Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w26 February laim. 14-19
  • Tui Kiphum dingin Ngimna Nei-in

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Tui Kiphum dingin Ngimna Nei-in
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
  • Thuluneute
  • A Thu Kibang
  • TUI I KIPHUM NGAM LOHNA A HANG TE
  • NITAWP NI NAITA HI CIH LUNGGULH IN
  • HUN ZEKAI SAK LOIN TUI KIPHUMNA IN HAMPHATNA NEI
  • Tuiphumna ii A Khiatna Theitel In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
  • Jehovah Kiang Ki-ap Dingin A Kigingsa-in Na Omta Hiam?
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Tui Kiphum Khit Ciangin Zong Jesuh’ Nung ‘Zui Den’ In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Hun Zekai Sak Loin Tui Kiphum In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
w26 February laim. 14-19

APRIL 20-26, 2026

LA 49 ယေဟောဝါရဲ့ စိတ်နှလုံး ရွှင်ပြုံးစေခြင်း

Tui Kiphum dingin Ngimna Nei-in

“Tu hun pen a hunhoih hi.”—2 KOR. 6:2.

အာရုံစိုက်ရာ

အခု​အချိန်ဟာ ဘုရားနဲ့ ရင်းနှီးအောင်​လုပ်ပြီး နှစ်ခြင်းခံ​ရမယ့်​အချိန် ဖြစ်တယ်။

1. (a) Tui kiphumna hangin i ngah ding hamphatna pawlkhatin bang a hiam? (b) Hih sin ding thu-ah bang thu kikum ding i hiam?

သင်ဟာ ဘုရားသခင်ထံ ဆက်ကပ်​အပ်နှံပြီး နှစ်ခြင်းခံထား​သူလား။ ဒါဆိုရင် “ကြည်လင်တဲ့ အမှား​အမှန်​သိစိတ်ကို ရဖို့ ဘုရား​သခင်ဆီ တောင်းခံ” ပြီး ဖြစ်မယ်။ (၁ ပေ. ၃:၂၁) သင် နှစ်ခြင်းခံဖို့ ဆုံးဖြတ်နိုင်​ခဲ့လို့ ချီးမွမ်း​ပါတယ်။ အသင်းတော်​မှာရှိတဲ့ လူငယ်​တွေနဲ့ လူသစ်တွေ​အတွက် စံနမူနာကောင်း​ပါပဲ။ ဒါပေမဲ့ သင် နှစ်ခြင်း​မခံရ​သေးဘူး ဆိုရင်ကော။ ယေဟောဝါကို ချစ်ပြီး အလိုတော်​ဆောင်ချင်တဲ့ ဆန္ဒတော့​ရှိမှာပါ။ အပြစ်တွေ ခွင့်လွှတ်​ခံရပြီး ဘုရားနဲ့ ရင်းနှီးတဲ့​ဆက်ဆံရေး​ရှိဖို့ နှစ်ခြင်းခံ​ရမယ်​ဆိုတာ​လည်း သိမှာပါ။ (တ. ၂:၃၈-၄၀) ဒါပေမဲ့ နှစ်ခြင်း​ခံဖို့ တွန့်ဆုတ်​နေ​နိုင်တယ်။ ဘာက ကူညီ​ပေးနိုင်​သလဲ။ (၁) တချို့တွေ နှစ်ခြင်း​ခံဖို့ ဘာကြောင့် တွန့်ဆုတ်​နေကြ​သလဲ။ (၂) အဆုံးနီး​နေပြီ​ဆိုတာ စိတ်စွဲလမ်း​နေဖို့ ဘာကြောင့် အရေးကြီး​သလဲ။ (၃) အချိန်​မဆွဲဘဲ နှစ်ခြင်း​ခံရင် ဘာအကျိုး​ရနိုင်​သလဲ ဆိုတဲ့ မေးခွန်း​တွေကို ဒီဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။

