APRIL 13-19, 2026
LA 52 Khristian Ki-apna
Tuiphumna ii A Khiatna Theitel In
“Midang khempeuh, keima nungzui mi suaksakin, . . . , tui sungah na phum un.”—MAT. 28:19.
အာရုံစိုက်ရာ
နှစ်ခြင်းခံတယ်ဆိုတာ ဘာလဲ။ နှစ်ခြင်းခံဖို့ ဘာကြောင့် အရေးကြီးသလဲ။ ဘယ်လို နှစ်ခြင်းခံကြသလဲ။
1. Tuiphumna in a thupi Lai Siangtho thuhilhna a hih lam koi bangin kithei a hiam?
လူသစ်တစ်ယောက် နှစ်ခြင်းခံတဲ့အခါ ကျွန်တော်တို့ သိပ်ပျော်ကြတယ်။ ခရစ်ယာန်အသင်းတော်ရဲ့ ပထမဦးဆုံး အစည်းအဝေးမှာလည်း အဲဒီလို ပျော်ရွှင်ခဲ့ကြမှာပဲ။ အဲဒီနေ့မှာပေးတဲ့ တမန်တော်ပေတရုရဲ့ ဟောပြောချက်ထဲမှာ နှစ်ခြင်းခံဖို့ အရေးကြီးကြောင်းလည်း ပါတယ်။ ပေတရုရဲ့ ဟောပြောချက်ကို လူတွေ နားထောင်ပြီးနောက် နှစ်ခြင်းခံကြတယ်။ (တ. ၂:၃၈၊ ၄၀၊ ၄၁) နောက်ပိုင်းမှာ တမန်တော်ပေါလုက “ခရစ်တော်နဲ့ဆိုင်တဲ့ အခြေခံအယူဝါဒတွေ” ထဲမှာ နှစ်ခြင်းခံခြင်းကို ထည့်သွင်းဖော်ပြထားတယ်။ (ဟီ. ၆:၁၊ ၂) နှစ်ခြင်းဆိုတာ အခြေခံ ကျမ်းစာသွန်သင်ချက်ဖြစ်တဲ့အတွက် ကောင်းကောင်းနားလည်သဘောပေါက်ဖို့ လိုတယ်။
2. Tuiphumna tawh kisai limtakin i tel ding bang hang kisam a hiam?
၂ အဆောက်အဦတစ်ခု ခိုင်ခံ့ဖို့ဆိုတာ အခြေခံအုတ်မြစ်ပေါ် အများကြီးမူတည်သလို လူတစ်ယောက် ယုံကြည်ခြင်း ခိုင်ခံ့ဖို့ဆိုရင် နှစ်ခြင်းအကြောင်း အသေအချာ နားလည်ဖို့လိုတယ်။ နှစ်ခြင်းခံဖို့ ပြင်ဆင်နေသူတွေရော နှစ်ခြင်းခံတာ ကြာပြီဖြစ်သူတွေပါ နှစ်ခြင်းရဲ့အရေးကြီးမှုကို သိထားရမယ်။ နှစ်ခြင်းဆိုတာ ဘာလဲ။ ခရစ်ယာန်တွေ ဘယ်လို နှစ်ခြင်းခံကြသလဲ။ အဖဘုရားရဲ့ နာမည်၊ သားတော်ရဲ့ နာမည်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့ နာမည်နဲ့ ဘာကြောင့် နှစ်ခြင်းခံသလဲ ဆိုတဲ့ မေးခွန်းသုံးခုကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။
TUIPHUMNA II A KHIATNA
3. Tui kiphumna in bang hong lak a hiam?
၃ လူအများရှေ့ နှစ်ခြင်းခံတာက ဘာကို ဖော်ပြရာရောက်သလဲ။ သင်ဟာ ယေဟောဝါဘုရား၊ ယေရှုခရစ်နဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်ကို အပြည့်အဝ ယုံကြည်တယ်။ လုပ်မိခဲ့တဲ့ အပြစ်တွေအတွက် နောင်တရတယ်။ ယေဟောဝါကို ဝတ်ပြုဖို့ ဘဝအသက်တာကို ပြုပြင်ပြောင်းလဲတယ်။ ယေရှုအားဖြင့်ပဲ အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်နိုင်တယ်ဆိုတာ အသိအမှတ်ပြုတယ်။ ဘုရားအသုံးပြုနေတဲ့ အဖွဲ့အစည်းနဲ့အတူ အလိုတော်ကို ဆောင်ရွက်သွားမယ်လို့ ဆုတောင်းကတိပြုပြီးကြောင်း ဖော်ပြရာရောက်တယ်။ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံလိုက်တာဟာ ထာဝရအသက်လမ်းပေါ် စလျှောက်ပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
4. Tui sungah pumpi bupin kiphum na, tui sung pan pusuakkik na-in bang a cihnopna hiam? (Lim zong en in.)
၄ နှစ်ခြင်းခံချိန်မှာ ရေထဲစုံးစုံးနှစ်သွားပြီး ပြန်ပေါ်လာတယ်။a ဒါက သင်္ဂြိုဟ်ခံရပြီး ရှင်ပြန်ထမြောက်လာတာနဲ့တူတယ်။ (ကောလောသဲ ၂:၁၂ နဲ့ နှိုင်းယှဉ်ပါ။) ရေထဲနှစ်လိုက်တာက အရင်ဘဝလမ်းစဉ်ဟောင်းကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ဖော်ပြရာရောက်ပြီး ရေထဲကနေ ပြန်ပေါ်လာတာက ဘုရားအလိုတော်နဲ့ညီတဲ့ ဘဝသစ်စတော့မယ်ဆိုတာ ဖော်ပြတယ်။
နှစ်ခြင်းခံတယ်ဆိုတာ အရင်က အသက်ရှင်နေထိုင်ခဲ့တဲ့ ဘဝလမ်းစဉ်ဟောင်းကို စွန့်လွှတ်ပြီး ဘုရားအလိုတော်နဲ့ညီတဲ့ ဘဝလမ်းစဉ်အတိုင်း စတင်လျှောက်လှမ်းတာဖြစ် (စာပိုဒ် ၄ ကိုကြည့်ပါ)
5. Tui kiphumna in Noah’ teembaw lam tawh koi bangin kigenteh thei a hiam? (1 Peter 3:18-21)
၅ ၁ ပေတရု ၃:၁၈-၂၁ ကိုဖတ်ပါ။ နှစ်ခြင်းခံတာကို နောဧ သင်္ဘောဆောက်တာနဲ့ နှိုင်းယှဉ်နိုင်တယ်။ ယေဟောဝါအကြောင်း စလေ့လာတုန်းက နှစ်ခြင်းခံဖို့ဆိုတာ သိပ်ခက်တယ်၊ လုပ်နိုင်မှာမဟုတ်ဘူး၊ နှစ်ခြင်းခံဖို့ လုပ်ရမှာတွေ သိပ်များတယ်လို့ ထင်ခဲ့မိနိုင်တယ်။ သင်္ဘောဆောက်တဲ့အခါ နောဧ ခံစားရသလို သင်လည်း ခံစားရနိုင်တယ်။ ဒါပေမဲ့ သင်္ဘော ဘယ်လိုဆောက်ရမယ်ဆိုတာ နောဧကို ယေဟောဝါ အတိအကျ ညွှန်ကြားတယ်။ ရေလွှမ်းမိုးဘေးကနေ ကယ်တင်ခံရဖို့ဆိုရင် ညွှန်ကြားချက်ကို နောဧ တစ်သဝေမတိမ်း လိုက်နာဖို့လိုတယ်။ နောဧဟာ ယေဟောဝါကို ယုံကြည်တယ်၊ နာခံတယ်။ ဒါကြောင့် ယေဟောဝါ အကူအညီနဲ့ သင်္ဘောဆောက်နိုင်ခဲ့တယ်။ သင်လည်း နောဧလိုပဲ “ဘုရားသခင် မိန့်မှာသမျှအတိုင်း” လုပ်ဆောင်နိုင်မှာပါ။—က. ၆:၂၂။
