ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb16 စာ. ၁၅၁-စာ. ၁၅၇ ပိုဒ်. ၂
  • ယေဟောဝါရဲ့နာမည်ကို ဂုဏ်ယူစွာကြေညာကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါရဲ့နာမည်ကို ဂုဏ်ယူစွာကြေညာကြ
  • ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • ထိရောက်မှုရှိတဲ့ လူထုရှေ့သက်သေခံခြင်းလုပ်ငန်း
  • မိခင်ဘာသာစကားကို အသုံးပြုခြင်း
၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb16 စာ. ၁၅၁-စာ. ၁၅၇ ပိုဒ်. ၂
အင်ဒိုနီးရှားမှာ ယေဟောဝါသက်သေတွေဟာ လူထုရှေ့သက်သေခံရာမှာသုံးတဲ့ လက်တွန်းစင်ဘေးမှာ ရပ်ပြီး ဟောပြောနေကြ

အင်ဒိုနီးရှားနိုင်ငံ

ယေဟောဝါရဲ့နာမည်ကို ဂုဏ်ယူစွာကြေညာကြ

ပိတ်ပင်ထားတဲ့နှစ်တွေအတွင်း အင်ဒိုနီးရှားက ညီအစ်ကိုတွေဟာ “မြွေကဲ့သို့ပါးနပ်လျက် ချိုးငှက်ကဲ့သို့ အဆိပ်ကင်းကြလော့” ဆိုတဲ့ ယေရှုရဲ့ဆုံးမစကားကို ပညာရှိရှိလိုက်လျှောက်ခဲ့ကြတယ်။ (မ. ၁၀:၁၆) ဒါပေမဲ့ ပိတ်ပင်မှုရုပ်သိမ်းလိုက်တဲ့အခါ ညီအစ်ကိုများစွာက ဘယ်လို “ရဲရင့်စွာဟောပြော” ရမလဲဆိုတာ သင်ယူဖို့ လိုအပ်လာတယ်။—တ. ၄:၃၁။

ဥပမာ၊ ညီအစ်ကိုတချို့က တစ်အိမ်တက်ဆင်း မသွားချင်တော့ ပြန်လည်ပတ်မှုနဲ့ ကျမ်းစာသင်အံမှုလုပ်ဖို့ပဲ အာရုံစိုက်ကြတယ်။ တချို့ကျတော့ မွတ်စလင်တွေကို မဟောချင်ဘူး။ အများစုက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တဲ့အခါ ယေဟောဝါသက်သေလို့ မပြောဘဲ ခရစ်ယာန်လို့ ပြောကြတယ်။ အင်ဒိုနီးရှားကမ္ဘာသစ်ဘာသာပြန်ကျမ်းa ကိုမသုံးဘဲ အမည်ခံခရစ်ယာန်တွေထုတ်တဲ့ ဘာသာပြန်ကျမ်းတွေကိုပဲ သုံးကြတယ်။ တချို့က ကျမ်းစာစာပေတွေကို မဝေငှချင်ဘူး။

ညီအစ်ကိုတွေက ပိတ်ပင်ချိန်အတွင်းမှာ အဲဒီအကျင့်တချို့ ရလာကြတာ။ ဒါ့အပြင် အင်ဒိုနီးရှားယဉ်ကျေးမှုမှာ လူတွေက ထိပ်တိုက်ရင်ဆိုင်မယ့်အစား အလျှော့ပေးလိုက်လျောတတ်တယ်။ တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ အရမ်းသတိထားတယ်။ ဒီအကျင့်တွေကို ဘယ်လိုပြုပြင်ကြမလဲ။

