ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၅၅
  • ကမ္ဘာမြေ ဖျက်ဆီးခံနေရ—သမ္မာကျမ်းစာအဆိုက ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာမြေ ဖျက်ဆီးခံနေရ—သမ္မာကျမ်းစာအဆိုက ဘာလဲ
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမယ့်အကြောင်း ကြိုဟောထား
  • ကမ္ဘာမြေအတွက် လုံခြုံစိတ်ချရတဲ့ အနာဂတ်
  • ရာသီဥတု ကပ်ဆိုက်နေတာကို အစိုးရတွေ ပူးပေါင်းပြီး ဖြေရှင်းနိုင်မလား—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ရာသီဥတု ဖောက်ပြန်မှုနဲ့ အနာဂတ်အကြောင်း ကျမ်းစာမှာ ဘာဖော်ပြသလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ကမ္ဘာတစ်ဝန်း စံချိန်သစ်တင်လာတဲ့ အပူချိန်တိုးမြင့်မှု– ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ကမ္ဘာဂြိုဟ် “ဖျားနာ” နေ၏—ကုစားနည်းရှိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၅၅
အာကာသကနေ ကမ္ဘာမြေကို မြင်ရတဲ့ပုံ။ ကမ္ဘာတစ်ခြမ်းက အခြေအနေကောင်းနေပေမဲ့ တစ်ခြမ်းက ခြောက်သွေ့ပျက်စီးနေစဉ်။

သတိနဲ့ စောင့်နေကြပါ

ကမ္ဘာမြေ ဖျက်ဆီးခံနေရ—သမ္မာကျမ်းစာအဆိုက ဘာလဲ

“လူသားတွေရဲ့ လုပ်ရပ်ကြောင့် ရာသီဥတု ကပ်ဘေး ဆိုက်တော့မယ်။ မြို့ကြီးတွေ ရေအောက်ရောက်တော့မယ်။ မကြုံစဖူး အပူလှိုင်းတွေ၊ ကြောက်စရာကောင်းတဲ့ မုန်တိုင်းတွေ၊ နေရာအနှံ့ ရေရှားပါးမှုတွေ၊ အပင်နဲ့ တိရစ္ဆာန်မျိုးစိတ် တစ်သန်း မျိုးသုဉ်းတော့မယ့် အခြေအနေ ရောက်နေပြီ။ ဒါက စိတ်ကူးယဉ်ဇာတ်လမ်းထွင်နေတာ၊ ချဲ့ကားပြောနေတာ မဟုတ်ပါဘူး။ အခုလက်ခံကျင့်သုံးနေတဲ့ စွမ်းအင်မူဝါဒတွေကိုသာ မပြောင်းလဲဘူးဆိုရင် ဖြစ်ပေါ်လာမယ့် ရလဒ်တွေကို သိပ္ပံနည်းကျ ပြောနေတာပါ။”— ၂၀၂၂ ခုနှစ်၊ ဧပြီ ၄ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစီရင်ခံစာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ် ပြောကြားခဲ့တဲ့ မိန့်ခွန်း။

“ရာသီဥတုပြောင်းလဲမှု၊ အထူးသဖြင့် အပူချိန်မြင့်တက်မှုကြောင့် လာမယ့်နှစ်တွေမှာ [အမေရိကန်] မှာရှိတဲ့ အမျိုးသားဥယျာဉ် ၄၂၃ ခုထဲက အားလုံးနီးပါး ထိခိုက်ပျက်စီးမှုရှိမယ်လို့ သိပ္ပံပညာရှင်တွေ သတိပေးနှိုးဆော်ထားတယ်။ ဖြစ်ပျက်လာနိုင်တဲ့ အန္တရာယ်တွေက သမ္မာကျမ်းစာထဲမှာ ဖတ်ရတဲ့ ကပ်ဘေးတွေနဲ့ တူနေတယ်– မီးနဲ့ ရေလွှမ်းမိုးမှု၊ ရေခဲလွှာတွေ အရည်ပျော်မှု၊ ပင်လယ်ရေ မြင့်တက်လာမှုနဲ့ အပူလှိုင်းတွေ ဖြစ်တယ်။”—“ရဲလိုးစတုန်းအမျိုးသားဥယျာဉ်မှာ ရေကြီးရေလျှံခြင်း၊ ကပ်ဆိုက်မယ့် နိမိတ်ဖြစ်၊” ၂၀၂၂ ခုနှစ်၊ ဇွန် ၁၅ ရက်ထုတ် နယူးယောက်တိုင်းမ် သတင်းစာ။

ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် ပြဿနာကို ဖြေရှင်းနိုင်မလား။ ဖြေရှင်းနိုင်တယ်ဆိုရင် ဘယ်သူက ဖြေရှင်းပေးမလဲ။ ကျမ်းစာအဆိုကို သုံးသပ်ကြည့်ပါ။

သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမယ့်အကြောင်း ကြိုဟောထား

ဘုရားသခင်က “ကမ္ဘာမြေကို ဖျက်ဆီးတဲ့သူတွေကို ဖျက်ဆီး” မယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဗျာဒိတ် ၁၁:၁၈) ဒီကျမ်းပိုဒ်ကနေ အချက်သုံးချက် သိရတယ်။

  1. ၁။ လူတွေရဲ့ လုပ်ဆောင်မှုကြောင့် ကမ္ဘာမြေကြီး အတော်လေး ထိခိုက်ပျက်စီးသွားမယ်။

  2. ၂။ ကမ္ဘာမြေကို ဖျက်ဆီးတဲ့လုပ်ရပ် အဆုံးတိုင်မယ်။

  3. ၃။ ကမ္ဘာမြေရဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို လူသားတွေ မဟုတ်ဘဲ ဘုရားသခင် ဖြေရှင်းပေးမယ်။

ကမ္ဘာမြေအတွက် လုံခြုံစိတ်ချရတဲ့ အနာဂတ်

“ကမ္ဘာမြေကတော့ ထာဝစဉ်တည်တယ်” လို့ ကျမ်းစာ ဆိုတယ်။ (ဒေသနာ ၁:၄) ကမ္ဘာပေါ်မှာ သက်ရှိတွေ အမြဲ မှီတင်းနေထိုင်ကြလိမ့်မယ်။

  • “ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်။”—ဆာလံ ၃၇:၂၉။

ယိုယွင်းပျက်စီးနေတဲ့ ကမ္ဘာမြေဟာ အကောင်းပကတိ ပြန်ဖြစ်သွားမယ်။

  • “တောကန္တာရနဲ့ ပူပြင်းခြောက်သွေ့တဲ့ မြေဟာ ပျော်မြူးလိမ့်မယ်။ ကန္တာရလွင်ပြင်လည်း ရွှင်လန်းပြီး ကုံကုမံပန်းတွေလို ဝေဆာလိမ့်မယ်။”—ဟေရှာယ ၃၅:၁။

ကမ္ဘာမြေကို ဘုရား ကယ်တင်ပေးမယ့်အကြောင်း ပိုသိဖို့ “ကမ္ဘာကြီးကို ဘယ်သူ ကယ်တင်ပေးမလဲ” ဆောင်းပါးကို ဖတ်ပါ။

ရာသီဥတုတွေ ဖောက်ပြန်နေပေမဲ့ အနာဂတ်အတွက် ဘာကြောင့် စိတ်ပူစရာ မလိုသလဲဆိုတာ သိဖို့ “ရာသီဥတု ဖောက်ပြန်မှုနဲ့ အနာဂတ်အကြောင်း ကျမ်းစာမှာ ဘာဖော်ပြသလဲ” ဆောင်းပါးကို ဖတ်ပါ။

သဘာဝပတ်ဝန်းကျင် ပြဿနာတွေကြောင့် ကြုံရတဲ့ အခက်အခဲတွေကို ကျမ်းစာအကူအညီနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်ပုံအကြောင်း သိချင်ရင် “ရာသီဥတု ဆိုးရွားမှုဒဏ်ခံရခြင်း—ရင်ဆိုင်ဖြေရှင်းဖို့ ကျမ်းစာ ကူညီပေးနိုင်သလား” ဆောင်းပါးကို ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