ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၂/၈ စာ. ၂၃
  • သင့်အကြားအာရုံကို ကာကွယ်လော့!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်အကြားအာရုံကို ကာကွယ်လော့!
  • နိုးလော့!—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်အကြားအာရုံကို ကာကွယ်လော့!
    နိုးလော့!—၂၀၀၃
  • ဆူညံသံ ယင်းနှင့်ပတ်သက်၍ သင်ပြုနိုင်ပုံ
    နိုးလော့!—၁၉၉၈
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၀၅
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၀၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၈
န၉၈ ၂/၈ စာ. ၂၃

သင့်အကြားအာရုံကို ကာကွယ်လော့!

မကြာသေးမီက ပြင်သစ်နိုင်ငံရှိ လူငယ် ၄၀၀ ကိုစစ်ဆေးမေးမြန်းကြည့်ရာ ၅ ယောက်တွင် ၁ ယောက်သည် အကြားအာရုံထိခိုက်ပျက်စီးနေကြောင်းသိရှိရသည်။ သည့်အရင်ဆယ်စုနှစ်က ထပ်တူလေ့လာမှုတစ်ခုပြုခဲ့ရာ လူငယ် ၁၀ ယောက်တွင် ၁ ယောက်သာ ထိုသို့သောထိခိုက်မှုခံရကြောင်းဖော်ပြပါသည်။ လူငယ်များ၏အကြားအာရုံထိခိုက်ပျက်စီးမှုသည် သိသိသာသာတိုးပွားလာခြင်းအပေါ် တုံ့ပြန်လုပ်ဆောင်သောအားဖြင့် ဤနှစ်အစောပိုင်းက ပြင်သစ်အမျိုးသားအစည်းအဝေးတွင် ကိုယ်ပိုင်စတီရီယိုမှအသံပမာဏကို ၁၀၀ ဒက်ဆီဗယ်အထိကန့်သတ်ရန် မဲပေးဆုံးဖြတ်ခဲ့ကြသည်။

အကြားအာရုံထိခိုက်ပျက်စီးမှု၏ အဓိကတရားခံမှာ ကိုယ်ပိုင်စတီရီယိုနားကြပ်များမှ ကျယ်လောင်လွန်းသော အသံပမာဏကြောင့်ဖြစ်သည်ဟု အပြစ်တင်ကြသည်။ ၁၀၀ ဒက်ဆီဗယ်ကျော်သော အသံပမာဏသည် နာရီအနီးငယ်ကြာ နားထောင်ပြီးနောက် ရာသက်ပန်ထိခိုက်မှု ဖြစ်စေနိုင်သည်ဟု နားခွဲစိတ်ဆရာဝန် ယာန်းပီးရားကေ့ဗ်ကဆိုသည်။ အသံပမာဏ ၁၁၅ ဒက်ဆီဗယ်ကျော်လျှင်မိနစ်ပိုင်းအတွင်းပင် ထိုသို့ထိခိုက်မှုဖြစ်စေသည်။ ပြင်သစ်အီလက်ထရွန်းနစ်ပစ္စည်းများကို အဓိက လက်လီရောင်းဝယ်သော အက်ဖ်အဲန်စီက ကိုယ်ပိုင်စတီရီယိုအများစုသည် ၁၀၀ ဒက်ဆီဗယ်ထက်ပို၍ အသံထုတ်လွှင့်ပေးသည်ဟုဆိုသည်။ အချို့သော ကိုယ်ပိုင်စတီရီယိုများသည် ၁၂၆ ဒက်ဆီဗယ်အထိထုတ်လွှင့်နိုင်ပြီး ယင်းသည် ၁၀၀ ဒက်ဆီဗယ်ထက် အဆ ၄၀၀ ပို၍စွမ်းအားရှိသည်!

ပြင်သစ်နားအထူးကုဆရာဝန် ခရစ်တီးယန်းမေယာ-ဘစ်ရှ် အပြောအရ ရော့ခ်ဂီတပွဲများသည် ကိုယ်ပိုင်စတီရီယိုများထက်ပင် လူငယ်များကိုထိခိုက်မှုပို၍ဖြစ်စေနေပေမည်။ မှန်ပါသည်၊ ကျန်းမာသန်စွမ်းသော ၁၈ နှစ်လူငယ်များနှင့် နှိုင်းယှဉ်လိုက်သောအခါ ရော့ခ်ဂီတပွဲများကိုမှန်မှန်တက်ရောက်သူများသည် အကြားအာရုံထိခိုက်ပျက်စီးမှုသိသိသာသာရှိကြကြောင်း တွေ့ မြင်ခဲ့ရသည်။ ယင်းကြောင့် “ကျွန်ုပ်တို့သည် နားလေးသည့် လူမျိုးဆက်ကို မွေးထုတ်နေသည်” ဟုပြင်သစ်အမျိုးသားအစည်းအဝေးအဖွဲ့၏ ကိုယ်စားလှယ် ယားန်ဖရန်ရှဝါမာတာက သတိပေးခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပါ။

ထို့ကြောင့် သင့်အကြားအာရုံကိုကာကွယ်ရန် အသံပမာဏကို ဂရုစိုက်ပါလေ!

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