TUI I KIPHUM NGAM LOHNA A HANG TE

2. Mi pawlkhat bang hangin tui kiphum ngam lo uh a hiam?

၂ ကြောက်စိတ်ကြောင့် တချို့တွေ နှစ်ခြင်း​ခံဖို့ တွန့်ဆုတ်မိ​နိုင်တယ်။ ဥပမာ၊ ယေဟောဝါကို ဝတ်ပြုချင်​ပေမဲ့ ဘုရား​မျက်နှာသာ​ရဖို့ အရည်​အချင်း မပြည့်မီဘူး​လို့ ခံစားရ​နိုင်တယ်။ ဒီလို​ခံစား​ရတယ်​ဆိုရင် ယေဟောဝါဟာ ကျွန်တော်တို့​ဆီက စုံလင်မှုကို မတောင်းဆို​ကြောင်း၊ တတ်နိုင်တာ​ကိုပဲ လုပ်ဆောင်ဖို့ မျှော်လင့်​ကြောင်း ကျမ်းစာမှာ ဖော်ပြ​ထားတယ်​ဆိုတာ သတိ​ရပါ။ (ဆာ. ၁၀၃:၁၃၊ ၁၄။ ကော. ၃:၂၃။) တခြား​သူတွေ ကဲ့ရဲ့​လှောင်ပြောင်​ကြ​မှာကို စိုးရိမ်​နေတယ်​ဆိုရင်ကော။ “ငါ့ဘက်မှာ ယေဟောဝါ​ရှိတဲ့​အတွက် ဘာကိုမှ မကြောက်ဘူး။ လူက ငါ့ကို ဘာလုပ်နိုင်​မှာလဲ” ဆိုပြီး ဆာလံ​ဆရာလို ယုံကြည်​စိတ်ချမှု​ရှိရှိ ပြော​နိုင်အောင် ကူညီ​ပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။—ဆာ. ၁၁၈:၆။

3. Tui kiphum ngam lohna thu dangte in bang a hiam? (Lim zong en in.)

၃ တချို့သူတွေ​ဟာ ကျမ်းစာ​အသိ​ပညာ သိပ်မရှိဘူး​လို့ ခံစား​ရပြီး နှစ်ခြင်း​ခံဖို့ တွန့်ဆုတ်​နေ​ကြတယ်။ ဒါပေမဲ့ နှစ်ခြင်း​ခံဖို့ ကျမ်းစာ​အသိ​ပညာ ဘယ်လောက်​ရှိရ​မလဲ။ ကျမ်းစာ​မှတ်တမ်း​တစ်ခု​အကြောင်း စဉ်းစား​ကြည့်ပါ။ တမန်တော်​ပေါလုနဲ့ သိလ ထောင်ကျ​နေချိန်မှာ ရုတ်တရက် ငလျင်ကြီး​လှုပ်ပြီး ထောင်​တံခါး​တွေ ပွင့်ကုန်တယ်။ ဒါနဲ့ ထောင်မှူးနဲ့ သူ့အိမ်သား​တွေကို တမန်တော်​ပေါလုနဲ့ သိလ သက်သေ​ခံတယ်။ ဘုရားကြောင့် ဒီအံ့ဖွယ်​အမှု​ဖြစ်တယ်​ဆိုတာ ထောင်မှူးနဲ့ သူ့အိမ်သားတွေ သိသွား​ကြပုံပဲ။ ယေဟောဝါနဲ့ ယေရှု​အကြောင်း အရေး​ကြီးတဲ့ ကျမ်းစာ​သွန်သင်ချက်​တွေလည်း သိလိုက်​ရပြီး “ချက်ချင်း နှစ်ခြင်းခံ​ကြတယ်။” (တ. ၁၆:၂၅-၃၃) ဒီအဖြစ်​အပျက်​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။ ယေဟောဝါ​ကို​သိပြီး စိတ်နှလုံး​အကြွင်းမဲ့ ချစ်မယ်၊ အခြေခံ ကျမ်းစာ​သွန်သင်ချက်​တွေကို နားလည်မယ်၊ အပြစ်တွေ​အတွက် နောင်တ​ယူမယ်၊ ကျမ်းစာ​စံနှုန်း​တွေနဲ့​အညီ နေထိုင်ဖို့ စိတ်ပိုင်းဖြတ်​နိုင်မယ်​ဆိုရင် နှစ်ခြင်း​ခံဖို့ အသင့်​ဖြစ်နေ​ပါပြီ။—မာ. ၁၂:၃၀။

ညအချိန်မှာ ပေါလုနဲ့ သိလ သက်သေခံနေတာကို ထောင်မှူးနဲ့ အိမ်သူအိမ်သားတွေ အာရုံစိုက်​နားထောင်နေကြ။

ထောင်မှူး​နဲ့ အိမ်သား​အားလုံး “ချက်ချင်း နှစ်ခြင်းခံကြ” တာကို ပေါလုနဲ့ သိလ မြင်တွေ့ခဲ့ရ (စာပိုဒ် ၃ ကို ကြည့်ပါ)