6. Tuiphumna in koi bangin hong hon khiathei a hiam?
၆ တမန်တော်ပေတရုက “ခင်ဗျားတို့ကို ကယ်တင်တဲ့အရာဟာ နှစ်ခြင်းပဲ” လို့ ပြောတယ်။ (၁ ပေ. ၃:၂၁) ရေထဲစုံးစုံးနှစ်ရုံနဲ့ ကယ်တင်ခြင်းရမှာ၊ အပြစ်တွေကို ဆေးကြောခံရမှာတော့ မဟုတ်ပါဘူး။ ယေရှုရဲ့အသွေး တစ်ခုတည်းကပဲ အပြစ်တွေကို သန့်စင်ပေးနိုင်တာ။ (၁ ယော. ၁:၇) ဒါပေမဲ့ နှစ်ခြင်းခံဖို့ သိပ်အရေးကြီးတယ်။ အကြောင်းကတော့ နှစ်ခြင်းခံဖို့ ယေဟောဝါ မိန့်မှာထားလို့ပဲ။ နှစ်ခြင်းခံတာဟာ “ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကို ရဖို့ ဘုရားသခင်ဆီ တောင်းခံတာ ဖြစ်တယ်။” ကျွန်တော်တို့ တောင်းခံတဲ့အတိုင်း အပြစ်တွေကို ယေဟောဝါ ခွင့်လွှတ်ပေးမယ်။ ဒီလိုနည်းနဲ့ “ခင်ဗျားတို့ကို ကယ်တင်တဲ့အရာဟာ နှစ်ခြင်းပဲ” လို့ ဆိုနိုင်တာပါ။
TUI KIPHUM DAN
7. Koi bang danin tui kiphum ding a hiam?
၇ နှစ်ခြင်းခံတဲ့အခါ ရေထဲ စုံးစုံးနှစ်ဖို့လိုတယ် ဆိုတာကလွဲပြီး တခြားအသေးစိတ်အချက်အလက်တွေ ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ နှစ်ခြင်းခံချိန်မှာ လုပ်သင့်တာ၊ မလုပ်သင့်တာကို ဆုံးဖြတ်နိုင်ဖို့ ကျမ်းစာက ကူညီပေးတယ်။ ဥပမာ၊ နှစ်ခြင်းခံမယ့်သူတွေ ဘယ်လိုဝတ်စားဆင်ယင်သင့်တယ်၊ နှစ်ခြင်းခံချိန်မှာ တခြားသူတွေ ဘယ်လိုပြုမူသင့်တယ်ဆိုတာကို ကျမ်းစာမူတွေအရ သိနိုင်တယ်။ (၁ ကော. ၁၄:၄၀။ ၁ တိ. ၂:၉) ဒီနေ့အချိန်မှာ နှစ်ခြင်းပေးတဲ့သူဟာ အကြီးအကဲတစ်ယောက် ဖြစ်လေ့ရှိပေမဲ့ နှစ်ခြင်းပေးတဲ့သူကို အဓိက အာရုံမစိုက်ကြဘူး။ (၁ ကော. ၁:၁၄၊ ၁၅) နှစ်ခြင်းခံချိန်မှာ ပရိသတ် နည်းတာ၊ များတာကလည်း အရေးကြီးတဲ့ကိစ္စတော့ မဟုတ်ဘူး။—တ. ၈:၃၆။