ယေဟောဝါက ရင့်ကျက်တဲ့ညီအစ်ကိုတွေကိုသုံးပြီး ကြင်နာစွာ ပြုပြင်တည့်မတ်ပေးခဲ့တယ်။ (ဧ. ၄:၁၁၊ ၁၂) ဥပမာ၊ ၂၀၁၀ ပြည့်နှစ်မှာ အင်ဒိုနီးရှားကိုလည်ပတ်ခဲ့တဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် စတီဗင် လက်တ်က ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို အမှုဆောင်မှာ များများသုံးပြီး ဘုရားနာမည်ကို ထိန်းသိမ်းကာကွယ်ကြပါလို့ အားပေးခဲ့တယ်။ “ညီအစ်ကိုလက်တ်ရဲ့ ဟောပြောချက်ကြောင့် ကြေညာသူတော်တော်များများ စိတ်ထိမိသွားတယ်။ ယေဟောဝါသက်သေအဖြစ် ရပ်တည်ဖို့လိုမှန်း၊ သမ္မာကျမ်းစာကို ဂုဏ်ယူစွာ ခုခံကာကွယ်ဖို့လိုမှန်း သဘောပေါက်သွားကြတယ်” လို့ သာသနာပြုညီအစ်ကို မီရှာ ဘီရန်စ် ပြောပြတယ်။

အင်ဒိုနီးရှားက မွတ်စလင်တွေဟာ ယေဟောဝါသက်သေတွေကို အမည်ခံခရစ်ယာန်တွေနဲ့ အတူတူပဲလို့ ထင်ကြတယ်။ ဒါကြောင့် အင်ဒိုနီးရှားစကားနဲ့ နိုင်ငံတော်ဓမ္မအမှုစာစောင်မှာ အခုလိုညွှန်ကြားခဲ့တယ်– “သင်ဟာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်မှန်း စစချင်းမိတ်ဆက်ကတည်းက ရှင်းရှင်းလင်းလင်းပြောပြထားတာ အကောင်းဆုံးပဲ။ . . . ယေဟောဝါကို ကိုယ်စားပြုခွင့်ရလို့ ကျွန်တော်တို့ ဂုဏ်ယူကြတယ်။ ကိုယ်တော့်နာမည်နဲ့ ရည်ရွယ်ချက်တွေအကြောင်း ရပ်ကွက်က လူတွေသိအောင် ကြေညာချင်ကြတယ်။” ဌာနခွဲရုံးမှာအမှုဆောင်တဲ့ ညီအစ်ကိုရှန်ဆူကီ ကာဝါမိုတို အခုလိုပြောပြတယ်– “ပွင့်လင်းပေမဲ့ လိမ္မာပါးနပ်မှုရှိတဲ့ ဒီချဉ်းကပ်နည်းကြောင့် ရလဒ်ကောင်းတွေ ရခဲ့တယ်။ မွတ်စလင်အများစုက ယေဟောဝါသက်သေတွေအကြောင်း၊ တခြားခရစ်ယာန်တွေနဲ့ ဘယ်လိုကွာသလဲဆိုတဲ့အကြောင်း သိချင်ကြတယ်။ သူတို့ရဲ့သိချင်စိတ်ကြောင့် ကောင်းကောင်းသက်သေခံခွင့်ရတယ်။”

ကင်းမျှော်စင် နဲ့ နိုးလော့! စာစောင်တွေကိုလည်း များများဝေငှဖို့ ကြေညာသူတွေကို အားပေးခဲ့တယ်။ ဌာနခွဲကော်မတီညှိနှိုင်းရေးမှူး လိုတာ မီဟန့် အခုလိုပြောတယ်– “လူတွေက မဂ္ဂဇင်းတွေကိုဖတ်မှ ကျွန်တော်တို့အကြောင်း ပိုသိမှာပေါ့။ ဒီမဂ္ဂဇင်းတွေက ‘မြေ’ နဲ့တူတဲ့ နှလုံးသားကို ပျော့ပျောင်းစေတာကြောင့် လူတွေ အမှန်တရားကို ပိုလက်ခံလာအောင် လှုံ့ဆော်ပေးတယ်။ စာပေတွေကို နေရာအနှံ့ဝေငှတဲ့အခါ ယေဟောဝါအကြောင်း သင်ယူနိုင်ဖို့ လူများစွာကို အခွင့်အရေးပေးနေတာပဲ။”

