Sin Ding Thu 9
LA 51 ဘုရားဆီ တို့ဆက်ကပ်ထား
Hun Zekai Sak Loin Tui Kiphum In
‘Tu-in bang ngak lai ding na hi hiam? Tho inla, … kituiphum in.’—SAWL. 22:16.
အာရုံစိုက်ရာ
ရှမာရိလူတွေ၊ တာရှုမြို့သား ရှောလု၊ ကော်နေလိ၊ ကောရိန္သုမြို့သားတွေရဲ့ စံနမူနာက နှစ်ခြင်းခံဖို့ သင့်အတွက် တွန်းအားဖြစ်စေနိုင်တယ်။
1. Tui kiphum ding kisapna a hang pawlkhat in bang a hiam?
အသက် အပါအဝင် ကောင်းမြတ်တဲ့ ဆုလက်ဆောင်မှန်သမျှ ပေးထားတဲ့ ယေဟောဝါဘုရားကို သင် ချစ်သလား။ ချစ်ကြောင်း ပြချင်သလား။ ချစ်ကြောင်း ပြနိုင်တဲ့ အကောင်းဆုံးနည်းကတော့ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံတာပါပဲ။ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံလိုက်တဲ့အခါ ယေဟောဝါရဲ့ မိသားစုဝင် ဖြစ်လာမယ်။ သင့်ကို ပိုင်သွားပြီ ဖြစ်လို့ ဖခင်တစ်ယောက်လို၊ မိတ်ဆွေတစ်ယောက်လို ယေဟောဝါ လမ်းပြပေးမယ်၊ ဂရုစိုက်စောင့်ရှောက်ပေးမယ်။ (ဆာ. ၇၃:၂၄။ ဟေရှာ. ၄၃:၁၊ ၂) ဒါ့အပြင် ဆက်ကပ်အပ်နှံ နှစ်ခြင်းခံတာက ထာဝရအသက် မျှော်လင့်ချက် ရှိလာစေတယ်။—၁ ပေ. ၃:၂၁။
2. Hih sin ding thu-ah bang thu kikum ding i hiam?
၂ အတားအဆီးတစ်ခုခုကြောင့် သင် နှစ်ခြင်းမခံဘဲ နေနေသလား။ အတားအဆီးတွေ ရှိတာ သင် တစ်ယောက်တည်း မဟုတ်ပါဘူး။ သန်းနဲ့ချီတဲ့ ညီအစ်ကို/မတွေဟာ နှစ်ခြင်းခံနိုင်ဖို့ အတွေးအခေါ်၊ အကျင့်အကြံ ပြောင်းလဲခဲ့ကြရတယ်။ ဒါပေမဲ့ အခုဆိုရင် ယေဟောဝါကို သူတို့ ပျော်ပျော်ရွှင်ရွှင်၊ ထက်ထက်သန်သန် ဝတ်ပြုနေကြပြီ။ ပထမရာစုက လူတချို့ဆိုရင်လည်း အတားအဆီးတွေ ရှိပေမဲ့ နှစ်ခြင်းခံခဲ့ကြတယ်။ သူတို့မှာ ဘာအတားအဆီးတွေ ရှိသလဲ၊ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲဆိုတာ လေ့လာကြရအောင်။