8. Tui kiphum dingte bang thudawt nate kidong a hiam? Bang hang hiam? (Sawltak 2:38-42) (Lim zong en in.)
၈ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို “လူသိရှင်ကြား ကြေညာ” တဲ့အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (ရော. ၁၀:၉၊ ၁၀) ဟောပြောခြင်းလုပ်ငန်းလောက်မှာသာမဟုတ်ဘဲ နှစ်ခြင်းခံချိန်မှာလည်း ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို လူသိရှင်ကြား ကြေညာကြတယ်။ ဒါကြောင့် နှစ်ခြင်းခံမယ့်သူတွေကို မေးခွန်းနှစ်ခု မေးတယ်။ “ယေရှုခရစ်ကတစ်ဆင့် ဘုရားသခင် ပြင်ဆင်ပေးတဲ့ ကယ်တင်ခြင်းနည်းလမ်းကို လက်ခံပြီး သင့်ရဲ့အပြစ်တွေကို နောင်တယူကာ သင့်ကိုယ်ကိုယ် ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီးပြီလား။” “သင့်ရဲ့ နှစ်ခြင်းဟာ ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းနေတဲ့ ယေဟောဝါသက်သေတစ်ဦးအဖြစ် သင့်ကို သတ်မှတ်ဖော်ပြကြောင်း နားလည်သဘောပေါက်ပါသလား။” ပထမမေးခွန်းက နှစ်ခြင်းခံဖို့ ဘာတွေ ပြုပြင်ပြောင်းလဲခဲ့ရတယ်ဆိုတာ ဖော်ပြတယ်။ ပင်တေကုတ္တေပွဲနေ့က ပေတရုပြောတဲ့ စကားနဲ့ ဆင်တူပါတယ်။ ဒုတိယမေးခွန်းက ပထမရာစုက ခရစ်ယာန်တွေလိုပဲ နှစ်ခြင်းခံမယ့်သူဟာ ယေဟောဝါအဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်ကို လိုက်လျှောက်မယ်၊ ညီအစ်ကို/မတွေနဲ့အတူ ယေဟောဝါကို ဝတ်ပြုသွားမယ်လို့ ကတိပြုထားတယ်ဆိုတာ သိစေတယ်။ (တမန်တော် ၂:၃၈-၄၂ ကို ဖတ်ပါ။) ဒီမေးခွန်းနှစ်ခုစလုံးကို အခိုင်အမာ ဖြေကြားတာက နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီတယ်ဆိုတာ ဖော်ပြတယ်။
နှစ်ခြင်းခံတဲ့အခါ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို “လူသိရှင်ကြား ကြေညာ” (စာပိုဒ် ၈ ကိုကြည့်ပါ)d
9. I vekpi-in Pasian maipha i ngah nading bang teng sepding kisam a hiam?
၉ သင်ဟာ ကျမ်းစာမလေ့လာခင်ကတည်းက ကြီးလေးတဲ့အပြစ်တွေ မလုပ်ဘဲ ဘဝကို လူကောင်းတစ်ယောက်အနေနဲ့ နေထိုင်ခဲ့တာ ဖြစ်မယ်။ ဒါမှမဟုတ် ဘုရားကိုချစ်တဲ့ မိဘတွေရဲ့ သွန်သင်မှုအောက်မှာ ကြီးပြင်းလာတာ ဖြစ်နိုင်တယ်။ ဒါဆိုရင် နောင်တယူစရာ လိုသေးလား။ လိုပါတယ်။ ဘယ်လိုနောက်ခံပဲရှိပါစေ မွေးကတည်းက အပြစ်ပါလာတဲ့အတွက် ဘုရားနဲ့ကင်းကွာနေလို့ပါ။ (ဆာ. ၅၁:၅) ဒါပေမဲ့ ယေဟောဝါအကြောင်း ပိုသိလာတဲ့အခါ ဘုရားအလိုတော်နဲ့အညီ အသက်ရှင်ချင်လာတယ်။ အပြစ်တွေအတွက် နောင်တရပြီး ဘဝလမ်းစဉ်ဟောင်းကို ပြုပြင်ပြောင်းလဲတယ်၊ ဘုရားနှစ်သက်တဲ့ ဘဝလမ်းစဉ်အတိုင်း နေထိုင်ဖို့ ကြိုးစားတယ်။ ဒါက နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီသွားစေတယ်။—တ. ၃:၁၉။
