ယေဟောဝါကိုချီးမွမ်းရန် အတူတကွစုဝေးခြင်း
၁။ စည်းဝေးကြီး၏အဓိကအကြောင်းကား အဘယ်နည်း၊ ယေဟောဝါသည် ကျွန်ုပ်တို့၏ချီးမွမ်းမှုကို အဘယ်ကြောင့်ရထိုက်သနည်း။
၁ ယေဟောဝါသည် အနန္တတန်ခိုးနှင့်ပြည့်စုံကာ ဉာဏ်ပညာတွင် စစ်၍မကုန်နိုင်၊ တရားမျှတခြင်းတွင် စုံလင်ပြီး ချစ်ခြင်းမေတ္တာ၏ပြယုဂ် ဖြစ်တော်မူ၏။ ဖန်ဆင်းရှင်၊ အသက်ပေးရှင်နှင့် စကြဝဠာပိုင်သအုပ်စိုးရှင်အနေနှင့် ကိုယ်တော်တစ်ပါးတည်းသာ ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်မှုကို ရထိုက်တော်မူ၏။ (ဆာ. ၃၆:၉; ဗျာ. ၄:၁၁; ၁၅:၃၊ ၄) “ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလော့” ခရိုင်စည်းဝေးကြီးက စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်အဖြစ် ကိုယ်တော်ကိုချီးမွမ်းရန် ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို ခိုင်မာစေမည်ဖြစ်သည်။—ဆာ. ၈၆:၈-၁၀။
၂၊ ၃။ ကောင်းစွာစီစဉ်မှုက ကျွန်ုပ်တို့ကို မည်သို့အကျိုးအပြည့်အဝရရှိစေနိုင်မည်နည်း။
၂ ကောင်းစွာစီစဉ်မှုလိုအပ်– ယေဟောဝါသိုမှီးထားသည့် ဝိညာဏစားသောက်ပွဲကြီးမှ ကျွန်ုပ်တို့အကျိုးအပြည့်အဝရရှိရန် ကောင်းစွာစီစဉ်မှု မရှိမဖြစ်လိုအပ်သည်။ (ဧ. ၅:၁၅၊ ၁၆) တည်းခိုရေး၊ သယ်ယူပို့ဆောင်ရေး၊ အလုပ် သို့မဟုတ် ကျောင်းမှခွင့်ယူခြင်းတို့အတွက် အစီအစဉ်များ ပြုလုပ်ပြီးပြီလော။ ဤအရေးကြီးကိစ္စများကို ကပ်မှ မလုပ်ပါနှင့်။ သင်သည် ခွင့်ရက်တောင်းခံရန် အချိန်ဆွဲနေလျှင် ဤပျော်ရွှင်ဖွယ်အခါသမယ၏ အပိုင်းတစ်ခုကို လွတ်သွားနိုင်သည်။ ကျွန်ုပ်တို့အားလုံး အစီအစဉ်တိုင်းကို တက်ရောက်ဖို့လိုသည်။
၃ စည်းဝေးကြီးကျင်းပရာနေရာသို့ နေ့တိုင်း စောစောရောက်ရန် ပန်းတိုင်ထားပါ။ ယင်းက အဖွင့်သီချင်းမဆိုမီ သင့်ထိုင်ခုံတွင် အတည်တကျရှိစေနိုင်မည်ဖြစ်ကာ တင်ဆက်မည့်သွန်သင်ချက်ကို ခံယူရန် သင့်လျော်သည့်စိတ်သဘောထားရှိဖို့ ကူညီပေးမည်ဖြစ်သည်။ တံခါးများကို နေ့စဉ်နံနက် ၈:၀၀ နာရီတွင်ဖွင့်ပါမည်။ ကျေးဇူးပြု၍ သင်၏မိသားစုအရင်းအချာ သို့မဟုတ် ကားအုပ်စုရှိသူများအတွက်မှအပ အခြားသူများအတွက် ထိုင်ခုံများဦးထားခြင်း မပြုပါနှင့်။
၄။ ကျွန်ုပ်တို့အားလုံး စည်းဝေးကြီးသို့ နေ့လယ်စာယူလာကြရန် အဘယ်ကြောင့် တောင်းဆိုခံရသနည်း။
၄ နေ့လယ်ရပ်နားချိန်တွင် စည်းဝေးကြီးကျင်းပရာနေရာမှထွက်၍ အခြားတွင် အစားအစာဝယ်စားမည့်အစား နေ့လယ်စာကို အားလုံးယူလာရန် တောင်းဆိုပါသည်။ ဤအစီအစဉ်တွင် သင်၏ပူးပေါင်းလုပ်ဆောင်မှုက ငြိမ်သက်မှုရှိသော ဝန်းကျင်တစ်ခုဖြစ်စေကာ ယုံကြည်သူချင်းများနှင့် ပေါင်းသင်းမှုပြုရန် အချိန်ပိုရစေသည်။ (ဆာ. ၁၃၃:၁-၃) ဖန်ဘူးဖန်ခွက်များနှင့် အရက်ယမကာများကို စည်းဝေးကြီးအဆောက်အဦထဲသို့ယူလာရန် ခွင့်မပြုကြောင်း ကျေးဇူးပြု၍မှတ်ထားပါ။