SAMARIA MITE TUI NA KIPHUM UH
3. Tui kiphum theih nadingin Samaria mi pawl khat in bang teng a sep ding uh kisam a hiam?
၃ ရှမာရိဆိုတာ ယေရှုခေတ်က ဘာသာရေးဂိုဏ်းတစ်ဂိုဏ်း ဖြစ်တယ်။ ယုဒပြည်မြောက်ပိုင်းမှာ ရှိတဲ့ ရှေခင်မြို့နဲ့ ရှမာရိနယ်တစ်ဝိုက်မှာ ရှမာရိဂိုဏ်းဝင်များစွာ နေထိုင်ကြတယ်။ ကမ္ဘာဦးကျမ်းကနေ တရားဟောရာကျမ်းအထိ ဦးဆုံးကျမ်းငါးစောင်ပဲ ဘုရားဆီက လာတာလို့ လက်ခံကြတယ်။ သူတို့ လက်ခံတဲ့ ကျမ်းထဲမှာ ယောရှုကျမ်းလည်း ပါကောင်းပါနိုင်တယ်။ ဒါကြောင့် နှစ်ခြင်းခံနိုင်ဖို့ဆိုရင် ကျမ်းစောင်အားလုံးကို လက်ခံသင်ယူဖို့ လိုတယ်။ ရှမာရိလူတွေဟာ တရားဟောရာ ၁၈:၁၈၊ ၁၉ မှာ ပါတဲ့ ဘုရားကတိတော်အရ မေရှိယ ပေါ်ထွန်းလာဖို့ မျှော်လင့်ကြတယ်။ (ယော. ၄:၂၅) နှစ်ခြင်းခံနိုင်ဖို့ဆိုရင် သူတို့ မျှော်လင့်နေတဲ့ မေရှိယဟာ ယေရှု ဖြစ်တယ်ဆိုတာ လက်ခံဖို့ လိုတယ်။ တကယ်လည်း “ရှမာရိလူ အတော်များများ” ယေရှုကို လက်ခံယုံကြည်လာကြတယ်။ (ယော. ၄:၃၉) ပထမရာစု ခရစ်ယာန် အတော်များများ ဂျူးတွေ ဖြစ်လို့ ဂျူးတွေနဲ့ပတ်သက်ပြီး နှစ်ရှည်လများ ကိန်းအောင်းနေတဲ့ လူမျိုးရေး ခွဲခြားစိတ်ကို ရှမာရိလူတချို့ ဖျောက်ဖို့ လိုတယ်။—လု. ၉:၅၂-၅၄။
4. Sawltak 8:5, 6, 14 -a a gen mah bangin, Filip’ thugen pen Samaria mi pawl khat in koi bangin na thukkik a hiam?
၄ ရှမာရိလူတွေ ဘာကြောင့် နှစ်ခြင်းခံနိုင်ခဲ့သလဲ။ သတင်းကောင်း ဟောပြောသူ ဖိလိပ္ပုဟာ ဂျူးလူမျိုး ဖြစ်တယ်။ ဒါပေမဲ့ ရှမာရိလူတချို့ဟာ “ခရစ်တော်အကြောင်း” ဖိလိပ္ပု “ဟောသမျှ အာရုံစိုက်နားထောင်ကြတယ်။” ‘ဘုရားသခင်ရဲ့ တရားစကားကို လက်ခံကြတယ်။’ (တမန်တော် ၈:၅၊ ၆၊ ၁၄ ကို ဖတ်ပါ။) ဘုရားသခင် မျက်နှာမလိုက်ကြောင်း ကျမ်းစာမှာ ဖော်ပြထားတာ မှတ်မိကြလို့ ဖြစ်မယ်။ (တရား. ၁၀:၁၇-၁၉) ဒါ့အပြင် လူနာတွေကို ကုသတာ၊ နတ်ဆိုးတွေကို နှင်ထုတ်တာလိုမျိုး အံ့ဖွယ်အမှုတွေ ဖိလိပ္ပု လုပ်ပြတာ မြင်တော့ ဘုရားသခင် စေလွှတ်လိုက်တာပဲ ဖြစ်ရမယ်ဆိုပြီး အသိအမှတ်ပြုကြတယ်။—တ. ၈:၇။
5. Samaria mite kiang pan bang sin thei i hiam?
၅ ရှမာရိလူတွေဟာ လူမျိုးရေး ခွဲခြားစိတ်ကြောင့်၊ ကျမ်းစာအသိပညာ အကန့်အသတ်ကြောင့် သတင်းကောင်းကို လက်မခံဘဲ နေချင်ရင် နေလို့ရတယ်။ ဒါပေမဲ့ ဖိလိပ္ပု ဟောပြောသွန်သင်တာတွေဟာ အမှန်တရားပဲဆိုတာ ယုံသွားတာနဲ့ အချိန်မဆွဲဘဲ နှစ်ခြင်းခံကြတယ်။ “ဖိလိပ္ပုက ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း၊ ယေရှုခရစ်ရဲ့ နာမည်နဲ့ဆိုင်တဲ့ သတင်းကောင်းကို ဟောပြောတဲ့အခါ လူတွေ ယုံကြည်လာပြီး အမျိုးသားတွေရော အမျိုးသမီးတွေပါ နှစ်ခြင်းခံကြတော့တယ်” လို့ ကျမ်းစာ ဆိုတယ်။ (တ. ၈:၁၂) သင်ကော ကျမ်းစာဟာ အမှန်တရားဆိုတာ ယုံသလား။ ယေဟောဝါသက်သေတွေဟာ လူလူချင်း ခွဲခြားမဆက်ဆံကြဘူး၊ ခရစ်ယာန်စစ်တွေရဲ့ အမှတ်အသား ဖြစ်တဲ့ မေတ္တာ တင်ပြနေကြတယ်ဆိုတာ ယုံသလား။ (ယော. ၁၃:၃၅) ယုံတယ်ဆိုရင် အချိန်ဆွဲမနေဘဲ နှစ်ခြင်းခံလိုက်ပါ။ ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချပါ။