10. Biakna dangah tui kiphum khin i hi zongin bang i hih ding kisam a hiam?
၁၀ တခြားဘာသာမှာ နှစ်ခြင်းခံထားပြီးသားဆိုရင်တောင် ယေဟောဝါသက်သေတစ်ယောက်အနေနဲ့ နှစ်ခြင်းခံဖို့ လိုတယ်။ ဘာကြောင့်လဲ။ ယေဟောဝါဘုရားနဲ့ ယေရှုအကြောင်း ကောင်းကောင်းမသိဘဲ နှစ်ခြင်းခံခဲ့လို့ပါ။ ဘုရားသခင်ဆီ ကိုယ့်ကိုယ်ကိုယ် ဆုတောင်း အပ်နှံပြီးသားဖြစ်ရင်ကော။ ဘုရားအလိုတော်ကို အပြည့်အဝ နားမလည်ဘဲ အပ်နှံခဲ့တာဖြစ်လို့ ပြန်ပြီး ဆက်ကပ်အပ်နှံဖို့ လိုတယ်။ ဧဖက်မြို့မှာ ပေါလုနဲ့ ဆုံတဲ့ တပည့်တချို့က နှစ်ခြင်းခံပြီးသားသူတွေဖြစ်တယ်။ သူတို့တွေဟာ ခရစ်ယာန်သွန်သင်ချက်တွေအကြောင်း နားမလည်ဘဲ နှစ်ခြင်းခံခဲ့ကြတာ။ ဒါကြောင့် သူတို့ ထပ်နှစ်ခြင်းခံကြတယ်။b (တ. ၁၉:၁-၅) ဒီနေ့လည်း အလားတူပါပဲ။ ဘုရားအကြောင်း မှန်မှန်ကန်ကန် နားလည်ပြီး နှစ်ခြင်းခံတာကိုပဲ ဘုရားနှစ်သက်တယ်။
“PA MIN, TAPA MIN LE KHA SIANGTHO MIN TAWH TUI SUNGAH NA PHUM UN”
11. “Pa min,Tapa min le Kha Siangtho min tawh” tui kiphum cihin bang a cihnopna hiam? (Matthai 28:18-20)
၁၁ ယေရှုက တပည့်သစ်တွေကို “အဖဘုရားရဲ့ နာမည်၊ သားတော်ရဲ့ နာမည်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့ နာမည်နဲ့” နှစ်ခြင်းခံပါလို့ မိန့်မှာခဲ့တယ်။ (မဿဲ ၂၈:၁၈-၂၀ ကို ဖတ်ပါ။) ဘာကိုဆိုလိုသလဲ။ ကျမ်းစာမှာ “နာမည်” ဆိုတဲ့ စကားလုံးဟာ တစ်ယောက်ယောက်ရဲ့ ဂုဏ်သတင်းကို ရည်ညွှန်းလေ့ရှိတယ်။ အဲဒီသူရဲ့ ရာထူး၊ အခွင့်အာဏာကိုလည်း ရည်ညွှန်းနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့က တစ်ယောက်ယောက်ရဲ့နာမည်နဲ့ တစ်ခုခုလုပ်တော့မယ်ဆိုရင် အဲဒီသူရဲ့ အခွင့်အာဏာကိုလည်း အသိအမှတ်ပြု လက်ခံရာရောက်တယ်။ (မဿဲ ၁၀:၄၁ နဲ့ နှိုင်းယှဉ်ပါ။) ဒါကြောင့် အဖဘုရားရဲ့နာမည်၊ သားတော်ရဲ့နာမည်နဲ့ နှစ်ခြင်းခံတာက ယေဟောဝါနဲ့ သားတော်ရဲ့ အနေအထား၊ အခွင့်အာဏာကို အသိအမှတ်ပြုရာရောက်တယ်။ သန့်ရှင်းသောစွမ်းအားတော်ရဲ့ နာမည်နဲ့ နှစ်ခြင်းခံတာကလည်း စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့အညီ အသက်ရှင်မယ်လို့ ကတိပြုရာကျတယ်။ ဒီအကြောင်း အသေးစိတ် ဆက်ဆွေးနွေးကြည့်ရအောင်။
12. Pa min tawh tui kiphum cihin bang a cihnopna hiam? (Maangmuhna 4:11) (Lim zong en in.)
၁၂ အဖဘုရားရဲ့ နာမည်နဲ့ နှစ်ခြင်းခံတယ်ဆိုတာ ဘာလဲ။ ယေဟောဝါကို ကောင်းကင်ဘုံစံအဖ၊ အသက်ပေးရှင်၊ အနန္တတန်ခိုးရှင်၊ အရာခပ်သိမ်းကို ဖန်ဆင်းတဲ့အရှင်အဖြစ် ကျွန်တော်တို့ အသိအမှတ်ပြုတာကို ဆိုလိုတယ်။ (ဗျာဒိတ် ၄:၁၁ ကို ဖတ်ပါ။) အဲဒီအပြင် ယေဟောဝါဟာ ဆုတောင်းသံကို နားထောင်တဲ့အရှင်ဖြစ်လို့ ဘုရားနာမည်သုံးပြီး ကျွန်တော်တို့ ဆုတောင်းကြတယ်။ ကိုယ်တော့်အကြောင်း တခြားသူတွေကို ပြောပြကြတယ်။ (ဆာ. ၆၅:၂) အဲဒီလို အသိအမှတ်ပြုရုံနဲ့ လုံလောက်ပြီလား။ မလုံလောက်ပါဘူး။ ပင်တေကုတ္တေပွဲနေ့မှာ ပေတရုရဲ့စကားကို နားထောင်နေသူတွေဟာ ယေဟောဝါအကြောင်း သိပြီးသားပါ။ ဒါပေမဲ့ ထာဝရအသက်ကို ယေရှုကတစ်ဆင့် ယေဟောဝါပေးတယ်ဆိုတာ အသိအမှတ်ပြုဖို့ လိုတယ်။—ရော. ၅:၈။
နှစ်ခြင်းခံပြီးနောက် အဖဘုရားရဲ့ အခန်းကဏ္ဍကို ဆက်ပြီး အသိအမှတ်ပြု နာခံပါ (စာပိုဒ် ၁၂ ကိုကြည့်ပါ)
