ်စေ။” (ဒေ. ၂:၁၁) ဘုရားသခင်၏ကျေးကျွန်များသည် ဤလောက၏ အချည်းနှီးအလုပ်များကို လုပ်ဆောင်မည့်အစား ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် ဖော်ပြထားသော အလုပ်မွန်များကို အဘယ်ကြောင့်လုပ်ဆောင်ကြသနည်း။ (၂) “ဘုရားသခင့်အမြင်တွင် ကြွယ်ဝလော့။” (မ. ၆:၂၀) အချို့သူတို့သည် မည်သို့ “ကောင်းကင်ဘုံ၌ဘဏ္ဍာကို ဆည်းပူး” ခဲ့ကြသနည်း၊ အဘယ်အကျိုးကျေးဇူးများကို ရရှိသနည်း။ (၃) “ကျမ်းစာသင်အံမှုဖြင့် သင်၏ဓမ္မအမှုကို ကြွယ်ဝစေပါ။” (ဓအ စ. ၉၂) ကျမ်းစာသင်အံမှုတစ်ခုကို စတင်ကျင်းပရန် အဘယ်အရာက ကျွန်ုပ်တို့ကိုကူညီနိုင်သနည်း။ (၄) “ဤရိတ်သိမ်းချိန်အတွင်းရှိ အလုပ်မွန်များ။” (မ. ၁၃:၃၇-၃၉) အစောပိုင်းခရစ်ယာန်များသည် အလုပ်မွန်များဆိုင်ရာ အဘယ်ပုံသက်သေကို ချမှတ်ခဲ့ကြသနည်း၊ နိုင်ငံတော်လုပ်ငန်းသည် ကျွန်ုပ်တို့ခေတ်တွင် မည်သို့ကျယ်ပြန့်လာခဲ့ပြီနည်း။ (၅) “သင်၏အလုပ်မွန်များက ယေဟောဝါကို ဂုဏ်တင်စေပါ။” (မ. ၅:၁၄-၁၆) အချို့သူတို့သည် မည်သို့ ‘သူတို့၏အလင်းကိုလင်းစေ’ ခဲ့ကြပြီနည်း။ (၆) “ယေဟောဝါအားချီးမွမ်းသည့် အလုပ်မွန်များအတွက် လူငယ်များကို ချီးမွမ်းခြင်း။” (ဆာ. ၁၄၈:၁၂၊ ၁၃) ကျွန်ုပ်တို့၏တိုက်နယ်အတွင်းရှိ ခရစ်ယာန်လူငယ်များသည် ယေဟောဝါအား မည်သို့ချီးမွမ်းနေကြသနည်း။ (၇) “အလုပ်မွန်များကိုဆက်လုပ်ဆောင်ကာ ယေဟောဝါ၏ကောင်းချီးများကို ရိတ်သိမ်းလေ။” (သု. ၁၀:၂၂) ကျွန်ုပ်တို့သည် အလုပ်မွန်များတွင် အလုပ်များနေကြစဉ် တစ်ဦးစီအနေနှင့်၊ မိသားစုအနေနှင့်၊ အသင်းတော်အနေနှင့်၊ ကမ္ဘာချီအဖွဲ့အစည်းအနေနှင့် အဘယ်ကောင်းချီးများကို ရိတ်သိမ်းနိုင်သနည်း။

သီချင်း ၁၈၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