6. Unaupa Ruben ii tuakkhakna pan bang sin thei i hiam?
၆ ဂျာမနီနိုင်ငံက ညီအစ်ကို ရူဘန်ဟာ သက်သေခံမိသားစုမှာ ကြီးပြင်းလာတယ်။ ဒါပေမဲ့ ဘုရားသခင် တကယ် ရှိမရှိ ငယ်ငယ်တုန်းက စိတ်ထဲ မသေမချာဖြစ်ခဲ့တယ်။ သေချာသွားအောင် ဘာလုပ်သလဲ။ လေ့လာမှု ပိုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ “သံသယ ရှင်းသွားအောင် ကိုယ်ပိုင်လေ့လာမှု လုပ်တယ်။ ဆင့်ကဲအယူဝါဒနဲ့ပတ်သက်ပြီး ထပ်ခါထပ်ခါ လေ့လာတယ်” လို့ ပြောတယ်။ သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော စာအုပ်က ရူဘန်ကို အများကြီး ကူညီပေးတယ်။ ‘ယေဟောဝါဟာ တကယ် ရှိတဲ့ ဘုရားပဲ’ ဆိုပြီး တွေးမိစေတယ်။ ကမ္ဘာ့ဌာနချုပ်ကို သွားလည်ပတ်ချိန်မှာ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းကို ပိုလေးမြတ်သွားတယ်။ အံ့သြစရာကောင်းလောက်အောင် စည်းလုံးတဲ့ အသင်းအပင်းဆိုတာ မြင်လိုက်ရလို့ပါ။ ဒီလိုနဲ့ ဂျာမနီ ပြန်ရောက်တော့ နှစ်ခြင်းခံတယ်။ အဲဒီအချိန်မှာ ရူဘန် အသက် ၁၇ နှစ်။ သင်လည်း ဘုရား ဒါမှမဟုတ် ကျမ်းစာနဲ့ပတ်သက်ပြီး သံသယဝင်နေရင် အဖွဲ့အစည်းစာပေတွေမှာ ရှာဖွေလေ့လာပါ။ တိကျမှန်ကန်တဲ့ အသိပညာ ရှိရင် သံသယတွေ ရှင်းသွားနိုင်တယ်။ (ဧ. ၄:၁၃၊ ၁၄) ဒါ့အပြင် ကမ္ဘာတစ်ဝန်းမှာ ညီအစ်ကို/မတွေ ဘယ်လို ချစ်ခင်စည်းလုံးနေတယ်ဆိုတာ တွေ့ကြုံမှုတွေ ကြားတဲ့အခါ၊ အသင်းတော်မှာ ကိုယ်တိုင် မြင်တွေ့ခံစားရတဲ့အခါ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းကို ပိုလေးမြတ်တတ်လာနိုင်တယ်။
TARSAS KHUAMI SAUL TUI NA KIPHUM
7. Saul in a man lo bang ngaihsutna kikhel ding kisam a hiam?
၇ တာရှုမြို့သား ရှောလုဟာ ပညတ်နှံ့စပ်တယ်။ ဂျူးအသိုင်းအဝိုင်းမှာ ထွန်းပေါက်တယ်။ (ဂလ. ၁:၁၃၊ ၁၄။ ဖိ. ၃:၅) အဲဒီခေတ်မှာ ဂျူးတော်တော်များများက ခရစ်ယာန်တွေကို အယူဖောက်ပြန်သူတွေလို့ မြင်ကြတယ်။ ဒါကြောင့် ရှောလုလည်း ခရစ်ယာန်တွေကို အကြီးအကျယ် လိုက်လံညှဉ်းဆဲတယ်။ အဲဒီလိုလိုက်လံညှဉ်းဆဲတာကို ဘုရားအလိုတော် ဆောင်တာလို့ တလွဲတွေးတယ်။ (တ. ၈:၃။ ၉:၁၊ ၂။ ၂၆:၉-၁၁) ရှောလုသာ ယေရှုကို ယုံကြည်လက်ခံပြီး ခရစ်ယာန်အဖြစ် နှစ်ခြင်းခံရင် ညှဉ်းဆဲသူတွေရဲ့ ပစ်မှတ် ဖြစ်လာမှာ။
8. (a) Ba’hang Saul tui na kiphum thei a hiam? (b) Sawltak 22:12-16 -a a gen mah bangin, Annanias in Saul koi bangin na huh a hiam? (Lim zong en in.)
