ဩဂုတ် ၂၅ အပတ်အတွက်ဇယား
ဩဂုတ် ၂၅ မှာစမယ့်အပတ်
သီချင်း ၁၁၂ နဲ့ ဆုတောင်းချက်
အသင်းတော်ကျမ်းစာလေ့လာမှု–
cl အခန်း ၁၂ အပိုဒ် ၁-၈ (၃၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– တောလည်ရာ ၁၄-၁၆ (၁၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း (၂၀ မိ.)
လုပ်ငန်းတော်စည်းဝေး–
၅ မိ– ဒေသအတွင်းမှ တွေ့ကြုံမှုများ။ နိုင်ငံတော်အကြောင်းကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ သက်သေခံခဲ့တဲ့ တွေ့ ကြုံမှုတစ်ခုနှစ်ခုကို ပြန်သရုပ်ပြပါ။ ဟေဗြဲ ၆:၁၁၊ ၁၂ ကို အတိုချုပ်ဆွေးနွေးပြီး နိုင်ငံတော်သတင်းကြေညာရာမှာ ကြိုးစားအားထုတ်ဖို့ အရေးကြီးကြောင်း အလေးပေးဖော်ပြပါ။
၁၀ မိ– နိုင်ငံတော်အကြောင်း ရှင်းပြပေးခြင်း—အပိုင်း ၁။ ဓမ္မအမှုကျောင်း စာအုပ်၊ စာမျက်နှာ ၂၈၀၊ အပိုဒ် ၁-၄ ကိုအခြေခံပြီး အကြီးအကဲ ဟောပြောပါ။
၁၅ မိ– နိုင်ငံတော်အကြောင်း ရှင်းပြပေးခြင်း—အပိုင်း ၂။ ဓမ္မအမှုကျောင်း စာအုပ်၊ စာမျက်နှာ ၂၈၀၊ အပိုဒ် ၅ ကနေ စာမျက်နှာ ၂၈၁၊ အပိုဒ် ၁ ကိုအခြေခံပြီး ဆွေးနွေးပါ။ ဘုရားသခင့်နိုင်ငံတော်ဟာ တကယ့်အစိုးရတစ်ခုဖြစ်ကြောင်း ကြေညာသူတစ်ဦးက အိမ်ရှင်နဲ့ ကျိုးကြောင်းဆင်ခြင်ပုံကို သရုပ်ပြပါ။
သီချင်း ၁၀၁ နဲ့ ဆုတောင်းချက်