ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၉၅ စာ. ၂
  • အချိန်အခါမရွေး မဂ္ဂဇင်းများ ဝေငှပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အချိန်အခါမရွေး မဂ္ဂဇင်းများ ဝေငှပါ
  • Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့၏မဂ္ဂဇင်းများကို အကောင်းဆုံးနည်းဖြင့် အသုံးပြုပါ
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • သင်၏ဓမ္မအမှုတွင် မဂ္ဂဇင်းများဝေငှပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • အောက်တိုဘာအတွင်း မဂ္ဂဇင်းများကို အာရုံစိုက်လေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • မဂ္ဂဇင်းများက နိုင်ငံတော်ကိုကြေညာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နောက်ထပ် ကြည့်ပါ
Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နဓ ၁၀/၉၅ စာ. ၂

အချိန်အခါမရွေး မဂ္ဂဇင်းများ ဝေငှပါ

၁ ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများကို တန်ဖိုးထားရန် အကြောင်းကောင်း များစွာရှိသည်။ အခြားအဘယ်မဂ္ဂဇင်းများသည် ဤမဂ္ဂဇင်းကဲ့သို့ နိုင်ငံတကာ၏ နှစ်သက်လိုလားမှုကို ခံစားရသနည်း။ ဤလအတွင်း ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းတွင် မဂ္ဂဇင်းများကို အဓိကတင်ပြပြီး ဝေငှကြမည်။ ဩဂုတ်လထုတ် စာစောင်များတွင် အလွန်တန်ခိုးပါသောအကြောင်းများ ပါရှိသည်တကား! မဂ္ဂဇင်းများကို တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် များသောအားဖြင့် ဝေငှတတ်ကြသည်; ယခုမူ အခြားသင့်လျော်သည့်အချိန်အခါမရွေးတွင် ထုတ်ပြဝေငှရန် အသင့်ရှိလိုကြမည်။

၂ ဩဂုတ် ၁ “ကင်းမျှော်စင်” ကိုဝေငှသည့်အခါ “အချိန်အခါကောင်း ရောက်တော့မည်” ဆောင်းပါးကို ဤနည်းဖြင့် စိတ်ဝင်စားစေနိုင်ပေမည်–

▪ “ဒီလောကကြီးဟာ ဘာကြောင့် ဒီလောက်တောင် အခြေအနေဆိုးနေရသလဲလို့ သိချင်တဲ့လူ အများကြီးရှိတယ်။ အခြေအနေကောင်းလာနိုင်ဖို့အကြောင်း ရှိနိုင်ပါ့မလား။ ဘယ်လိုထင်သလဲ။ (အချိန်ပေးပါ။) (စာမျက်နှာ ၇ ဖွင့်။) ဆာလံ ၇၂:၁၂-၁၄ မှာ ဘုရားသခင် ဘယ်လိုကတိပေးထားတယ်ဆိုတာကို သတိပြုပါ။” သင့်ကျမ်းစာမှဖြစ်စေ၊ ကင်းမျှော်စင် ထဲမှဖြစ်စေ ယင်းကျမ်းချက်ကို သင်ဖတ်ပြလိုပေမည်။ ယေဟောဝါ၏နိုင်ငံတော်တစ်ခုတည်းသာ ငြိမ်းချမ်းသာယာသောကမ္ဘာ ဖြစ်လာစေနိုင်မည့်အကြောင်းကို ကင်းမျှော်စင် ကထောက်ခံပြောဆိုကြောင်း လိုရင်းတိုရှင်းဖော်ပြပြီး ကျပ် ၇/၅၀ ဖြင့် ဤမဂ္ဂဇင်းကိုယူထားနိုင်ကြောင်း ပြောပြပါ။

၃ အောက်တိုဘာ ၂၂ အင်္ဂလိပ် “နိုးလော့!” ကိုဝေငှသည့်အခါ ဤသို့ပြောနိုင်သည်–

▪ “‘အသက်ဘာကြောင့် ဤမျှတိုရသနည်း’ ဆိုတဲ့မဂ္ဂဇင်းမျက်နှာဖုံးပေါ်မှာပါတဲ့ မေးခွန်းကို ဘယ်လိုထင်သလဲ။ [ဖြေဆိုပါစေ။] ဒီဆက်တိုက်ပါလာသောဆောင်းပါးများက ခေတ်သိပ္ပံပညာရှင်တွေနဲ့ အခြားသူတွေက အိုမင်းခြင်းအကြောင်းကို ဘယ်လိုယူဆကြတယ်ဆိုတာကို သတိပြုစေတယ်။ အဲ့ဒီနောက် ထာဝရအသက်ရဖို့ ကျွန်ုပ်တို့ရဲ့ဖန်ဆင်းရှင်က ဘယ်လိုကတိပေးထားတဲ့အကြောင်း သတိပြုစေတယ်။ ဖတ်ကြည့်ချင်တယ်ဆိုရင် ဒီမဂ္ဂဇင်းကို ကျပ် ၇/၅၀ နဲ့ယူထားစေချင်တယ်။