၈ ရှောလု ဘာကြောင့် နှစ်ခြင်းခံနိုင်ခဲ့သလဲ။ ကောင်းကင်ကနေ ယေရှု စကားပြောချိန်မှာ ရုတ်တရက် ထွန်းလင်းလာတဲ့ အလင်းတန်းကြောင့် ရှောလု မျက်စိကွယ်သွားတယ်။ (တ. ၉:၃-၉) သုံးရက်လုံး ရှောလု ဘာမှ မစားသောက်ဘူး။ ကြုံတွေ့ခဲ့တာကို ပြန်တွေးနေနိုင်တယ်။ ဒီလိုနဲ့ ယေရှုဟာ မေရှိယ ဖြစ်တယ်၊ ယေရှုနောက်လိုက်တွေဟာ စစ်မှန်တဲ့ ဘာသာတရား လိုက်စားသူတွေ ဖြစ်တယ်ဆိုတာ ယုံသွားတယ်။ ယေရှုနောက်လိုက် သတေဖန်ကို ကွပ်မျက်တုန်းက အလိုတူအလိုပါ ဖြစ်ခဲ့လို့ ယူကျုံးမရ ဖြစ်နေမှာပဲ။ (တ. ၂၂:၂၀) သုံးရက်စေ့သွားတော့ ရှောလုဆီ အာနနိလို့ ခေါ်တဲ့ လူတစ်ယောက် ရောက်လာပြီး မျက်စိပြန်မြင်အောင် ကုသပေးတယ်။ အချိန်ဆွဲမနေဘဲ နှစ်ခြင်းခံဖို့ အားပေးတယ်။ (တမန်တော် ၂၂:၁၂-၁၆ ကို ဖတ်ပါ။) အာနနိ အားပေးတဲ့အတိုင်း ရှောလု နှစ်ခြင်းခံလိုက်တယ်။ တကယ့်ကို နှိမ့်ချသူပါပဲ။—တ. ၉:၁၇၊ ၁၈။
နှစ်ခြင်းခံဖို့ အားပေးခံရတဲ့အခါ ရှောလုလို သင် လက်ခံမလား (စာပိုဒ် ၈ ကို ကြည့်ပါ)
9. Saul kiang pan bang sin thei i hiam?
၉ ရှောလုဆီကနေ သင်ယူစရာတွေ ရှိတယ်။ မာနစိတ်၊ လူကြောက်စိတ်ကြောင့် နှစ်ခြင်းမခံဘဲ နေချင်ရင် နေလို့ရတယ်။ ဒါပေမဲ့ ခရစ်တော်အကြောင်း အမှန်တရားကို လက်ခံသွားတာနဲ့ ဘဝလမ်းစဉ်ကို နှိမ့်ချမှုရှိရှိ ပြောင်းလဲတယ်။ (တ. ၂၆:၁၄၊ ၁၉) နှိပ်စက်ညှဉ်းပန်းခံရနိုင်တယ်ဆိုတာ သိလျက်နဲ့ ပြောင်းလဲတာ။ (တ. ၉:၁၅၊ ၁၆။ ၂၀:၂၂၊ ၂၃) နှစ်ခြင်းခံပြီးနောက်မှာလည်း စမ်းသပ်မှုအမျိုးမျိုး ခံရပ်နိုင်ဖို့ ယေဟောဝါကို ဆက်အားကိုးတယ်။ (၂ ကော. ၄:၇-၁၀) သင်လည်း ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံတဲ့အခါ ဆန့်ကျင်မှု၊ ယုံကြည်ခြင်းစမ်းသပ်မှု ကြုံရနိုင်တယ်။ ဒါပေမဲ့ ခံရပ်နိုင်ဖို့ ဘုရားသခင်နဲ့ ခရစ်တော် အစွမ်းခွန်အား အမြဲ ပေးမယ်ဆိုတာ စိတ်ချပါ။—ဖိ. ၄:၁၃။
10. Unaunu Anna ii tuakkhakna pan bang sin thei i hiam?
၁၀ အရှေ့ဥရောပက ညီအစ်မ အန်နာအကြောင်း စဉ်းစားကြည့်ပါ။ အန်နာရဲ့ မိသားစုဟာ ကာဒစ်ရှ်လူမျိုး ဖြစ်တယ်။ မိခင်ဖြစ်သူ နှစ်ခြင်းခံပြီးနောက် ဖခင်ဆီက ခွင့်ပြုချက် တောင်းပြီး အသက် ၉ နှစ်မှာ အန်နာ ကျမ်းစာစလေ့လာတယ်။ အန်နာ ကျမ်းစာလေ့လာတာကို တစ်အိမ်တည်း နေတဲ့ ဆွေမျိုးတွေ ဆန့်ကျင်ကြတယ်။ မိရိုးဖလာ ဘာသာကို စွန့်ပြီး ဘာသာပြောင်းတာ မိသားစု သိက္ခာကျတယ်လို့ သတ်မှတ်ထားကြတာ။ ဒါပေမဲ့ အန်နာ အသက် ၁၂ နှစ်မှာ နှစ်ခြင်းခံချင်လို့ ဖခင်ဆီ ခွင့်တောင်းတယ်။ နှစ်ခြင်းခံချင်တာ ကိုယ့်ဆန္ဒနဲ့လား၊ တစ်ယောက်ယောက် တိုက်တွန်းလို့လားဆိုပြီး ဖခင်ဖြစ်သူ မေးတော့ “ယေဟောဝါကို သမီး ချစ်လို့ပါ” ဆိုပြီး အန်နာ ဖြေတယ်။ ဒါနဲ့ နှစ်ခြင်းခံဖို့ အန်နာ ခွင့်ပြုချက် ရသွားတယ်။ အန်နာ နှစ်ခြင်းခံပြီးနောက်မှာ ဆွေမျိုးတွေ ပိုလို့တောင် အမျိုးမျိုး ပြောဆိုကြတယ်၊ ဒုက္ခပေးကြတယ်။ အန်နာ့ရဲ့ အဘိုးဆိုရင် “ညည်း ယေဟောဝါသက်သေ လုပ်မယ့်အစား မိန်းမပျက် ဖြစ်သွားတာ၊ ဆေးလိပ်သောက်တာကမှ တော်ဦးမယ်” လို့တောင် ပြောတယ်။ အန်နာ ဘယ်လိုလုပ်ပြီး ခံရပ်နိုင်သလဲ။ “ခံနိုင်ရည် ရှိဖို့ ယေဟောဝါ ကူညီပေးတယ်။ အဖေနဲ့ အမေလည်း ကျွန်မဘက်က ရပ်တည်ပေးတယ်” လို့ ပြောတယ်။ ယေဟောဝါ ကူညီပေးတဲ့ အကြိမ်တိုင်းကို အန်နာ စာရင်းလုပ်ထားတယ်။ ယေဟောဝါ ဘယ်လို ကူညီပေးသလဲဆိုတာ မေ့မသွားအောင် စာရင်းကို ပြန်ပြန်ကြည့်တယ်။ သင်ကော ဆန့်ကျင်ခံရမှာ တွေးကြောက်နေသလား။ ယေဟောဝါ ကူညီမစမယ်ဆိုတာ သတိရပါ။—ဟီ. ၁၃:၆။
KORNELIAS TUI NA KIPHUM
11. Kornelias tui a kiphum ding bang hang hun zakaisak kha thei a hiam?
၁၁ ကော်နေလိဆီကနေလည်း သင်ယူစရာတွေ ရှိတယ်။ ကော်နေလိဟာ ရောမစစ်သည် ၁၀၀ လောက်ကို အုပ်ချုပ်ရတဲ့ “တပ်စုမှူး” ဖြစ်တယ်။ (တ. ၁၀:၁၊ အောက်ခြေမှတ်ချက်) ဒါကြောင့် လူမှုအသိုင်းအဝိုင်း၊ စစ်တပ်အသိုင်းအဝိုင်းမှာ ဂုဏ်အရှိန်အဝါကြီးသူ ဖြစ်မှာပဲ။ ဒါ့အပြင် “ဘုရားတရားကြည်ညိုသူ၊” “ပေးကမ်းစွန့်ကြဲတတ်သူ” ဖြစ်တယ်။ (တ. ၁၀:၂) ကော်နေလိဆီ သတင်းကောင်း သွားဟောပြောဖို့ တမန်တော် ပေတရုကို ယေဟောဝါ စေလွှတ်တယ်။ ဂုဏ်၊ ရာထူးကြောင့် ကော်နေလိ နှစ်ခြင်းမခံဘဲ အချိန်ဆွဲခဲ့သလား။
12. Kornelias bang hang tui na kiphum thei a hiam?
၁၂ ကော်နေလိ ဘာကြောင့် နှစ်ခြင်းခံနိုင်ခဲ့သလဲ။ ကော်နေလိဟာ ဘုရားသခင်ဆီ အမြဲ တိုးလျှိုးအသနားခံတတ်သူ ဖြစ်တယ်။ “သူရော အိမ်သားတွေပါ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြတယ်။” (တ. ၁၀:၂) ပေတရု သတင်းကောင်း လာဟောပြောတဲ့အခါ ကော်နေလိတို့ တစ်အိမ်သားလုံး ခရစ်တော်ကို ယုံကြည်လက်ခံပြီး ချက်ချင်း နှစ်ခြင်းခံကြတယ်။ (တ. ၁၀:၄၇၊ ၄၈) ယေဟောဝါကို မိသားစုလိုက် ကိုးကွယ်နိုင်ဖို့ ကော်နေလိ ပြောင်းလဲစရာ ရှိတာတွေ ပြောင်းလဲချင်မှာ သေချာတယ်။—ယောရှု ၂၄:၁၅။ တ. ၁၀:၂၄၊ ၃၃။
13. Kornelias kiang pan bang sin thei i hiam?
၁၃ ကော်နေလိဟာ ရှောလုလိုပဲ ဂုဏ်၊ ရာထူးကြောင့် နှစ်ခြင်းမခံဘဲ နေချင်ရင် နေလို့ရပေမဲ့ နှစ်ခြင်းခံတယ်။ သင်ကော နှစ်ခြင်းခံနိုင်ဖို့ ဘဝမှာ ကြီးကြီးမားမား ပြောင်းလဲစရာတွေ ရှိနေသလား။ မိမိကို ဝတ်ပြုဖို့၊ ကျမ်းစာမူတွေနဲ့အညီ နေထိုင်ဖို့ ဆုံးဖြတ်ထားသူတွေကို ယေဟောဝါ ကူညီပေးမယ်၊ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချပါ။
14. Unaupa Tsuyoshi’ tuahkhakna pan bang sin thei i hiam?
၁၄ ဂျပန်နိုင်ငံက ညီအစ်ကို ဆုယို့ရှိဟာ နှစ်ခြင်းခံနိုင်ဖို့ အလုပ်မှာ အပြောင်းအလဲ လုပ်ခဲ့ရတယ်။ ဆုယို့ရှိဟာ အီကန်နိုဘိုလို့ ခေါ်တဲ့ နာမည်ကြီး ပန်းအလှဆင်ကျောင်းမှာ လက်ထောက်ကျောင်းအုပ် ဖြစ်တယ်။ ဈာပနအခမ်းအနားတွေအတွက် ပန်းအလှဆင်ပေးတဲ့အခါ ဗုဒ္ဓဘာသာထုံးစံအတိုင်း ပါဝင်လုပ်ဆောင်ပေးရတာတွေ ရှိတယ်။ ကျောင်းအုပ် မသွားနိုင်တဲ့အခါ ကျောင်းအုပ်အစား ဆုယို့ရှိ သွားရတယ်။ ဒါပေမဲ့ လူသေတွေနဲ့ပတ်သက်တဲ့ အမှန်တရားကို ဆုယို့ရှိ သိလာတော့ နှစ်ခြင်းခံနိုင်ဖို့ဆိုရင် ဒီလိုဘာသာရေးထုံးစံတွေမှာ ပါဝင်လို့ မရမှန်း သဘောပေါက်လာတယ်။ ဒါကြောင့် မပါဝင်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။ (၂ ကော. ၆:၁၅၊ ၁၆) ကျောင်းအုပ်ကို ကိုယ့်ဆုံးဖြတ်ချက် ပြောပြတယ်။ ဘာရလဒ် ရသလဲ။ ဘာသာရေးထုံးစံတွေမှာ ပါဝင်စရာ မလိုဘဲ အလုပ်ဆက်လုပ်နိုင်ခဲ့တယ်။ ကျမ်းစာလေ့လာပြီး တစ်နှစ်လောက်အကြာမှာ ဆုယို့ရှိ နှစ်ခြင်းခံလိုက်တယ်။ သင်ကော ယေဟောဝါရဲ့ နှစ်သက်လက်ခံမှု ရဖို့ အလုပ်မှာ အပြောင်းအလဲတွေ လုပ်ဖို့ လိုနေသလား။ သင်နဲ့ သင့်မိသားစု လိုအပ်တာတွေကို ယေဟောဝါ ဖြည့်ဆည်းပေးမယ်ဆိုတာ စိတ်ချပါ။—ဆာ. ၁၂၇:၂။ မ. ၆:၃၃။
