ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၄၊ ဩဂုတ် ၂၅ မှာ စမယ့်အပတ် ဟောပြောသွန်သင်ခြင်းသင်တန်းမှာ သုံးသပ်မှာဖြစ်တယ်။
ဝတ်ပြုရာ ၁၈:၃ မှာပါတဲ့အချက်က အမှားအမှန်ကို တလွဲတချော်မယူမှတ်မိဖို့ ဘယ်လိုကူညီပေးနိုင်သလဲ။ (ဧ. ၄:၁၇-၁၉) [ဇူလိုင် ၇၊ က၀၂ ၂/၁ စ. ၂၉ ပိုဒ်. ၄]
ဝတ်ပြုရာ ၁၉:၂ မှာပါတဲ့ မိန့်မှာချက်ကနေ ကျွန်ုပ်တို့ ဘာသိရှိရသလဲ။ အဲဒီမိန့်မှာချက်ကို နာခံဖို့ ဘာကြောင့် ကြိုးစားသင့်သလဲ။ [ဇူလိုင် ၇၊ က၀၉ ၇/၁ စ. ၉ ပိုဒ်. ၅]
ကောက်သင်းကောက်ခြင်းနဲ့ပတ်သတ်တဲ့ ရှေးခေတ်ပညတ်တရားရဲ့ အခြေခံမူကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ (ဝတ်. ၁၉:၉၊ ၁၀) [ဇူလိုင် ၇၊ က၀၆ ၆/၁၅ စ. ၂၂-၂၃ ပိုဒ်. ၁၃]
‘မျက်စိအတွက်မျက်စိ’ ဆိုတဲ့ပညတ်က လက်စားချေတာကို ထောက်ခံအားပေးနေတာ မဟုတ်ဘူးလို့ ဘာကြောင့်ပြောနိုင်တာလဲ။ (ဝတ်. ၂၄:၁၉၊ ၂၀) [ဇူလိုင် ၁၄၊ က၀၉ ၉/၁ စ. ၂၂ ပိုဒ်. ၂-၃]
အစ္စရေးလူတစ်ယောက်က ဘယ်အခြေအနေမျိုးမှာ အတိုးယူတာ မှားသလဲ။ ဘယ်လိုအခါမျိုးမှာ အတိုးယူနိုင်သလဲ။ (ဝတ်. ၂၅:၃၅-၃၇) [ဇူလိုင် ၂၁၊ က၀၄ ၅/၁၅ စ. ၂၄ ပိုဒ်. ၃]
အစ္စရေးအနွယ် ၁၃ နွယ်ရှိပေမဲ့ ကျမ်းစာက ဘာကြောင့် ၁၂ နွယ်လို့ပဲ အများအားဖြင့် ဖော်ပြထားတာလဲ။ (တော. ၁:၄၉၊ ၅၀) [ဇူလိုင် ၂၈၊ က၀၈ ၇/၁ စ. ၂၁]
လေဝိသားတွေရဲ့ မဖြစ်မနေအမှုဆောင်ရခြင်း မှတ်တမ်းကနေ သက်ကြီးသူတွေကို စာနာမှုပြတာနဲ့ပတ်သက်ပြီး ဘာသိရှိရသလဲ။ (တော. ၈:၂၅၊ ၂၆) [ဩဂုတ် ၁၁၊ က၀၄ ၈/၁ စ. ၂၅ ပိုဒ်. ၁]
အစ္စရေးလူတွေ အီဂျစ်ပြည်ကနေ ထွက်လာပြီးနောက် ဘာကြောင့် ညည်းတွားမြည်တမ်းခဲ့ကြသလဲ။ အဲဒီမှတ်တမ်းကနေ ကျွန်ုပ်တို့ ဘာအရေးကြီးသင်ခန်းစာကို ရရှိကြသလဲ။ (တော. ၁၁:၄-၆) [ဩဂုတ် ၁၈၊ က၉၅ ၃/၁ စ. ၁၅-၁၆ ပိုဒ်. ၁၀]
ဧလဒဒ်နဲ့ မေဒဒ်တို့ ပရောဖက်တွေအဖြစ် စတင်လုပ်ဆောင်တဲ့အခါ မောရှေရဲ့ တုံ့ပြန်ပုံကနေ ဘာသင်ယူနိုင်သလဲ။ (တော. ၁၁:၂၇-၂၉) [ဩဂုတ် ၁၈၊ က၀၄ ၈/၁ စ. ၂၆ ပိုဒ်. ၄]
“အဝတ်စွန်းတို့၌ ဆွဲစရာဖို့ ပန်းပွားတို့ကိုလုပ်” ရမယ်လို့ အစ္စရေးလူတွေကိုပေးတဲ့ ပညတ်ကနေ ဘယ်မူကို သိရှိရသလဲ။ (တော. ၁၅:၃၇-၃၉) [ဩဂုတ် ၂၅၊ က၀၄ ၈/၁ စ. ၂၆ ပိုဒ်. ၇]