13. Tapa min tawh tui kiphum cihin bang a cihnopna hiam? (Lim zong en in.)
၁၃ သားတော်ရဲ့ နာမည်နဲ့ နှစ်ခြင်းခံတယ်ဆိုတာ ဘာလဲ။ ယေရှုကို ဘုရားသခင်ရဲ့ တစ်ဦးတည်းသော သားအဖြစ်၊ ဘုရားနဲ့ရင်းနှီးတဲ့ဆက်ဆံရေး ရစေတဲ့ “လမ်းခရီး” အဖြစ် အသိအမှတ်ပြုတာကို ဆိုလိုတယ်။ (ယော. ၁၄:၆) အဲဒီအပြင် ယေရှုဟာ လူသားတွေ ထာဝရအသက်ရဖို့ ရွေးဖိုးပေးသူလည်း ဖြစ်တယ်။ ဒါကို သိထားတာက နှစ်ခြင်းခံချိန်မှာသာ မဟုတ်ဘဲ ဘဝအသက်တာတစ်လျှောက်လုံး ယေရှုနောက်လိုက်ဖို့ လှုံ့ဆော်ပေးတယ်။ (၁ ယော. ၂:၆) ဒါကြောင့် ယေရှုလိုပဲ အတားအဆီးတွေ ရှိတဲ့ကြားက ကျွန်တော်တို့ ထက်ထက်သန်သန် ဟောပြောကြတယ်။ (လု. ၄:၄၃) ဘုရားအမှုဆောင်လို့ ညှဉ်းပန်းနှိပ်စက်ခံရရင်တောင် လိုလိုလားလား ခံရပ်ကြတယ်။ (၂ တိ. ၃:၁၂) “အသင်းတော်ရဲ့ ဦးခေါင်း” ယေရှုကို လေးစားတဲ့အတွက် နောက်လိုက်တွေကို ဦးဆောင်ဖို့ ယေရှုခန့်အပ်ထားသူတွေကို ကျွန်တော်တို့ နာခံကြတယ်။—ဧ. ၄:၈၊ ၁၁၊ ၁၂။ ၅:၂၃။
နှစ်ခြင်းခံပြီးနောက် သားတော်ရဲ့ အခန်းကဏ္ဍကို ဆက်ပြီး အသိအမှတ်ပြု နာခံပါ (စာပိုဒ် ၁၃ ကိုကြည့်ပါ)
14. (a) Kha Siangtho min tawh tui kiphum cihin bang a cihnopna hiam? (Lim zong en in.) (b) Sathaunilhte in a dang bang tui kiphumna nei uh a hiam? (“Sathaunilhte ii tui kiphum dante.” cih kiuli bawm sung en in.)
၁၄ သန့်ရှင်းသော စွမ်းအားတော်ရဲ့ နာမည်နဲ့ နှစ်ခြင်းခံတယ်ဆိုတာ ဘာလဲ။ သန့်ရှင်းသော စွမ်းအားတော်နဲ့ပတ်သက်ပြီး ကျမ်းစာ ပြောတဲ့အတိုင်း လက်ခံတာကို ဆိုလိုတယ်။ သန့်ရှင်းသော စွမ်းအားတော်ဆိုတာ သုံးပါးပေါင်းတစ်ဆူအဝင် ဘုရားတစ်ပါး မဟုတ်ဘဲ ယေဟောဝါရဲ့ တန်ခိုးဖြစ်တယ်။ ယေဟောဝါက စွမ်းအားတော်ကို သုံးပြီး ပရောဖက်တွေ၊ ကျမ်းရေးသူတွေကို လမ်းညွှန်တယ်။ ဒါကြောင့် ကျမ်းစာပုံမှန်ဖတ်ပြီး ကျမ်းစာလမ်းညွှန်ချက်အတိုင်း ကျွန်တော်တို့ လိုက်နာကြတယ်။ (၂ ပေ. ၁:၂၀၊ ၂၁) ကြီးလေးတဲ့အပြစ် မလုပ်မိအောင်လည်း ရှောင်ကြတယ်။ ကိုယ့်အပေါ်၊ အသင်းတော်အပေါ် စွမ်းအားတော်စီးဆင်းမှုကို အတားအဆီး ဖြစ်စေလို့ပါ။—ဧ. ၄:၃၀။
နှစ်ခြင်းခံပြီးနောက် သန့်ရှင်းသော စွမ်းအားတော်ရဲ့ အခန်းကဏ္ဍကို ဆက်ပြီး အသိအမှတ်ပြု နာခံပါ (စာပိုဒ် ၁၄ ကိုကြည့်ပါ)
