လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဇန်နဝါရီ ၁၄ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။
၂၅ မိ– မေတ္တာပါသောပြင်ဆင်ပေးချက်များမှ အကျိုးရရှိခြင်း။ ဌာနခွဲရုံးမှပို့ပေးသော ဒီဇင်ဘာ ၁၊ ၂၀၀၁ အောက်လိုင်းကိုအခြေခံ၍ အရည်အချင်းရှိအကြီးအကဲတစ်ဦးဟောရန်။ အသင်းတော်တွင် ဖြန့်ဝေပေးရန် အောက်ပါပစ္စည်းများ အလုံအလောက်ရှိသင့်သည်– ကြိုတင်ဆေးဘက်ဆိုင်ရာညွှန်ကြားချက်/လွတ်ငြိမ်းခြင်းကတ်၊ စိစစ်ရေးကတ်၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ခိုင်မာသောကိုယ်စားလှယ်လွှဲစာ (DPA) ပုံစံနှင့် ကြိုတင်ညွှန်ကြားချက်လမ်းညွှန်။ ဤအစည်းအဝေးပြီးနောက် နှစ်ခြင်းခံပြီးသောကြေညာသူများသည် ဤစာရွက်စာတမ်းများကိုရရှိမည်ဖြစ်သည်၊ သို့သော် ယင်းတို့ကို ချက်ချင်းမဖြည့်သင့်ပါ။ လိုအပ်သည့်အကူအညီကို စာအုပ်ကြီးသင်တန်းမှူးထံမှရရှိရန် ကတ်ပြားများပေါ် လက်မှတ်ထိုးခြင်း၊ အသိသက်သေလက်မှတ်ထိုးခြင်းနှင့် နေ့စွဲတပ်ခြင်းတို့ကို နောက်ကျင်းပမည့်စာအုပ်ကြီးသင်တန်းတွင် ပြုလုပ်ရပါမည်။ သက်သေအဖြစ်လက်မှတ်ထိုးသူများသည် ထိုသူ ကတ်ပြားပေါ်လက်မှတ်ထိုးသည်ကို အမှန်တကယ်တွေ့မြင်သင့်သည်။ DPA မဖြည့်မီ ကြိုတင်ညွှန်ကြားချက်လမ်းညွှန်ကို သေသေချာချာသုံးသပ်သင့်သည်။ သင့်တွင် ဖြည့်ထားသည့် DPA တစ်ခုရှိထားနှင့်ပြီးဖြစ်ပါက သင်၏လက်ရှိ၎င်းပုံစံပေါ်တွင် ၂၀၀၁ မတိုင်မီက ရက်စွဲမတပ်ထားလျှင် သို့မဟုတ် သင်၏လက်ရှိဆန္ဒများကို ဖော်ပြဖို့မလိုလျှင် နောက်တစ်ခုဖြည့်ရန်လိုမည်မဟုတ်ပေ။ ဤစာရွက်စာတမ်းများမှစကားတို့ကို မိမိတို့အခြေအနေနှင့်ခံယူချက်များအရ ပြုပြင်ခြင်းအားဖြင့် နှစ်ခြင်းမခံရသေးသောကြေညာသူများသည် မိမိတို့အတွက်နှင့် မိမိတို့၏သားသမီးများအတွက် ကိုယ်ပိုင်ညွှန်ကြားချက်ကို ရေးချနိုင်ပေသည်။
၁၀ မိ– “မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ။” ဇန်နဝါရီ ၁၅ ကင်းမျှော်စင် နှင့် ဇန်နဝါရီ ၂၂ နိုးလော့! [လိပ်] (သို့မဟုတ် ရှိရာ) တင်ဆက်ပုံနှင့်ပတ်သက်သည့် သရုပ်ပြခန်းများ။ မဂ္ဂဇင်းနေ့ကို ထောက်ခံအားပေးကြရန် ကြေညာသူအားလုံးကို တိုက်တွန်းပါ။
သီချင်း ၅၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၂၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ “ဥစ္စာတစ်ဖို့ကို ထုတ်၍စုထားကြလော့” လေးထောင့်ကွက်ကို ဆွေးနွေးပါ။
၁၃ မိ– သင်သည် ကျမ်းစာကို နေ့စဉ်စေ့စေ့ကြည့်ရှုသလော။ မိသားစုလိုက်ဆွေးနွေးခန်း။ နေ့စဉ်ကျမ်းချက်ဆွေးနွေးရာမှ အကျိုးကျေးဇူးများပိုမိုရရှိရန် သူတို့သည် ဒီဇင်ဘာ ၁၅၊ ၁၉၉၆၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၈၊ အပိုဒ် ၁၃-၁၄ ကိုသုံးသပ်ကြသည်။ မကြာသေးမီကသုံးသပ်ခဲ့သည့် နေ့စဉ်ကျမ်းချက်နှစ်ချက်သုံးချက်ကို အကျဉ်းချုံးပြန်လည်သုံးသပ်ကာ အချက်အလက်များသည် မည်သို့အထူးအကျိုးပြုခဲ့ကြောင်းကို ရှင်းပြပါ။ ဤအစီအစဉ်သည် သူတို့ကို ဝိညာဉ်ရေးတွင် တက်တက်ကြွကြွရှိနေစေရန် စီစဉ်ထားသည့် ပုံမှန်မိသားစုကျမ်းစာသင်အံမှုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သင့်ကြောင်း အလေးပေးတင်ပြပါ။