၄ ဘာသာရေးကိုင်းရှိုင်းသူများနှင့် တွေ့ဆုံသည့်အခါ ဩဂုတ် ၁ “ကင်းမျှော်စင်” မှ ဆောင်းပါးတစ်ခုကို တင်ပြပါ။ ဤတင်ပြပုံကို နှစ်သက်ကြပေမည်–

▪ “ဒီအကြောင်းကို ဘယ်လိုထင်တယ်ဆိုတာကို သိချင်တယ်။” ကင်းမျှော်စင် မျက်နှာဖုံးကိုပြပြီး ခေါင်းစဉ်ကို ဖတ်ပါ။ ဖြေဆိုပါစေ။ ထို့နောက် စာမျက်နှာ ၇ ရှိဒုတိယအပိုဒ်ကို ဖတ်ပြပါ။ ကင်းမျှော်စင်ကို နိုးလော့! နှင့်တွဲပြီး ၁၅ ကျပ် ဖြင့်ဝေငှပါ။ ပြန်လည်ပတ်မှုပြုလုပ်နိုင်ဖို့ စီစဉ်ပါ။

၅ တစ်အိမ်မှတစ်အိမ် အမှုဆောင်သည့်အခါ အိမ်ဆိုင်ကလေးများနှင့် ဆိုင်ကြီးများကို ကျော်မသွားပါနှင့်။ ဈေးဆိုင်များသို့ သွားဟောပြောလေ့ရှိသူများက ယင်းသို့ပြုခြင်းသည် အမှန်ပျော်ရွှင်စရာကောင်းပြီး အောင်မြင်မှုများတွေ့ ရှိသည်ဟု ဆိုကြ၏။ “နိုးလော့!” ကိုဝေငှသည့်အခါ ဤလွယ်ကူသော တင်ဆက်နည်းကို အသုံးပြုလိုပေမည်–

▪ “စီးပွားရေးသမားများဟာ ကိုယ့်ရပ်ကွက်ဒေသနဲ့သက်ဆိုင်တဲ့ နောက်ဆုံးအဖြစ်အပျက်များကို သိချင်ကြတယ်ဆိုတာ ကျွန်ုပ်တို့သိပါတယ်။ ဒီဆောင်းပါးကို သင်စိတ်ဝင်စားမှာပါ။” ထိုနောက် သင့်တော်သော မည်သည့်ဆောင်းပါးမှမဆို အချက်တစ်ချက်ကို အတိုချုပ်ဖော်ပြပါ။

၆ သင်တွေ့ဆုံသူသည် အမှန်ပင်အလုပ်များနေမည်ဆိုလျှင် မဂ္ဂဇင်းများကိုပြပြီး ဤသို့ပြောနိုင်သည်–

▪ “ဒီနေ့ ဧည့်သည်ရောက်လာလိမ့်မယ်လို့ မျှော်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါကြောင့် လိုရင်းတိုရှင်းပဲပြောမယ်။ အရေးကြီးတဲ့အကြောင်းတစ်ခုကို ဖတ်စေချင်တယ်။” ရွေးချယ်ထားသည့်ဆောင်းပါးကိုပြပြီး မဂ္ဂဇင်းများကိုဝေငှပါ။

၇ တစ်အိမ်မှတစ်အိမ်မှတ်တမ်းကို အသေအချာရေးမှတ်ထားပါ။ ဝေငှခဲ့သမျှအိမ်များထံ ပြန်လည်ပတ်သွားပါ။ ပြန်လည်ပတ်ချိန်တွင် စိတ်ဝင်စားမှုရှိမည်ဆိုလျှင် နှစ်စဉ်ကြေးယူဖို့ အားပေးပါ။ ကျွန်ုပ်တို့၏မဂ္ဂဇင်းများကို သင့်တော်သည့်အချိန်အခါတိုင်း ဝေငှဖို့ အသင့်ရှိပြီး နိုးကြားနေကြစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