4. Mi pawlkhat tui kiphum ngam lo dingin bangin dal a hiam? (Lim zong en in.)

၄ ယေဟောဝါကို ကိုးကွယ်ဖို့ ဆန္ဒရှိ​ပေမဲ့ ဘဝမှာ အပြောင်း​အလဲတွေ​လုပ်ဖို့ သိပ်ခက်တယ်​လို့ တချို့​ထင်ကြတယ်။ နှစ်ခြင်းခံ​ပြီး​နောက်ပိုင်း လုပ်ရမယ့်​အရာ​တွေကို နှစ်ခြင်း​မခံခင် ကြိုစဉ်းစား​ထားတာ ကောင်းပါတယ်။ (လု. ၁၄:၂၇-၃၀) ယေဟောဝါကို ဝတ်ပြုဖို့​ဆိုရင် စွန့်လွှတ်​ရမယ့်​အရာတွေ များလိုက်တာ​လို့ တချို့ တွေးကြ​တယ်။ ညီအစ်မ​ကန်ဒေ့စ်​လည်း အဲဒီလို ခံစား​ခဲ့​ရတယ်။ ငယ်ငယ်​တုန်းက ကျမ်းစာ​လေ့လာခဲ့​ပေမဲ့ အမှန်​တရား​နဲ့​အညီ မနေထိုင်​ခဲ့ဘူး။ အရွယ်​ရောက်ပြီး​နောက်ပိုင်း ကျမ်းစာ ပြန်​လေ့လာ​တော့လည်း ပြောင်းလဲဖို့ အခက်​တွေ့​နေတယ်။ “ယေဟောဝါကို ဝတ်ပြုဖို့ ဘာတွေ​လုပ်​ရမယ်​ဆိုတာ သိတယ်။ ကျွန်မရဲ့ ဘဝ​ပုံစံကို ဘုရား​မနှစ်သက်​မှန်း သိပေမဲ့​လည်း မစွန့်လွှတ်နိုင် ဖြစ်နေတာ” လို့ ကန်ဒေ့စ် ပြောတယ်။ တချို့​သူတွေ​ကျတော့ ဘုရား​စံနှုန်းတွေ မြင့်မား​လွန်းလို့ မလိုက်လျှောက်​နိုင်ဘူး​လို့ ထင်ကြတယ်။ နှစ်ခြင်းခံ​လိုက်ရင် ကြီးလေးတဲ့​အပြစ် ကျူးလွန်​မိတဲ့​အခါ အသင်းတော်​ကနေ ဖယ်ရှား​ခံရမှာပဲ​ဆိုပြီး တွေးပူ​ကြတယ်။ အဲဒီလို​ဆိုရင် ဘာလုပ်နိုင်​သလဲ။

ညီအစ်မတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ကျမ်းစာသင်ပေးနေ။ ညီအစ်မ စကားပြောနေချိန်မှာ အမျိုးသမီးက သူငယ်ချင်းတွေနဲ့အတူ နိုက်ကလပ်မှာ ကခုန်သောက်စားပျော်ပါး​နေတာတွေကို ပြန်မြင်ယောင်နေ။

ယေဟောဝါကို ကိုးကွယ်ချင်ပေမဲ့ စွန့်လွှတ်ရမယ့်​အရာတွေအတွက် တချို့ စိုးရိမ်ကြ (စာပိုဒ် ၄ ကိုကြည့်ပါ)


5. Tui kiphum theih nading bang i mitsuan ding kisam a hiam? (Matthai 13:44-46)

၅ ကျွန်တော်တို့ ပစ္စည်း​တစ်ခုခု ဝယ်တဲ့​အခါ ဘယ်လောက်​ပေး​ရတယ်​ဆိုတာကိုပဲ မကြည့်​ပါဘူး။ ကိုယ့်အတွက် ဘယ်လောက် တန်ဖိုး​ကြီးတယ်၊ အသုံး​ဝင်တယ်​ဆိုတာ​ကိုလည်း ကြည့်ကြ​တယ်။ ပေးရတာ​ထက် ပိုတန်ဖိုး​ရှိတဲ့ ပစ္စည်း​ဆိုရင် ကျွန်တော်တို့ ချက်ချင်း ဝယ်တတ်​ကြတယ်။ အလားတူ​ပါပဲ၊ နှစ်ခြင်း​ခံဖို့ ဘာ​အပြောင်း​အလဲတွေ လုပ်ရတယ်​ဆိုတာကိုပဲ အာရုံ​မစိုက်​ပါနဲ့။ အဖိုး​မဖြတ်​နိုင်တဲ့ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိလာမယ်​ဆိုတာ​ကိုလည်း အာရုံ​စိုက်ပါ။ ဒီအချက်ကို နားလည်ဖို့ ဥပမာ နှစ်ခု​သုံးပြီး ယေရှု သင်ပေး​တယ်။ (မဿဲ ၁၃:၄၄-၄၆ ကို ဖတ်ပါ။) ဥပမာ​တစ်ခု​စီမှာ လူတစ်ယောက်ဟာ သူ့မှာ​ရှိသမျှကို ချက်ချင်း​ရောင်းပြီး တန်ဖိုးကြီးတဲ့ ဘဏ္ဍာကို ဝယ်တယ်။ သင်လည်း တန်ဖိုးကြီးတဲ့ ဘဏ္ဍာနဲ့​တူတဲ့ ဘုရား​နိုင်ငံတော်​နဲ့ပတ်သက်တဲ့ အမှန်​တရားကို ရှာတွေ့​ထားတယ်။ ဘုရား​နှစ်သက်တဲ့​နည်းလမ်း​အတိုင်း အသက်​ရှင်ဖို့ အခက်​တွေ့​နေတယ်​ဆိုရင် ယေရှု​သင်ပေး​ခဲ့တဲ့ ဥပမာကို ပြန်​သတိရ​လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးပါ– ‘ကျမ်းစာ​အမှန်​တရားရဲ့ တန်ဖိုးကို ငါ​တကယ်​နားလည်​ရဲ့လား။ ယေဟောဝါနဲ့ ရင်းနှီးတဲ့​ဆက်ဆံရေး၊ အနာဂတ် မျှော်လင့်ချက်၊ မေတ္တာ​ပြည့်ဝတဲ့ ညီအစ်ကို အသင်း​အပင်းကို ငါ​တကယ် တန်ဖိုးထား​ရဲ့လား။’ သင့်အဖြေက နှစ်ခြင်း​ခံဖို့ အဟန့်​အတား​ဖြစ်စေတဲ့ အကြောင်းရင်းကို သိမြင်ဖို့ ကူညီ​ပေးပါ​လိမ့်မယ်။