ထိရောက်မှုရှိတဲ့ လူထုရှေ့သက်သေခံခြင်းလုပ်ငန်း

၂၀၁၃ ခုနှစ်မှာ အင်ဒိုနီးရှားဌာနခွဲဟာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်အရ ဟောပြောနည်းအသစ်နှစ်ခုကို စတင်လုပ်ဆောင်တယ်။ မြို့ကြီးတွေမှာ လူအများရှေ့သက်သေခံခြင်း အထူးအစီအစဉ်နဲ့ အသင်းတော်လိုက် လူထုရှေ့သက်သေခံခြင်းပါပဲ။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒီအစီအစဉ်တွေကြောင့် လူများစွာ သတင်းကောင်းကြားခဲ့ရတယ်။

မြို့ကြီးတွေမှာ လူအများရှေ့သက်သေခံခြင်း အထူးအစီအစဉ်ကို ဂျကာတာမြို့အနောက်ပိုင်း လျှပ်စစ်ပစ္စည်းတွေရောင်းတဲ့ ကုန်တိုက်ကြီးတစ်ခုမှာ ဦးဆုံးလုပ်ခဲ့တယ်။ ဒီနောက် အသင်းတော်တွေက သူတို့ရဲ့ရပ်ကွက်မှာ လက်တွန်းစင်၊ စားပွဲတွေနဲ့ လူထုရှေ့သက်သေခံကြတယ်။ တစ်နှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းက နေရာပေါင်း ၄၀၀ ကျော်မှာ လုပ်ဆောင်ခဲ့တယ်။ ဘာအကျိုးရလဒ်ရခဲ့သလဲ။

ဂျကာတာမြို့က အကြီးအကဲ ယူဆပ် ယူနီပလေတာ အခုလိုပြောတယ်– “လူထုရှေ့သက်သေခံခြင်း မစခင်တုန်းက အသင်းတော်မှာ တစ်လကို မဂ္ဂဇင်း ၁,၂၀၀ တောင်းခံရတယ်။ ခြောက်လကြာပြီးနောက် တစ်လကို ၆,၀၀၀ တောင်းခံရတယ်။ အခုဆိုရင် တစ်လကို ၈,၀၀၀ တောင်းခံနေရပြီ။ စာအုပ်တွေ၊ ဘရိုရှာတွေလည်း အများကြီးဝေရတယ်။” ဆူမားတြားမြောက်ပိုင်း၊ မီဒမ်မြို့က ရှေ့ဆောင်အုပ်စုလေးဟာ သုံးနေရာမှာ လက်တွန်းစင်တွေနဲ့ သက်သေခံတယ်။ ပထမတစ်လအတွင်း စာအုပ် ၁၁၅ အုပ်နဲ့ မဂ္ဂဇင်း ၁,၈၀၀ လောက် ဝေငှနိုင်ခဲ့တယ်။ နှစ်လကြာတော့ ရှေ့ဆောင် ၆၀ လောက်က ခုနစ်နေရာမှာ စာအုပ် ၁,၂၀၀ ကျော်နဲ့ မဂ္ဂဇင်း ၁၂,၄၀၀ ဝေငှခဲ့တယ်။ “ဒီဟောပြောနည်းအသစ်တွေကြောင့် ညီအစ်ကိုညီအစ်မတွေ ပျော်ရွှင်တက်ကြွနေတယ်။ အင်ဒိုနီးရှားမှာ တိုးတက်ဖို့အလားအလာရှိမှန်း ဖော်ပြနေတာပဲ။ လူထုရှေ့သက်သေခံခြင်းကို အမြဲလုပ်သွားမယ်” လို့ သာသနာပြုညီအစ်ကို ဂျက်စီ ကလပ်ပြောတယ်။

မိခင်ဘာသာစကားကို အသုံးပြုခြင်း

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘာသာစကားကွဲပြားမှု အများဆုံးဒေသတစ်ခုဖြစ်တဲ့ အရှေ့တောင်အာရှမှာ တည်ရှိတယ်။b လူအများစုက အများသုံး အင်ဒိုနီးရှားစကားကိုပြောပေမဲ့ မိခင်ဘာသာစကားဖြစ်တဲ့ တိုင်းရင်းသားဘာသာစကားကိုလည်း ပြောကြတယ်။