KORIN KHUAMITE TUI NA KIPHUM UH
15. Korin khua mite tui a kiphum ding uh bang hang haksa kha thei a hiam?
၁၅ ရှေးခေတ် ကောရိန္သုမြို့သားတွေဟာ ပစ္စည်းဥစ္စာ မက်ကြတယ်။ ကိုယ်ကျင့်တရားစံနှုန်း လျော့ရဲကြတယ်။ ယေဟောဝါ မနှစ်သက်တဲ့ အကျင့်တွေ ကျင့်ကြတယ်။ ဒါကြောင့် သတင်းကောင်း လက်ခံပြီး ယေဟောဝါကို ဝတ်ပြုဖို့ သိပ်ခက်နိုင်တယ်။ ဒါပေမဲ့ တမန်တော် ပေါလု ရောက်လာပြီး ခရစ်တော်အကြောင်း သတင်းကောင်း ဟောပြောတဲ့အခါ ‘ကောရိန္သုမြို့သား အတော်များများ ယုံကြည်လာပြီး နှစ်ခြင်းခံကြတယ်။’ (တ. ၁၈:၇-၁၁) အဲဒီနောက် “ဒီမြို့မှာ ငါ့လူတွေ အများကြီး ရှိသေးတယ်” လို့ စိတ်အာရုံမှာ ပေါလုကို ယေရှုခရစ် ပြောတယ်။ ဒါကြောင့် ကောရိန္သုမြို့မှာ ပေါလု တစ်နှစ်နဲ့ ခြောက်လ ဆက်ဟောပြောတယ်။
16. Korin khua mite bang hang tui na kiphum thei uh a hiam? (2 Korin 10:4, 5)
၁၆ ကောရိန္သုမြို့သားတွေ ဘာကြောင့် နှစ်ခြင်းခံနိုင်ခဲ့သလဲ။ (၂ ကောရိန္သု ၁၀:၄၊ ၅ ကို ဖတ်ပါ။) ဘဝမှာ အပြောင်းအလဲကြီးတွေ လုပ်နိုင်ဖို့ ဘုရားသခင်ရဲ့ နှုတ်ထွက်စကားနဲ့ သန့်ရှင်းသော စွမ်းအားတော်က ကူညီပေးလို့ပါ။ (ဟီ. ၄:၁၂) ခရစ်တော်အကြောင်း သတင်းကောင်းကို လက်ခံတဲ့ ကောရိန္သုမြို့သားတွေဟာ သောက်ကြူးတာ၊ ခိုးတာ၊ လိင်တူဆက်ဆံတာ စတဲ့ အကျင့်ဆိုးတွေကို ဖျောက်ဖျက်ပစ်နိုင်ကြတယ်။—၁ ကော. ၆:၉-၁၁။a
17. Korin khua mite kiang pan bang sin thei hiam?
၁၇ ကောရိန္သုမြို့သားတချို့ဟာ အကျင့်ဆိုးတွေ အမြစ်စွဲနေပေမဲ့ ခရစ်ယာန် ဖြစ်လာဖို့ သိပ်ခက်တယ်လို့ မတွေးကြဘူး။ ထာဝရအသက်ကို ပို့ဆောင်ပေးမယ့် လမ်းကြမ်းပေါ် ရောက်ဖို့ ကြိုးစားကြတယ်။ (မ. ၇:၁၃၊ ၁၄) သင်ကော နှစ်ခြင်းခံနိုင်ဖို့ အကျင့်ဆိုးတစ်ခုခု ကြိုးစားဖျောက်ဖျက်နေရသလား။ လက်မလျှော့လိုက်ပါနဲ့။ အမှားလုပ်ချင်စိတ်ကို ချိုးနှိမ်နိုင်ဖို့ ယေဟောဝါဆီက သန့်ရှင်းသော စွမ်းအားတော် တောင်းခံပါ။