6. Lungsim hoih bangci nei thei ding i hiam?

၆ သင့် စိတ်နှလုံး​ကလည်း ဘုရား​ရေးရာမှာ တိုးတက်ဖို့ အဟန့်​အတား​ဖြစ်စေ​နိုင်​ကြောင်း ယေရှု​ပြောတဲ့ မျိုးကြဲသူ ပုံဥပမာ​ကနေ သိရတယ်။ “စိတ်ကောင်း​နှလုံးကောင်း ရှိသူတွေ တရား​စကားကို နာယူ” ကြတယ်လို့ ယေရှု​ပြောတယ်။ (လု. ၈:၅-၁၅) ဒါပေမဲ့ နှစ်ခြင်း​ခံဖို့ သင့်​စိတ်ထဲ မတင်​မကျ​ဖြစ်နေရင် လက်မလျှော့​လိုက်ပါနဲ့။ ယေဟောဝါ​အကူ​အညီနဲ့ နာခံ​တတ်တဲ့ “စိတ်နှလုံး​အသစ်” ကို ရယူ​နိုင်​ပါတယ်။ အမှန်​တရားကို မြတ်နိုးပြီး အမှန်​တရား​အတိုင်း အသက်ရှင်​နေထိုင်​နိုင်အောင် ကူညီ​ပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။—ယေဇ. ၁၈:၃၁။ ၃၆:၂၆။

7-8. Khangno pawlkhat bang hangin tui kiphum lo uh a hima? (Lim zong en in.)

၇ တချို့​လူငယ်တွေ နှစ်ခြင်း​မခံတာ တခြား​သူတွေရဲ့ ဩဇာ​လွှမ်းမိုးမှု​ကြောင့် ဖြစ်တယ်။ ဥပမာ၊ ကျမ်စာ​စံနှုန်းနဲ့ မညီတာ​တွေကို လက်ခံဖွယ်ရာ​အဖြစ် ဆရာ/မတွေ သင်ပေးတာ ဖြစ်နိုင်တယ်။ အဲဒီ​စကားတွေကို နားယောင်မယ်​ဆိုရင် ဘုရား​မနှစ်သက်​တာတွေ လုပ်မိ​နိုင်တယ်။ (ဆာ. ၁:၁၊ ၂။ ပညာ. ၇:၁-၅) ယေဟောဝါရဲ့ “သတိ​ပေးချက်​တွေကို စဉ်းစား​ဆင်ခြင်လို့ ဆရာ​အပေါင်း​တို့ထက် ထိုးထွင်းဉာဏ် ပိုရှိလာတယ်” လို့​ပြောခဲ့တဲ့ ဆာလံဆရာ​ကို တုပ​နိုင်ပါတယ်။—ဆာ. ၁၁၉:၉၉။

၈ သက်သေခံ​မိဘ​တချို့ဟာ သားသမီးတွေ နှစ်ခြင်း​ခံဖို့ အခက်​တွေ့​အောင် လုပ်မိ​တတ်​ကြတယ်။ သားသမီး​တွေရဲ့ ပညာရေး၊ အသက်မွေး​ဝမ်းကျောင်း​ဖို့ကို အရေးပေး​လွန်းပြီး ဝတ်ပြုရေး​နဲ့​ဆိုင်တဲ့ ပန်းတိုင်တွေ ထားပေးဖို့ ပျက်ကွက်​နေတာ ဖြစ်နိုင်တယ်။ သင်​နှစ်ခြင်း​ခံဖို့ မိဘတွေ သိပ်​အကူ​အညီ​မပေးကြဘူး​လို့ ခံစား​နေရ​သလား။ ဒါဆိုရင် မိဘ​တွေကို ပွင့်ပွင့်​လင်းလင်း ပြောပြပါ။ အသက်​အရွယ် ငယ်သေးတယ်​ဆိုရင်တောင် ယေဟောဝါနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်နိုင်​ပါတယ်။—ပညာ. ၂၀:၁၁။

ဆယ်ကျော်သက်လူငယ်လေးက “ပျော်စရာဘဝ ထာဝရ စံစားကြ” စာအုပ် သင်ခန်းစာ ၂၃ ကိုဖွင့်ပြီး မိဘတွေနဲ့ စကားပြောနေ။

နှစ်ခြင်းခံချင်ကြောင်း မိဘတွေကို ပွင့်ပွင့်လင်းလင်း ပြောပြပါ (စာပိုဒ် ၈ ကိုကြည့်ပါ)


9. Mi pawlkhat tui kiphum dingin bang hang zekai uh a hiam?

၉ တချို့သူတွေ နှစ်ခြင်း​ခံဖို့ အရည်​အချင်း​ပြည့်မီရဲ့သားနဲ့ ဘာကြောင့် နှစ်ခြင်းခံဖို့ နှောင့်နှေး​နေနိုင်​သလဲ။ တခြားသူ​တစ်ယောက်နဲ့ တစ်ရက်တည်း​အတူ နှစ်ခြင်း​ခံချင်လို့ ဖြစ်နိုင်တယ်။ သင်​ချစ်ရသူနဲ့ တစ်ရက်တည်း​အတူ နှစ်ခြင်းခံလို့​ရတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီအတွက်​ကြောင့် နှစ်ခြင်း​ခံဖို့ နှောင့်နှေး​နေတာ​တော့ မဖြစ်သင့်​ပါဘူး။ ဘုရားဆီ ဆက်ကပ်​အပ်နှံတယ်​ဆိုတာ သင်နဲ့​ဘုရား နှစ်ကိုယ်ကြား​ကိစ္စပါ။ တခြားသူ​အပေါ်​မူတည်ပြီး သင်​နှစ်ခြင်း​ခံမယ့်​အချိန်ကို မဆုံးဖြတ်​သင့်​ပါဘူး။—ရော. ၁၄:၁၂။

NITAWP NI NAITA HI CIH LUNGGULH IN

10. Mi pawlkhat tui kiphum dingin bang hang zekaisak uh a hiam?

၁၀ ​ဆွေးနွေးခဲ့ပြီးတဲ့ အကြောင်းရင်းတွေ​အပြင် တချို့က အဆုံး​ရောက်ဖို့ အဝေးကြီး လိုပါ​သေးတယ်လို့ တွေးပြီး နှစ်ခြင်း​ခံဖို့ အချိန်ဆွဲ​နေနိုင်တယ်။ ဒီလို​တွေးတာ မှန်ရဲ့လား။ ယေရှုက တပည့်တွေကို “အသင့်ရှိ​နေကြပါ၊ လူသားဟာ ခင်ဗျားတို့ မထင်မှတ်တဲ့​အချိန်မှာ လာလိမ့်မယ်” လို့ သတိပေးတယ်။—လု. ၁၂:၄၀။

11. Jehovah thu theih semsem na-in bang hih dingin hong tawsawn a hiam? (Late 119:60)

၁၁ ယေဟောဝါ​ဘုရားကို ချစ်လို့ ဆက်ကပ်​အပ်နှံပြီး နှစ်ခြင်း​ခံတာ ဖြစ်သင့်တယ်။ မေတ္တာရှင် ယေဟောဝါ​ဘုရား​အကြောင်း ပိုသိလေ ကျွန်တော်​တို့ကို ဘုရား ဘယ်လောက်​ချစ်တယ်​ဆိုတာ ပိုနားလည်လေ​ဖြစ်လာပြီး ဘုရား​ပညတ်​တွေကို ပိုလိုက်နာ​ချင်လေ ဖြစ်လာမယ်။ (ဆာလံ ၁၁၉:၆၀ ကို ဖတ်ပါ။) ယေဟောဝါ​စကားကို မဆိုင်း​မတွ​နာခံဖို့ လိုတဲ့ နောက်​အကြောင်းရင်းကို ယာကုပ်​ဖော်ပြတယ်။ မနက်ဖြန် ဘာဖြစ်လာ​မလဲ​ဆိုတာ ကျွန်တော်တို့ မသိကြဘူး ဆိုတဲ့​အချက်ပါ။ ဒါကြောင့် “မှန်တာကို ဘယ်လို လုပ်ရမယ်မှန်း သိ” ထားတယ်​ဆိုရင် ချက်ချင်း စလုပ်​သင့်​ပါတယ်။—ယာ. ၄:၁၃-၁၇။

12. Leenggah lo gentehna pan bang sinthei i hiam?

၁၂ ယေရှု​ပြောခဲ့တဲ့ စပျစ်ခြံ ပုံဥပမာ​အကြောင်း စဉ်းစား​ကြည့်ပါ။ တစ်နာရီပဲ အလုပ်​လုပ်သူ​တွေဟာ တစ်နေကုန် အလုပ်​လုပ်သူ​တွေနဲ့ တန်းတူ လုပ်ခ​ရတဲ့​အကြောင်း ယေရှု​ပြောခဲ့တယ်။ ဒါပေမဲ့ တစ်နာရီပဲ အလုပ်​လုပ်သူ​တွေဟာ အလုပ်ကို ဘာကြောင့် နောက်ကျမှ ရောက်လာ​ကြ​တာလဲ။ “ကျွန်တော်​တို့ကို ငှားမယ့်သူ မရှိ​လို့ပါ” ဆိုပြီး သူတို့​ပြောတယ်။ သူတို့​တွေဟာ အလုပ်​လုပ်ချင်စိတ် မရှိလို့တော့ မဟုတ်ဘူး။ သူတို့ကို ငှားမယ့်သူ မရှိလို့ပါ။ အလုပ်​လုပ်ဖို့ ခေါ်တာနဲ့ သူတို့ ချက်ချင်း အလုပ်​ဝင်လုပ်​ကြတယ်။ (မ. ၂၀:၁-၁၆) ဒီနေ့​အချိန်​မှာလည်း ယေရှုက မိမိ​တပည့်​ဖြစ်ဖို့၊ ဟောပြောခြင်း​လုပ်ငန်းမှာ ပါဝင်ဖို့ ဖိတ်ခေါ်​နေ​ပါတယ်။ ဒီဖိတ်ခေါ်​ချက်ကို ကျွန်တော်တို့ ချက်ချင်း​တုံ့ပြန်​သင့်​ပါတယ်။

13. Lot’ zi kiangpan bang sinthei i hiam?

၁၃ နောက်ဆုံး​အချိန်​ရောက်မှပဲ ယေဟောဝါကို ဝတ်ပြုဖို့ ကြိုးစား​တော့​မယ်လို့ စဉ်းစားသူ​တချို့ ရှိနိုင်တယ်။ တကယ်​ဆိုရင် အဲဒီလို​လုပ်ဖို့ ထင်သလောက် မလွယ်ဘူး။ ဒါကို ယေရှု​သိထားလို့ တပည့်​တွေကို “လောတရဲ့​ဇနီးကို သတိရ​ကြပါ” လို့ သတိပေး​ခဲ့တာ။ (လု. ၁၇:၃၁-၃၅) သောဒုံနဲ့ ဂေါမောရမြို့​ကို ဘုရား​ဖျက်ဆီး​တော့မယ်​ဆိုတာ လောတရဲ့​ဇနီး အသေ​အချာ သိထား​ပေမဲ့ ချန်ထားခဲ့​ရတဲ့ ပစ္စည်း​တွေကို စွဲလမ်း​နေတုန်းပဲ။ (က. ၁၉:၂၃-၂၆) သင်ခန်းစာ​ကတော့ ယေဟောဝါ ခွင့်ပြု​ထားတဲ့​အချိန်က အကန့်​အသတ်​ရှိတယ်။ အဆုံး​ရောက်မှ ပြောင်းလဲလို့ မရဘူး။ သိပ်နောက်ကျ​သွား​နိုင်တယ်။—လု. ၁၃:၂၄၊ ၂၅။

