Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w25 March laim. 2-7
  • Hun Zekai Sak Loin Tui Kiphum In

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Hun Zekai Sak Loin Tui Kiphum In
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Thuluneute
  • A Thu Kibang
  • SAMARIA MITE TUI NA KIPHUM UH
  • TARSAS KHUAMI SAUL TUI NA KIPHUM
  • KORNELIAS TUI NA KIPHUM
  • KORIN KHUAMITE TUI NA KIPHUM UH
  • UPNA NEI LENG MUALTE KIKHINKHIA ZO
  • Tui Kiphum dingin Ngimna Nei-in
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
  • Tuiphumna ii A Khiatna Theitel In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
  • Tui Kiphum Khit Ciangin Zong Jesuh’ Nung ‘Zui Den’ In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Jehovah Kiang Ki-ap Dingin A Kigingsa-in Na Omta Hiam?
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
w25 March laim. 2-7

Sin Ding Thu 9

LA 51 ဘုရားဆီ တို့​ဆက်ကပ်ထား

Hun Zekai Sak Loin Tui Kiphum In

‘Tu-in bang ngak lai ding na hi hiam? Tho inla, … kituiphum in.’—SAWL. 22:16.

အာရုံစိုက်​ရာ

ရှမာရိလူတွေ၊ တာရှု​မြို့သား ရှောလု၊ ကော်နေလိ၊ ကောရိန္သု​မြို့သားတွေရဲ့ စံနမူနာ​က နှစ်ခြင်းခံဖို့ သင့်​အတွက် တွန်းအား​ဖြစ်စေနိုင်တယ်။

1. Tui kiphum ding kisapna a hang pawlkhat in bang a hiam?

အသက် အပါအဝင် ကောင်းမြတ်တဲ့ ဆု​လက်ဆောင်​မှန်သမျှ ပေးထားတဲ့ ယေဟောဝါ​ဘုရားကို သင် ချစ်​သလား။ ချစ်ကြောင်း ပြ​ချင်​သလား။ ချစ်ကြောင်း ပြနိုင်တဲ့ အကောင်းဆုံး​နည်းကတော့ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံတာ​ပါပဲ။ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံ​လိုက်​တဲ့​အခါ ယေဟောဝါရဲ့ မိသားစုဝင် ဖြစ်လာမယ်။ သင့်ကို ပိုင်​သွားပြီ ဖြစ်လို့ ဖခင်​တစ်ယောက်​လို၊ မိတ်ဆွေ​တစ်ယောက်​လို ယေဟောဝါ လမ်းပြ​ပေး​မယ်၊ ဂရုစိုက်​စောင့်ရှောက်​ပေး​မယ်။ (ဆာ. ၇၃:၂၄။ ဟေရှာ. ၄၃:၁၊ ၂) ဒါ့အပြင် ဆက်ကပ်အပ်နှံ နှစ်ခြင်းခံတာက ထာဝရ​အသက် မျှော်လင့်ချက် ရှိလာ​စေ​တယ်။—၁ ပေ. ၃:၂၁။

2. Hih sin ding thu-ah bang thu kikum ding i hiam?

၂ အတားအဆီး​တစ်ခုခု​ကြောင့် သင် နှစ်ခြင်း​မခံဘဲ နေ​နေ​သလား။ အတားအဆီး​တွေ ရှိတာ သင် တစ်ယောက်​တည်း မဟုတ်ပါဘူး။ သန်းနဲ့​ချီတဲ့ ညီအစ်ကို/မတွေဟာ နှစ်ခြင်း​ခံနိုင်​ဖို့ အတွေးအခေါ်၊ အကျင့်​အကြံ ပြောင်းလဲ​ခဲ့ကြရတယ်။ ဒါပေမဲ့ အခု​ဆိုရင် ယေဟောဝါကို သူတို့ ပျော်ပျော်​ရွှင်ရွှင်၊ ထက်ထက်​သန်သန် ဝတ်ပြု​နေကြပြီ။ ပထမရာစုက လူ​တချို့​ဆိုရင်​လည်း အတားအဆီး​တွေ ရှိပေမဲ့ နှစ်ခြင်းခံ​ခဲ့ကြတယ်။ သူတို့မှာ ဘာ​အတားအဆီး​တွေ ရှိသလဲ၊ ကျွန်တော်တို့ ဘာ​သင်ယူ​နိုင်​သလဲ​ဆိုတာ လေ့လာ​ကြရအောင်။

SAMARIA MITE TUI NA KIPHUM UH

3. Tui kiphum theih nadingin Samaria mi pawl khat in bang teng a sep ding uh kisam a hiam?

၃ ရှမာရိ​ဆိုတာ ယေရှု​ခေတ်က ဘာသာရေး​ဂိုဏ်း​တစ်ဂိုဏ်း ဖြစ်တယ်။ ယုဒပြည်​မြောက်ပိုင်း​မှာ ရှိတဲ့ ရှေခင်​မြို့နဲ့ ရှမာရိ​နယ်​တစ်ဝိုက်​မှာ ရှမာရိ​ဂိုဏ်းဝင်​များစွာ နေထိုင်ကြတယ်။ ကမ္ဘာဦး​ကျမ်းကနေ တရားဟောရာ​ကျမ်း​အထိ ဦးဆုံး​ကျမ်း​ငါးစောင်​ပဲ ဘုရား​ဆီက လာတာ​လို့ လက်ခံကြတယ်။ သူတို့ လက်ခံတဲ့ ကျမ်းထဲမှာ ယောရှု​ကျမ်း​လည်း ပါကောင်း​ပါနိုင်တယ်။ ဒါကြောင့် နှစ်ခြင်းခံနိုင်​ဖို့​ဆိုရင် ကျမ်းစောင်​အားလုံးကို လက်ခံ​သင်ယူဖို့ လိုတယ်။ ရှမာရိလူတွေ​ဟာ တရားဟောရာ ၁၈:၁၈၊ ၁၉ မှာ ပါတဲ့ ဘုရား​ကတိတော်​အရ မေရှိယ ပေါ်ထွန်း​လာဖို့ မျှော်လင့်​ကြတယ်။ (ယော. ၄:၂၅) နှစ်ခြင်းခံနိုင်​ဖို့​ဆိုရင် သူတို့ မျှော်လင့်​နေတဲ့ မေရှိယဟာ ယေရှု ဖြစ်တယ်​ဆိုတာ လက်ခံဖို့ လိုတယ်။ တကယ်လည်း “ရှမာရိ​လူ အတော်များများ” ယေရှုကို လက်ခံ​ယုံကြည်​လာကြတယ်။ (ယော. ၄:၃၉) ပထမ​ရာစု ခရစ်ယာန် အတော်များများ ဂျူးတွေ ဖြစ်လို့ ဂျူးတွေ​နဲ့​ပတ်သက်ပြီး နှစ်ရှည်​လများ ကိန်းအောင်း​နေတဲ့ လူမျိုးရေး ခွဲခြား​စိတ်ကို ရှမာရိ​လူတချို့ ဖျောက်ဖို့ လိုတယ်။—လု. ၉:၅၂-၅၄။

4. Sawltak 8:5, 6, 14 -a a gen mah bangin, Filip’ thugen pen Samaria mi pawl khat in koi bangin na thukkik a hiam?

၄ ရှမာရိလူတွေ ဘာကြောင့် နှစ်ခြင်းခံနိုင်​ခဲ့​သလဲ။ သတင်းကောင်း ဟောပြောသူ ဖိလိပ္ပုဟာ ဂျူး​လူမျိုး ဖြစ်တယ်။ ဒါပေမဲ့ ရှမာရိ​လူ​တချို့​ဟာ “ခရစ်တော်​အကြောင်း” ဖိလိပ္ပု “ဟော​သမျှ အာရုံစိုက်​နားထောင်ကြတယ်။” ‘ဘုရားသခင်ရဲ့ တရားစကားကို လက်ခံကြတယ်။’ (တမန်တော် ၈:၅၊ ၆၊ ၁၄ ကို ဖတ်ပါ။) ဘုရားသခင် မျက်နှာ​မလိုက်​ကြောင်း ကျမ်းစာမှာ ဖော်ပြထားတာ မှတ်မိ​ကြ​လို့ ဖြစ်မယ်။ (တရား. ၁၀:၁၇-၁၉) ဒါ့အပြင် လူနာတွေ​ကို ကုသ​တာ၊ နတ်ဆိုးတွေကို နှင်ထုတ်​တာ​လို​မျိုး အံ့ဖွယ်အမှုတွေ ဖိလိပ္ပု လုပ်ပြတာ မြင်တော့ ဘုရားသခင် စေလွှတ်​လိုက်​တာ​ပဲ ဖြစ်ရမယ်​ဆိုပြီး အသိ​အမှတ်​ပြုကြတယ်။—တ. ၈:၇။

5. Samaria mite kiang pan bang sin thei i hiam?

၅ ရှမာရိလူတွေ​ဟာ လူမျိုးရေး ခွဲခြား​စိတ်ကြောင့်၊ ကျမ်းစာ​အသိပညာ အကန့်အသတ်​ကြောင့် သတင်းကောင်းကို လက်မခံဘဲ နေ​ချင်ရင် နေ​လို့​ရတယ်။ ဒါပေမဲ့ ဖိလိပ္ပု ဟောပြော​သွန်သင်​တာ​တွေ​ဟာ အမှန်တရား​ပဲ​ဆိုတာ ယုံ​သွားတာနဲ့ အချိန်​မဆွဲဘဲ နှစ်ခြင်းခံ​ကြတယ်။ “ဖိလိပ္ပု​က ဘုရားသခင့်​နိုင်ငံတော် သတင်းကောင်း၊ ယေရှု​ခရစ်ရဲ့ နာမည်​နဲ့​ဆိုင်တဲ့ သတင်းကောင်းကို ဟောပြောတဲ့အခါ လူတွေ ယုံကြည်​လာပြီး အမျိုးသားတွေ​ရော အမျိုးသမီးတွေ​ပါ နှစ်ခြင်းခံ​ကြတော့တယ်” လို့ ကျမ်းစာ ဆိုတယ်။ (တ. ၈:၁၂) သင်​ကော ကျမ်းစာဟာ အမှန်တရား​ဆိုတာ ယုံသလား။ ယေဟောဝါ​သက်သေတွေဟာ လူလူချင်း ခွဲခြား​မဆက်ဆံ​ကြ​ဘူး၊ ခရစ်ယာန်စစ်တွေ​ရဲ့ အမှတ်အသား ဖြစ်တဲ့ မေတ္တာ တင်ပြ​နေကြတယ်​ဆိုတာ ယုံသလား။ (ယော. ၁၃:၃၅) ယုံတယ်​ဆိုရင် အချိန်ဆွဲ​မနေ​ဘဲ နှစ်ခြင်းခံ​လိုက်ပါ။ ယေဟောဝါ ကောင်းချီး​ပေးမယ်​ဆိုတာ စိတ်ချပါ။

