ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၁၀/၁ စာ. ၃-၄
  • အချိန်—အဘယ်ကြောင့်ဤမျှနည်းရသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အချိန်—အဘယ်ကြောင့်ဤမျှနည်းရသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • များပြားလှသောအချိန်
  • အချိန်နည်းသည်ထက်နည်းလာ
  • ကျွန်ုပ်တို့သာလျှင် အချိန်နည်းခြင်းမဟုတ်
  • ကျွန်ုပ်တို့ယခုရရှိထားသောအချိန်ကိုပညာရှိစွာအသုံးပြုခြင်း
  • ကိုယ့်နေ့ရက်ကာလကို မည်သို့ရေတွက်ဖို့ ယေဟောဝါပြသ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • အချိန် နှင့် ထာဝရ—၎င်းတို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့အမှန်သိထားရာကား အဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဘုရားသခင်နှင့်လျှောက်လှမ်းခြင်း—ထာဝရကာလကိုရည်မျှော်လျက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ထာဝရဘုရင်ကို ချီးမွမ်းလေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၁၀/၁ စာ. ၃-၄

အချိန်—အဘယ်ကြောင့်ဤမျှနည်းရသနည်း

အချိန်။ ထိုစကားလုံးကို အတိအကျအနက်ဖွင့်ဆိုရန် ခက်ခဲနိုင်သော်လည်း မည်သည့်အခါမျှ အချိန်လောက်ငပုံမပေါ်သည်ကို ကျွန်ုပ်တို့အသေအချာသိကြသည်။ အချိန်ကုန်လွယ်သည်ကိုလည်း ကျွန်ုပ်တို့သိထားကြသည်။ အမှန်ဆိုလျှင် “အချိန်ကုန်လွယ်လိုက်တာ” ဟုသက်မချ၍ ကျွန်ုပ်တို့ပြောလေ့ရှိကြသည်။

သို့ရာတွင် အင်္ဂလိပ်ကဗျာဆရာ အော်စတင် ဒေါ့ပ်စင်သည် ၁၈၇၇ တွင် သူ၏သတိပြုမိချက်မှာ အမှန်တရားနှင့်ပို၍နီးစပ်ကြောင်း ထင်ရှားသည်– “အချိန်ကုန်လွယ်သည်ဟု သင်ဆိုသလော။ မဟုတ်ပါ! တကယ်ဆိုလျှင် အချိန်သည်တည်ရှိနေပြီး ကျွန်ုပ်တို့လွန်သွားခြင်းဖြစ်သည်။” ၁၉၂၁ တွင် ဒေါ့ပ်စင်ကွယ်လွန်ခဲ့ရာ သူသေဆုံးခဲ့သည်မှာ အနှစ် ၈၀ နီးပါးရှိခဲ့ပြီဖြစ်သည်၊ အချိန်ကား ဆက်လက်ရွေ့လျားလျက်ပင်။

များပြားလှသောအချိန်

လူ့ဖန်ဆင်းရှင်နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုဤသို့ပြောပြသည်– “တောင်များကိုမဖော်၊ မြေကြီးနှင့်လောကဓာတ်ကိုဖန်ဆင်းတော်မမူမီ၊ ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှစ၍၊ နောက်ကမ္ဘာအဆက်ဆက်တိုင်အောင် ဘုရားသခင်ဖြစ်တော်မူ၏။” (ဆာလံ ၉၀:၂) သို့မဟုတ် ယေရုရှလင်ကျမ်းစာသစ်ပြန်ဆိုထားသကဲ့သို့ “ထာဝရကာလမှ ထာဝရကာလတိုင်အောင် ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။” ထို့ကြောင့် အချိန်သည် ဘုရားသခင်တည်ရှိသရွေ့—ထာဝစဉ်—တည်ရှိပါလိမ့်မည်!

ထာဝရကာလကိုပိုင်ဆိုင်ထားသည့် ဘုရားသခင်နှင့်လုံးဝခြားနားစွာ လူသားများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “အကျွန်ုပ်တို့သည် အမျက်တော်ကိုခံရသောကြောင့်၊ နေ့ရက်ကာလရွေ့သွား၍၊ နှစ်များတို့သည် စိတ်ထင်ကဲ့သို့လွန်တတ်ကြပါ၏။ အကျွန်ုပ်တို့၏အသက်အရွယ်သည် အနှစ်ခုနစ်ဆယ်အတိုင်းအရှည်ရှိပါ၏။ အားကြီး၍အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့်ဝမ်းနည်းခြင်းဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အကျွန်ုပ်တို့သည် စုတေ့ [သေလွန်] ကြပါ၏။”—ဆာလံ ၉၀:၉၊ ၁၀။

လူကိုထာဝစဉ်အသက်ရှင်ရန် ဘုရားသခင်ရည်ရွယ်ထားကြောင်း သမ္မာကျမ်းစာက ရှင်းရှင်းသွန်သင်ထားသည်ဖြစ်ရာ ယနေ့ အဘယ်ကြောင့်ဤမျှ အသက်တိုရသနည်း။ (ကမ္ဘာဦး ၁:၂၇၊ ၂၈; ဆာလံ ၃၇:၂၉) ဘုရားသခင်ရည်ရွယ်ခဲ့သည့်အတိုင်း လူတို့၏သက်တမ်းသည် အကန့်အသတ်မဲ့ဖြစ်ရမည့်အစား အဘယ်ကြောင့် ပျမ်းမျှအားဖြင့် အလွန်ဆုံးရက်ပေါင်း ၃၀,၀၀၀ ပင်မရှိရသနည်း။ လူတို့၌အဘယ်ကြောင့် ဤမျှအချိန်နည်းရသနည်း။ ဤဝမ်းနည်းဖွယ်အခြေအနေသည် မည်သူ သို့မဟုတ် အဘယ်အရာကြောင့်နည်း။ ရှင်းလင်း၍ စိတ်ကျေနပ်ဖွယ်အဖြေများကို သမ္မာကျမ်းစာကပေးထားပါသည်။a

အချိန်နည်းသည်ထက်နည်းလာ

မကြာသေးမီဆယ်စုနှစ်များအတွင်း အသက်ရှင်ခြင်းအတွက် အကြိတ်အနယ်ကြိုးစားဖို့လိုလာကြောင်း သက်ကြီးရွယ်အိုများက ထောက်ခံပြောဆိုကြပေမည်။ သတင်းစာဆရာတစ်ဦးဖြစ်သူ ဒေါက်တာစစ်ဘဲလ်ဖရိချ်က လွန်ခဲ့သည့်အနှစ် ၂၀၀ အတွင်း တစ်ပတ်အလုပ်ချိန်မှာ ၈၀ မှ ၃၈ နာရီအထိလျော့နည်းသွား “သည့်တိုင် ယင်းသည် ကျွန်ုပ်တို့၏ညည်းညူမှုကို မရပ်စဲစေခဲ့ကြောင်း” ညွှန်ပြသည်။ သူဤသို့ရှင်းပြခဲ့သည်– “အချိန်မရှိဘူး; အချိန်ဟာငွေပဲ; အသက်လုရှူရသလို အချိန်ကိုလုနေရတယ်; ပျာယာခတ်တဲ့ဘဝပါလား။”