14. Lai Siangtho gen kholhnate bang hang i mitsuan ding kisam a hiam?

၁၄ ကမ္ဘာ့​အခြေအနေ​တွေကို ကြည့်ရင် ဒီအစီ​အစဉ်​စနစ် အဆုံးတိုင်​တော့မယ်​ဆိုတဲ့ ကျမ်းစာ​ကြိုဟောချက်​တွေ ပြည့်စုံ​လာ​နေတာ သိနိုင်တယ်။ ဒီအဖြစ်​အပျက်​တွေကို ကိုယ်တိုင် မကြုံ​ရဘူး​ဆိုရင်တောင် တခြား​ဒေသ​တွေမှာ ဖြစ်နေ​တာကို​ကြည့်ပြီး နှစ်ခြင်း​ခံဖို့ အမြန်ဆုံး ကြိုးစား​သင့်​ပါတယ်။ ပထမ​ရာစုက အဖြစ်​အပျက်​တစ်ခုကို သုံးသပ်​ကြည့်ပါ။ တမန်တော်​ပေတရု​က ခရစ်ယာန်​တွေကို ‘အဆုံး ရောက်ခါ​နီးပြီ။ ဒါကြောင့် အမြဲ အသင့်​ရှိ​နေကြ’ လို့ အားပေး​ခဲ့တယ်။ (၁ ပေ. ၄:၇) “အဆုံး” ဆိုတာ ဂျူး​အစီ​အစဉ်​စနစ်ရဲ့ အဆုံးကို ပြောတာပါ။ ပေတရု​က သူ့ရဲ့​စာကို ဂျေရု​ဆလင်​မြို့ရဲ့ အဝေးမှာ​နေထိုင်တဲ့ ခရစ်ယာန်​တွေဆီ ရေးခဲ့တာ​ဖြစ်လို့ ဂျေရု​ဆလင်​မြို့ ဖျက်ဆီး​ခံရ​ချိန်မှာ သူတို့ကို တိုက်ရိုက်​ထိခိုက်​တာမျိုး မရှိ​ခဲ့ဘူး။ (၁ ပေ. ၁:၁) ဒါပေမဲ့ ကြိုဟောချက် ပြည့်စုံ​တာကို မြင်ရတဲ့​အခါ ယေဟောဝါရဲ့ တခြား​ကတိတွေ ပြည့်စုံ​လာမယ်​ဆိုတာကို သူတို့ ပိုယုံကြည်​စိတ်ချ​လာ​ကြတယ်။ အလားတူ​ပါပဲ၊ အဆုံး​ရောက်ခါနီးမှာ ဖြစ်ပျက်မယ့် ကြိုဟောချက်​တွေ ပြည့်စုံ​နေ​တာက နှစ်ခြင်း​ခံနိုင်အောင် ကြိုးစား​တက်လှမ်းဖို့ သင့်ကို လှုံ့ဆော်​ပေးပါစေ။

15. Jehovah ni a’ding koi bangin kigingkhol thei ding i hiam? (2 Peter 3:10-13)

၁၅ ပေတရု​ဒုတိယစောင်​မှာ “ယေဟောဝါ​ရဲ့နေ့” အတွက် အသင့်​ပြင်ထား​နိုင်ပုံ​အကြောင်း ရှင်းပြ​ထားတယ်။ ပထမ​ရာစုက ခရစ်ယာန်​တွေ​အတွက်​ဆိုရင် ယေဟောဝါရဲ့​နေ့ဟာ တော်တော်​အလှမ်း​ဝေးတယ်။ ဒါတောင် အဲဒီ​နေ့ကို “စိတ်စွဲလမ်းပြီး စောင့်မျှော်​နေကြ” ဖို့ သူတို့ကို ပေတရု အားပေး​ခဲ့တယ်။ (၂ ပေတရု ၃:၁၀-၁၃ ကို ဖတ်ပါ။) ပေတရု ပြောသလို ကျွန်တော်​တို့ဟာ “သန့်ရှင်းတဲ့​အမူ​အကျင့်တွေ ကျင့်ကြံပြီး ဘုရား​တရား ကိုင်းရှိုင်း” ခြင်း​အားဖြင့် ယေဟောဝါ​ရဲ့နေ့ ရောက်လာမယ်​ဆိုတာ စိတ်စွဲလမ်းပြီး စောင့်မျှော်​နေနိုင်​ပါတယ်။ မိမိ​နှစ်သက်​တာတွေ သင် လုပ်ဆောင်​နေတာကို တွေ့တဲ့အခါ ယေဟောဝါ သိပ်​စိတ်ရွှင်လန်း​တယ်။ ယေဟောဝါဆီ ဆက်ကပ်​အပ်နှံ၊ နှစ်ခြင်း​ခံတဲ့​အခါ ယေဟောဝါ ပိုပြီး စိတ်​ရွှင်လန်း​ပါလိမ့်မယ်။