6. Unaupa Ruben ii tuakkhakna pan bang sin thei i hiam?

၆ ဂျာမနီ​နိုင်ငံက ညီအစ်ကို ရူဘန်​ဟာ သက်သေခံ​မိသားစုမှာ ကြီးပြင်းလာတယ်။ ဒါပေမဲ့ ဘုရားသခင် တကယ် ရှိ​မရှိ ငယ်ငယ်တုန်းက စိတ်ထဲ မသေ​မချာ​ဖြစ်ခဲ့တယ်။ သေချာ​သွား​အောင် ဘာလုပ်သလဲ။ လေ့လာမှု ပိုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ “သံသယ ရှင်း​သွား​အောင် ကိုယ်ပိုင်​လေ့လာမှု လုပ်တယ်။ ဆင့်ကဲ​အယူဝါဒ​နဲ့​ပတ်သက်ပြီး ထပ်ခါ​ထပ်ခါ လေ့လာတယ်” လို့ ပြောတယ်။ သင့်​အား ဂရုစိုက်​စောင့်ရှောက်​သည့် ဖန်ဆင်းရှင်​တစ်ပါး ရှိ၏လော စာအုပ်က ရူဘန်​ကို အများကြီး ကူညီပေးတယ်။ ‘ယေဟောဝါဟာ တကယ် ရှိတဲ့ ဘုရား​ပဲ’ ဆိုပြီး တွေးမိ​စေ​တယ်။ ကမ္ဘာ့​ဌာနချုပ်ကို သွား​လည်ပတ်ချိန်မှာ ကမ္ဘာချီ ညီအစ်ကို​အသင်း​အပင်း​ကို ပို​လေးမြတ်​သွားတယ်။ အံ့သြစရာ​ကောင်း​လောက်အောင် စည်းလုံးတဲ့ အသင်း​အပင်း​ဆိုတာ မြင်လိုက်ရလို့​ပါ။ ဒီလိုနဲ့ ဂျာမနီ ပြန်ရောက်တော့ နှစ်ခြင်းခံတယ်။ အဲဒီအချိန်မှာ ရူဘန် အသက် ၁၇ နှစ်။ သင်လည်း ဘုရား ဒါမှမဟုတ် ကျမ်းစာ​နဲ့​ပတ်သက်ပြီး သံသယ​ဝင်နေရင် အဖွဲ့အစည်း​စာပေတွေမှာ ရှာဖွေ​လေ့လာပါ။ တိကျ​မှန်ကန်တဲ့ အသိပညာ ရှိရင် သံသယတွေ ရှင်း​သွားနိုင်တယ်။ (ဧ. ၄:၁၃၊ ၁၄) ဒါ့အပြင် ကမ္ဘာ​တစ်ဝန်းမှာ ညီအစ်ကို/မတွေ ဘယ်လို ချစ်ခင်​စည်းလုံး​နေတယ်​ဆိုတာ တွေ့ကြုံမှုတွေ ကြားတဲ့အခါ၊ အသင်းတော်မှာ ကိုယ်တိုင် မြင်တွေ့​ခံစား​ရ​တဲ့​အခါ ကမ္ဘာချီ ညီအစ်ကို​အသင်း​အပင်း​ကို ပို​လေးမြတ်​တတ်​လာနိုင်တယ်။

TARSAS KHUAMI SAUL TUI NA KIPHUM

7. Saul in a man lo bang ngaihsutna kikhel ding kisam a hiam?

၇ တာရှု​မြို့သား ရှောလုဟာ ပညတ်​နှံ့စပ်​တယ်။ ဂျူး​အသိုင်းအဝိုင်းမှာ ထွန်းပေါက်​တယ်။ (ဂလ. ၁:၁၃၊ ၁၄။ ဖိ. ၃:၅) အဲဒီခေတ်မှာ ဂျူး​တော်တော်​များများ​က ခရစ်ယာန်တွေကို အယူ​ဖောက်ပြန်သူတွေ​လို့ မြင်ကြတယ်။ ဒါကြောင့် ရှောလုလည်း ခရစ်ယာန်တွေကို အကြီးအကျယ် လိုက်လံ​ညှဉ်းဆဲ​တယ်။ အဲဒီလို​လိုက်လံ​ညှဉ်းဆဲ​တာကို ဘုရား​အလိုတော် ဆောင်တာ​လို့ တလွဲ​တွေးတယ်။ (တ. ၈:၃။ ၉:၁၊ ၂။ ၂၆:၉-၁၁) ရှောလု​သာ ယေရှုကို ယုံကြည်​လက်ခံပြီး ခရစ်ယာန်​အဖြစ် နှစ်ခြင်းခံ​ရင် ညှဉ်းဆဲ​သူ​တွေ​ရဲ့ ပစ်မှတ် ဖြစ်လာမှာ။