၅။ စည်းဝေးကြီးအတွက် ကျွန်ုပ်တို့၏နှလုံးကို မည်သို့စတင်ပြင်ဆင်နိုင်သနည်း။
၅ နားထောင်ကာ သင်ယူပါ– ဧဇရသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ခံယူရန် ဆုတောင်း၍ သူ၏နှလုံးကို အသင့်ပြင်ဆင်ခဲ့၏။ (ဧဇ. ၇:၁၀၊ ကဘ) သူသည် ယေဟောဝါ၏သွန်သင်ချက်များကို နှလုံးသွင်းခဲ့သည်။ (သု. ၂:၂၊ ကဘ) ကျွန်ုပ်တို့သည် စည်းဝေးကြီး၏အဓိကအကြောင်းကို တွေးတောဆင်ခြင်ကာ မိသားစုနှင့်အတူ ဆွေးနွေးခြင်းဖြင့် အိမ်မှမထွက်မီ၌ပင် စည်းဝေးကြီးအတွက် ကျွန်ုပ်တို့၏နှလုံးကို စတင်ပြင်ဆင်နိုင်သည်။
၆။ မည်သည့်အရာက အစီအစဉ်ကို ဆက်လက်အာရုံစိုက်နေစေရန် ကျွန်ုပ်တို့ကို ကူညီပေးနိုင်သနည်း။ (လေးထောင့်ကွက်ရှု။)
၆ ခန်းမကြီးထဲတွင် ကျွန်ုပ်တို့၏အာရုံကိုပျံ့လွင့်စေသည့် ကြည့်ရှုစရာများစွာနှင့် အသံဗလံများရှိနိုင်သည်။ ထိုသို့သောအာရုံပျံ့လွင့်စရာများက ကျွန်ုပ်တို့၏စိတ်အာရုံကို ဟောပြောသူထံမှ တခြားသို့ အလွယ်တကူရောက်စေနိုင်သည်။ ထိုသို့ဖြစ်သောအခါ တန်ဖိုးရှိအချက်အလက်များဆုံးရှုံးသွားသည်။ ပူးတွဲပါလေးထောင့်ကွက်ရှိ အကြံပြုချက်များက ကျွန်ုပ်တို့၏ အာရုံစိုက်နိုင်စွမ်းကို တိုးတက်စေရန် ကူညီပေးနိုင်သည်။
၇၊ ၈။ အခြားသူများအား ထောက်ထားစာနာကြောင်း ကျွန်ုပ်တို့မည်သို့ပြနိုင်သနည်း။
၇ အခြားသူများကို ထောက်ထားစာနာမှုပြပါ– အစီအစဉ်အတွင်း ကင်မရာနှင့် လက်ဆွဲတီဗွီကင်မရာများကို အသုံးပြုနိုင်သော်လည်း အခြားသူများအား အာရုံပျံ့လွင့်စေခြင်းကိုရှောင်ကာ သင့်ထိုင်ခုံနေရာမှသာ အသုံးပြုရန်ဖြစ်သည်။ အခြားသူများအား အနှောင့်အယှက်မဖြစ်စေရန် ဆယ်လူလာဖုန်းများကို ချိန်ညှိထားရမည်။ မည်သည့်ကိုယ်ပိုင်ကိရိယာမျိုးမှ စည်းဝေးကြီးနေရာရှိ လျှပ်စစ် သို့မဟုတ် အသံချဲ့စက်များနှင့် မဆက်သွယ်သင့်ပါ။
၈ ယေဟောဝါအား အတူတကွစုဝေးချီးမွမ်းရန် ကျွန်ုပ်တို့စောင့်မျှော်ကြသည်တကား! အစီအစဉ်တိုင်းကိုတက်ရောက်ခြင်း၊ အာရုံစိုက်နားထောင်ခြင်းနှင့် ကျွန်ုပ်တို့သင်ယူသိရှိရာများကို လက်တွေ့ကျင့်သုံးခြင်းဖြင့် ကိုယ်တော်၏ဘုန်းတော်ထင်ရှားစေရန် သန္နိဋ္ဌာန်ချနိုင်ကြပါစေ။—တရား. ၃၁:၁၂။
[စာမျက်နှာ ၃ ရှိလေးထောင့်ကွက်]
စည်းဝေးကြီးများတွင် နားထောင်ခြင်း
▪ ဟောပြောချက်ခေါင်းစဉ်များကို စေ့စေ့စဉ်းစားပါ
▪ ကျမ်းချက်များဖွင့်ဖတ်ပါ
▪ မှတ်စုတိုများယူပါ
▪ လက်တွေ့ကျင့်သုံးရန်အချက်များကို အထူးဂရုပြုမှတ်သားပါ
▪ သင် သင်ယူသိရှိရာများကို ပြန်သုံးသပ်ပါ