အောက်တိုဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
အောက်တိုဘာ ၂ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ ဤလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တွင်ပါသော “၁၉၉၆ ခုနှစ်အတွက် သီအိုကရက်တစ် ဓမ္မအမှုကျောင်းအစီအစဉ်” ကို အားလုံးသိမ်းဆည်းထားရန် အားပေးပါ။ ၁၉၉၆ ခုနှစ်အတွင်း အသုံးပြုဖို့အတွက် လက်လှမ်းမီသောနေရာတစ်နေရာတွင် ထားသင့်သည်။
၁၅ မိ– “ယေဟောဝါအား အစဉ်မပြတ်ချီးမွမ်းထောမနာပြု။” မေးဖြေရန်။ ညွှန်းထားသည့်ကျမ်းချက်များနှင့် ကိုးကားထားသည့်ကျမ်းချက်များသည် မည်သို့သက်ဆိုင်ကြောင်းကို အလေးအနက်ဖော်ပြပါ။
၂၀ မိ– “အချိန်အခါမရွေး မဂ္ဂဇင်းများ ဝေငှပါ။” အဓိကအချက်များကို ဆွေးနွေးပြီးနောက် နောက်ဆုံးထုတ်မဂ္ဂဇင်းများကို ဝေငှရာတွင် အသုံးပြုနိုင်မည့် ၎င်းတို့မှပါသော ဆောင်းပါးများကို ပြန်သုံးသပ်ကြည့်ပါ။ တင်ဆက်ပုံ နှစ်မျိုးသုံးမျိုးကို သရုပ်ပြပါ။ ကမ္ဘာချီလုပ်ငန်းကို မည်သို့လှူဒါန်းနိုင်ကြောင်း လူတို့အားပေးသိနိုင်သည့်နည်းများကို ဖော်ပြပါ။
သီချင်း ၁၅၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၉ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၅ မိ– ဒေသလိုအပ်ရာများ။ သို့မဟုတ် ၁၉၉၅၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၅-၇ ပါ “နှင်ထုတ်ခြင်း—မေတ္တာပါအစီအစဉ်ဖြစ်သလော” ကိုအခြေခံပြီး အကြီးအကဲတစ်ဦး ဟောပြောရန်။
၂၀ မိ– “အနှောင့်အယှက်များကိုရှောင်ကာ—အစဉ်နိုးကြားနေသလော။” မေးဖြေရန်။ အချိန်ရလျှင် ၁၉၉၂ မေ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၀-၂ ဆောင်းပါးကိုအခြေခံ၍ ထပ်ဆင့်မှတ်ချက်များချပါ။
သီချင်း ၁၂၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၁၆ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဆွေးနွေးရန် ကျမ်းစာအကြောင်းများ စာအုပ်ငယ်ကို သတိပြုစေပါ။ ပြန်လည်ပတ်မှုများပြုလုပ်ရာတွင် ဤစာအုပ်ငယ်ကို လိုအပ်သလိုအသုံးပြုရန် အားပေးပါ။
၁၅ မိ– ခရိုင်စည်းဝေးကြီးတက်ခြင်း၊ ခရီးထွက်ခြင်းစသည်တို့ကြောင့် အသင်းတော်လုပ်ငန်းများကို မလျော့နည်း မကျဆင်းစေရန် လုပ်ငန်းတော်ကြီးကြပ်မှူး ဟောပြောရန်။
၂၀ မိ– “ရည်ရွယ်ချက်ရှိရှိ ပြန်လည်ပတ်သွားခြင်း။” ပြန်လည်ပတ်မှုများပြုလုပ်ခြင်းဆိုင်ရာ ကျွန်ုပ်တို့၏ပန်းတိုင်များကို ဆွေးနွေးပါ။ ခြားနားသော တင်ဆက်ပုံနှစ်မျိုးကို အရည်အချင်းရှိကြေညာသူများ သရုပ်ပြရန် စီစဉ်ပါ။ ဤလုပ်ငန်းကို မည်သို့ထောက်ပံ့ကြောင်း ကြေညာသူ ရှင်းပြပါစေ။
သီချင်း ၁၃၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၂၃ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၅ မိ– “အသင်းတော်ကို ကျွန်ုပ်တို့လိုအပ်။” မေးဖြေရန်။