၂၂ မိ– “နိုင်ငံတော်ကို ဆက်၍ရှေးဦးထားလော့။”aစက်တင်ဘာ ၁၊ ၁၉၉၈၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၉-၂၁ မှအဓိကအချက်များနှင့်စပ်လျဉ်း၍ မေးခွန်းအနည်းငယ်ပါဝင်စေပါ။
သီချင်း ၁၆၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၂၈ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဇန်နဝါရီလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ ဖေဖော်ဝါရီ ၁ ကင်းမျှော်စင် နှင့် ဖေဖော်ဝါရီ ၈ နိုးလော့! [လိပ်] (သို့မဟုတ် ရှိရာ) တို့ကိုအသုံးပြု၍ စာမျက်နှာ ၈ ပါအကြံပြုချက်များအတိုင်း တိုတုတ်သည့်မဂ္ဂဇင်းတင်ဆက်မှုနှစ်ခုကို သရုပ်ပြပါ။ ဖေဖော်ဝါရီလအတွက်ဝေငှမည့်စာပေကိုဖော်ပြပါ၊ အသင်းတော်တွင်ရှိသည့်စာအုပ်များကို အလေးပေးဖော်ပြပါ။
၂၀ မိ– “မိဘတို့—သင်တို့၏ရင်သွေးများကို နို့စို့အရွယ်မှစ၍ လေ့ကျင့်ပေးကြလော့။”bဧပြီ ၁၅၊ ၁၉၉၈၊ ကင်းမျှော်စင်၊ စာမျက်နှာ ၃၂ တွင်ပါသည့် မှတ်ချက်များပါဝင်စေပါ။ မိမိတို့၏ရင်သွေးများအား ဝိညာဏလေ့ကျင့်ပေးမှုကို နို့စို့အရွယ်မှစတင်ခြင်းဖြင့် ရရှိခဲ့သည့်ရလဒ်ကောင်းများကိုပြောပြရန် မိဘတို့ကိုဖိတ်ခေါ်ပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။ ကျိုးကြောင်းဆင်ခြင် စာအုပ်ကိုအသုံးပြုခြင်း၊ လူတို့၏မေးခွန်းများကိုဖြေဆိုရန် သတ်သတ်မှတ်မှတ်ဘရိုရှာများကိုဝေငှခြင်း သို့မဟုတ် သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ ဘရိုရှာမှ ကျမ်းဆိုင်ရာနှစ်သိမ့်မှုပေးခြင်းဖြင့် သူတို့ရရှိခဲ့သည့် တွေ့ကြုံမှုများကိုပြောပြရန် ကြေညာသူများကိုဖိတ်ခေါ်ပါ။ တွေ့ကြုံမှုတစ်ခုနှစ်ခုကို ပြန်သရုပ်ပြစေနိုင်သည်။
သီချင်း ၂၀၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၄ တွင်စမည့်အပတ်
၈ မိ– ဒေသကြေညာချက်များ။
၁၇ မိ– ‘သူတို့အဘယ်သို့ကြားနိုင်မည်နည်း။’cကျမ်းချက်များသက်ဆိုင်ပုံနှင့်စပ်လျဉ်း၍ ပရိသတ်ထံမှမှတ်ချက်များရယူပါ။ ဩဂုတ် ၁၅၊ ၁၉၉၈၊ ကင်းမျှော်စင် စာမျက်နှာ ၂၀ ရှိအပိုဒ် ၁၇-၁၈ အတွက်မေးခွန်းများကို ပါဝင်စေပါ။
၂၀ မိ– “အကြံပြုထားသည့် လယ်ကွင်းလုပ်ငန်းတင်ဆက်နည်းများ။” လုပ်ငန်းတော်ကြီးကြပ်မှူးက ပရိသတ်နှင့်ဆွေးနွေးရန်။ ဤကြားညှပ်စာရွက်တွင် တင်ဆက်နည်းသစ်အချို့နှင့်အတူ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ယခင်လထုတ်များတွင်ပါရှိသည့် အကြံပြုထားသောတင်ဆက်နည်းများပါဝင်သည်။ မျဉ်းကြောင်းအလွတ်များသည် နောင်တွင်ပေါ်လာကာ ဒေသခံရပ်ကွက်တွင် ထိရောက်မှုရှိသည့် အခြားအကြံပြုချက်များကို ရေးမှတ်နိုင်ရန်ဖြစ်သည်။ မည်သည့်တင်ဆက်နည်းများကို အထူးနှစ်သက်ကြောင်းနှင့် အဘယ်ကြောင့် ထိုသို့နှစ်သက်ကြောင်းတို့ကို ပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ ဖေဖော်ဝါရီလအတွက်ဝေငှမည့်စာပေနှင့်အတူ အသုံးပြုနိုင်သည့် နည်းတစ်ခုနှစ်ခုကို သရုပ်ပြပါ။ ဤကြားညှပ်စာရွက်ကို သိမ်းထားကာ ဓမ္မအမှုအတွက်ပြင်ဆင်သည့်အခါ ယင်းကို မကြာခဏကိုးကားကြည့်ရှုကြရန် ကြေညာသူအားလုံးကို အားပေးပါ။
သီချင်း ၂၂၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။