ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၂/၈ စာ. ၂၄
  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာဖရိက၌ နားမကြားသူများကို ကူညီခြင်း
  • သင့်လက်များကို ဆေးလော့!
  • ရယ်မောခြင်းဖြင့် အသက်ပိုရှည်နိုင်မည်လော
  • “အန္တရာယ်ကာလ” အတွင်းရှိ. . . ချာ့ချ်
  • နောက်ကြောင်းကို ကြည့်ခြင်းဖြင့်တိုးတက်
  • အသက်ကယ် လင်းပိုင်များ
  • “အမြန်ရအစာ” ပွဲတော်မင်္ဂလာ
  • နေ့စဉ်သွားလာနေကြသော ခိုများ
  • ဩစတြေးလျနိုင်ငံမှတရားဝင် သေစေမှုဥပဒေ
  • ချာ့ချ်များကို ပြောင်းလဲခြင်း
  • နယူးဇီလန်တွင် လင်းပိုင်များကို ရှာပုံတော်ဖွင့်ခြင်း
    နိုးလော့!—၂၀၀၃
နိုးလော့!—၁၉၉၈
န၉၈ ၂/၈ စာ. ၂၄

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

အာဖရိက၌ နားမကြားသူများကို ကူညီခြင်း

“လက်ဟန်ပြစကားသင်ယူရန် ယေဟောဝါသက်သေများ၏ ကိုယ်ကျိုးစွန့်စိတ်ဝင်စားမှုနှင့် ကြိုးပမ်းမှုကို ယူအန်အေဒီ နယူးစ်က ချီးကျူးပါသည်” ဟုယူဂန်ဒါအမျိုးသား နားမကြားအသင်း (ယူအန်အေဒီ) ဂျာနယ်ကဖော်ပြထားသည်။ ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့ရှိသက်သေခံအုပ်စုတစ်စုသည် ၎င်းနိုင်ငံမှ အကြားအာရုံချို့တဲ့သူများကို ဝိညာဉ်ရေးဘက် ထောက်မကူညီပေးရန်ရည်ရွယ်ချက်ဖြင့် လက်ဟန်ပြစကားကို သင်ယူနေကြသည်ဟု ထိုဂျာနယ်ကဖော်ပြထားသည်။ စကားပြန်ကောင်းများဖြစ်ဖို့အလားအလာရှိသူနှစ်ဦးသည် “ကျမ်းစာသွန်သင်ခြင်းကို အပြည့်အဝလိုက်လျှောက်မှုကြောင့် နိုင်ငံတကာတွင် သိရှိကြပြီး ကမ္ဘာ့အမြန်ဆုံးတိုးပွားနေသည့် အလွန်လေးစားခံရသော ဘာသာတရားတစ်ခု၏အသင်းဝင် မှန်မှန်ရှေ့ဆောင်များ သို့မဟုတ် အချိန်ပြည့် [အမှုတော်ဆောင်များ] ဖြစ်ကြသည်” ဟုထပ်ဆင့်၍ ဖော်ပြပါသည်။

သင့်လက်များကို ဆေးလော့!

