သင်မလွတ်အပ်သောဖြစ်ရပ်တစ်ခု
“ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့ ။” လုကာ ၂၂:၁၉ တွင်တွေ့ရသော ထိုစကားများကို ကျွန်ုပ်တို့သခင်ယေရှုခရစ်သည် မိမိ၏သေခြင်းအောက်မေ့ရာပွဲတော် အစပြုခဲ့စဉ်က မိန့်ဆိုခဲ့သည်။ ပရဒိသုအခြေအနေတွင် လူသားများထာဝရအသက်ရရန် အလားအလာပွင့်လာခြင်းမှာ ယေရှု၏သေခြင်းကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့်ကိုယ်တော်၏သေခြင်းသည် ကျွန်ုပ်တို့သတိရရမည့် အရာဖြစ်သည်။ သင်ကော၊ ဤနှစ်တွင်၊ ၄င်းအောက်မေ့ရာပွဲတော်ကို ကျင်းပမည်လော။
ဤအရေးကြီးသောဖြစ်ရပ် အောက်မေ့ရာပွဲတော်ကျင်းပရာ၌ ယေဟောဝါသက်သေများနှင့်အတူပါဝင်ရန် သူတို့ထံမှဤဖိတ်ခေါ်ချက်ကို ကျေးဇူးပြု၍လက်ခံပါ။ ဤပွဲတော်ကို သမ္မာကျမ်းစာ၏လပြက္ခဒိန်တွင် နိသန်လ ၁၄ ရက်နေ့၌ကျရောက်သောနေ့ နေဝင်ချိန်တွင် ကျင်းပပါမည်။ သင်မမေ့ရန်အတွက် သင်၏ပြက္ခဒိန်တွင် နေ့စွဲကိုရေးမှတ်ထားပါ။ ၁၉၉၁၊ မတ်လ ၃၀၊ စနေနေ့၊ တွင်ဖြစ်ပါသည်။ သင့်အားနယ်ခံယေဟောဝါသက်သေများက ဤပွဲတော်ကျင်းပမည့်နေရာနှင့်အချိန်ကို အတိအကျပြောပြနိုင်ပါသည်။