ဆူမားတြားမြောက်ပိုင်းက ဘာတပ်ခ်-တိုဘာ ဘာသာပြန်အုပ်စု

ဆူမားတြားမြောက်ပိုင်းက ဘာတပ်ခ်-တိုဘာ ဘာသာပြန်အုပ်စု

၂၀၁၂ ခုနှစ်မှာ ဌာနခွဲရုံးက ဘာသာစကားအမျိုးမျိုးကွဲနေတဲ့ ဒီနိုင်ငံရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်လိုက်တယ်။ “လူသန်းပေါင်း ၁၂၀ နီးပါး ပြောဆိုနေတဲ့ ဘာသာစကား ၁၂ မျိုးနဲ့ စပြီးဘာသာပြန်ခဲ့တယ်။ ဂျာဗားဘာသာပြန်တွေဟာ ဂျာဗားစကားနဲ့ထုတ်ဝေတဲ့ ဦးဆုံးဝေစာကို တွေ့လိုက်တဲ့အခါ ဝမ်းသာမျက်ရည်ကျခဲ့တယ်။ နောက်ဆုံးတော့ မိခင်ဘာသာစကားနဲ့ အချိန်တန်အစာ စားရပြီ” လို့ ညီအစ်ကိုတွမ်ဗန် လမ်ပူတန် ပြောတယ်။

တိုင်းရင်းသားဘာသာစကား အများဆုံးပြောတဲ့ ဒေသတွေမှာတောင် အသင်းတော်အများစုက စည်းဝေးတွေကို အင်ဒိုနီးရှားစကားနဲ့ ကျင်းပနေတုန်းပဲ။ ညီအစ်ကိုလိုတာ မီဟန့် အခုလိုပြောတယ်– “၂၀၁၃ ခုနှစ်မှာ ကျွန်တော်နဲ့ ဇနီးဖြစ်သူကာမန်က ဆူမားတြားမြောက်ပိုင်း၊ နီးအတ်စ်ကျွန်းမှာကျင်းပတဲ့ နှစ်ရက်ကြာ တိုက်နယ်စည်းဝေးကို တက်ရောက်ခဲ့တယ်။ ပရိသတ် ၄၀၀ မှာ အများစုက နီးအတ်စ်စကားပြောပေမဲ့ ဟောပြောချက်အားလုံးကိုတော့ အင်ဒိုနီးရှားစကားနဲ့ပဲဟောတယ်။ ဟောပြောချက်ပေးတဲ့ ညီအစ်ကိုတွေနဲ့ ဆွေးနွေးပြီးနောက် မနက်ဖြန်ကျရင် နီးအတ်စ်စကားနဲ့ ဟောမယ်ဆိုတဲ့အကြောင်း ပရိသတ်ကို အသိပေးလိုက်တယ်။ နောက်နေ့ကျတော့ တက်ရောက်သူ ၆၀၀ ကျော်သွားလို့ ခန်းမပြည့်ကျပ်သွားတာပဲ။” ညီအစ်မကာမန်ကလည်း “တက်ရောက်သူတွေက အင်ဒိုနီးရှားစကားနဲ့ ဟောတဲ့အချိန်ကထက် နီးအတ်စ်စကားနဲ့ဟောတာကို ပိုပြီးအာရုံစိုက်တာကို တွေ့ရတယ်။ ကျမ်းစာအကြောင်းကို မိခင်ဘာသာစကားနဲ့နားထောင်ရတော့ ပျော်ကြတယ်၊ ကောင်းကောင်းနားလည်ကြတယ်” လို့ပြောပြတယ်။