အမေရိကန်အဏုဇီဝဗေဒအဖွဲ့သည် အများသုံးအိမ်သာသွားပြီး လူမည်မျှလက်ဆေးကြောင်းကို ကမကထပြုလေ့လာခဲ့ကြသည်ဟု သည်နယူးယောက်တိုင်းမ်စ်ကဖော်ပြထားသည်။ လူအားလုံးနီးပါးသည် မိမိတို့လက်ကိုဆေးသင့်ကြောင်း သိကြသည်။ လူကြီး ၁,၀၀၄ ယောက်ကို တယ်လီဖုန်းဖြင့်မေးမြန်းစုံစမ်းကြည့်ရာ ၉၄ ရာခိုင်နှုန်းက အိမ်သာတက်ပြီးနောက် အမြဲဆေးသည်ဟုဆိုကြသည်။ သို့သော် သူတို့အမှန်ဆေးပါသလော။ အမေရိကန်မြို့ကြီး ငါးမြို့မှ အိမ်သာများတွင်လူ ၆,၃၃၃ ဦးကိုစောင့်ကြည့်လေ့လာကြရာ အိမ်သာတက်အပြီးတွင် အမျိုးသား ၆၁ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၇၄ ရာခိုင်နှုန်းသာ သူတို့၏လက်များကို ဆေးကြောကြကြောင်း လေ့လာသူများကတွေ့ရှိကြသည်။ ညစ်ပတ်သောလက်များသည် ရောဂါအလွယ်တကူပြန့်ပွားစေနိုင်ပြီး လက်မဆေးဘဲအစာကိုင်တွယ်သူတစ်ဦးသည် လူဒါဇင်ပေါင်းများစွာကို ဖျားနာစေနိုင်သည်။ ပြဿနာပေါ်စေသည့် အကြောင်းတစ်ခုသည် မိဘများ၏ညွှန်ကြားမှုမရှိခြင်းဖြစ်နိုင်သည်။ “မျက်မှောက်ခေတ် မိခင်အများသည် ၎င်းတို့၏ကလေးများကို လက်ဆေးဖို့မပြောကြပါ” ဟု ဒေါက်တာဂေးလ်ကက်စဲလ်ကသတိပြုမိခဲ့သည်။ “ကျောင်းများတွင် ယင်းကိစ္စကို ကလေးများအား မပြောပြကြပါ။ ထိုသို့ပြုရန်အရေးကြီးကြောင်း သတိပေးဖို့လိုနေသည်။”

ရယ်မောခြင်းဖြင့် အသက်ပိုရှည်နိုင်မည်လော

ရယ်မောခြင်းသည် ကောင်းသောဆေးဖြစ်ကြောင်း ကြာမြင့်စွာကတည်းက ယုံကြည်ခဲ့ကြသည်။ လွန်ခဲ့သောဆယ်နှစ်ခန့်က နယူးယောက်တက္ကသိုလ်၌ ယင်းအကြောင်းရင်းကို သိပ္ပံပညာရှင်များလေ့လာခဲ့ကြသည်။ ရယ်မောခြင်းသည် လူတို့၏ရောဂါပြီးစနစ်ကို ပိုအစွမ်းရှိစေသည့် အားပြင်းသောဟော်မုန်းဓာတ်ကို ထုတ်လွှတ်ပေးရန်ကူညီပေးကြောင်း သူတို့၏လေ့လာတွေ့ရှိမှုကို ဖော်ပြခဲ့ကြသည်။ ဗိုင်းရပ်စ်များကိုဖယ်ရှားပြီး ဘက်တီးရီးယားရောဂါပိုးများနှင့်ကင်ဆာဖြစ်ရန် အလားအလာရှိစေသောဆဲလ်များကို ဖျက်ဆီးပစ်ရန်လိုအပ်သည့် ဆိုက်တိုကိုင်းစ် (cytokines) ခေါ်ဟော်မုန်းတစ်မျိုးသည် သွေးဖြူဥများ၏လုပ်ဆောင်မှုကို တိုးမြှင့်စေကြောင်းတွေ့ရှိခဲ့ကြသည်။ ယင်းသည် “ရယ်မောခြင်းဖြင့် တိုးများလာစေသည့် အရာများထဲမှတစ်ခု” မျှသာဖြစ်သည်ဟု သည်ဆန်းဒေးတိုင်းမ်စ်ကဆိုသည်။ ရယ်မောခြင်းနှင့် ဆိုက်တိုကိုင်းစ်ဆက်နွှယ်မှုကို သုတေသီအချို့က ပျော်ရွှင်စေသောဟော်မုန်းများဟု ခေါ်ခဲ့ကြသည်။ ထို့ကြောင့် ရယ်မောခြင်းသည် “အသက်ရှည်နည်းတစ်နည်း” ဖြစ်သည်ဟု ၎င်းစာစောင်ကဖော်ပြသည်။