HUN ZEKAI SAK LOIN TUI KIPHUMNA IN HAMPHATNA NEI

16. Tui kiphum dingin a hoih pen hunin bang a hiam? (2 Korin 6:1, 2) (Lim zong en in.)

၁၆ အခု​အချိန်ဟာ နှစ်ခြင်းခံဖို့ အကောင်းဆုံး​အချိန်​ပါပဲ။ (၂ ကောရိန္သု ၆:၁၊ ၂ ကို ဖတ်ပါ။) ဖိလိပ္ပု​နဲ့ ဆုံတဲ့ အီသီယိုးပီးယား မိန်းမစိုး​ဟာ ချက်ချင်း​နှစ်ခြင်းခံဖို့ အရေးကြီးတယ်​ဆိုတာ သဘောပေါက်​ခဲ့တယ်။ သတင်းကောင်း​ကို ကြား​ပြီးနောက် နှစ်ခြင်း​ခံလို့​ရတဲ့​နေရာ တွေ့တာနဲ့ ချက်ချင်း​နှစ်ခြင်း​ခံတယ်။ သတင်းကောင်း​အကြောင်း ဒီထက်​ပိုသိဖို့ လိုသေးတယ် ဒါမှမဟုတ် သွားရင်းနဲ့ ရေရှိတဲ့​နေရာ နောက်ထပ်​တွေ့နိုင်​သေးတာပဲ​လို့ မစဉ်းစားဘူး။ “ကျွန်တော် နှစ်ခြင်း​မခံ​ရအောင် ဘာက တားဆီး​နေလို့လဲ” ဆိုပြီး ဖိလိပ္ပု​ကို ပြောလိုက်တယ်။ (တ. ၈:၂၆၊ ၂၇၊ ၃၅-၃၉) ဘယ်လောက်​ကောင်းလိုက်​သလဲ။ နှစ်ခြင်း​ခံပြီး​တဲ့နောက် “မိန်းမစိုး​လည်း ဝမ်းမြောက်​ဝမ်းသာ ခရီး​ဆက်​သွားတယ်” ဆိုပြီး ကျမ်းစာမှာ ဖတ်ရတယ်။

ရုပ်ပုံများ– အီသီယိုးပီးယား မိန်းမစိုးက နှစ်ခြင်းခံဖို့ ဖိလိပ္ပုနဲ့အတူ ရေထဲဆင်းသွား။ ၂။ ရှေ့ပုံမှာပါတဲ့ ညီအစ်မနဲ့ ကျမ်းစာသင်သား အမျိုးသမီးက အစည်းအဝေးခန်းမမှာ အကြီးအကဲနှစ်ယောက်နဲ့အတူ ဝမ်းသာအားရ စကားပြောနေကြ။

အခုအချိန်ဟာ နှစ်ခြင်းခံသင့်တဲ့ အကောင်းဆုံးအချိန်​ဖြစ်ကြောင်း အီသီယိုးပီးယား မိန်းမစိုး​ဆီကနေ သင်ယူနိုင် (စာပိုဒ် ၁၆ ကိုကြည့်ပါ)a


17. Bang lungmuang thei i hiam?

၁၇ နှစ်ခြင်းခံဖို့ တွန့်ဆုတ်​နေတယ်​ဆိုရင် ယေဟောဝါက မိမိနဲ့​ရင်းနှီးတဲ့​ဆက်ဆံရေး​ရှိဖို့ သင့်ကို သိပ်​ကူညီ​ပေးချင်တယ်​ဆိုတာ သတိ​ရပါ။ (ရော. ၂:၄) ကြောက်စိတ်၊ စိုးရိမ်စိတ် ဝင်လာတဲ့​အခါ ဒါမှ​မဟုတ် နှစ်ခြင်း​ခံဖို့ တခြား​သူတွေ ဆန့်ကျင်တဲ့​အခါ သင့်ကို ယေဟောဝါ ကူညီ​ပေးမယ်။ နှစ်ခြင်းခံ​လိုက်တဲ့​အခါ ဘုရား​မျက်နှာသာ​ရတယ်​ဆိုတဲ့​စိတ်နဲ့ ပျော်ရွှင်​လာပြီး “နောက်မှာ ချန်ရစ်​ခဲ့တာ​တွေကို” မေ့ထား​နိုင်မယ်။ (ဖိ. ၃:၈၊ ၁၃) ယေဟောဝါဆီ ဆက်ကပ်​အပ်နှံ နှစ်ခြင်း​ခံသူတွေ​အတွက် ဘုရား​ပြင်ဆင်​ပေး​ထားတဲ့ “ရှေ့မှာ​ရှိတာ​တွေကို” စိတ်​စွဲလမ်းပြီး စောင့်မျှော်​နေနိုင်​ပါလိမ့်မယ်။—တ. ၃:၁၉။

NANGH BANGCI DAWNG DING?

  • Mi pawlkhat bang hangin tui kiphum ngam lo uh a hiam?

  • Tui kiphum dingin bang hang zekai lo ding i hiam?

  • Tui kiphum ding a hoih pen hunin bang a hiam?

LA 38 ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်

a ပုံအညွှန်း– နှစ်ခြင်းခံချင်တဲ့​အကြောင်း ဖိလိပ္ပုကို​ပြောတဲ့ အီသီယိုးပီးယား မိန်းမစိုးလိုပဲ ကျမ်းစာသင်သား​တစ်ယောက်က နှစ်ခြင်းခံ​လိုကြောင်း အကြီးအကဲတွေဆီ သွားပြောနေ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