15. Bang hih dingin khensat na hiam?
၁၅ သင်ဟာ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တစ်ယောက်ဖြစ်မယ်ဆိုရင် နှစ်ခြင်းရဲ့ အရေးကြီးမှုကို အမြဲ သတိရနေပါ။c ကိုယ့်ရဲ့ ဆက်ကပ်အပ်နှံခြင်း၊ နှစ်ခြင်းနဲ့အညီ ဆက်အသက်ရှင်နေထိုင်ဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ဒါပေမဲ့ သင် နှစ်ခြင်း မခံရသေးဘူးဆိုရင်ကော။ နှစ်ခြင်းခံဖို့ ဘာက ဟန့်တားနေသလဲ။ နှစ်ခြင်းခံဖို့ အဟန့်အတားဖြစ်စေတဲ့ အကြောင်းရင်းတွေကို နောက်ဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။
LA 161 အလိုတော်ဆောင်တာဟာ ကြည်နူးစရာပါ
a ဂရိစကားလုံး ဗက်တိစမာ (ba’pti-sma) ကို “ဗတ္တိဇံ” လို့ ဘာသာပြန်ကြပြီး “စုံးစုံးနှစ်သည်၊” “မြုပ်သည်” လို့ အဓိပ္ပာယ်ရှိတယ်။ ဒါကြောင့် တခြားဘာသာတရားတွေ သွန်သင်သလို ရေဖြန်းတာမဟုတ်ဘဲ ရေထဲ စုံးစုံးနှစ်တာကို ဆိုလိုတယ်။
b ဧဖက်မြို့သားတွေ ခံယူခဲ့တဲ့ နှစ်ခြင်းဟာ “ယောဟန်ဟောခဲ့တဲ့ နှစ်ခြင်း” ပါ။ (တ. ၁၉:၃) မောရှေပညတ်ကိုလိုက်နာဖို့ ပျက်ကွက်တဲ့ အပြစ်တွေကနေ နောင်တရကြဖို့ ဂျူးတွေကို နှစ်ခြင်းပေးသူယောဟန် အားပေးတယ်။ နောင်တရသူတွေကို ယောဟန် နှစ်ခြင်းပေးတယ်။ (မာ. ၁:၄၊ ၅) ယောဟန်ပေးတဲ့ နှစ်ခြင်းဟာ မောရှေပညတ် ဆုံးခန်းတိုင်သွားချိန်မှာ တရားမဝင်တော့ဘူး။ အဲဒီနောက်ပိုင်း ဘုရားသခင်က ‘နှစ်ခြင်း တစ်မျိုးတည်း’ ကိုပဲ လက်ခံတော့တယ်။—ဧ. ၄:၅။
c jw.org နဲ့ JW Library® ထဲက “ကျမ်းစာမေးခွန်းများရဲ့အဖြေ” ခေါင်းစဉ်အောက်မှာပါတဲ့ “နှစ်ခြင်းဆိုတာ ဘာလဲ” ဆောင်းပါးကို ဖတ်ပါ။
d ပုံအညွှန်း– အစည်းအဝေးကြီးတစ်ခုမှာ နှစ်ခြင်းခံမယ့်သူတွေဟာ ပရိသတ်ရှေ့ မတ်တပ်ရပ်ပြီး မိမိတို့ရဲ့ ယုံကြည်ခြင်းကို လူသိရှင်ကြား ကြေညာနေကြ။