“အန္တရာယ်ကာလ” အတွင်းရှိ. . . ချာ့ချ်

ခရစ်ယာန်ဘီးရှော့ခုနစ်ဦးပါဝင်သော အုပ်စုတစ်စုထုတ်ပြန်သည့်စာတမ်းတစ်ခုတွင် . . . ​ချာ့ချ်သည် “အန္တရာယ်ကာလ” အတွင်းရောက်နေသည်ဟု ဖော်ပြထားကြောင်း တက်ဆက်စ်၊ အာလင်တန် စတား-တယ်လီဂရမ်သတင်းစာကဖော်ပြသည်။ စာတမ်းတွင် “ကြီးမားသောကွဲပြားနေမှုများကို ဖြေရှင်းကြဖို့ ချာ့ချ်ကမေတ္တာရပ်ခံထားသည်” ဟုထိုသတင်းစာကဆိုသည်။ ဘုန်းကြီး [ခရစ်ယာန်] ဘုန်းကြီးများအိမ်ထောင်မပြုရခြင်းနှင့် အမျိုးသမီးများအား ခန့်အပ်ခြင်းကိုတားမြစ်ခြင်းကဲ့သို့သော ချာ့ချ်၏သွန်သင်ချက်များကို အမေရိကန်ရှိကက်သလစ်ဘာသာဝင် သန်း ၆၀ မှအများအပြားက သဘောမတူကြောင်း ကောက်ခံရရှိသည့်စာရင်းကဖော်ပြသည်။ ထိုစာတမ်းကိုထုတ်ဝေသည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ကွယ်လွန်သောကာဒီနယ်ဂျိုးဇက်ဘာနာဒင်က ချာ့ချ်မစ်ရှင်ကိုနှောင့်ယှက်သော “ချာ့ချ်အတွင်းစိတ်ဝမ်းကွဲပြားမှုတိုးများနေခြင်းနှင့် တစ်ခါတစ်ရံရန်လိုသောသဘောရှိခြင်းကို” စိုးရိမ်ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ “ယင်းကြောင့် ချာ့ချ်၏စည်းလုံးမှု ခြိမ်းခြောက်ခံနေရသည်” ဟုသူကပြောခဲ့သည်။ ​“ချာ့ချ်၏သစ္စာရှိပုဂ္ဂိုလ်များသည် လက်ပန်းကျနေကြကာ . . . အဖွဲ့အစည်းနှင့် ယဉ်ကျေးမှုတို့ကို ကျွန်ုပ်တို့၏သက်သေခံခြင်းသည် အရာမရောက်တော့ချေ။”

နောက်ကြောင်းကို ကြည့်ခြင်းဖြင့်တိုးတက်

ထရန်စစ္စတာများမပေါ်မီက လေဟာပြွန်များရှိခဲ့သည်။ ယခုသုတေသနပြုသူများသည် နောက်ကြောင်းကို ကြည့်နေကြသည်။ “ကျွန်ုပ်တို့သည် ၁၉၄၀ ပြည့်လွန်နှစ်များကလေဟာပြွန်များကို ပြန်လည်သုံးသပ်ကြည့်နေကြသည်” ဟုမြောက်ကယ်ရိုလိုင်နားတက္ကသိုလ်မှ ရူပဗေဒပညာရှင်ဂရစ်ဖ်အဲလ်.ဘိလ်ဘရိုကဆိုသည်။ “သို့ရာတွင် ယခုမူ ရေဒါနှင့် ဆယ်လူလာဖုန်းများတွင် အသုံးပြုဖို့အတွက် ကြိမ်နှုန်းအလွန်မြင့်သောအနေအထားတွင် ၎င်းတို့၏စွမ်းဆောင်မှုကို ခန့်မှန်းရန် ပစ္စည်းအသစ်များနှင့် ကွန်ပျူတာဒီဇိုင်းကိရိယာများကို အသုံးပြုနေကြသည်။” ပြွန်အဟောင်းနှင့် အသစ်တို့၏ခြားနားမှုတစ်ခုမှာ အရွယ်ပမာဏဖြစ်သည်။ ပြွန်သစ်များသည် အလွန်သေးငယ်ပြီး မီးခြစ်ထိပ်ဖူးခန့်အရွယ်အစားရှိသည်။ ၎င်းတို့ကို “စိန်တွင် လျှပ်ခေါင်းများထည့်သွင်းဖုံးအုပ်ထားပြီး အတွင်းပိုင်းမှလေကိုဖယ်ရှားခြင်း” ဖြင့်ပြုလုပ်ထားသည်ဟု သိပ္ပံသတင်းမဂ္ဂဇင်းကဆိုသည်။ “စိန်လေဟာပြွန်သစ်များနှင့် လွန်ခဲ့သောနှစ်ပေါင်း ၅၀ မှမှန်မီးလုံးကြီးများ၏ ကြီးမားသောကွာခြားချက်သည် အပူချိန်ဖြစ်သည်။ ပြွန်ဟောင်းများသည် အီလက်ထရွန်စီးကြောင်းများကိုထုတ်လွှတ်ဖို့ နီရဲပူပြင်းနေရသည်။ ပြွန်သစ်များမူကား အခန်း၏အပူချိန်တွင်ပင် လျှပ်စစ်ဓာတ်ကို စီးဆင်းစေသည်။” တစ်ပိုင်းလျှပ်ကူးများနှင့် ကွန်ပျူတာချစ်ပ် (chips) များထက်ပင် ပို၍ခံသည့်အပြင် မီးလုံးအသစ်များသည် မြင့်မားသောအပူချိန်၊ ဗို့အားနှင့် ဖြာထွက်မှုနှုန်းတို့တွင်လည်း ၎င်းတို့ထက်ပို၍လုပ်ဆောင်နိုင်ပါသည်။

အသက်ကယ် လင်းပိုင်များ

လင်းပိုင်အုပ်စုတစ်စုသည် ပင်လယ်နီတွင် ရေကူးနေသူတစ်ဦးကို ကယ်ဆယ်ခဲ့ပေမည်ဟု ကူးသန်းရောင်းဝယ်ရေးဂျာနယ်တွင်ဖော်ပြထားသည်။ ဗြိတိန်နိုင်ငံမှ မာ့ခ်ရစ်ချပ်ဆန်သည် အီဂျစ်ပင်လယ်ကမ်းခြေတွင် ရေကူးနေစဉ်ငမန်းတစ်ကောင်က ရန်မူခဲ့သည်။ သူ၏နံဘေးနှင့် လက်မောင်းတွင်အကိုက်ခံရပြီးနောက် လင်းပိုင်သုံးကောင်၏ ကာကွယ်ဝန်းရံမှုကိုခံခဲ့ရကာ “ငါးမန်းကို ခြောက်လှန့်ရန် သူတို့၏အတောင်များနှင့် အမြီးများကို ရိုက်ခတ်ကြလေသည်။” ထို့အပြင် လင်းပိုင်များသည် “မစ္စတာရစ်ချပ်ဆင်ထံ သူ၏မိတ်ဆွေများရောက်လာသည့်အထိ ဆက်လက်ပြီးဝန်းရံထားကြသည်။” ဂျာနယ်အရ “လင်းပိုင်မိခင်များက ၎င်းတို့၏သားပေါက်များကို ကာကွယ်သောအခါ ထိုသို့ပြုမူလေ့ရှိသည်။”

