Sin Ding Thu 10
LA 31 ဘုရားနဲ့အတူ လျှောက်လှမ်းပါ
Jehovah le Jesuh’ Ngaihsut Dan Etteh In
‘Note in zong Khrih bang lungsim mah nei-in na kithakhauhsak un.’—1 PE. 4:1.
အာရုံစိုက်ရာ
ပေတရုလိုပဲ ယေရှုရဲ့ စဉ်းစားတွေးခေါ်ပုံကို ကျွန်တော်တို့ နားလည်လာရင် ယေဟောဝါရဲ့ စဉ်းစားတွေးခေါ်ပုံကိုလည်း နားလည်လာမယ်။
1-2. (a) Koi bangin Jehovah it ding i hiam? (b) Jesuh in Jehovah tungah a pilna khempeuh tawh koi bangin it a hiam?
“‘ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှနဲ့ ချစ်ပါ’ ဆိုတဲ့ပညတ်ဟာ အရေးကြီးဆုံးပဲ” လို့ ယေရှု ပြောတယ်။ (မာ. ၁၂:၃၀) ယေဟောဝါကို စိတ်စွမ်း၊ ကိုယ်စွမ်း၊ ခွန်အားရှိသမျှနဲ့ ချစ်ရမယ့်အပြင် ဉာဏ်စွမ်းရှိသမျှနဲ့ ချစ်ရမယ်ဆိုတာ သတိပြုပါ။ ဉာဏ်စွမ်းရှိသမျှနဲ့ ချစ်နိုင်တဲ့ တစ်နည်းကတော့ ယေဟောဝါရဲ့ စဉ်းစားတွေးခေါ်ပုံကို အတုယူခြင်းပါပဲ။ ယေဟောဝါရဲ့ တွေးခေါ်ပုံကို ကျွန်တော်တို့ အပြည့်အဝ နားမလည်နိုင်ပေမဲ့ ယေရှုခရစ်ကတော့ အပြည့်အဝ နားလည်ပြီး အတုယူတယ်။ ဒါကြောင့် “ခရစ်တော်ရဲ့ စိတ်သဘောထား၊” တစ်နည်းအားဖြင့် တွေးခေါ်ပုံကို လေ့လာတဲ့အခါ ယေဟောဝါရဲ့ တွေးခေါ်ပုံကို ပိုနားလည်လာနိုင်တယ်။—၁ ကော. ၂:၁၆။
၂ ယေဟောဝါကို ယေရှု ဉာဏ်စွမ်းရှိသမျှနဲ့ ချစ်တယ်။ မိမိကို ယေဟောဝါ ဘာလုပ်စေချင်သလဲဆိုတာ သိတယ်။ ဆင်းရဲဒုက္ခ ခံရမယ်ဆိုရင်တောင် ယေဟောဝါ လုပ်စေချင်တဲ့အတိုင်း လုပ်ဖို့ ဆုံးဖြတ်ထားတယ်။ အဖအလိုတော် ဆောင်ခြင်းမှာ အာရုံနှစ်ထားတဲ့အတွက် ဘယ်အရာကြောင့်မှ အာရုံလွဲမသွားဘူး။
3. Sawltak Paul in bang na tel khia a hiam? Bang sem dingin unaute tha na pia a hiam? (1 Peter 4:1)
၃ ပေတရုနဲ့ တခြားတမန်တော်တွေဟာ ယေရှုနဲ့ ပေါင်းသင်းခွင့် ရခဲ့ကြတယ်။ ယေရှုရဲ့ အပြောအဆို၊ လုပ်ရပ်တွေကို ကြည့်ပြီး ယေရှု ဘယ်လို စဉ်းစားတွေးခေါ်သလဲဆိုတာ နားလည်လာကြတယ်။ ဒါကြောင့် ခရစ်တော်လို စိတ်သဘောထားနဲ့ ကိုယ့်ကိုယ်ကိုယ် အားဖြည့်ထားဖို့ ညီအစ်ကို/မတွေကို ပေတရု အားပေးတယ်။a (၁ ပေတရု ၄:၁ ကို ဖတ်ပါ။) ဂရိဘာသာစကားမှာ “ကိုယ့်ကိုယ်ကိုယ် အားဖြည့်ထားပါ” ဆိုတာ စစ်ဘက်ဆိုင်ရာ အသုံးအနှုန်း ဖြစ်တယ်။ တိုက်ပွဲအတွက် လက်နက်အသင့်ပြင်ထားတဲ့ စစ်သားတွေအကြောင်း ဖော်ပြရာမှာ သုံးတယ်။ ခရစ်ယာန်တွေလည်း အမှားလုပ်ချင်တဲ့ ဆန္ဒနဲ့ စာတန့်လောကကို တိုက်ခိုက်တွန်းလှန်ဖို့ လက်နက်အသင့်ဖြစ်နေရမယ်။ အစွမ်းထက် လက်နက်တစ်ခုကတော့ ယေရှုလို စိတ်သဘောထား ရှိခြင်း၊ တစ်နည်းအားဖြင့် ယေရှုလို စဉ်းစားတွေးခေါ်ခြင်းပါပဲ။—၂ ကော. ၁၀:၃-၅။ ဧ. ၆:၁၂။
4. Hih sin ding thu ah bang kikum ding i hiam?
၄ ယေရှုကို အတုယူတဲ့အခါ (၁) ယေဟောဝါလို စဉ်းစားတွေးခေါ်တတ်လာမယ်။ (၂) နှိမ့်ချတတ်လာမယ်။ (၃) ချင့်ချိန်တတ်လာမယ်။ ဒါဆိုရင် ယေရှု ဘယ်လို စဉ်းစားတွေးခေါ်သလဲ။ ကျွန်တော်တို့ ဘယ်လို အတုယူနိုင်သလဲ။ ဒီအကြောင်း ဒီဆောင်းပါးမှာ သုံးသပ်ကြည့်ရအောင်။
JEHOVAH’ NGAIHSUT DAN ETTEH IN
5. Jehovah ngaihsut bangin Peter a ngaihsut lohna thu gen in?
၅ ဂျေရုဆလင်မြို့ကို မိမိ သွားရမယ်၊ ဘာသာရေးခေါင်းဆောင်တွေ လက်ချက်နဲ့ ဒုက္ခအများကြီး ခံရမယ်၊ အဲဒီနောက် အသတ်ခံရမယ်ဆိုပြီး တမန်တော်တွေကို ယေရှု ပြောတယ်။ (မ. ၁၆:၂၁) ယေရှုဟာ အစ္စရေးလူမျိုးကို ကယ်တင်မယ့် ကတိထားရာ မေရှိယဆိုတာ ပေတရု သိထားတယ်။ ဒါကြောင့် ယေရှု အသတ်ခံရဖို့ ယေဟောဝါ ခွင့်ပြုမယ်ဆိုတာ လက်ခံရခက်နေနိုင်တယ်။ (မ. ၁၆:၁၆) ဒါနဲ့ ယေရှုကို ခေါ်ထုတ်ပြီး “သခင်၊ ကိုယ့်ကိုယ်ကိုယ် သက်ညှာပါဦး။ ဒီလိုအဖြစ်မျိုးကို သခင် ဘယ်တော့မှ ကြုံရမှာ မဟုတ်ဘူး” လို့ ပြောတယ်။ (မ. ၁၆:၂၂) ယေဟောဝါ တွေးသလို ပေတရု မတွေးတဲ့အတွက် ယေရှုနဲ့ တစ်စိတ်တစ်သဘောတည်း မဖြစ်တော့ဘူး။
6. Jehovah ngaihsut bangin ngaihsun ahih lam Jesuh in koi bangin lak khia a hiam?
၆ ယေရှုဟာ ကောင်းကင်ဘုံစံအဖ တွေးသလို တစ်ပုံစံတည်း တွေးတယ်။ မိမိ ဆင်းရဲဒုက္ခခံပြီး သေဖို့ ဘုရားအလိုတော် ရှိတယ်ဆိုတာ သိတယ်။ ဒါကြောင့် ပေတရု စေတနာနဲ့ ပြောတာ ဖြစ်နိုင်ပေမဲ့ ယေရှု လက်မခံဘူး။ “စာတန်၊ ထွက်သွားပါ။ ခင်ဗျားဟာ ကျွန်တော့်အတွက် ဆူးငြောင့်ခလုတ်ပဲ။ ခင်ဗျားက ဘုရားသခင် စဉ်းစားသလို မစဉ်းစားဘဲ လူတွေ စဉ်းစားသလို စဉ်းစားနေတယ်” လို့ ပေတရုကို ပြောတယ်။ (မ. ၁၆:၂၃) ယေဟောဝါ တွေးသလို တွေးတတ်ဖို့ လိုနေပါလားဆိုပြီး ပေတရု သင်ခန်းစာ ရသွားတယ်။ ကျွန်တော်တို့အတွက်လည်း သင်ခန်းစာပါပဲ။
7. Jehovah’ ngaihsut dan tawh a kituak dingin Peter in koi bangin kikhel a hiam? (Laibu mai-a lim en in.)
၇ နောက်တော့ လူမျိုးခြားတွေကို မိမိလူမျိုး ဖြစ်ခွင့်ပေးဖို့ ယေဟောဝါ ဆုံးဖြတ်တဲ့အချိန် ရောက်လာတယ်။ ဒါနဲ့ လူမျိုးခြား ကော်နေလိဆီ ပေတရုကို သွားဟောပြောခိုင်းတယ်။ ကော်နေလိဟာ လူမျိုးခြားတွေထဲကနေ ခရစ်ယာန် ဖြစ်လာမယ့် ဦးဆုံးအုပ်စုမှာ ပါဝင်တယ်။ ဂျူးတွေဟာ လူမျိုးခြားတွေနဲ့ မပေါင်းသင်းတဲ့အတွက် ကော်နေလိဆီ သွားဟောပြောနိုင်ဖို့ ပေတရု တွေးခေါ်ပုံ ပြောင်းလဲရမယ်။ လူမျိုးခြားတွေနဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လို တွေးသလဲဆိုတာ နားလည်သွားတဲ့အခါ မိမိရဲ့ တွေးခေါ်ပုံကို ပေတရု ပြောင်းလဲလိုက်တယ်။ ကော်နေလိ ဖိတ်ခေါ်တဲ့အခါ “မငြင်းဘဲ လိုက်လာ” တယ်။ (တ. ၁၀:၂၈၊ ၂၉) ပေတရု ဟောပြောတဲ့အတွက် ကော်နေလိနဲ့ တစ်အိမ်သားလုံး နှစ်ခြင်းခံကြတယ်။—တ. ၁၀:၂၁-၂၃၊ ၃၄၊ ၃၅၊ ၄၄-၄၈။
ကော်နေလိအိမ်ထဲ ပေတရု ဝင်သွား (စာပိုဒ် ၇ ကို ကြည့်ပါ)
8. Jehovah’ ngaihsut bangin ngaihsun ihih lam koi bangin lak thei i hiam? (1 Peter 3:8)
၈ နှစ်များစွာအကြာမှာ ညီအစ်ကို/မတွေဆီ ပေတရု စာရေးတဲ့အခါ “တစ်စိတ်တစ်သဘောတည်း ဖြစ်” ဖို့ အားပေးတယ်။ (၁ ပေတရု ၃:၈ ကို ဖတ်ပါ။) ယေဟောဝါ တွေးသလို တွေးမယ်ဆိုရင် ညီအစ်ကို/မတွေနဲ့ တစ်စိတ်တစ်သဘောတည်း ဖြစ်လာနိုင်တယ်။ ဒါဆိုရင် ယေဟောဝါရဲ့ တွေးခေါ်ပုံကို ဘယ်လို သိနိုင်သလဲ။ ကျမ်းစာကနေ သိနိုင်တယ်။ ဥပမာ၊ ဘုရားသခင့်နိုင်ငံတော်ကို ဦးစားထားဖို့ နောက်လိုက်တွေကို ယေရှု ပြောတယ်။ (မ. ၆:၃၃) ဒါကြောင့် ရှေ့ဆောင်လုပ်ဖို့၊ အချိန်ပြည့်လုပ်ငန်းတစ်မျိုးမျိုးမှာ ပါဝင်ဖို့ ညီအစ်ကို/မတစ်ယောက် ဆုံးဖြတ်တဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကိုယ် သက်ညှာဖို့ ပြောမယ့်အစား ချီးမွမ်းအားပေးသင့်တယ်၊ ကူညီနိုင်တာ ကူညီသင့်တယ်။
KINIAMKHIAT IN
9-10. Jesuh kiniamkhiat mahmah ahih lam koicih theih i hiam?
၉ ယေရှု မသေဆုံးခင်ညမှာ တမန်တော်တွေနဲ့ နောက်ဆုံးညစာ စားဖို့ ပေတရုနဲ့ ယောဟန်ကို သွားပြင်ဆင်ခိုင်းတယ်။ သူတို့ ပြင်ဆင်ရတဲ့အထဲမှာ ညစာစားဖို့ ရောက်လာသူတွေ ခြေဆေးတဲ့အခါ သုံးမယ့် အင်တုံနဲ့ ပဝါ ပါမှာပဲ။ အင်တုံနဲ့ ပဝါတော့ ရှိပြီ။ ဒါပေမဲ့ ဘယ်သူ ခြေဆေးပေးမလဲ။ နှိမ့်ချဖို့ အရေးကြီးကြောင်း ပေတရုနဲ့ တခြားတမန်တော်တွေကို အဲဒီညမှာ ယေရှု သင်ပေးလိုက်တယ်။
၁၀ ယေရှု စားပွဲကနေ ထ၊ အပေါ်ဝတ်ရုံကို ချွတ်၊ ခါးမှာ ပဝါစည်း၊ အင်တုံထဲ ရေထည့်ပြီး တပည့်တွေကို ခြေဆေးပေးတယ်။ (ယော. ၁၃:၄၊ ၅) ပုံမှန်ဆိုရင် အစေခံတွေပဲ လုပ်တဲ့အလုပ် ဖြစ်လို့ တမန်တော်တွေ အံ့ဩနေနိုင်တယ်။ ယေရှု အင်မတန် နှိမ့်ချကြောင်း ဒီကနေ သိရတယ်။ တမန်တော် ၁၂ ယောက်စလုံးကို ခြေဆေးပေးဖို့ အချိန် တော်တော်လိုနိုင်ပေမဲ့ ဆေးပေးတယ်။ မကြာခင် သစ္စာဖောက်တော့မယ့် ယုဒကိုတောင် ခြေဆေးပေးတယ်။ အဲဒီနောက် “ကျွန်တော် ဘာလို့ ဒီလိုလုပ်တယ်ဆိုတာ နားလည်ကြသလား။ ကျွန်တော့်ကို ‘ဆရာ၊’ ‘သခင်’ ဆိုပြီး ခင်ဗျားတို့ ခေါ်တယ်။ ခေါ်တဲ့အတိုင်း ဟုတ်နေတော့ ခင်ဗျားတို့ အဲဒီလိုခေါ်တာ မမှားပါဘူး။ သခင်လည်းဖြစ်၊ ဆရာလည်းဖြစ်တဲ့ ကျွန်တော်တောင်မှ ခင်ဗျားတို့ရဲ့ ခြေကို ဆေးပေးတယ်ဆိုရင် ခင်ဗျားတို့လည်း အချင်းချင်းရဲ့ ခြေကို ဆေးပေးရမယ်” လို့ ပြောတယ်။—ယော. ၁၃:၁၂-၁၄။
စဉ်းစားတွေးခေါ်ပုံကအစ ကျွန်တော်တို့ နှိမ့်ချရမယ်
11. Peter kiniamkhiatna neita ahih lam koicih theih i hiam? (1 Peter 5:5) (Lim zong en in.)
၁၁ နှိမ့်ချတတ်ဖို့ ယေရှုဆီကနေ ပေတရု သင်ယူခဲ့တယ်။ ယေရှု ကောင်းကင်တက်သွားပြီးနောက် အဖြစ်အပျက်တစ်ခုကို သုံးသပ်ကြည့်ပါ။ မွေးရာပါ ခြေဆွံ့သူတစ်ယောက်ကို ပေတရု အံ့ဖွယ်နည်းနဲ့ ကုသပေးတယ်။ (တ. ၁:၈၊ ၉။ ၃:၂၊ ၆-၈) လူတွေ တအံ့တဩ ဖြစ်ပြီး စုရုံးလာကြတယ်။ (တ. ၃:၁၁) ပေတရုဟာ ထင်ပေါ်ကျော်ကြားမှုကို အလေးပေးတဲ့ ဝန်းကျင်မှာ ကြီးပြင်းလာပေမဲ့ လူအထင်ကြီးခံရတာကို သာယာမနေဘူး။ “ယေရှုရဲ့ နာမည်ကြောင့်၊ သူ့နာမည်ကို ကျွန်တော်တို့ ယုံကြည်တဲ့အတွက်ကြောင့် ခင်ဗျားတို့ သိခဲ့မြင်ခဲ့ဖူးတဲ့ ဒီလူဟာ အခုလို ပြန်သန်စွမ်းလာတာ” လို့ နှိမ့်ချမှုရှိရှိ ပြောပြီး ယေဟောဝါနဲ့ ယေရှုကို ဂုဏ်တင်တယ်။ (တ. ၃:၁၂-၁၆) နှိမ့်ချဖို့ အရေးကြီးကြောင်း ခရစ်ယာန်တွေဆီ နောက်ပိုင်းမှာ ပေတရု စာရေးတယ်။ နှိမ့်ချမှုကို ဝတ်ဆင်တယ်လို့ အဓိပ္ပာယ်ရတဲ့ စကားလုံး သုံးထားတယ်။ ဒါက ယေရှု ခါးမှာ ပဝါစည်းပြီး တမန်တော်တွေရဲ့ခြေ ဆေးပေးခဲ့ချိန်ကို သတိရစေတယ်။—၁ ပေတရု ၅:၅ ကို ဖတ်ပါ။
အံ့ဖွယ်အမှု လုပ်ပြီးနောက် ယေဟောဝါနဲ့ ယေရှုသာ ချီးမွမ်းခံထိုက်ကြောင်း ပေတရု ပြော။ ကျွန်တော်တို့လည်း ချီးမွမ်းခံချင်စိတ်၊ အကျိုးမျှော်စိတ် မပါဘဲ ကောင်းမှုပြုခြင်းအားဖြင့် နှိမ့်ချကြောင်း ပြနိုင် (စာပိုဒ် ၁၁-၁၂ ကို ကြည့်ပါ)
12. Kiniamkhiatna nei dingin hanciamna ah koi bangin Peter etteh thei i hiam?
၁၂ နှိမ့်ချမှု ရှိဖို့ ကြိုးစားရာမှာ ပေတရုကို အတုယူနိုင်တယ်။ ပြောဆိုပုံသာမက စဉ်းစားတွေးခေါ်ပုံကအစ ကျွန်တော်တို့ နှိမ့်ချရမယ်။ ချီးမွမ်းခံချင်လို့ မဟုတ်ဘဲ ယေဟောဝါနဲ့ လူတွေကို ချစ်လို့ သူတစ်ပါးအကျိုး သယ်ပိုးတာမျိုး ဖြစ်ရမယ်။ တခြားသူတွေ သတိမထားမိရင်တောင် ယေဟောဝါနဲ့ ညီအစ်ကို/မတွေအတွက် ဝမ်းမြောက်ဝမ်းသာ တတ်နိုင်သမျှ အမှုဆောင်တာဟာ နှိမ့်ချမှု ရှိကြောင်း ပြနေတာပဲ။—မ. ၆:၁-၄။
’PUMPI KI-UK ZAWHNA LUNGSIM NEI UN’
13. ‘Pumpi ki-uk zo,’ cih in bang a cihnopna a hiam?
၁၃ “ချင့်ချိန်တတ်” တယ်ဆိုတာ ဘာလဲ။ (၁ ပေ. ၄:၇) ချင့်ချိန်တတ်တဲ့ ခရစ်ယာန်တစ်ယောက်ဟာ ယေဟောဝါရဲ့ စဉ်းစားတွေးခေါ်ပုံနဲ့ ကိုက်ညီတဲ့ ဆုံးဖြတ်ချက်တွေ ချတယ်။ ယေဟောဝါနဲ့ ဆက်ဆံရေးလောက် အရေးကြီးတာ ဘာမှ မရှိဘူးဆိုတာ သဘောပေါက်တယ်။ ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုမထင်ဘူး။ ကိုယ် မသိတာတွေ ရှိတယ်ဆိုတာ အသိအမှတ်ပြုတယ်။ လမ်းညွှန်မှု ရဖို့ မကြာခဏ ဆုတောင်းခြင်းအားဖြင့် ယေဟောဝါကို အားကိုးတယ်။b
14. Peter in Jehovah a muan khak lohna thu gen in.
၁၄ “ဒီည ကျွန်တော် ကြုံတွေ့မယ့်အရာကြောင့် ကျွန်တော့်ကို ခင်ဗျားတို့ စွန့်ပြီး ပြေးကြလိမ့်မယ်” ဆိုပြီး တမန်တော်တွေကို မိမိ မသေဆုံးခင်ညမှာ ယေရှု သတိပေးတယ်။ ပေတရု ယုံကြည်စိတ်ချမှု လွန်ကဲပြီး “တခြားသူတွေ သခင့်ကို စွန့်ခွာသွားရင်တောင် ကျွန်တော်ကတော့ ဘယ်တော့မှ မစွန့်ဘူး” လို့ ပြောတယ်။ “သတိနဲ့ စောင့်ပြီး အမြဲ ဆုတောင်းနေကြပါ” ဆိုပြီး အဲဒီညမှာပဲ တမန်တော်တချို့ကို ယေရှု အကြံပေးတဲ့အချိန် ပေတရုလည်း ရှိတယ်။ (မ. ၂၆:၃၁၊ ၃၃၊ ၄၁) ပေတရုသာ ယေရှု အကြံပေးတဲ့အတိုင်း သတိနဲ့ စောင့်ပြီး ဆုတောင်းခဲ့ရင် ယေရှုတပည့်ပါလို့ ပြောရဲတဲ့ သတ္တိ ရှိနေမှာ။ ဒါပေမဲ့ အကြံပေးချက်ကို မလိုက်နာလို့ ယေရှုကို ငြင်းမိသွားပြီး အကြီးအကျယ် နောင်တရခဲ့ရတယ်။—မ. ၂၆:၆၉-၇၅။
15. Jesuh in Jehovah a muanlam a sihma zanin koi bangin na lak a hiam?
၁၅ ယေဟောဝါကို ယေရှု အပြည့်အဝ အားကိုးတယ်။ စုံလင်သူ ဖြစ်ပေမဲ့ ထပ်ခါထပ်ခါ ဆုတောင်းတယ်။ ဒါကြောင့်လည်း ယေဟောဝါ လုပ်စေချင်တဲ့အတိုင်း လုပ်ဖို့ သတ္တိ ရှိတာ။ (မ. ၂၆:၃၉၊ ၄၂၊ ၄၄။ ယော. ၁၈:၄၊ ၅) မသေဆုံးခင်ညမှာ ယေရှု ထပ်ခါထပ်ခါ ဆုတောင်းတာဟာ ပေတရုအတွက် သင်ခန်းစာပါပဲ။ ဒီသင်ခန်းစာကို ပေတရု ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။
16. Peter in pumpi ki-uk tawm thei-in pilvang ta ahih lam koicih theih i hiam? (1 Peter 4:7)
၁၆ သတင်းကောင်း ဟောပြောနိုင်ဖို့ ပေတရုနဲ့ တခြားတမန်တော်တွေ သန့်ရှင်းသော စွမ်းအားတော် ရကြမယ်ဆိုပြီး ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်မှာ ကတိပေးတယ်။ ဒါပေမဲ့ စွမ်းအားတော် မရမချင်း ဂျေရုဆလင်မြို့မှာပဲ စောင့်နေဖို့ မှာတယ်။ (လု. ၂၄:၄၉။ တ. ၁:၄၊ ၅) စောင့်နေတုန်းမှာ ပေတရု ဘာလုပ်သလဲ။ ညီအစ်ကို/မတွေနဲ့အတူ “အမြဲ ဆုတောင်း” နေတယ်။ (တ. ၁:၁၃၊ ၁၄) ပေတရု ချင့်ချိန်တတ်လာပြီ။ ယေဟောဝါကို အားကိုးတတ်သူ၊ ညီအစ်ကို/မတွေကို အားပေးတတ်သူ ဖြစ်နေပြီ။ (ဂလ. ၂:၉) ချင့်ချိန်မှု ရှိဖို့၊ ဆုတောင်းခြင်းအားဖြင့် ယေဟောဝါကို အားကိုးဖို့ ညီအစ်ကို/မတွေကို နောက်ပိုင်းမှာ ပေတရု အားပေးတယ်။—၁ ပေတရု ၄:၇ ကို ဖတ်ပါ။
17. Pianpih pilna bangzah ta-in i neih zongin bang i hih ding kisam a hiam? (Lim zong en in.)
၁၇ ကျွန်တော်တို့လည်း ချင့်ချိန်တတ်လာဖို့ ယေဟောဝါဆီ မကြာခဏ ဆုတောင်းရမယ်။ ပင်ကိုအစွမ်းအစ ဘယ်လောက်ပဲ ရှိပါစေ ယေဟောဝါဆီက လမ်းညွှန်မှု လိုအပ်တယ်ဆိုတာ အသိအမှတ်ပြုရမယ်။ အထူးသဖြင့် အရေးကြီး ဆုံးဖြတ်ချက်တွေ ချတဲ့အခါ လမ်းညွှန်မှု ရဖို့ ဆုတောင်းရမယ်။ ကျွန်တော်တို့အတွက် ဘာအကောင်းဆုံးလဲဆိုတာ ယေဟောဝါ သိကြောင်း စိတ်ချရမယ်။
ယေဟောဝါဆီ ပေတရု အားကိုးတကြီး ဆုတောင်းတတ်လာ။ ကျွန်တော်တို့လည်း အထူးသဖြင့် အရေးကြီး ဆုံးဖြတ်ချက်တွေ ချတဲ့အခါ လမ်းညွှန်မှု ရဖို့ ယေဟောဝါဆီ ဆုတောင်းခြင်းအားဖြင့် ချင့်ချိန်တတ်လာနိုင် (စာပိုဒ် ၁၇ ကို ကြည့်ပါ)c
18. Bang hih dingin khensat na hiam?
၁၈ ယေဟောဝါရဲ့ အရည်အသွေးတွေကို အတုယူနိုင်စွမ်းနဲ့ ကျွန်တော်တို့ ဖန်ဆင်းခံထားရတာ ကျေးဇူးတင်စရာပါပဲ။ (က. ၁:၂၆) ယေဟောဝါကို အပြည့်အဝတော့ အတုယူနိုင်မှာ မဟုတ်ဘူး။ (ဟေရှာ. ၅၅:၉) ဒါပေမဲ့ ယေဟောဝါရဲ့ တွေးခေါ်ပုံနဲ့ ကိုက်ညီအောင် ပေတရုလိုပဲ ကိုယ့်တွေးခေါ်ပုံကို ပြောင်းလဲဖို့၊ နှိမ့်ချတတ်ဖို့၊ ချင့်ချိန်တတ်ဖို့ ဆုံးဖြတ်ထားကြရအောင်။
LA 30 ကျွန်တော့်ဖခင်၊ ဘုရားနဲ့ မိတ်ဆွေ
a ၁ ပေတရု ၄:၁ မှာ ပါတဲ့ “စိတ်သဘောထား” ဆိုတာကို “အတွေးအခေါ်” လို့လည်း ပြန်ဆိုနိုင်တယ်။
b ချင့်ချိန်တတ်တယ်ဆိုတာ ဘာကို ဆိုလိုကြောင်း ထပ်သိချင်ရင် “ကျမ်းပိုဒ် ရှင်းပြချက်များ” ဆောင်းပါးတွဲထဲက “၂ တိမောသေ ၁:၇ ရှင်းပြချက်—‘ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူသည် မဟုတ်’” ဆောင်းပါး၊ “ချင့်ချိန်တတ်တဲ့စိတ်” အပိုင်းကို jw.org ဒါမှမဟုတ် JW Library® app မှာ ကြည့်ပါ။
c ပုံအညွှန်– အလုပ်အင်တာဗျူး ဖြေခါနီး ညီအစ်မတစ်ယောက် အသံတိတ် ဆုတောင်းနေ။