အင်ဒိုနီးရှားက နားမကြားသူတစ်ယောက်ဟာ လက်သင်္ကေတပြဗီဒီယိုနဲ့ အမှန်တရားသင်ယူနေ

နားမကြားသူတစ်ယောက်ကို အမှန်တရားသိလာအောင် ကူညီပေးနေ

နားမကြားသူတွေတောင် သူတို့စကားနဲ့ အမှန်တရားကို “ကြား” နိုင်ပြီ။ ၂၀၁၀ ပြည့်နှစ်ကစပြီး လက်သင်္ကေတပြဘာသာပြန်အုပ်စုက ဘရိုရှာခုနစ်စောင်နဲ့ ဝေစာရှစ်စောင်ကို အင်ဒိုနီးရှားလက်သင်္ကေတပြစကားနဲ့ ပြန်ဆိုခဲ့တယ်။ ဌာနခွဲရုံးကလည်း လက်သင်္ကေတပြသင်တန်း ၂၄ ခုကို စီစဉ်ပေးပြီး လက်သင်္ကေတပြဘာသာပြန်သူ ၇၅၀ ကျော်ကို လေ့ကျင့်ပေးခဲ့တယ်။ အခုချိန်မှာ လက်သင်္ကေတပြ အသင်းတော်နဲ့အုပ်စုပေါင်း ၂၃ ခုဟာ နားမကြားသူ သုံးသန်းလောက်ကို အမှန်တရားသိလာအောင် ကူညီပေးနေတယ်။

အခုလက်ရှိ ဘာသာပြန်ဌာနမှာ ဘာသာပြန်အုပ်စု ၃၇ ခုရှိတယ်။ ဘာသာပြန်သူ ၁၁၇ ယောက်နဲ့ ကူညီပေးသူ ၅၀ တို့ဟာ နေရာပေါင်း ၁၉ နေရာမှာ အမှုဆောင်နေတယ်။

a အင်ဒိုနီးရှားကမ္ဘာသစ်ဘာသာပြန်ကျမ်း တစ်အုပ်လုံးကို ၁၉၉၉ ခုနှစ်မှာ ထုတ်ဝေခဲ့တယ်။ ဘာသာပြန်တွေက ပိတ်ပင်ချိန်အတွင်း ခုနစ်နှစ်ကြာ ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ကြတယ်။ နှစ်အတော်ကြာပြီးနောက် အတွဲနှစ်တွဲပါတဲ့ သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင် စာအုပ်နဲ့ ကင်းမျှော်စင်စာကြည့်တိုက် စီဒီရွမ် ကို အင်ဒိုနီးရှားစကားနဲ့ ထုတ်ဝေခဲ့တယ်။ တကယ့်ကိုထူးခြားတဲ့ ပြီးမြောက်အောင်မြင်မှုတွေပါပဲ။

b အင်ဒိုနီးရှားမှာ ဘာသာစကားပေါင်း ၇၀၇ မျိုး ပြောနေကြတယ်။ အရှေ့ဘက် အိမ်နီးချင်းနိုင်ငံ ပါပူဝါနယူးဂီနီမှာတော့ ၈၃၈ မျိုး ပြောတယ်။

ဘာသာပြန်လုပ်ငန်း ပြီးမြောက်အောင်မြင်မှုများ

  • အများသုံးစကားက အင်ဒိုနီးရှားစကား ဖြစ်တယ်

  • အင်ဒိုနီးရှားမှာ ဘာသာစကား ၇၀၇ မျိုးလောက် ပြောတယ်

ဘာသာပြန်ဌာန–

  • ဘာသာပြန်အုပ်စု ၃၇ စု– ဘာသာပြန် ၁၁၇ ယောက်

  • ဘာသာစကား ၂၄ မျိုးနဲ့ ဘာသာပြန်နေ

  • ၁၉ နေရာမှာ လုပ်ဆောင်နေ

လက်သင်္ကေတပြစကား–

  • ၂၀၁၀ ပြည့်နှစ်ကစပြီး ဘာသာပြန်အုပ်စုနှစ်စုက ဘရိုရှာ ခုနစ်စောင် နဲ့ ဝေစာ ရှစ်စောင် ဘာသာပြန်ခဲ့

  • လက်သင်္ကေတပြသင်တန်း ၂၄ ခု ကျင်းပပြီး လက်သင်္ကေတပြသူ ၇၅၀ ကျော်ကို လေ့ကျင့်ပေးခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