8. (a) Ba’hang Saul tui na kiphum thei a hiam? (b) Sawltak 22:12-16 -a a gen mah bangin, Annanias in Saul koi bangin na huh a hiam? (Lim zong en in.)

၈ ရှောလု ဘာကြောင့် နှစ်ခြင်းခံနိုင်​ခဲ့​သလဲ။ ကောင်းကင်​ကနေ ယေရှု စကား​ပြောချိန်မှာ ရုတ်တရက် ထွန်းလင်း​လာတဲ့ အလင်းတန်း​ကြောင့် ရှောလု မျက်စိ​ကွယ်​သွားတယ်။ (တ. ၉:၃-၉) သုံးရက်​လုံး ရှောလု ဘာမှ မစားသောက်ဘူး။ ကြုံတွေ့ခဲ့​တာကို ပြန်တွေး​နေနိုင်တယ်။ ဒီလိုနဲ့ ယေရှုဟာ မေရှိယ ဖြစ်တယ်၊ ယေရှု​နောက်လိုက်တွေ​ဟာ စစ်မှန်တဲ့ ဘာသာ​တရား လိုက်စားသူ​တွေ ဖြစ်တယ်​ဆိုတာ ယုံသွားတယ်။ ယေရှု​နောက်လိုက် သတေဖန်​ကို ကွပ်မျက်​တုန်းက အလိုတူ​အလိုပါ ဖြစ်ခဲ့လို့ ယူကျုံးမရ ဖြစ်နေ​မှာ​ပဲ။ (တ. ၂၂:၂၀) သုံးရက်​စေ့​သွားတော့ ရှောလု​ဆီ အာနနိ​လို့ ခေါ်တဲ့ လူ​တစ်ယောက် ရောက်လာပြီး မျက်စိ​ပြန်မြင်အောင် ကုသ​ပေးတယ်။ အချိန်ဆွဲ​မနေ​ဘဲ နှစ်ခြင်းခံဖို့ အားပေးတယ်။ (တမန်တော် ၂၂:၁၂-၁၆ ကို ဖတ်ပါ။) အာနနိ အားပေးတဲ့​အတိုင်း ရှောလု နှစ်ခြင်းခံလိုက်တယ်။ တကယ့်ကို နှိမ့်ချ​သူပါပဲ။—တ. ၉:၁၇၊ ၁၈။

[စာမျက်နှာ ၄ မှာ ပါတဲ့ ရုပ်ပုံ]နှစ်ခြင်းခံဖို့ ရှောလု ရေ​ထဲ ဆင်းလာ။ လူတချို့ ဝမ်းပန်းတသာ ကြည့်နေ။

နှစ်ခြင်းခံဖို့ အား​ပေးခံရတဲ့အခါ ရှောလု​လို သင် လက်ခံ​မလား (စာပိုဒ် ၈ ကို ကြည့်ပါ)


9. Saul kiang pan bang sin thei i hiam?

၉ ရှောလု​ဆီကနေ သင်ယူ​စရာတွေ ရှိတယ်။ မာန​စိတ်၊ လူ​ကြောက်စိတ်ကြောင့် နှစ်ခြင်း​မခံဘဲ နေ​ချင်ရင် နေ​လို့​ရတယ်။ ဒါပေမဲ့ ခရစ်တော်​အကြောင်း အမှန်​တရားကို လက်ခံ​သွားတာနဲ့ ဘဝ​လမ်းစဉ်ကို နှိမ့်ချမှု​ရှိရှိ ပြောင်းလဲတယ်။ (တ. ၂၆:၁၄၊ ၁၉) နှိပ်စက်​ညှဉ်းပန်း​ခံ​ရနိုင်တယ်​ဆိုတာ သိလျက်နဲ့ ပြောင်းလဲတာ။ (တ. ၉:၁၅၊ ၁၆။ ၂၀:၂၂၊ ၂၃) နှစ်ခြင်းခံပြီးနောက်မှာလည်း စမ်းသပ်မှု​အမျိုးမျိုး ခံရပ်နိုင်ဖို့ ယေဟောဝါကို ဆက်​အားကိုး​တယ်။ (၂ ကော. ၄:၇-၁၀) သင်လည်း ယေဟောဝါ​သက်သေ​အဖြစ် နှစ်ခြင်းခံတဲ့အခါ ဆန့်ကျင်မှု၊ ယုံကြည်ခြင်း​စမ်းသပ်မှု ကြုံရနိုင်တယ်။ ဒါပေမဲ့ ခံရပ်နိုင်ဖို့ ဘုရားသခင်နဲ့ ခရစ်တော် အစွမ်း​ခွန်အား အမြဲ ပေးမယ်​ဆိုတာ စိတ်ချပါ။—ဖိ. ၄:၁၃။