“အမြန်ရအစာ” ပွဲတော်မင်္ဂလာ

အမေရိကန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဂျင်းမ်ဂျွန်ဆန်သည် ချာ့ချ်ပွဲတော်မင်္ဂလာ အခမ်းအနားများတွင်အသုံးပြုရန် စွန့်ပစ်နိုင်သောပစ္စည်းများကို အရန်သင့်ထုပ်ထားသည်ဟု ယနေ့ခရစ်ယာန်ဘာသာတရားမဂ္ဂဇင်းကဖော်ပြပါသည်။ ကော်ဖီတစ်ခွက်စာ အရွယ်အစားရှိခရမ်းရောင်ပလတ်စတစ်ခွက်ငယ်များတွင် မလိုင်တစ်ခွက်စာ၊ စပျစ်ဖျော်ရည် သို့မဟုတ် ဝိုင်တစ်ငုံစာထည့်ထားသည်။ ၎င်းတို့အထဲတွင် ဖုံးပိတ်ထားသည့်တဆေးမပါသောဝေဖာမုန့်ကိုလည်း ထည့်ထားသည်။ ဂျွန်ဆင်၏အဆိုအရ ယင်းပစ္စည်း၏အကျိုးကျေးဇူးမှာ ပြင်ဆင်ရာတွင် လျင်မြန်ခြင်းနှင့် ဆေးကြောရသက်သာခြင်း၊ ချွေတာခြင်းနှင့် သန့်ရှင်းခြင်းတို့ဖြစ်သည်။ ပွဲတော်မင်္ဂလာတွင် “လက်ကားဈေး” တည်ခြင်းကို တချို့ကမကျေမနပ်ဖြစ်နေကြသော်လည်း ချာ့ချ် ၄,၀၀၀ ကျော်သည် ယင်းပစ္စည်းအသစ်ကို အသုံးပြုလျက်ရှိသည်။ ဂျွန်ဆင်ကဤသို့ဆိုသည်– “ယေရှုသည် လူအုပ်ကြီးကို ကျွေးမွေးသောအခါ ပထမဆုံးအမြန်ရအစာကိုစီစဉ်ပေးတော်မူခဲ့သည်။”

နေ့စဉ်သွားလာနေကြသော ခိုများ

လန်ဒန်မြို့တွင် ခိုများသည် နေ့စဉ်အလုပ်သွားအိမ်ပြန်ကြသူများနှင့်အတူ မြေအောက်ရထားများကိုစီး၍ သွားလာနေကြသည်ကို သတိပြုမိခဲ့ကြသည်မှာ ကြာမြင့်ပြီဟု နယူးဆိုင်းတစ်မဂ္ဂဇင်းကဆိုသည်။ ထို့အပြင် ၎င်းငှက်များသည် အဘယ်ဘူတာတွင် ဆင်းရမည်ကိုပင် သိနေကြသည်ဟု လူတချို့ကဆိုကြသည်။ ယင်းမဂ္ဂဇင်း၏ဖိတ်ခေါ်မှုအရ စာဖတ်သူအများအပြားက ထိုခရီးသည်ခိုများနှင့်ပတ်သက်၍ မိမိတို့၏ကိုယ်တိုင်တွေ့ကြုံမှုများကို စာရေးပြောပြခဲ့ကြသည်။ သာဓကအနေဖြင့် လူတစ်ဦးကဤသို့ရေးသားခဲ့သည်– “၁၉၇၄-၇၆ ကာလအတွင်းတွင် နီကြင်ကြင်အရောင်ရှိသော ခိုငှက်တစ်ကောင်သည် ပက်ဒင်တန်မြေအောက်ဘူတာတွင်တက်စီးပြီး နောက်ဘူတာတွင်ဆင်းသွားသည်ကို အမြဲကြုံတွေ့ခဲ့ရပါသည်။” အခြားသူတစ်ဦးမှာမူ ၁၉၆၅ ခုနှစ်ကတည်းက ထပ်တူအဖြစ်မျိုးကို သတိပြုမိခဲ့သည်။ ခိုများသည် လန်ဒန်ပို့ဆောင်ရေးစနစ်တွင် ယာဉ်စီးခမပေးပဲစီးနေခဲ့ကြသည်မှာ အနှစ် ၃၀ ခန့်ပင်ရှိနေပုံပေါက်သည်!

