ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၀၂ စာ. ၁
  • ‘သူတို့အဘယ်သို့ကြားနိုင်မည်နည်း’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘သူတို့အဘယ်သို့ကြားနိုင်မည်နည်း’
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • “လူမျိုးအပေါင်းတို့အား သက်သေဖြစ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • လောတရဲ့ဇနီးကို သတိရပါ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယေဟောဝါ၏နေ့ နီးလာသည်နှင့်အမျှ လူတို့ကို မည်သို့ရှုမြင်သင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • “မြေတစ်ပြင်လုံးရဲ့ တရားသူကြီး” ကရုဏာ ရှိတယ်ဆိုတာ စိတ်ချပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နဓ ၁/၀၂ စာ. ၁

‘သူတို့အဘယ်သို့ကြားနိုင်မည်နည်း’

၁ ယေရှုက “ဧဝံဂေလိတရားကို ရှေးဦးစွာ လူမျိုးအပေါင်းတို့အားဟောရလိမ့်မည်” ဟုအလေးအနက်ဖော်ပြခဲ့သည်။ (မာ. ၁၃:၁၀) ကျွန်ုပ်တို့ဝီရိယရှိရှိ ကြိုးစားကြသော်လည်း သက်သေခံချက်ကို မရရှိသူသန်းပေါင်းများစွာရှိနေသေးသည်။ နိုင်ငံများစွာတွင် လူဦးရေအလျင်အမြန်တိုးများလာသည်။ ထို့ကြောင့် ‘သူတို့အဘယ်သို့ကြားနိုင်မည်နည်း။’—ရော. ၁၀:၁၄။

၂ ယေဟောဝါအား ယုံကြည်စိတ်ချပါ– လူခပ်သိမ်းတို့၏နှလုံးအခြေအနေကို ယေဟောဝါသိတော်မူကြောင်း ကျွန်ုပ်တို့သတိရကြရမည်။ လူတစ်ဦး၏အခြေအနေ မည်သို့ပင်ရှိစေကာမူ သူသည် ဘုရားသခင်နှင့်ပတ်သက်သည့် သမ္မာတရားကို စိတ်ရင်းမှန်ဖြင့်ရှာမည်ဆိုလျှင် ယင်းကိုတွေ့ရှိမည်ဖြစ်သည်။—၅ ရာ. ၂၈:၉။

၃ အာဗြဟံသည် သောဒုံနှင့်ဂေါမောရမြို့သားများအတွက် စိုးရိမ်ပူပန်ခဲ့သည်။ သို့သော် ဘုရားသခင်က သောဒုံမြို့တွင် ဖြောင့်မတ်သူဆယ်ယောက်တွေ့လျှင်ပင် ယင်းကိုဖျက်ဆီးမည်မဟုတ်ကြောင်း သူ့အားစိတ်ချစေခဲ့သည်။ (က. ၁၈:၂၀၊ ၂၃၊ ၂၅၊ ၃၂) ယေဟောဝါသည် ဖြောင့်မတ်သူများကို ဆိုးသွမ်းသူများနှင့်အတူ မည်သည့်အခါမျှ မဖျက်ဆီးပစ်ခဲ့ကြောင်း လောတနှင့် သူ၏သမီးများကယ်တင်ခံခဲ့ရခြင်းက ဖော်ပြသည်။—၂ ပေ. ၂:၆-၉။

၄ တစ်ခါက ဧလိယသည် စစ်မှန်သောဘုရားသခင်ကိုဝတ်ပြုရာ၌ မိမိတစ်ဦးတည်း ထီးတည်းဖြစ်နေသည်ဟု ယူမှတ်ခဲ့သည်။ သို့သော် ယေဟောဝါက သူသည် တစ်ဦးတည်းဖြစ်မနေသည့်အပြင် သူစတင်ခဲ့သည့်လုပ်ငန်းသည် ပြီးမြောက်မည်ဖြစ်ကြောင်း စိတ်ချစေခဲ့သည်။ (၃ ရာ. ၁၉:၁၄-၁၈) ကျွန်ုပ်တို့ခေတ်ရှိအခြေအနေကော အသို့နည်း။

၅ ဘုရားသခင့်လုပ်ငန်းတွင်အလုပ်များနေပါ– သက်သေခံခြင်းလုပ်ငန်းကို နောက်ထပ်မည်မျှအထိ လုပ်ဆောင်ရဦးမည်ကို ကျွန်ုပ်တို့မသိကြပါ။ ဤလုပ်ငန်းအတွက်တာဝန်ခံမှာ ယေဟောဝါဖြစ်ကာ ကိုယ်တော်သည် ယင်းကိုကြီးကြပ်ရန် မိမိ၏ကောင်းကင်တမန်များကို အသုံးပြုနေသည်။ (ဗျာ. ၁၄:၆၊ ၇) ကိုယ်တော်သည် လူမျိုးအပေါင်းတို့အား မည်သည့်အတိုင်းအတာအထိ သက်သေခံရမည်ကို ဆုံးဖြတ်သောအရှင်ဖြစ်တော်မူ၏။ ယေဟောဝါသည် အလိုရှိမည်ဆိုလျှင် နောက်ထပ်များစွာသောသူတို့ “ဧဝံဂေလိတရားကိုကြားနာ၍ယုံကြည်” လာရန် ကျွန်ုပ်တို့စဉ်းစား၍မရနိုင်သေးသည့်နည်းများဖြင့် နိုင်ငံတော်သတင်းကို ပျံ့နှံ့စေနိုင်သည်။ (တ. ၁၅:၇) ယေဟောဝါ၏လုပ်ဆောင်မှုသည် မေတ္တာ၊ ဉာဏ်ပညာနှင့် တရားမျှတမှုရှိသောဘုရားသခင်ဖြစ်သည်ဟူသောအချက်နှင့် လုံးဝညီညွတ်မည်ဖြစ်သည်။

၆ ယေဟောဝါ၏အလိုတော်နှင့်အညီလုပ်ဆောင်ရခြင်း၊ သတင်းကောင်းကို လူတိုင်းကြားရန် အတတ်နိုင်ဆုံးလုပ်ဆောင်ရခြင်းသည် ကျွန်ုပ်တို့အတွက်အခွင့်ထူးပင်တည်း။—၁ ကော. ၉:၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