တီထွင်မှုအသစ်များက အစောပိုင်းလူမျိုးဆက်တို့ တစ်ခါမျှမစဉ်းစားခဲ့ဖူးသည့် အခွင့်အလမ်းများနှင့် အလားအလာများရှိလာစေခဲ့သည်။ သို့သော် လုပ်ဆောင်နိုင်စရာအမှုများ အမြောက်အမြားရှိလာလေ ယင်းတို့ကိုပြုလုပ်ရန်အချိန်မရသည့်အတွက် စိတ်ပျက်ရလေဖြစ်သည်။ ယခုအခါတွင်၊ ကမ္ဘာ့ဒေသအများစု၌ လူတို့သည် နာရီနှင့်တွက်၍အသက်ရှင်ကြသည်၊ နောက်ဆုံးသတ်မှတ်ချိန်တစ်ခုမှတစ်ခုသို့ အပြေးအလွှားပင်။ အဖေက နံနက် ၇:၀၀ တွင်အလုပ်သွားရမည်၊ အမေက နံနက် ၈:၃၀ တွင် ကလေးများကို ကျောင်းအရောက်ပို့ရမည်၊ အဘိုးက နံနက် ၉:၄၀ တွင်ဆရာဝန်နှင့်ချိန်းထားပြီး ကျွန်ုပ်တို့အားလုံး ညနေ ၇:၃၀ တွင် အရေးကြီးသောအစည်းအဝေးတစ်ခုအတွက် အသင့်ပြင်ရကြမည်။ နောက်ဆုံးသတ်မှတ်ထားချိန် တစ်ခုနောက်တစ်ခု လိုက်လံပြေးလွှားနေရကြသည်ဖြစ်ရာ အပန်းဖြေရန်အချိန်မရှိသလောက်ပင်။ ထို့ပြင် ငြီးငွေ့ဖွယ်နေ့စဉ်လုပ်ငန်းဆောင်တာ၊ အကြိတ်အနယ်ပြိုင်ဆိုင်လုပ်ကိုင်ရခြင်းတို့ကို ကျွန်ုပ်တို့ညည်းညူကြသည်။

ကျွန်ုပ်တို့သာလျှင် အချိန်နည်းခြင်းမဟုတ်

လူ့သက်တမ်းကိုချုံ့လိုက်ဖို့ဖြစ်စေသည့် အကောက်ကြံသမား ဘုရားသခင့်ရန်သူ၊ စာတန်သည် ယခုဆိုလျှင် သူကိုယ်တိုင်၏ဆိုးသွမ်းမှုသားကောင်ဖြစ်နေချေပြီ။ (ဂလာတိ ၆:၇၊ ၈ နှိုင်းယှဉ်။) ကောင်းကင်တွင် မေရှိယနိုင်ငံတော်ဖွားမြင်ခြင်းအကြောင်းပြောဆိုရာတွင် ဗျာဒိတ် ၁၂:၁၂ က ကျွန်ုပ်တို့မျှော်လင့်စရာအကြောင်းကိုပေးသည်၊ ထိုတွင်ဤသို့ဆိုထားသည်– “ထို့ကြောင့်၊ ကောင်းကင်နှင့်ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ [စာတန်] သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍၊ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ။”

ယုံကြည်စိတ်ချရသည့် ကျမ်းစာသက္ကရာဇ်စဉ်နှင့် ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံမှုများအရ ယခု ကျွန်ုပ်တို့သည် ထို “ကာလတစ်ခဏ” ၏အဆုံးတွင် အသက်ရှင်နေကြသည်။ လွှတ်ထားခံရသည့် စာတန်၏အချိန်မှာ မကြာမီလုံးဝကုန်ဆုံးတော့မည်ကိုသိရခြင်းသည် ဝမ်းသာစရာပင်! သူ့ကို တွင်းနက်ကြီးထဲချုပ်နှောင်လိုက်သည်နှင့် နာခံမှုရှိသောလူသားများသည် စုံလင်ခြင်းသို့ပြန်လည်ထူထောင်ခံရကြမည်ဖြစ်ပြီး ကနဦးက သူတို့အတွက် ယေဟောဝါရည်ရွယ်ခဲ့သော ထာဝရအသက်ကိုရရှိနိုင်ကြပေမည်။ (ဗျာဒိတ် ၂၁:၁-၄) အချိန်မဲ့ခြင်းသည် ပြဿနာဖြစ်တော့မည်မဟုတ်ပါ။