10. Unaunu Anna ii tuakkhakna pan bang sin thei i hiam?

၁၀ အရှေ့​ဥရောပ​က ညီအစ်မ အန်နာ​အကြောင်း စဉ်းစားကြည့်ပါ။ အန်နာ​ရဲ့ မိသားစုဟာ ကာဒစ်ရှ်​လူမျိုး ဖြစ်တယ်။ မိခင်​ဖြစ်သူ နှစ်ခြင်းခံပြီးနောက် ဖခင်ဆီ​က ခွင့်ပြုချက် တောင်းပြီး အသက် ၉ နှစ်မှာ အန်နာ ကျမ်းစာ​စလေ့လာတယ်။ အန်နာ ကျမ်းစာ​လေ့လာတာကို တစ်အိမ်တည်း နေတဲ့ ဆွေမျိုးတွေ ဆန့်ကျင်ကြတယ်။ မိရိုးဖလာ ဘာသာကို စွန့်ပြီး ဘာသာ​ပြောင်း​တာ မိသားစု သိက္ခာ​ကျတယ်လို့ သတ်မှတ်ထား​ကြ​တာ။ ဒါပေမဲ့ အန်နာ အသက် ၁၂ နှစ်မှာ နှစ်ခြင်းခံချင်​လို့ ဖခင်ဆီ ခွင့်တောင်းတယ်။ နှစ်ခြင်းခံချင်​တာ ကိုယ့်​ဆန္ဒ​နဲ့​လား၊ တစ်ယောက်ယောက် တိုက်တွန်း​လို့​လား​ဆိုပြီး ဖခင်ဖြစ်သူ မေးတော့ “ယေဟောဝါကို သမီး ချစ်လို့​ပါ” ဆိုပြီး အန်နာ ဖြေတယ်။ ဒါနဲ့ နှစ်ခြင်းခံဖို့ အန်နာ ခွင့်ပြုချက် ရသွားတယ်။ အန်နာ နှစ်ခြင်းခံပြီးနောက်​မှာ ဆွေမျိုးတွေ ပိုလို့တောင် အမျိုးမျိုး ပြောဆိုကြတယ်၊ ဒုက္ခ​ပေးကြတယ်။ အန်နာ့ရဲ့ အဘိုး​ဆိုရင် “ညည်း ယေဟောဝါ​သက်သေ လုပ်မယ့်​အစား မိန်းမပျက် ဖြစ်သွား​တာ၊ ဆေးလိပ်​သောက်တာ​က​မှ တော်​ဦး​မယ်” လို့​တောင် ပြောတယ်။ အန်နာ ဘယ်လို​လုပ်​ပြီး ခံရပ်နိုင်​သလဲ။ “ခံနိုင်ရည် ရှိဖို့ ယေဟောဝါ ကူညီပေးတယ်။ အဖေနဲ့ အမေ​လည်း ကျွန်မ​ဘက်​က ရပ်တည်ပေး​တယ်” လို့ ပြောတယ်။ ယေဟောဝါ ကူညီပေးတဲ့ အကြိမ်တိုင်း​ကို အန်နာ စာရင်း​လုပ်ထားတယ်။ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ​ဆိုတာ မေ့မသွားအောင် စာရင်းကို ပြန်ပြန်​ကြည့်တယ်။ သင်​ကော ဆန့်ကျင်​ခံရမှာ တွေး​ကြောက်​နေ​သလား။ ယေဟောဝါ ကူညီ​မစမယ်​ဆိုတာ သတိရပါ။—ဟီ. ၁၃:၆။

KORNELIAS TUI NA KIPHUM

11. Kornelias tui a kiphum ding bang hang hun zakaisak kha thei a hiam?

၁၁ ကော်နေလိ​ဆီ​ကနေလည်း သင်ယူစရာတွေ ရှိတယ်။ ကော်နေလိ​ဟာ ရောမ​စစ်သည် ၁၀၀ လောက်ကို အုပ်ချုပ်​ရတဲ့ “တပ်စုမှူး” ဖြစ်တယ်။ (တ. ၁၀:၁၊ အောက်ခြေမှတ်ချက်) ဒါကြောင့် လူမှု​အသိုင်းအဝိုင်း၊ စစ်တပ်​အသိုင်းအဝိုင်းမှာ ဂုဏ်​အရှိန်အဝါ​ကြီးသူ ဖြစ်မှာပဲ။ ဒါ့အပြင် “ဘုရား​တရား​ကြည်ညို​သူ၊” “ပေးကမ်း​စွန့်ကြဲ​တတ်​သူ” ဖြစ်တယ်။ (တ. ၁၀:၂) ကော်နေလိ​ဆီ သတင်းကောင်း သွား​ဟောပြောဖို့ တမန်တော် ပေတရု​ကို ယေဟောဝါ စေလွှတ်တယ်။ ဂုဏ်၊ ရာထူး​ကြောင့် ကော်နေလိ နှစ်ခြင်း​မခံဘဲ အချိန်ဆွဲ​ခဲ့​သလား။

12. Kornelias bang hang tui na kiphum thei a hiam?

၁၂ ကော်နေလိ ဘာကြောင့် နှစ်ခြင်းခံနိုင်​ခဲ့​သလဲ။ ကော်နေလိ​ဟာ ဘုရားသခင်ဆီ အမြဲ တိုးလျှိုး​အသနားခံ​တတ်​သူ ဖြစ်တယ်။ “သူ​ရော အိမ်သားတွေပါ ဘုရားသခင်ကို ကြောက်ရွံ့​ရိုသေ​ကြတယ်။” (တ. ၁၀:၂) ပေတရု သတင်းကောင်း လာ​ဟောပြော​တဲ့​အခါ ကော်နေလိ​တို့ တစ်အိမ်သားလုံး ခရစ်တော်ကို ယုံကြည်​လက်ခံပြီး ချက်ချင်း နှစ်ခြင်းခံ​ကြတယ်။ (တ. ၁၀:၄၇၊ ၄၈) ယေဟောဝါကို မိသားစုလိုက် ကိုးကွယ်​နိုင်ဖို့ ကော်နေလိ ပြောင်းလဲ​စရာ ရှိတာ​တွေ ပြောင်းလဲ​ချင်​မှာ သေချာတယ်။—ယောရှု ၂၄:၁၅။ တ. ၁၀:၂၄၊ ၃၃။

13. Kornelias kiang pan bang sin thei i hiam?

၁၃ ကော်နေလိ​ဟာ ရှောလု​လိုပဲ ဂုဏ်၊ ရာထူး​ကြောင့် နှစ်ခြင်း​မခံဘဲ နေ​ချင်ရင် နေ​လို့​ရပေမဲ့ နှစ်ခြင်းခံတယ်။ သင်​ကော နှစ်ခြင်းခံနိုင်​ဖို့ ဘဝမှာ ကြီးကြီးမားမား ပြောင်းလဲစရာ​တွေ ရှိနေ​သလား။ မိမိကို ဝတ်ပြုဖို့၊ ကျမ်းစာ​မူတွေနဲ့​အညီ နေထိုင်ဖို့ ဆုံးဖြတ်ထားသူ​တွေ​ကို ယေဟောဝါ ကူညီပေးမယ်၊ ကောင်းချီး​ပေးမယ်​ဆိုတာ စိတ်ချပါ။

14. Unaupa Tsuyoshi’ tuahkhakna pan bang sin thei i hiam?

၁၄ ဂျပန်​နိုင်ငံက ညီအစ်ကို ဆုယို့ရှိ​ဟာ နှစ်ခြင်းခံနိုင်​ဖို့ အလုပ်မှာ အပြောင်းအလဲ လုပ်ခဲ့​ရတယ်။ ဆုယို့ရှိ​ဟာ အီကန်နိုဘို​လို့ ခေါ်တဲ့ နာမည်ကြီး ပန်း​အလှဆင်​ကျောင်းမှာ လက်ထောက်​ကျောင်းအုပ် ဖြစ်တယ်။ ဈာပန​အခမ်းအနားတွေ​အတွက် ပန်း​အလှဆင်​ပေး​တဲ့​အခါ ဗုဒ္ဓ​ဘာသာ​ထုံးစံ​အတိုင်း ပါဝင်​လုပ်ဆောင်ပေး​ရတာတွေ ရှိတယ်။ ကျောင်းအုပ် မသွား​နိုင်​တဲ့အခါ ကျောင်းအုပ်​အစား ဆုယို့ရှိ သွားရတယ်။ ဒါပေမဲ့ လူသေတွေ​နဲ့ပတ်သက်တဲ့ အမှန်တရားကို ဆုယို့ရှိ သိလာ​တော့ နှစ်ခြင်းခံနိုင်​ဖို့​ဆိုရင် ဒီလို​ဘာသာရေး​ထုံးစံတွေ​မှာ ပါဝင်လို့ မရမှန်း သဘောပေါက်လာတယ်။ ဒါကြောင့် မပါဝင်တော့​ဖို့ ဆုံးဖြတ်လိုက်တယ်။ (၂ ကော. ၆:၁၅၊ ၁၆) ကျောင်းအုပ်​ကို ကိုယ့်​ဆုံးဖြတ်ချက် ပြောပြတယ်။ ဘာရလဒ် ရသလဲ။ ဘာသာရေး​ထုံးစံတွေ​မှာ ပါ​ဝင်စရာ မလိုဘဲ အလုပ်​ဆက်လုပ်နိုင်ခဲ့တယ်။ ကျမ်းစာ​လေ့လာပြီး တစ်နှစ်လောက်​အကြာမှာ ဆုယို့ရှိ နှစ်ခြင်းခံလိုက်တယ်။ သင်​ကော ယေဟောဝါရဲ့ နှစ်သက်​လက်ခံမှု ရဖို့ အလုပ်မှာ အပြောင်းအလဲတွေ လုပ်ဖို့ လိုနေ​သလား။ သင်နဲ့ သင့်​မိသားစု လိုအပ်တာတွေကို ယေဟောဝါ ဖြည့်ဆည်းပေးမယ်ဆိုတာ စိတ်ချပါ။—ဆာ. ၁၂၇:၂။ မ. ၆:၃၃။

