လာမည့် စင်ကြယ်သည့်ကမ္ဘာ၌ အားရရွှင်လန်းလော့
မြေကြီးကို ကမ္ဘာချီပရဒိသုဖြစ်စေရန် ယေဟောဝါ၏မူလရည်ရွယ်ချက်ကို စည်းကမ်းသေဝပ်သောဘုရားသခင် ပြည့်စုံစေတော်မူမည်ဖြစ်သောကြောင့် အားရ ရွှင်လန်းစရာပင်။ (ဟေရှာယ ၁၁:၆-၉) “ငါ၏နှုတ်ကပါဌ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်” ဟု ကိုယ်တော်ကတိရှိတော်မူသည်။ “ဘုရားသခင်သည် မုသာမသုံးနိုင်” သောကြောင့် ထိုကတိတော်သည် အချည်းနှီးမဖြစ်ရ။—ဟေရှာယ ၅၅:၁၁။ ဟေဗြဲ ၆:၁၈။
ပြန်လမ်းမရှိသည့်အခြေအနေ၊ ထိုသို့သာဖြစ်လျှင် ဝန်းကျင်အခြေအနေလုံးဝပျက်စီးခြင်းကို လူသားမရှောင်တိမ်းနိုင်သည့်အဖြစ်မျိုးမတိုင်မီ မေတ္တာရှင်ယေဟောဝါဘုရားသခင်သည် အရေးယူစီရင်တော်မူမည့်အတွက် ကျွန်ုပ်တို့စိတ်ချမ်းသာနိုင်ကြပါသည်။—ဗျာဒိတ် ၁၁:၁၈။
နောင်တမယူ၊ စည်းကမ်းမဲ့ညစ်ညမ်းဖျက်ဆီးနေသူ၊ ယေဟောဝါ၏ စည်းကမ်းသေဝပ်မှုဆိုင်ရာ စည်းမျဉ်းမူများကို အတိုက်အခံပြု၊ လျစ်လျူရှုသူများကို ကိုယ်တော်ပယ်ရှင်းပစ်တော်မူမည်။ မည်သူအားမျှ ပြန်လည်တည်ထောင်ထားသောပရဒိသုကို ဘေးသင့်စေခွင့် ပေးတော်မူမည်မဟုတ်ပါ။—သု၊ ၂:၂၀-၂၂။
ဘုရားသခင့်နိုင်ငံတော်အုပ်စိုးချိန်အတွင်း ခရစ်တော်ယေရှု၏ညွှန်ကြားမှုအောက် ညစ်ညမ်းပျက်စီးစေသမျှ ကြွင်းသေးသောအရာများကို မည်သို့အမြစ်လှန်ရမည်အကြောင်း သွန်သင်ခံကြရမည်။ ထိုအခါ—ယခုမဟုတ်—တစ်ချိန်တစ်ခါနှင့်မျှမတူပဲ ကမ္ဘာချီရှင်းလင်းရေးကို တစ်ဦးစီသော်လည်းကောင်း၊ အုပ်စုလိုက်သော်လည်းကောင်း ဘုရားသခင့်ကျေးကျွန်များ မဖြစ်မနေ လုပ်ကိုင်ဆောင်ရွက်ကြမည်ဖြစ်သည်။—ယေဇကျေလ ၃၉:၈-၁၆ နှိုင်းယှဉ်။
လက်ရှိဆိုးသွမ်းသောအစီအစဉ်စနစ်၏အဆုံးကို ကပ်ကျော်မည့်သူများသည် ယနေ့ ဝိညာဏရှင်းလင်းရေးစီမံကိန်း၌ အားတက်သရောပါဝင်ကြသည်နည်းတူ မြေမျက်နှာပြင်ရှင်းလင်းရေးအစီအစဉ်ကို ထောက်ခံအားပေးကြပါမည်။။—ဆာလံ ၁၁၀:၃။
ဘုရားသခင့်နိုင်ငံတော် အလျင်ဆုံးဖြစ်မြောက်အောင်မြင်စေမည့် တစ်ခါမျှနှင့်မတူ အကြီးမားဆုံးသော ရှင်းလင်းရေးစီမံကိန်းအားဖြင့် ကမ္ဘာမြေကြီးသည် အမှန်သန့်ရှင်းစင်ကြယ်လာပါမည်။ ထိုအခါ ညစ်ညမ်းမှုရှိရှိသမျှကို ဖယ်ရှားပစ်မည်။ ကုတ်ခြစ်ရေးဆွဲရာများကို တွေ့ရတော့မည်မဟုတ်။ မည်သည့်ကမ်းခြေ၊ မည်သည့်ပရဒိသုအရပ်၌မျှ ရှုပ်ပွညစ်ပတ်စေသည့် စွန့်ပစ်ထားသောပုလင်းများ၊ ဘူးခွံများ၊ ပလပ်စတစ်အိတ်များ၊ ပီကေနှင့် သကြားလုံးပတ်စက္ကူများ၊ သတင်းစာနှင့်မဂ္ဂဇင်းများကို တွေ့ရှိရတော့မည်မဟုတ်ပါ။
လာမည့် စင်ကြယ်သည့်ကမ္ဘာ၌ အားရ ရွှင်လန်းလော့။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
လာမည့် ကမ္ဘာချီရှင်းလင်းရေးတွင် အသင်ပါဝင်မည်လော