ထာဝရအသက်ရခြင်းသည် မည်သို့အဓိပ္ပာယ်ရှိကြောင်း—ထာဝစဉ်အသက်ရှင်ခြင်း—ကို သင်မြင်ယောင်နိုင်သလော။ သင်မလုပ်ဖြစ်သည့်အရာများကြောင့် မည်သည့်အခါမျှ စိတ်အနှောင့်အယှက်ဖြစ်ရတော့မည်မဟုတ်။ အချိန်ထပ်၍လိုအပ်မည်ဆိုလျှင် မနက်ဖြန်၊ သို့မဟုတ် လာမည့်အပတ်၊ သို့မဟုတ် လာမည့်နှစ်—အမှန်ဆိုလျှင် သင့်ရှေ့တွင် ကျယ်ပြောသည့်ထာဝရကာလ—ရှိနေသည်တကား!

ကျွန်ုပ်တို့ယခုရရှိထားသောအချိန်ကိုပညာရှိစွာအသုံးပြုခြင်း

လူသားတို့ကိုသွေးဆောင်ရန် မိမိ၌အချိန်အကန့်အသတ်သာရှိကြောင်း စာတန်သိထားရာ တည်ထောင်ထားသည့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လူတို့နားမထောင်အားအောင် အလွန်အလုပ်များနေစေဖို့ သူကြိုးစားပြုလုပ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင့်ဤဆုံးမစကားကို လိုက်နာသင့်သည်– “ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကိုရွေးနုတ်ကြလော့။ ထို့ကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏အလိုတော်ရှိရာကို ပိုင်းခြား၍သိသောသူဖြစ်ကြလော့။”—ဧဖက် ၅:၁၅-၁၇။

မတည်မြဲသည့်အရာများအတွက် အချိန်ကိုအချည်းနှီးဖြုန်းမည့်အစား သာ၍အရေးကြီးသောအရာများအတွက် ကျွန်ုပ်တို့၏အချိန်ကို ပညာရှိစွာအသုံးပြုရန် အမှန်တကယ် အရေးကြီးလှသည်တကား! “အကျွန်ုပ်တို့သည် ပညာတရားကိုနှလုံးသွင်းမိမည်အကြောင်း၊ ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှာ သွန်သင်တော်မူပါ” ဟုယေဟောဝါထံ လှိုက်လှဲစွာဖြင့် မောရှေအသနားခံခဲ့ချိန်က သူ၌ရှိခဲ့သည့် သဘောထားမျိုးကို ကျွန်ုပ်တို့မွေးမြူသင့်သည်။—ဆာလံ ၉၀:၁၂။

မှန်ပါသည်၊ ယနေ့ကမ္ဘာတွင် လူတိုင်းအလုပ်များကြသည်။ သို့ရာတွင် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက် ထာဝရအသက်ရခြင်းငှာ ကိုယ်တော်၏တောင်းဆိုချက်များကိုသင်ယူဖို့ သင်၏အဖိုးတန်သောအချိန်အချို့ကိုအသုံးပြုရန် ယေဟောဝါသက်သေများက သင့်ကိုအပူတပြင်းတိုက်တွန်းပါသည်။ တစ်ပတ်လျှင်တစ်နာရီ ကျမ်းစာကိုစနစ်တကျသင်ယူခြင်း၊ “သခင်ဘုရား၏အလိုတော်ရှိရာကို ပိုင်းခြား၍သိ” ခြင်းဖြင့် ဤစကားများ၏ပြည့်စုံမှုကို ကိုယ်တိုင်ကိုယ်ကျခံစားရစေပါလိမ့်မည်– “ဒုစရိုက် [မကောင်းမှု] ကိုလွှဲရှောင်၍ သုစရိုက် [ကောင်းမှု] ကိုပြုလော့။ သို့ပြုလျှင် အစဉ်အမြဲနေရလိမ့်မည်။ ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာလံ ၃၇:၂၇၊ ၂၉။

[အောက်ခြေမှတ်ချက်များ]

a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ မြန်မာမှ ထုတ်ဝေသော ထာဝရအသက်ရစေသည့်အသိပညာစာအုပ်၊ အခန်း ၆ ရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