၂၀ မိ– အဖွဲ့အစည်းသို့ စိတ်ဝင်စားသူများကို လမ်းညွှန်ပေးပါ။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် ယေဟောဝါ၏သက်သေများ—ကမ္ဘာတစ်ဝန်းတွင် စည်းစည်းလုံးလုံး ဘုရားသခင့်အလိုတော် ထမ်းရွက်ခြင်းဘရိုရှာကိုအသုံးပြုပြီး ကြေညာသူ နှစ်ဦးသုံးဦးနှင့် ဆွေးနွေးရန်။ အဖွဲ့အစည်းသည် မည်သို့လှုပ်ရှားသည်၊ လုပ်ငန်းအသီးသီးကို မည်သို့စီစဉ်သည်၊ သူတို့လည်း မည်သို့ပါဝင်ပတ်သက်နိုင်သည်တို့ကို စိတ်ဝင်စားသူများအား သိရှိစေခြင်းသည် အဘယ်ကြောင့် အကျိုးရှိကြောင်း ရှင်းပြပါ။ စာမျက်နှာ ၁၄ နှင့် ၁၅ “မေတ္တာနှင့်အလုပ်မွန်ကို အားပေးလှုံ့ဆော်သည့် အစည်းအဝေးများ” ပါအချက်များကို ပြန်ဆွေးနွေးတင်ပြပါ။ သရုပ်ပြသူလူစုသည် ဤအကြောင်းကို ပြန်လည်ပတ်မှု သို့မဟုတ် ကျမ်းစာသင်အံမှုပြုချိန်တွင် စည်းဝေးတက်ဖို့လိုကြောင်း စိတ်ဝင်စားသူ သဘောပေါက်ရန် မည်သို့ဆွေးနွေးတင်ပြနိုင်ကြောင်း အကျဉ်းချုပ် သရုပ်ပြရန်။
သီချင်း ၁၂၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၃၀ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ အရန်ရှေ့ဆောင်ကြရန် အားပေးပါ။
၁၅ မိ– ထပ်ဆင့်တင်ပြသူများကို စမ်းသပ်ကြည့်ဖူးသလော။ ဟောပြောရန်။ ကြေညာသူအချို့သည် ဤနည်းအားဖြင့် ကျမ်းစာသင်အံမှုအသစ်များကို စတင်နိုင်ခဲ့ပြီ။ စိတ်ဝင်စားသူတစ်ဦးနှင့် တစ်ခဏကျမ်းစာလေ့လာခဲ့ပြီးနောက် ထိုသူ၏ မိတ်ဆွေ၊ အမျိုး သို့မဟုတ် အသိအကျွမ်းထဲမှ ကျမ်းစာလေ့လာလိုမည့်သူ ရှိမရှိ မေးမြန်းစုံစမ်းကြည့်ကြသည်။ ထိုအခါ နာမည်အနည်းငယ်ပေးတတ်ကြသည်။ ထိုသူတို့ထံ သင်လည်ပတ်သွားသည့်အခါ သူ၏နာမည်ကို ညွှန်းနိုင်မနိုင် မေးပါ။ သွားရာတွင် သင်ပြောဆိုနိုင်မည်ကား “မည်သူမည်ဝါသည် ကျမ်းစာလေ့လာနေ၍ ပျော်ရွှင်မှုရရှိသောကြောင့် အသင်လည်း ကျွန်ုပ်တို့၏အခမဲ့ ကျမ်းစာသင်တန်းပေးအစီအစဉ်မှ အကျိုးရလိုမည်ထင်” ကြောင်းဖြစ်သည်။ ဤသို့ပြုခြင်းအားဖြင့် တိုးတက်မှုရှိ ကျမ်းစာသင်အံမှုများ ဖြစ်ပေါ်လာနိုင်မည့် ပြန်လည်ပတ်မှုများစွာ ရနိုင်ပေမည်။ ဤနည်းအတိုင်း စိတ်ဝင်စားသူများ တွေ့ရှိခဲ့သူ သို့မဟုတ် သင်အံမှုအသစ်များ စတင်နိုင်ခဲ့သော ကြေညာသူများထံမှ တွေ့ကြုံမှု တစ်ခုနှစ်ခုပါ တင်ပြပါ။
၂၀ မိ– သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်းစာအုပ်ကိုဝေငှခြင်း။ စာအုပ်ကိုဝေငှရာတွင် အောက်ပါမေးခွန်းများကိုမေးပြီး သင့်တော်သောအခန်းကို ဖွင့်ပြပါ။ (၁) အိမ်ထောင်ပြုလိုသော လူငယ်များသည် အဘယ်အကြောင်းကို သိသင့်သနည်း။ (၂) ကလေးရတော့မည့်မိဘများသည် အဘယ်အကြောင်းကို ကြိုတင်၍ သိထားသင့်သနည်း။ (၃) လူငယ်များတွင် အဘယ်ကြောင့် ဤမျှပြဿနာ များရသနည်း။ ယင်းတို့ကို သူတို့မည်သို့ရှောင်ကြဉ်နိုင်မည်နည်း။ ထို့နောက် ဤစာအုပ်ကို ကျွန်ုပ်တို့ရရှိထားသောကြောင့် အဘယ်ကြောင့် ကျေးဇူးတင်သင့်ကြောင်း ရှင်းပြပါ။ အရည်အချင်းရှိသောကြေညာသူတစ်ဦးအား အကျဉ်းချုပ် သရုပ်ပြစေပါ။ ဤအပတ်အတွင်း လယ်ကွင်းလုပ်ငန်းတွင် အသုံးပြုနိုင်ရန် စာစောင်များကို ထုတ်ယူထားရန် သတိပေးပါ။
သီချင်း ၁၃၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။