ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁/၁၅ စာ. ၃-၄
  • သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်လုံးဖော်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်လုံးဖော်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစောင်များနှင့်သန့်ရှင်းသောဝိညာဉ်တော်
  • ‘သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ပထမရာစုနဲ့ ယနေ့ခေတ်မှာ ဘုရားသခင့်စွမ်းအားတော်လမ်းညွှန်မှုကိုခံယူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သန့်ရှင်းသောဝိညာဉ်တော် သင့်အားမည်သို့ထိခိုက်နိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • သန့်ရှင်းသောဝိညာဉ်တော်—ဘုရားသခင့် တက်ကြွလှုပ်ရှားသော စွမ်းအား
    သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည် သင့်သလော
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁/၁၅ စာ. ၃-၄

သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်လုံးဖော်ခြင်း

ကျွန်ုပ်တို့အားလုံး၏အသက်တာကို သန့်ရှင်းသောဝိညာဉ်တော်သည် ထိခိုက်လျက်ရှိကြောင်း သင်သိရှိပါသလော။ သင်၏အသက်တာတွင်လည်း ကြီးမားလှစွာသောပြုပြင်မှုများ ပြုလုပ်နိုင်ကြောင်း သင်သတိပြုမိပါသလော။ ယင်းကသင့်ကိုအံ့သြစေမည်။ သင်က ‘သန့်ရှင်းသောဝိညာဉ်တော်ဟာဘယ်သူ ဒါမှမဟုတ် ဘာလဲ’ ဟုမေးပေမည်။

သင်သည်ခရစ်ယာန်ဘောင်တစ်ခုမှဖြစ်လျှင် သင့်အနေနှင့်ဓမ္မဆရာတစ်ဦး ကလေးတစ်ဦးကို “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌” ခရစ်ယာန်ဖြစ်စေသည်ကို ကြားဖူးခဲ့ပေမည်။ (မဿဲ ၂၈:၁၉) သန့်ရှင်းသောဝိညာဉ်တော်ကို ပုံဖော်ပြပါဟု မေးသောအခါ ဓမ္မဆရာများကချက်ချင်းပင် “သန့်ရှင်းသောဝိညာဉ်တော်သည် သုံးပါးတစ်ဆူ၏တတိယပုဂ္ဂိုလ်ဖြစ်ပြီး ခမည်းတော်ဘုရား၊ သခင်ယေရှုခရစ်နှင့် နည်းလမ်းတော်အားလုံးတွင် တူညီသည်” ဟုပြန်ဖြေကြသည်။

သို့သော်ဤအမြင်ကို ကျွန်ုပ်တို့ရာစုစောစောပိုင်း အချိန်များအတွင်းက ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းထုတ်ကြသည်။ ပုံပမာပြရသော် ယေရှုခရစ်၏တမန်တော်များ သေဆုံးပြီးနောက် သုံးရာစုလောက်ကနာဇရန်းရပ်မှ ဂရယ်ဂရီကဤသို့ရေးသားခဲ့သည်။ “အချို့က (သန့်ရှင်းသောဝိညာဉ်တော်) သည်တန်ခိုး (energeia) အချို့ကဘုရားဖြစ်သည်ဟုယူဆပြီး၊ အချို့ကယင်းတို့မှာ အဘယ်အရာဖြစ်သည်ကို မဆုံးဖြတ်တတ်ကြချေ။”

ယနေ့တွင်ခရစ်ယာန်ဘောင်ရှိအသင်းများသည် သန့်ရှင်းသောဝိညာဉ်တော်၏ သုံးပါးတစ်ဆူအမြင်ကို လက်ခံကြသည်။ သို့သော်ယင်းကိုသမ္မာကျမ်းစာ ထောက်ခံပါသလော။ သို့မဟုတ် ယင်းသည်ထုံးတမ်းအပေါ်အခြေပြုထားသော ခံယူချက်မျှသာလော။ အမှန်တွင်သမ္မာကျမ်းစာသည် သန့်ရှင်းသောဝိညာဉ်တော်ကို ဘုရားသခင် သို့မဟုတ် ယေရှုကိုပြောသည့်ပုံစံမျိုးနှင့်တစ်ခါမျှ မပြောချေ။ ဥပမာ၊ သမ္မာကျမ်းစာတွင် သန့်ရှင်းသောဝိညာဉ်တော်၌ ကိုယ်ပိုင်နာမ,မရှိချေ။

အရေးမကြီး၍လော။ မဟုတ်ပေ။ သမ္မာကျမ်းစာတွင် နာမသည်အရေးပါ၏။ ဘုရား ရှင်က “ငါသည်ယေဟောဝါဖြစ်၏။ နာမတော်ကားထိုသို့ပင်တည်း။ ငါ့ဘုန်းတော်ကိုသူတစ်ထူးအားလည်းကောင်း၊ ငါ့ဂုဏ်တော်ကိုရုပ်တုအားလည်းကောင်း လွှဲအပ်မည်မဟုတ်” ဟုမိန့်ဆိုခဲ့စဉ် ကိုယ်တော်၏နာမအရေးကြီးပုံကို အလေးပေးခဲ့သည်။ (ဟေရှာယ ၄၂:၈၊ သမာ) ကောင်းကင်တမန်သည် မာရိကိုပြောခဲ့စဉ် ယေရှုခရစ်၏နာမအရေးကြီးပုံကို ကိုယ်တော်မမွေးဖွားမီကပင် အလေးအနက်တင်ပြခဲ့သည်။ (လုကာ ၁:၃၁) ခမည်းတော်နှင့်သားတော်၏နာမအရေးကြီးလှလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် အဘယ်ကြောင့်နာမ,မရှိပါသနည်း။ ထို့ကြောင့်ဤတစ်ချက်ကပင်လူတစ်ဦးအား ဝိညာဉ်တော်သည်အမှန်ပင် ခမည်းတော်၊ သားတော်နှင့်တန်းတူဖြစ်မဖြစ် စဉ်းစားစရာဖြစ်စေပေမည်။

ကျမ်းစောင်များနှင့်သန့်ရှင်းသောဝိညာဉ်တော်

ဟေဗြဲကျမ်းစောင် သို့မဟုတ် “ဓမ္မဟောင်း” တွင် “သန့်ရှင်းသောဝိညာဉ်တော်” နှင့် “ကျွန်ုပ် [ဘုရား၏] ဝိညာဉ်” ဟုရည်ညွှန်းထားသည်များရှိသည်။ (ဆာလံ ၅၁:၁၁။ ယောလ ၂:၂၈၊ ၂၉) သန့်ရှင်းသောဝိညာဉ်တော်သည် လူတစ်ဦးကိုပြည့်စေနိုင်ကြောင်း၊ သူ့အပေါ်သက်ရောက်နိုင်ကြောင်းနှင့်သူ့အား ဖုံးလွှမ်းနိုင်ကြောင်း ကျွန်ုပ်တို့ဖတ်ရသည်။ (ထွက်မြောက်ရာ ၃၁:၃။ တရားသူကြီး ၃:၁၀။ ၆:၃၄) သန့်ရှင်းသောဝိညာဉ်တော်အချို့ကို လူတစ်ဦးမှယူလိုက်နိုင်ပြီး အခြားသူတစ်ဦးအားပေးနိုင်သည်။ (တောလည်ရာ ၁၁:၁၇၊ ၂၅) သန့်ရှင်းသောဝိညာဉ်တော်သည် တစ်ဦးတစ်ယောက်အပေါ်လှုပ်ရှားနိုင်ပြီး သူ့အားသာမန်ထက်လွန်ကဲသောအမှုများ ပြုလုပ်နိုင်စေသည်။—⁠တရားသူကြီး ၁၄:၆။ ၁ ဓမ္မရာဇဝင် ၁၀:၆။

ထိုသို့သောတင်ပြချက်များမှ လျောက်ပတ်စွာမည်သို့ ကောက်ချက်ချမည်နည်း။ သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ဦးမဟုတ်ကြောင်း ထင်ရှားသည်။ လူတစ်ဦးမှသူ၏အစိတ်အပိုင်းကိုယူ၍ အခြားသူတစ်ဦးအားမည်သို့ ပေးအပ်မည်နည်း။ ထို့ပြင်၊ ယေရှုမြေကြီးပေါ်တွင်ရှိစဉ် သစ္စာရှိဂျူးများသည် သန့်ရှင်းသောဝိညာဉ်တော်ကို ပုဂ္ဂိုလ်တစ်ဦးအဖြစ် ခမည်းတော်နှင့်တန်းတူဖြစ်သည်ဟု ရှုမြင်သည့်အထောက်အထားမရှိချေ။ သူတို့သည်သန့်ရှင်းသောဝိညာဉ်တော်ကိုအမှန်ပင်မကိုးကွယ်ခဲ့ပါ။ သို့အစား၊ သူတို့၏ဝတ်ပြုရေးသည်ယေရှုကိုယ်နှိုက် “ငါ၏ခမည်းတော်”၊ “ငါ၏ဘုရားသခင်” ဟုခေါ်တော်မူခဲ့သော ယေဟောဝါကိုသာလုံးလုံးလျားလျား ကိုးကွယ်ခဲ့လေသည်။—⁠ယောဟန် ၂၀:၁၇။

ဓမ္မဟောင်းဟုခေါ်ကြသောစာစောင်ကဲ့သို့ပင် သမ္မာကျမ်းစာအပိုင်းဖြစ်သော ခရစ်ယာန်ဂရိကျမ်းစောင်များ သို့မဟုတ် “ဓမ္မသစ်” ကသန့်ရှင်းသောဝိညာဉ်တော်သည် လူတစ်ဦးတွင် “ပြည့်” လျက် သို့မဟုတ် သူ့ “အပေါ်” သက်ရောက်နိုင်ကြောင်းပြောထားသည်။ (တမန်တော် ၂:၄။ လုကာ ၂:၂၅-၂၇) သန့်ရှင်းသောဝိညာဉ်တော်ကို ‘ပေး’ ‘သွန်းလောင်း’ ၍ “ဝေငှနိုင်” သည်။ (လုကာ ၁၁:၁၃။ တမန်တော် ၁၀:၄၅။ ဟေဗြဲ ၂:၄) ၃၃ စီအီး၊ ပင်တေကုတ္တေပွဲနေ့တွင် တပည့်တော်များ ဘုရား၏ဝိညာဉ်တော် “အချို့” ကိုရရှိခဲ့ကြသည်။ (တမန်တော် ၂:၁၇၊ NW) ကျမ်းစောင်များကလည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်နှစ်ခြင်းပေးသည်၊ ယင်းဖြင့်ဘိသိက်ပေးသည်ဟုဆိုထားသည်။—⁠မဿဲ ၃:၁၁။ တမန်တော် ၁:၅။ ၁၀:၃၈။

ထိုသို့သောကျမ်းဆိုင်ရာဖော်ပြချက်များက သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ဦးမဟုတ်ကြောင်း သက်သေထူနေပါသည်။ သန့်ရှင်းသောဝိညာဉ်တော်ကို ပုဂ္ဂိုလ်မဟုတ်သည့်အရာများနှင့်အတူ ဖော်ပြသောအခါ ယင်းယူဆချက်ကိုပိုမိုခိုင်မာစေသည်။ ဥပမာ၊ သမ္မာကျမ်းစာက သတေဖန်သည် “ယုံကြည်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်စုံလျက်” ဟုဆိုထားသည်။ (တမန်တော် ၆:၅) တမန်တော်ပေါလုက “စိတ်နှလုံးစင်ကြယ်ခြင်း၊ ပညာရှိခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကိုခံခြင်း၊ ချစ်ယောင်မဆောင်အမှန်ချစ်ခြင်း” အားဖြင့်သူ့ကိုယ်ကို ဘုရားအမှုဆောင်ဖြစ်ကြောင်း ထောက်ခံခဲ့သည်။—⁠၂ ကောရိန္သု ၆:၄-၆။

မှန်ပါသည်။ ရံဖန်ရံခါသမ္မာကျမ်းစာက သန့်ရှင်းသောဝိညာဉ်တော်ကို ပုဂ္ဂိုလ်အနေနှင့်ဖော်ပြသည်။ ဥပမာ၊ ဟေရှာယက အချို့ပုန်ကန်သူများသည် ဘုရားရှင်၏ ‘သန့်ရှင်းသောဝိညာဉ်တော်ကို နာစေကြ၏’ ဟုဆိုခဲ့သည်။ (ဟေရှာယ ၆၃:၁၀) ပေါလုကယင်းကိုစိတ် ‘နာ’ စေနိုင်ကြောင်း ပြောခဲ့သည်။ (ဧဖက် ၄:၃၀) ကျမ်းချက်အတော်များများကလည်း သန့်ရှင်းသောဝိညာဉ်တော်သည် သွန်သင်၊ လမ်းညွှန်၊ သက်သေခံမည့်အကြောင်းပြောသည်။ (ယောဟန် ၁၄:၂၆။ ၁၆:၁၃၊ ၁၄။ ၁ ယောဟန် ၅:၇၊ ၈) သို့သော်သမ္မာကျမ်းစာက ပညာ၊ သေခြင်းနှင့်အပြစ်ကဲ့သို့သော အခြားသက်မဲ့အရာများကိုလည်း ပုဂ္ဂိုလ်များအနေနှင့်ဖော်ပြသည်။ (သု၊ ၁:၂၀။ ရောမ ၅:၁၇၊ ၂၁) ယင်းသည်အမှန်တွင် တစ်ခါတစ်ရံ အကြောင်းအရာများကို ကွက်ကွက်ကွင်းကွင်းဖော်ပြပုံဖြစ်လေသည်။

ယနေ့တွင်၊ သမ္မာကျမ်းစာကပြောသည် သို့မဟုတ် အယူဝါဒတစ်ခုသွန်သင်ပေးသည်ဟုဆိုရာ၌ အလားတူပင်ဖြစ်သည်။ ထိုသို့သုံးနှုန်းသောကြောင့် သမ္မာကျမ်းစာသည် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု ကျွန်ုပ်တို့မဆိုလိုချေ။ မဟုတ်ပေလော။ ထို့အတူသမ္မာကျမ်းစာက နှိုင်းယှဉ်အသုံးပြုသောအခါ သန့်ရှင်းသောဝိညာဉ်တော်ကို ပုဂ္ဂိုလ်တစ်ဦးဟုဆိုလိုနေခြင်း မဟုတ်ပေ။

သို့ဖြစ်လျှင်၊ သန့်ရှင်းသောဝိညာဉ်တော်ကားအဘယ်နည်း။ ယင်းသည်ပုဂ္ဂိုလ်တစ်ဦးမဟုတ်ချေ။ သို့အစား၊ ယင်းသည်ဘုရားရှင်ကိုယ်နှိုက်၏ လှုပ်ရှားသောတန်ခိုးဖြစ်ပြီး ကိုယ်တော်၏အလိုတော်ပြီးမြောက်စေရန် အသုံးပြုလေသည်။ (ကမ္ဘာဦး ၁:၂) သို့သော်ကျွန်ုပ်တို့၏အသက်တာသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မည်သို့ထိခိုက်သနည်း။ ယင်းလုပ်ဆောင်ချက်များမှ ကျွန်ုပ်တို့တစ်ဦးချင်း မည်သို့အကျိုးခံစားနိုင်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