KORIN KHUAMITE TUI NA KIPHUM UH

15. Korin khua mite tui a kiphum ding uh bang hang haksa kha thei a hiam?

၁၅ ရှေးခေတ် ကောရိန္သု​မြို့သားတွေဟာ ပစ္စည်းဥစ္စာ မက်ကြတယ်။ ကိုယ်ကျင့်တရား​စံနှုန်း လျော့​ရဲ​ကြတယ်။ ယေဟောဝါ မနှစ်သက်တဲ့ အကျင့်​တွေ ကျင့်​ကြတယ်။ ဒါကြောင့် သတင်းကောင်း လက်ခံပြီး ယေဟောဝါကို ဝတ်ပြုဖို့ သိပ်ခက်နိုင်တယ်။ ဒါပေမဲ့ တမန်တော် ပေါလု ရောက်လာပြီး ခရစ်တော်​အကြောင်း သတင်းကောင်း ဟောပြောတဲ့အခါ ‘ကောရိန္သု​မြို့သား အတော်များများ ယုံကြည်​လာပြီး နှစ်ခြင်းခံ​ကြတယ်။’ (တ. ၁၈:၇-၁၁) အဲဒီနောက် “ဒီ​မြို့မှာ ငါ့​လူတွေ အများကြီး ရှိသေးတယ်” လို့ စိတ်အာရုံမှာ ပေါလု​ကို ယေရှုခရစ် ပြောတယ်။ ဒါကြောင့် ကောရိန္သု​မြို့မှာ ပေါလု တစ်နှစ်​နဲ့ ခြောက်လ ဆက်​ဟောပြောတယ်။

16. Korin khua mite bang hang tui na kiphum thei uh a hiam? (2 Korin 10:4, 5)

၁၆ ကောရိန္သု​မြို့သားတွေ ဘာကြောင့် နှစ်ခြင်းခံနိုင်​ခဲ့​သလဲ။ (၂ ကောရိန္သု ၁၀:၄၊ ၅ ကို ဖတ်ပါ။) ဘဝမှာ အပြောင်းအလဲကြီးတွေ လုပ်နိုင်ဖို့ ဘုရားသခင်ရဲ့ နှုတ်ထွက်​စကားနဲ့ သန့်ရှင်းသော စွမ်းအားတော်က ကူညီပေးလို့​ပါ။ (ဟီ. ၄:၁၂) ခရစ်တော်​အကြောင်း သတင်းကောင်းကို လက်ခံတဲ့ ကောရိန္သု​မြို့သားတွေဟာ သောက်ကြူးတာ၊ ခိုးတာ၊ လိင်တူ​ဆက်ဆံတာ စတဲ့ အကျင့်ဆိုးတွေ​ကို ဖျောက်ဖျက်​ပစ်​နိုင်​ကြတယ်။—၁ ကော. ၆:၉-၁၁။a

17. Korin khua mite kiang pan bang sin thei hiam?

၁၇ ကောရိန္သု​မြို့သား​တချို့ဟာ အကျင့်ဆိုးတွေ အမြစ်​စွဲနေ​ပေမဲ့ ခရစ်ယာန် ဖြစ်လာဖို့ သိပ်ခက်တယ်​လို့ မတွေး​ကြ​ဘူး။ ထာဝရ​အသက်ကို ပို့ဆောင်ပေး​မယ့် လမ်းကြမ်း​ပေါ် ရောက်ဖို့ ကြိုးစားကြတယ်။ (မ. ၇:၁၃၊ ၁၄) သင်​ကော နှစ်ခြင်းခံနိုင်​ဖို့ အကျင့်ဆိုး​တစ်ခုခု ကြိုးစား​ဖျောက်ဖျက်​နေ​ရ​သလား။ လက်​မလျှော့​လိုက်ပါ​နဲ့။ အမှား​လုပ်ချင်စိတ်ကို ချိုးနှိမ်​နိုင်ဖို့ ယေဟောဝါဆီက သန့်ရှင်းသော စွမ်းအားတော် တောင်းခံပါ။

18. Unaunu Monika’ tuakkhakna pan bang sin thei i hiam?

၁၈ ဂျော်ဂျီယာ​နိုင်ငံက ညီအစ်မ မော်နီကာ​အကြောင်း စဉ်းစားကြည့်ပါ။ ညစ်ညမ်းတဲ့​စကားတွေ ပြောတဲ့​အကျင့်၊ မသင့်တော်တဲ့ ဖျော်ဖြေရေး​တွေ ကြည့်တဲ့​အကျင့် မော်နီကာ​မှာ ရှိတယ်။ ဒါပေမဲ့ “ယေဟောဝါဆီ ဆုတောင်းလို့ နှစ်ခြင်း​မခံခင် အပြောင်းအလဲတွေ လုပ်နိုင်ခဲ့တယ်။ ကျွန်မ မှန်ရာ လုပ်ချင်​မှန်း ယေဟောဝါ သိတယ်။ ကျွန်မကို အမြဲ ကူညီပေးတယ်၊ လမ်း​ပြပေးတယ်” လို့ ပြောတယ်။ ဒီလိုနဲ့ အသက် ၁၆ နှစ်မှာ မော်နီကာ နှစ်ခြင်းခံလိုက်တယ်။ သင်​ကော ယေဟောဝါ နှစ်သက်လက်ခံတဲ့​နည်းနဲ့ ဝတ်ပြုနိုင်ဖို့ ဖျောက်ဖျက်​ရမယ့် အကျင့်​တွေ ရှိနေ​သလား။ အပြောင်းအလဲတွေ လုပ်နိုင်ဖို့ ဆုတောင်းပါ။ စွမ်းအားတော်ကို ယေဟောဝါ မတွန့်တို​ဘဲ ပေးသနား​မယ်​ဆိုတာ စိတ်ချပါ။—ယော. ၃:၃၄။

UPNA NEI LENG MUALTE KIKHINKHIA ZO

19. Mual tawh a kibang khaktannate kantan zawh nadingin bangin hong huh ding a hiam? (Lim zong en in.)

၁၉ နှစ်ခြင်းခံဖို့ ဘာတွေ​က​ပဲ တားဆီး​နေပါစေ စိတ်ချ​ထား​နိုင်​တာက​တော့ သင့်ကို ယေဟောဝါ ချစ်တယ်၊ မိမိရဲ့ မိသားစုဝင် ဖြစ်စေချင်တယ်​ဆိုတာ​ပါပဲ။ “ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်း​သာ မုန်ညင်းစေ့​လောက် ရှိခဲ့ရင် ဒီ​တောင်​ကို ‘ဟို​ဘက်​ကို ရွှေ့’ လို့ ပြောရင် ရွှေ့​မှာ​ပဲ။ ခင်ဗျားတို့ မတတ်နိုင်​တာ ဘာမှ ရှိမှာ မဟုတ်ဘူး” လို့ တပည့်တွေကို ယေရှု ပြောတယ်။ (မ. ၁၇:၂၀) တပည့်တွေဟာ ယေရှုနဲ့ အတူ​ရှိတာ နှစ်​အနည်းငယ်ပဲ ရှိသေးလို့ ယုံကြည်ခြင်း တိုးများ​ဖို့ လိုနေ​သေးတယ်။ ယုံကြည်ခြင်း တိုးများလာ​ပြီ​ဆိုရင် တောင်နဲ့​တူတဲ့ အတားအဆီးတွေကို ရွှေ့နိုင်​ဖို့ ယေဟောဝါ ကူညီပေးမယ်​လို့ ယေရှု အာမ​ခံတယ်။ ပထမရာစုက ယေရှုတပည့်တွေ​ကို ယေဟောဝါ ကူညီပေး​ခဲ့​သလို သင့်ကိုလည်း ကူညီပေးမယ်။

အစည်းအဝေးကြီးမှာ နှစ်ခြင်းခံပြီးခါစ​သူ​တွေ လမ်းလျှောက်​လာချိန် ညီအစ်ကို/မ​တစ်စု ဝမ်းပန်းတသာ လက်ခုပ်တီး​နေ။

သင့်ကို ယေဟောဝါ ချစ်တယ်၊ မိမိရဲ့ မိသားစုဝင် ဖြစ်စေချင်တယ်​ဆိုတာ စိတ်ချပါ (စာပိုဒ် ၁၉ ကို ကြည့်ပါ)b


20. Hih sin ding thu sunga kumzalom masa hun le tu huna Khristiante ii tuakkhakna in bang sem dingin hong tawisawn a hiam?

၂၀ နှစ်ခြင်းခံဖို့ အတားအဆီး ဖြစ်စေနိုင်တဲ့​အရာတွေ သတိထားမိရင် အချိန်​မဆွဲဘဲ ဖယ်ရှားပစ်​ပါ။ ပထမရာစု​နဲ့ ဒီနေ့ခေတ် ခရစ်ယာန်တွေရဲ့ တွေ့ကြုံမှု​ကနေ အားယူပါ။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံဖို့ သူတို့ရဲ့ စံနမူနာ​က သင့်အတွက် တွန်းအား​ဖြစ်ပါစေ။ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံတာ​ဟာ အကောင်းဆုံး ဆုံးဖြတ်ချက်​ပါပဲ။

NANGH BANGCI DAWNG DING?

  • Samaria mite ba’hang tui na kiphum thei uh a hiam?

  • Tarsas khuami Saul le Kornelias ba’hang tui na kiphum thei uh a hiam?

  • Korin khuamite ba’hang tui na kiphum thei uh a hiam?

LA 38 ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်

a ‘နှစ်ခြင်းခံဖို့ ဘာကြောင့် အချိန်ဆွဲ​နေတာလဲ’ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

b ပုံအညွှန်း– နှစ်ခြင်းခံပြီးခါစ​သူတွေကို ညီအစ်ကို/မတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆို​နေ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