ရည်ရွယ်ချက်ရှိရှိ ပြန်လည်ပတ်သွားခြင်း
၁ ပြန်လည်ပတ်မှု ပြုလုပ်ရာတွင် ယခင်ကဆွေးနွေးခဲ့သည့် ကျမ်းစာအကြောင်းကို ထိုသူ့အား ပိုမိုသိရှိစေရန် ကျမ်းချက်များအသုံးပြုဖို့ ကြိုးစားသင့်သည်။
၂ “အချိန်အခါကောင်း ရောက်တော့မည်” (ဩဂုတ် ၁ ကင်းမျှော်စင်) ဆောင်းပါးကို ဝေငှခဲ့မည်ဆိုလျှင် ဤသို့ပြောဆိုနိုင်သည်–
▪ “ဒီကမ္ဘာပေါ်မှာ စစ်တွေမရှိတော့ဘူးဆိုရင် ဘယ်လိုနေမယ်ထင်သလဲ။ [ဖြေဆိုပါစေ။] ဘုရားသခင်ပေးထားတဲ့ ကတိတော်ကဘယ်လိုဖြစ်စေမယ်ဆိုဒါကို ပြပါရစေ။” ဆာလံ ၃၇:၁၀၊ ၁၁ ကိုဖတ်ပြီး မြေကြီးပေါ်မှာ ဘုရားသခင်၏အလိုတော် ပြည့်စုံလာသည့်အခါ အခြေအနေမည်သို့ရှိလာမည့်အကြောင်းကို ပြောပြပါ။ မဿဲ ၆:၉၊ ၁၀ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း တပည့်တော်များအား အဘယ်အရာကို ဆုတောင်းဖို့ ယေရှုသွန်သင်ပေးခဲ့ကြောင်း သူ့ကိုသတိရစေပါ။ ယေရှု၏စကားများကို အသေအချာစဉ်းစားကြည့်ဖို့ ကူညီပေးပါ။ ကင်းမျှော်စင် သို့မဟုတ် နိုးလော့! ကိုနှစ်စဉ်ကြေးယူဖို့ ကမ်းလှမ်းပါ။ ထပ်ဆွေးနွေးဖို့ ပြန်လာနိုင်ရန် အစီအစဉ်များပြုလုပ်ပါ။
၃ “အသက် ဤမျှအဘယ်ကြောင့်တိုရသနည်း” (နိုးလော့! အောက်တိုဘာ ၂၂) ဆောင်းပါးကို ထပ်ဆင့်ဆွေးနွေးရန် ပြန်လည်ပတ်မည်ဆိုလျှင် ဤသို့စနိုင်ပေမည်–
▪ “နောက်ဆုံးအကြိမ်လာတုန်းက လူ့သက်တမ်းအကြောင်း ကျွန်တော်တို့ပြောဆိုခဲ့ကြတယ်။ နိုးလော့! ထဲမှာ သတိထားမိခဲ့တဲ့အတိုင်း သိပ္ပံပညာရှင်များက အသက် ၇၀ ဒါမှမဟုတ် ၈၀ ထက်ပိုနေနိုင်ဖို့ အကူအညီမပေးနိုင်ဘူးလို့ပြောတယ်။ ဒါပေမဲ့ ကျမ်းစာပေးထားတဲ့ ကတိတော်များကို ဘယ်လိုထင်သလဲ။ [ဖြေဆိုပါစေ။] လူ့အတွက် ပိုကောင်းတဲ့အရာတစ်ခုကို ဘုရားသခင်ရည်ရွယ်ထားတယ်လို့ သမ္မာကျမ်းစာက ဖော်ပြတယ်။” ထို့နောက် ယောဟန် ၁၇:၃ ကိုဖတ်ပြီး အသိပညာဆည်းပူးခြင်းအားဖြင့် ထာဝရအသက်ကို မည်သို့ရရှိနိုင်ကြောင်း ရှင်းပြပါ။ ဤတွင် အိမ်တွင်းကျမ်းစာသင်အံမှု သို့မဟုတ် နောက်တစ်ဖန် ကျမ်းစာဆွေးနွေးရန် စီစဉ်နိုင်ပေမည်။
