ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၃၂
  • ပသခါပွဲဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပသခါပွဲဆိုတာ ဘာလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာ ဖြေဆိုရာ
  • ‘အဲဒါက သင်တို့အတွက် အောက်မေ့ဖွယ်ဖြစ်ရမယ်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ပသခါပွဲနဲ့ အောက်မေ့ရာပွဲ —ဆင်တူချက်များနဲ့ ကွာခြားချက်များ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • ယေရှုရဲ့ နောက်ဆုံးပသခါပွဲ နီးလာပြီ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၃၂
ကျမ်းစာခေတ်က မိသားစုတစ်စု ပသခါပွဲ စားသုံးနေကြ

ပသခါပွဲဆိုတာ ဘာလဲ

သမ္မာကျမ်းစာ ဖြေဆိုရာ

ပသခါပွဲဆိုတာ ဂျူးလူမျိုးတွေ ကျင်းပကြတဲ့ပွဲ ဖြစ်တယ်။ ဘုရားသခင်က ဘီစီ ၁၅၁၃ မှာ အစ္စရေးလူမျိုးကို အီဂျစ်ပြည် ကျွန်ဘဝကနေ လွတ်မြောက်ပေးတဲ့ အထိမ်းအမှတ်ပွဲ ဖြစ်တယ်။ ဒီအရေးကြီးတဲ့ အဖြစ်အပျက်ကို မမေ့ဖို့ ဂျူးလ အဗိဗ၊ နောက်ပိုင်း နိသန် လို့ခေါ်တဲ့လ ၁၄ ရက်နေ့မှာ နှစ်စဉ်ကျင်းပရမယ်လို့ ဘုရားသခင် မိန့်မှာခဲ့တယ်။­​—ထွက်မြောက်ရာ ၁၂:၄၂။ ဝတ်ပြုရာ ၂၃:၅။

ဘာကြောင့် ပသခါပွဲလို့ ခေါ်တာလဲ

ပသခါဆိုတဲ့ ဟီဘရူးစကားလုံးက “ကျော်လွန်သွား” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ အီဂျစ်ပြည်မှာ သားဦးအားလုံး အသတ်ခံရချိန်မှာ အစ္စရေးတွေရဲ့သားဦးတွေကို မသတ်ဘဲ ကျော်သွားတာကို ရည်ညွှန်းပြီး ခေါ်တာဖြစ်တယ်။ (ထွက်မြောက်ရာ ၁၂:၂၇။ ၁၃:၁၅) ဒီဘေးဆိုးကြီးကို ဘုရားသခင် မကျရောက်စေခင် အစ္စရေးလူမျိုးတွေဟာ သူတို့အိမ်ရဲ့ တံခါးထုပ်နဲ့ တံခါးတိုင်တွေမှာ သိုး ဒါမှမဟုတ် ဆိတ်သွေးကို သုတ်ထားဖို့ မှာထားတယ်။ (ထွက်မြောက်ရာ ၁၂:​၂၁၊ ၂၂) အဲဒီအမှတ်အသားကို ဘုရားသခင်တွေ့တဲ့အခါ သူတို့အိမ်တွေကို ကျော်သွားပြီး သူတို့ရဲ့ သားဦးတွေကို ချမ်းသာပေးမှာဖြစ်တယ်။​—ထွက်မြောက်ရာ ၁၂:​၇၊ ၁၃။

ပသခါပွဲကို ကျမ်းစာခေတ်က ဘယ်လို ကျင်းပခဲ့ကြသလဲ

ပထမဆုံး ပသခါပွဲကို ဘယ်လို ကျင်းပရမယ်ဆိုတာ အစ္စရေးလူမျိုးကို ဘုရားသခင် ညွှန်ကြားခဲ့တယ်။a ပသခါပွဲမှာ လုပ်ရမယ့်အရာ တချို့ကို သမ္မာကျမ်းစာထဲမှာ ဒီလို ဖော်ပြထားတယ်။

  • ပူဇော်သက္ကာ– မိသားစုတွေက အဗိဗ (နိသန်) လ ဆယ်ရက်နေ့မှာ တစ်နှစ်သား သိုး (ဒါမှမဟုတ် ဆိတ်) ကိုရွေးထားပြီး ၁၄ ရက်နေ့မှာ သတ်ရတယ်။ ပထမဆုံးကျင်းပတဲ့ ပသခါ ပွဲနေ့မှာ ဂျူးတွေက အဲဒီသွေးတချို့ကိုယူပြီး အိမ်ရဲ့ တံခါးတိုင် နှစ်ဖက်နဲ့ တံခါးထုပ်ပေါ်မှာ သုတ်ရတယ်။ တိရစ္ဆာန် တစ်ကောင်လုံးကို မီးကင်ပြီး အသားကို စားကြရတယ်။​—ထွက်မြောက်ရာ ၁၂:​၃-၉။

  • အစားအစာ– အစ္စရေးတွေက ပသခါပွဲမှာ သိုးသား (ဒါမှမဟုတ် ဆိတ်သား) ကို တဆေးမဲ့မုန့်၊ ဟင်းရွက်ခါးတွေနဲ့ စားရတယ်။​—ထွက်မြောက်ရာ ၁၂:၈။