ဩစတြေးလျနိုင်ငံမှတရားဝင် သေစေမှုဥပဒေ

ဆရာဝန်အကူအညီဖြင့် သတ်သေခွင့်ရှိသော နိုင်ငံတော်ဥပဒေအသစ်တစ်ရပ်အတိုင်း ဩစတြေးလျနိုင်ငံမြောက်ပိုင်းဒေသမှ လူတစ်ဦးသည် ပထမဆုံးသတ်သေသူဖြစ်သည်ဟု သည်နယူးယောက်တိုင်းမ်စ်ကဆိုသည်။ ထိုသူသည် အသက် ၆၀ ကျော်ရှိပြီး သေမည်ဟုသတ်မှတ်ခံရသောပရိုစတိတ် (prostate) ကင်ဆာရောဂါသည်ဖြစ်သည်။ “ယင်းသည် ကိုယ့်အသက်ကို ပထမဆုံးအကြိမ်တရားဝင်အဆုံးစီရင်ခြင်းဖြစ်သည်” ဟုထိုသူအား သေစေလောက်သောဗာဗီကျူရိတ်ဆေးပမာဏကို တိုက်ကျွေးခဲ့သောဆရာဝန် ဒေါက်တာဖိလစ်ပ်နီရှ်ကီကဆိုသည်။ “ထိုသူသည် အိပ်ရာဘေးရှိ လပ်တောပ်ကွန်ပျူတာခလုတ်တစ်ခုကိုနှိပ်ခြင်းဖြင့် မိမိသေဖို့အစီအစဉ်ကို ကိုယ်တိုင်စတင်ပေးစေသည့် စက်တစ်ခုနှင့်ချိတ်ဆက်ထားခံရသည်” ဟုနီရှ်ကီကရှင်းပြသည်။ သို့ရာတွင် ဤဥပဒေသစ်ကို အကြီးအကျယ်အတိုက်အခံပြုနေကြသည်။ အမျိုးသားလွှတ်တော်က ဥပဒေကိုဖျက်သိမ်းဖို့ သုံးသပ်နေပြီး ထိုဥပဒေကို ဆရာဝန်နှင့်​ချာ့ချ်အချို့က တရားရုံးတွင်ကန့်ကွက်ထားသည်။

ချာ့ချ်များကို ပြောင်းလဲခြင်း

ဒတ်ချ်နိုင်ငံ ဟက်အိုဗာရစဲလ်ဒက်ဘလဒ် (Het Overijssels Dagblad) သတင်းစာအရ နယ်သာလန်မှချာ့ချ်အဆောက်အဦ ၃၀၀ ခန့်သည် စူပါမားကက်များ၊ အိမ်ရာများ၊ ပြတိုက်များနှင့် ရုံးအဆောက်အဦများအဖြစ်သို့ ပြုပြင်ပြောင်းလဲခံခဲ့ရပြီ။ လွန်ခဲ့သော ၁၅ နှစ်အတွင်း နယ်သာလန်တွင် ချာ့ချ်တက်သူအရေအတွက်သည် ၅၀ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ရာ ချာ့ချ်အများသည် အကုန်အကျများသော ပြုပြင်ထိန်းသိမ်းခြင်းတာဝန်ကို ပခုံးပြောင်းလက်ခံလိုသူတစ်ဦးကိုတွေ့ရှိ၍ ဝမ်းသာနေကြသည်။ ချာ့ချ်အဆောက်အဦအချို့ကို စတိသဘောမျိုးဖြင့် တစ်ဂီလ်ဒါ (အမေရိကန် ၆၀ ဆင့်ခန့်) ဖြင့်ရောင်းချခဲ့ကြသည်! သို့ရာတွင် ကုန်သွယ်ရေးအဆောက်အဦအဖြစ် ​ချာ့ချ်ဟောင်းတစ်ခုကိုပုံစံပြောင်းလိုက်ခြင်းသည် အထူးသဖြင့် အသက်ကြီးသူများအတွက် စိတ်ပိုင်းဆိုင်ရာဝေဒနာဖြစ်စေပါသည်။ အာဏာပိုင်တစ်ဦးက ဤသို့မှတ်ချက်ချခဲ့သည်– “သူတို့သည် ထိုနေရာတွင် နှစ်ပေါင်းများစွာ ချာ့ချ်တက်ခဲ့ကြသည်။ ထိုနေရာတွင် နှစ်ခြင်းခံပြီး လက်ထပ်ခဲ့ကြသည်။ ယခုမူ ထိုနေရာတွင် လူအများသည် ပုံမှန်လုပ်ငန်းကိုင်ငန်းများကို ပြုလုပ်ကြရုံမက . . . ကျိန်ဆဲခြင်းကိုပင် တွေ့မြင်နေကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