၄ မဂ္ဂဇင်းများယူထားသည့်အိမ်သို့ ပြန်လည်ပတ်သွားရခြင်း၏ ပန်းတိုင်တစ်ခုကား မဂ္ဂဇင်းလမ်းကြောင်းရရန်လည်းဖြစ်သည်။ ဤတင်ဆက်ပုံရိုးရိုးကလေးအားဖြင့် အောင်မြင်မှုရကောင်း ရမည်–
▪ “ကင်းမျှော်စင် ဆောင်းပါး “မည်သည့်အချိန်တွင် ကြောက်ရွံ့မှုအဆုံးသတ်မည်နည်း” ကို ဖတ်လို့ကောင်းမယ်လို့ မျှော်လင့်ပါတယ်။ ဒီနေ့ ကင်းမျှော်စင် နဲ့ တွဲဖက်မဂ္ဂဇင်းနိုးလော့! တချို့ထပ်ယူလာတယ်။ ပြပါ။ ဒီမဂ္ဂဇင်းတွေကို ကျေးဇူးပြုပြီးယူထားပါ။ ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်ထဲမှာပါတဲ့ စိတ်ချရတဲ့မျှော်လင့်ချက်ကြောင့် အားယူပါ။ ဒါ . . . ကျပ်ပဲ။” ထိုနောက် နောက်လထုတ်မဂ္ဂဇင်းများကို ပြန်ယူလာပေးပြီး နာခံမှုရှိသောလူသားများအတွက် ဘုရားသခင်ပေးသောကတိတော်ကို ဆက်ဆွေးနွေးကြမည်ဟု ရှင်းပြနိုင်သည်။ မဂ္ဂဇင်းများ သွားပို့ပေးတိုင်း ပြန်လည်ပတ်မှုတစ်ခုမှတ်တမ်းသွင်းနိုင်ကြောင်း သတိရပါ။
၅ ကျွန်ုပ်တို့၏ဓမ္မအမှုတွင် ကျမ်းစာသင်အံမှုစခြင်းသည် အရေးကြီးသောပန်းတိုင်တစ်ခုဖြစ်သည်။ မဂ္ဂဇင်းများယူထားသူတစ်ဦးထံ သင်အကြိမ်ကြိမ်ပြန်လည်ပတ်ခဲ့ဖူးပေမည်။ နောက်တစ်ဖန်ပြန်သွားသည့်အခါ ဤချဉ်းကပ်နည်းကို စမ်းကြည့်ပါလေ–
▪ “ဘာသာတရားနဲ့ပတ်သက်ပြီး လူတွေ အမျိုးမျိုးယူဆကြတယ်။ အခုအချိန်မှာ လူတွေရဲ့ နေထိုင်မှုနဲ့ပတ်သက်ပြီး ဘာသာရေးရဲ့တန်ဖိုးကိုလည်း အမျိုးမျိုးယူဆထားကြတယ်။ ဆိုးသွမ်းမှုကို ဘုရားသခင် ဘာကြောင့်ခွင့်ပြုထားရတယ်၊ ဘာကြောင့်အိုပြီးသေကြရတယ် ဆိုတဲ့အကြောင်းတွေကိုလည်း အမျိုးမျိုးယူဆကြတယ်။ တချို့ကျတော့ ဘုရားသခင်နားညောင်းရအောင် ဘယ်လိုဆုတောင်းရမလဲဆိုတာကို သိချင်ကြတယ်။” အိမ်ရှင်စိတ်ဝင်စားမည်ထင်သည့်အကြောင်းကို ကျမ်းစာလေ့လာရန် ကျွန်ုပ်တို့၏စာပေများပါ အကြောင်းတစ်ခုသို့ဖွင့်ပြီး သင်အံမှုကို မည်သို့ကျင်းပနိုင်ကြောင်း အတိုချုပ်သရုပ်ပြပါ။
၆ ယေဟောဝါသည် ရည်ရွယ်ချက်ရှိတော်မူသောဘုရားသခင်ဖြစ်၏။ အောက်တိုဘာလအတွင်း ကိုယ်တော်ကိုအတုယူကာ ရည်ရွယ်ချက်ရှိရှိ ပြန်လည်ပတ်မှုများကို ပြုလုပ်ကြစို့လေ။