  • ပွဲတော်– အစ္စရေးတွေဟာ ပသခါပွဲ ကျင်းပပြီးနောက် တဆေးမဲ့မုန့်ပွဲတော်ကို ခုနစ်ရက် ဆက်လုပ်ကြရတယ်။ အဲဒီအတောအတွင်း တဆေးပါတဲ့မုန့်ကို မစားကြရဘူး။​—ထွက်မြောက်ရာ ၁၂:​၁၇-၂၀။ ၂ ရာဇဝင်ချုပ် ၃၀:၂၁။

  • ပညာရေး– ပသခါပွဲနေ့မှာ အစ္စရေးတွေဟာ သားမြေးတွေကို ယေဟောဝါဘုရားအကြောင်း သွန်သင်ပေးကြတယ်။​—ထွက်မြောက်ရာ ၁၂:​၂၅-၂၇။

  • ခရီးသွားကြ– နောက်ပိုင်းမှာ အစ္စရေးတွေဟာ ပသခါပွဲကျင်းပဖို့ ဂျေရုဆလင်မြို့ကို သွားကြရတယ်။​—တရားဟောရာ ၁၆:​၅-၇။ လုကာ ၂:၄၁။

  • တခြားထုံးစံတွေ– ယေရှုလက်ထက်မှာ ပသခါပွဲကျင်းပတဲ့အခါ စပျစ်ဝိုင်သောက်တာ၊ ချီးမွမ်းသီချင်းဆိုတာတွေ ပါဝင်လာတယ်။​—မဿဲ ၂၆:​၁၉၊ ၃၀။ လုကာ ၂၂:​၁၅-၁၈။

ပသခါပွဲနဲ့ပတ်သက်ပြီး ယူဆချက်အမှားများ

အမှား– အစ္စရေးတွေဟာ နိသန် ၁၅ ရက်နေ့မှာ ပသခါပွဲကို စားသုံးကြတယ်။

အမှန်– ၁၄ ရက်နေ့ နေဝင်ချိန်မှာ သိုးကိုသတ်ပြီး အဲဒီညမှာပဲ အသားကို စားရမယ်လို့ အစ္စရေးတွေကို ဘုရားသခင် မိန့်မှာတယ်။ (ထွက်မြောက်ရာ ၁၂:​၆၊ ၈) အစ္စရေးတွေရဲ့ နေ့တစ်နေ့ဟာ နေဝင်ချိန်ကနေ စပြီး နောက်နေ့ နေဝင်ချိန်အထိ ဖြစ်တယ်။ (ဝတ်ပြုရာ ၂၃:၃၂) ဒါကြောင့် အစ္စရေးတွေဟာ နိသန်လ ၁၄ ရက်နေ့အစမှာ သိုးကိုသတ်ပြီး ပသခါပွဲကို စားကြတယ်။

အမှား– ပသခါပွဲကို ခရစ်ယာန်တွေ ကျင်းပကြရမယ်။

အမှန်– အေဒီ ၃၃၊ နိသန်လ ၁၄ ရက်နေ့မှာ ပသခါပွဲကို ယေရှုကျင်းပပြီးနောက် သခင့်ညစာစားပွဲလို့ခေါ်တဲ့ ပွဲအသစ်တစ်ခုကို စတင် ကျင်းပခဲ့တယ်။ (လုကာ ၂၂:​၁၉၊ ၂၀။ ၁ ကောရိန္သု ၁၁:၂၀) အဲဒီပွဲက “ပသခါသိုးသငယ်” အဖြစ် ခရစ်တော် အသေခံခဲ့တဲ့ အထိမ်းအမှတ်ပွဲ ဖြစ်လို့ ပသခါပွဲကို မကျင်းပတော့ဘဲ ဒီပွဲကို ကျင်းပကြတယ်။ (၁ ကောရိန္သု ၅:၇) ယေရှုရဲ့ ရွေးဖိုးပူဇော်သက္ကာဟာ လူတွေကို အပြစ်နဲ့ သေခြင်းရဲ့ ကျွန်အဖြစ်ကနေ လွတ်မြောက်စေတဲ့အတွက် ပသခါ ပူဇော်ရာယဇ်ထက် သာလွန်ထူးမြတ်တယ်။​—မဿဲ ၂၀:၂၈။ ဟီဘရူး ၉:၁၅။

a အချိန်ကြာလာတဲ့အခါ ပြောင်းလဲမှုတချို့ ပြုလုပ်ခဲ့ကြရတယ်။ ဥပမာ၊ ဦးဆုံးပသခါပွဲ ကျင်းပချိန်မှာ အီဂျစ်ပြည်ကနေ ထွက်ခွာရတော့မှာဖြစ်လို့ “မြန်မြန်” လုပ်ခဲ့ကြရတယ်။ (ထွက်မြောက်ရာ ၁၂:၁၁) ဒါပေမဲ့ ကတိထားရာပြည်ကို ရောက်လာတဲ့အချိန်မှာ အဲဒီပွဲကို မြန်မြန် ကျင်းပစရာ မလိုတော့ဘူး။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