သတိနဲ့ စောင့်နေကြပါ
ကမ္ဘာတစ်ဝန်း စိုးရိမ်ထိတ်လန့်ဖွယ်ရာ အကြမ်းဖက်ပစ်ခတ်မှုများ—ကျမ်းစာအဆိုက ဘာလဲ
၂၀၂၂၊ ဇူလိုင်လအတွင်း သေနတ်ပစ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ကမ္ဘာအနှံ့ ဖြစ်ပွားခဲ့တယ်–
“သေနတ် ကိုင်ဆောင်ခွင့် တင်းကျပ်ထားတဲ့၊ အကြမ်းဖက် ရာဇဝတ်မှုတွေ အဖြစ်နည်းတဲ့ ဂျပန်လို နိုင်ငံမျိုးမှာ အထင်ကရ နိုင်ငံရေးသမား [ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး] လုပ်ကြံခံရလို့ ဂျပန်နိုင်ငံသာမက တစ်ကမ္ဘာလုံးပါ အထိတ်တလန့် ဖြစ်သွားတယ်။”—၂၀၂၂၊ ဇူလိုင် ၁၀၊ The Japan Times သတင်းစာ။
“ကိုပင်ဟေဂင်မြို့၊ စျေးဝယ်စင်တာမှာ သေနတ်သမားတစ်ယောက်က လူ ၃ ဦးကို ပစ်သတ်လိုက်လို့ ဒိန်းမတ်ပြည်သူတွေ ထိတ်လန့်နေတယ်။”—၂၀၂၂၊ ဇူလိုင် ၄၊ ရိုက်တာသတင်း။
“တောင်အာဖရိကနိုင်ငံ၊ ဆိုဝီတိုမြို့က ဘားတစ်ခုမှာ သေနတ်သမားတစ်စုရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၅ ဦး သေဆုံးသွားတယ်။”—၂၀၂၂၊ ဇူလိုင် ၁၀၊ The Guardian သတင်းစာ။
“အမေရိကန်မှာ ဇူလိုင် ၄ ရုံးပိတ်ရက်တွေအတွင်း သေနတ်ပစ်ခတ်မှုကြောင့် လူ ၂၂၀ ကျော် သေဆုံးခဲ့တယ်။”—၂၀၂၂၊ ဇူလိုင် ၅၊ စီဘီအက်စ် သတင်း။
ဒီလို အကြမ်းဖက်မှုတွေ အဆုံးတိုင်တော့မယ်လို့ မျှော်လင့်နိုင်ပါသလား။ ကျမ်းစာအဆိုက ဘာလဲ။
အကြမ်းဖက်မှု ဆုံးခန်းတိုင်မယ်
ကျွန်တော်တို့ အသက်ရှင်နေတဲ့အချိန်၊ “နောက်ဆုံးကာလ” မှာ လူတွေ ကြမ်းတမ်းရက်စက်ကြမယ်လို့ ကျမ်းစာ ဆိုတယ်။ (၂ တိမောသေ ၃:၁၊ ၃) အကြမ်းဖက်လုပ်ရပ်တွေကြောင့် လူများစွာ ကြောက်ကြောက်လန့်လန့် အသက်ရှင်နေရတယ်။ (လုကာ ၂၁:၁၁) ဒါပေမဲ့ မကြာခင် အကြမ်းဖက်မှုတွေ အဆုံးတိုင်တော့မယ်၊ “လူတွေဟာ ငြိမ်းချမ်းလုံခြုံတဲ့နေရာ၊ ငြိမ်သက်အေးချမ်းတဲ့ နားခိုစရာနေရာတွေမှာ နေထိုင်ရလိမ့်မယ်” လို့ ကျမ်းစာ ကတိပြုထားတယ်။ (ဟေရှာယ ၃၂:၁၈) အကြမ်းဖက်မှုတွေ ဘယ်လိုနည်းနဲ့ အဆုံးတိုင်မလဲ။
ဘုရားသခင်က လူဆိုးတွေကို သုတ်သင်ရှင်းလင်းပြီး လက်နက်အားလုံးကို ဖျက်ဆီးပစ်မယ်။
“လူဆိုးတွေကတော့ ကမ္ဘာမြေပေါ်ကနေ ပယ်ရှင်းခံရလိမ့်မယ်။”—ပညာအလိမ္မာ ၂:၂၂။
“ဘုရားက မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေတယ်။ လေးတွေကို ချိုးပြီး လှံတွေကို အပိုင်းပိုင်း ဖြတ်ပစ်တယ်။ စစ်မြင်းရထားတွေကို မီးရှို့ပစ်တယ်။”—ဆာလံ ၄၆:၉။
အကြမ်းဖက်မှု ဖြစ်ရတဲ့ အဓိကအကြောင်းရင်းကို ဖြေရှင်းတဲ့အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်တတ်ဖို့ လူတွေကို သင်ပေးမယ်။
“သူတို့က သန့်ရှင်းတဲ့ ငါ့ရဲ့တောင်တစ်ပြင်လုံးမှာ ဘာအန္တရာယ်မှပေးမှာ မဟုတ်ဘူး။ ဖျက်လိုဖျက်ဆီးလုပ်မှာ မဟုတ်ဘူး။ ပင်လယ်ဟာ ရေတွေနဲ့ ဖုံးလွှမ်းနေသလို ကမ္ဘာမြေဟာ ယေဟောဝါကို သိကျွမ်းခြင်းနဲ့ ပြည့်နေမှာ ဖြစ်လို့ပဲ။”—ဟေရှာယ ၁၁:၉။
အကြမ်းဖက်မှုကို ရှောင်ဖို့၊ လက်နက်တွေ မသုံးဖို့၊ “ဓားကို ထယ်သွား ဖြစ်အောင်၊ လှံကို တံစဉ် ဖြစ်အောင် ထုလုပ်” ဖို့ ကမ္ဘာတစ်ဝန်းက လူတွေကို အခုအချိန်ကတည်းက ဘုရားသခင် သင်ပေးနေပါတယ်။—မိက္ခာ ၄:၃။
ကမ္ဘာပေါ်မှာ အကြမ်းဖက်မှု၊ ကြောက်ရွံ့မှုတွေ မရှိတော့မယ့်အကြောင်း ကျမ်းစာကတိပြုထားတာကို ထပ်သိချင်ရင် “ရာဇဝတ်မှုတွေကနေ သင့်ကိုယ်သင် ကာကွယ်ပါ” ဆောင်းပါးကို ဖတ်ပါ။
အကြမ်းဖက်မှုကို အပြီးပိုင်ဖြေရှင်းမယ့်အကြောင်း ထပ်သိချင်ရင် “မြေကြီးပေါ် အေးချမ်းငြိမ်သက်ပေတော့မည်” ဆောင်းပါးကို ဖတ်ပါ။