18. Unaunu Monika’ tuakkhakna pan bang sin thei i hiam?
၁၈ ဂျော်ဂျီယာနိုင်ငံက ညီအစ်မ မော်နီကာအကြောင်း စဉ်းစားကြည့်ပါ။ ညစ်ညမ်းတဲ့စကားတွေ ပြောတဲ့အကျင့်၊ မသင့်တော်တဲ့ ဖျော်ဖြေရေးတွေ ကြည့်တဲ့အကျင့် မော်နီကာမှာ ရှိတယ်။ ဒါပေမဲ့ “ယေဟောဝါဆီ ဆုတောင်းလို့ နှစ်ခြင်းမခံခင် အပြောင်းအလဲတွေ လုပ်နိုင်ခဲ့တယ်။ ကျွန်မ မှန်ရာ လုပ်ချင်မှန်း ယေဟောဝါ သိတယ်။ ကျွန်မကို အမြဲ ကူညီပေးတယ်၊ လမ်းပြပေးတယ်” လို့ ပြောတယ်။ ဒီလိုနဲ့ အသက် ၁၆ နှစ်မှာ မော်နီကာ နှစ်ခြင်းခံလိုက်တယ်။ သင်ကော ယေဟောဝါ နှစ်သက်လက်ခံတဲ့နည်းနဲ့ ဝတ်ပြုနိုင်ဖို့ ဖျောက်ဖျက်ရမယ့် အကျင့်တွေ ရှိနေသလား။ အပြောင်းအလဲတွေ လုပ်နိုင်ဖို့ ဆုတောင်းပါ။ စွမ်းအားတော်ကို ယေဟောဝါ မတွန့်တိုဘဲ ပေးသနားမယ်ဆိုတာ စိတ်ချပါ။—ယော. ၃:၃၄။
UPNA NEI LENG MUALTE KIKHINKHIA ZO
19. Mual tawh a kibang khaktannate kantan zawh nadingin bangin hong huh ding a hiam? (Lim zong en in.)
၁၉ နှစ်ခြင်းခံဖို့ ဘာတွေကပဲ တားဆီးနေပါစေ စိတ်ချထားနိုင်တာကတော့ သင့်ကို ယေဟောဝါ ချစ်တယ်၊ မိမိရဲ့ မိသားစုဝင် ဖြစ်စေချင်တယ်ဆိုတာပါပဲ။ “ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းသာ မုန်ညင်းစေ့လောက် ရှိခဲ့ရင် ဒီတောင်ကို ‘ဟိုဘက်ကို ရွှေ့’ လို့ ပြောရင် ရွှေ့မှာပဲ။ ခင်ဗျားတို့ မတတ်နိုင်တာ ဘာမှ ရှိမှာ မဟုတ်ဘူး” လို့ တပည့်တွေကို ယေရှု ပြောတယ်။ (မ. ၁၇:၂၀) တပည့်တွေဟာ ယေရှုနဲ့ အတူရှိတာ နှစ်အနည်းငယ်ပဲ ရှိသေးလို့ ယုံကြည်ခြင်း တိုးများဖို့ လိုနေသေးတယ်။ ယုံကြည်ခြင်း တိုးများလာပြီဆိုရင် တောင်နဲ့တူတဲ့ အတားအဆီးတွေကို ရွှေ့နိုင်ဖို့ ယေဟောဝါ ကူညီပေးမယ်လို့ ယေရှု အာမခံတယ်။ ပထမရာစုက ယေရှုတပည့်တွေကို ယေဟောဝါ ကူညီပေးခဲ့သလို သင့်ကိုလည်း ကူညီပေးမယ်။
သင့်ကို ယေဟောဝါ ချစ်တယ်၊ မိမိရဲ့ မိသားစုဝင် ဖြစ်စေချင်တယ်ဆိုတာ စိတ်ချပါ (စာပိုဒ် ၁၉ ကို ကြည့်ပါ)b
20. Hih sin ding thu sunga kumzalom masa hun le tu huna Khristiante ii tuakkhakna in bang sem dingin hong tawisawn a hiam?
၂၀ နှစ်ခြင်းခံဖို့ အတားအဆီး ဖြစ်စေနိုင်တဲ့အရာတွေ သတိထားမိရင် အချိန်မဆွဲဘဲ ဖယ်ရှားပစ်ပါ။ ပထမရာစုနဲ့ ဒီနေ့ခေတ် ခရစ်ယာန်တွေရဲ့ တွေ့ကြုံမှုကနေ အားယူပါ။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံဖို့ သူတို့ရဲ့ စံနမူနာက သင့်အတွက် တွန်းအားဖြစ်ပါစေ။ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံတာဟာ အကောင်းဆုံး ဆုံးဖြတ်ချက်ပါပဲ။
LA 38 ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်
a ‘နှစ်ခြင်းခံဖို့ ဘာကြောင့် အချိန်ဆွဲနေတာလဲ’ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။
b ပုံအညွှန်း– နှစ်ခြင်းခံပြီးခါစသူတွေကို ညီအစ်ကို/မတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေ။