သတိနဲ့ စောင့်နေကြပါ
မရေရာ မသေချာတဲ့ လောကမှာ ပျော်ရွှင်မှု ရနိုင်ပုံ—ကျမ်းစာအဆိုက ဘာလဲ
မရေရာ မသေချာတဲ့ အခုလိုအချိန်ကာလမှာ ကျွန်တော်တို့ ထိန်းချုပ်လို့ မရနိုင်တာတွေ အများကြီးပါ။ ဒါပေမဲ့ ပျော်ရွှင်မှုဆိုတာ ကျွန်တော်တို့ ကြုံနေရတဲ့ အခြေအနေတွေပေါ် မမူတည်ပဲ ကိုယ့်ရဲ့ သဘောထားနဲ့ပဲ သက်ဆိုင်ပါတယ်။ ပြဿနာတွေ ရင်ဆိုင်နေရပေမဲ့ “ရွှင်လန်းသောစိတ်ရှိသူတို့၏ ဘဝမှာမူ အစဉ်သာယာလျက်ရှိပေသည်” လို့ ကျမ်းစာ ဆိုတယ်။ (ပညာအလိမ္မာ ၁၅:၁၅၊ ခေတ်သုံးမြန်မာသမ္မာကျမ်း) ပိုပျော်ရွှင်အောင် ဘာလုပ်နိုင်သလဲ။ ကျမ်းစာ အကြံပြုချက်တွေကို သုံးသပ်ကြည့်ပါ။
စိုးရိမ်ပူပန်စိတ် မလွန်ကဲပါစေနဲ့
“စိုးရိမ်ပူပန်မှုဟာ စိတ်ဓာတ်ကျစေတယ်။ ကောင်းတဲ့စကားကတော့ စိတ်အားတက်စေတယ်” လို့ ကျမ်းစာ ဆိုတယ်။—ပညာအလိမ္မာ ၁၂:၂၅။
စိုးရိမ်ပူပန်စိတ် မလွန်ကဲဖို့ ကျမ်းစာ ကူညီပေးနိုင်တယ်။ ဘယ်လိုကူညီပေးနိုင်သလဲဆိုတာသိဖို့ “စိုးရိမ်ပူပန်မှုနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာပြောဆိုရာ” ဆောင်းပါးကို ဖတ်ကြည့်ပါ။
အထီးကျန်စိတ်ကို တိုက်လှန်ပါ
“မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ” လို့ ကျမ်းစာ ဆိုတယ်။—ပညာအလိမ္မာ ၁၇:၁၇။
ရင်းနှီးတဲ့ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ အထီးကျန်စိတ်ကို တိုက်လှန်နိုင်တဲ့ အကြံပြုချက်တွေ ကျမ်းစာမှာ ပါတယ်။ “အထီးကျန်စိတ်ကို တိုက်လှန်ဖို့ မိတ်ဆွေဖွဲ့ပါ—ကျမ်းစာ ကူညီပေးနိုင်ပုံ” ဆောင်းပါးကို ဖတ်ကြည့်ပါ။
ဘုရားနဲ့ လူလူချင်းကို ချစ်တဲ့စိတ် မွေးမြူပါ
“ယေဟောဝါ ဘုရားကို စိတ်စွမ်း ရှိသမျှ၊ ကိုယ်စွမ်း ရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှနဲ့ ချစ်ပါ။ . . . လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ”a လို့ ကျမ်းစာ ဆိုတယ်။—မဿဲ ၂၂:၃၇-၃၉။
ဘုရားကို ချစ်တဲ့စိတ် တိုးများလာအောင် ဆုတောင်းခြင်းက အထောက်အကူပြုပါတယ်။ ပိုသိချင်ရင် “ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်သလား” ဆောင်းပါးကို ဖတ်ကြည့်ပါ။
ယေရှုသင်ပေးခဲ့တဲ့ ရွှေပညတ်အတိုင်း နေထိုင်ခြင်းအားဖြင့် လူလူချင်းကို ချစ်နိုင်တယ်။ ပိုသိနိုင်ဖို့ “ရွှေပညတ်ဆိုတာ ဘာလဲ” ဆောင်းပါးကို ဖတ်ကြည့်ပါ။
မရေရာ မသေချာတဲ့ အခုလိုအချိန်ကာလမှာ ကျမ်းစာအကူအညီနဲ့ ပျော်ရွှင်နိုင်ပုံအကြောင်း ထပ်သိချင်ရင် ကျမ်းစာကို လေ့လာသင်ယူကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။
a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈။