“အလင်းဆောင်သူများ” ခရိုင်စည်းဝေးပွဲများသို့ကြိုဆိုပါသည်
ဖန်ဆင်းခြင်းနေ့များ၏ပထမနေ့တွင် မြေကြီးဆိုင်ရာအလင်းသည် ဖန်ဆင်းခံခဲ့ရသည်။ ယေဟောဝါဘုရားသခင်က “အလင်းဖြစ်စေ” ဟုမိန့်တော်မူခဲ့ရာ “အလင်းဖြစ်လေ၏။” (ကမ္ဘာဦး ၁:၃) ယင်းအချက်က တမန်တော်ယောဟန်ရေးသားခဲ့သည့်အချက်နှင့် ကိုက်ညီသည်။ “ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ။”—၁ ယောဟန် ၁:၅။
ဘုရားသခင့်သားတော်သည် ခမည်းတော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်တော်မူသည့်အားလျော်စွာ တစ်ခါက ယေရှုပြောခဲ့သည့်စကားများမှာ အံ့ဩစရာမဟုတ်ပေ။ “ငါသည် ဤလောက၏အလင်းဖြစ်၏။” (ယောဟန် ၉:၅) ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့်သားတော်တို့ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် မှောင်မိုက်မှထွက်၍ အလင်းသို့ရောက်ရှိလာနိုင်သည်။ “ငါ့ကိုယုံကြည်သမျှသောသူတို့သည် မှောင်မိုက်၌မနေစေခြင်းငှာ ငါသည်အလင်းဖြစ်လျက် ဤလောကသို့ကြွလာပြီ” ဟုသက်သေခံတော်မူခဲ့သည်။ (ယောဟန် ၁၂:၄၆) ထို့ကြောင့် ယေရှုက နောက်တော်လိုက်များအား ဤသို့မှန်ကန်စွာပြောနိုင်ခဲ့သည်။ “သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏။ . . . သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှာ သူတစ်ပါးရှေ့ ၌ သင်တို့၏အလင်းကို လင်းစေကြလော့။”—မဿဲ ၅:၁၄၊ ၁၆။
“သစ္စာနှင့်သတိပညာရှိကျေးကျွန်” များ၏ ရှင်းပြချက်အားဖြင့် သိရှိလာရသော ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာတရားအသိပညာကို ရရှိခြင်းကား ကြွယ်ဝသောကောင်းချီးပါတကား။ (မဿဲ ၂၄:၄၅–၄၇) သုံးပါးပေါင်းတစ်ဆူယုံကြည်ချက်အားဖြင့် ကျွန်ုပ်တို့ဇဝေဇဝါမဖြစ်တော့ပါ။ အနန္တတန်ခိုးရှင်နှင့်မေတ္တာရှင်ဘုရားသခင်သည် ဆိုးသွမ်းမှုနှင့်အဓမ္မမှုများကို အဘယ်ကြောင့်ခွင့်ပြုတော်မူရကြောင်း ကျွန်ုပ်တို့အတွေးမရှုပ်တော့ပါ။ သေလွန်သူတို့၏အခြေအနေနှင့်ပတ်သက်၍ ကျွန်ုပ်တို့သံသယဖြစ်ဖို့မလိုတော့ပါ။ အလင်းသည် ကျွန်ုပ်တို့အား မျှော်လင့်ချက်ကိုပေးသည်။ ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ကိုပေးပါသည်။ ဖန်ဆင်းရှင်ဘုရားသခင်သည် မည်မျှထူးဆန်းအံ့သြဖွယ်ရာဖြစ်သည်ကို အလင်းက ကျွန်ုပ်တို့အားထင်ရှားပြသခဲ့ပြီ။ သမ္မာတရားအလင်းသည် ကျွန်ုပ်တို့၏ဘဝကိုရည်ရွယ်ချက်ရှိစေသည်။ ကျွန်ုပ်တို့အားဖန်ဆင်းတော်မူသော ယေဟောဝါဘုရားသခင့်ဘုန်းတော်ကို ထင်ရှားစေခြင်းအားဖြင့် ကျွန်ုပ်တို့အဆင့်မြင့်မြင့်ဖန်ဆင်းခံရသည့်ရည်ရွယ်ချက်ကို ဖြည့်စွက်ရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် အလင်းဆောင်သူများဖြစ်ခြင်းအားဖြင့် ယင်းကိုပြုလုပ်ကြသည်။ အလင်းဆောင်သူများဖြစ်ခြင်းသည် ချီးမွမ်းဖွယ်နှင့်အခွင့်ထူးတစ်ရပ်ဖြစ်သကဲ့သို့ အရေးကြီးသောတာဝန်တစ်ရပ်လည်းဖြစ်သည်။ ထိုတာဝန်ကို တိတိကျကျဆောင်ရွက်ရန် ယေဟောဝါပေးသောအကူအညီအားလုံးကို ကျွန်ုပ်တို့အသုံးချရန်လိုသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ၁၉၉၂ ခုနှစ်ခရိုင်စည်းဝေးပွဲကြီးကို “အလင်းဆောင်သူများ” ဟုအမည်ပေးခြင်းမှာ ဆီလျော်လိုက်လေခြင်း။
အလင်းဆောင်သူများ၏အနေအထားတွင် ကျွန်ုပ်တို့၏ကျွမ်းကျင်မှုနှင့်လေးမြတ်မှုနှစ်ခုလုံးကို တိုးတက်ရန် အနည်းဆုံးဤစည်းဝေးပွဲကြီးတစ်ခုကို အဖွင့်သီချင်းမှစ၍ နိဂုံးချုပ်ဆုတောင်းချက်အထိ တောက်လျှောက်ပါဝင်တက်ရောက်လိုကြပေမည်။ စင်မြင့်ပေါ်တွင်ဟောပြောတင်ပြသော ဟောပြောချက်များ၊ လူတွေ့မေးမြန်းခြင်းများ၊ တွေ့ကြုံမှုများ၊ ပြဇာတ်များကို ကျွန်ုပ်တို့အလေးအနက်အာရုံစိုက်လိုကြပေမည်။ မှတ်ချက်များယူခြင်းသည် နောက်ပိုင်းတွင် အကြောင်းအရာများကိုကျွန်ုပ်တို့သတိရရန် ပြန်လည်ကြည့်ရှုနိုင်သည်သာမက လောလောဆယ်ဟောပြောတင်ပြနေသည့်အရာများကိုလည်း အာရုံစိုက်ရန် များစွာအကူအညီဖြစ်စေသည်။ မှန်ပါသည်၊ စည်းဝေးပွဲအစီအစဉ်တစ်ရပ်လုံးအတွင်း ကျွန်ုပ်တို့သည် “အဘယ်သို့ကြားနာရမည်ကို သတိပြု” လိုကြပေမည်။—လုကာ ၈:၁၈။
၁၉၉၂ ခရိုင်စည်းဝေးကြီးနေရာများ
ရန်ကုန် အောက်တိုဘာ ၁၆-၁၈၊ ၁၉၉၂
တာဟန်း နိုဝင်ဘာ ၂၇-၂၉၊ ၁၉၉၂
ဆူရ်ခွား ဒီဇင်ဘာ ၁၁-၁၃၊ ၁၉၉၂
ပြင်ဦးလွင် ဒီဇင်ဘာ ၂၅-၂၇၊ ၁၉၉၂