မေ ၁၂ အပတ်အတွက်ဇယား
မေ ၁၂ မှာစမယ့်အပတ်
သီချင်း ၄၉ နဲ့ ဆုတောင်းချက်
အသင်းတော်ကျမ်းစာလေ့လာမှု–
cl အခန်း ၇ အပိုဒ် ၁-၈ (၃၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ထွက်မြောက်ရာ ၂၇-၂၉ (၁၀ မိ.)
နံပါတ် ၁– ထွက်မြောက်ရာ ၂၉:၁၉-၃၀ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– မောရှေပညတ်ကို “အခမ်းအနား” ကဏ္ဍနဲ့ “ကိုယ်ကျင့်တရား” ကဏ္ဍဆိုပြီး ယေရှုမခွဲခြားခဲ့—rs စ. ၄၂၅ အပိုဒ် ၁-၂ ( ၅ မိ.)
နံပါတ် ၃– မွေးနေ့နှင့် ခရစ္စမတ်ပွဲတို့ကို ရှေးခရစ်ယာန်များ မကျင်းပခဲ့—td ၃၉က (၅ မိ.)
လုပ်ငန်းတော်စည်းဝေး–
၁၅ မိ– လူမျိုးအားလုံးက တောင်ပေါ်ကို တသီတတန်းကြီး တက်သွားလိမ့်မယ်။ (ဟေရှာ. ၂:၂) နှစ်ခြင်းခံတာ နှစ်အတော်ကြာပြီဖြစ်တဲ့ ကြေညာသူတစ်ယောက်နဲ့ နှစ်ခြင်းခံတာ သိပ်မကြာသေးတဲ့ ကြေညာသူတစ်ယောက်ကို လူတွေ့မေးမြန်းပါ။ အမှန်တရားကို ဘာကြောင့်စိတ်ဝင်စားလာတာလဲ။ ဘယ်အခက်အခဲတွေကို ကျော်လွှားခဲ့ရသလဲ။ အစည်းအဝေး ပထမဆုံးတက်တဲ့အချိန်မှာ ဘာကို သဘောကျခဲ့သလဲ။ အမှုဆောင်လုပ်ငန်းမှာ ပထမဆုံးပါဝင်ခဲ့တာနဲ့ပတ်သက်ပြီး ဘာကို အမှတ်ရသလဲ။ ဘုရားရေးရာမှာ တိုးတက်လာအောင် ညီအစ်ကို၊ ညီအစ်မတွေက ဘယ်လိုကူညီပေးခဲ့သလဲ။
၁၅ မိ– “အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—နိဒါန်းကို ပြင်ဆင်ပါ။” ဆွေးနွေးပါ။ အပိုင်းနှစ်ပိုင်းပါတဲ့ အတိုချုပ်သရုပ်ပြခန်းတစ်ခုကို တင်ဆက်ပါ။ ပထမပိုင်းမှာ ကောင်းကောင်းမပြင်ဆင်ထားတဲ့နိဒါန်း၊ ဒုတိယပိုင်းမှာ ကောင်းကောင်းပြင်ဆင်ထားတဲ့နိဒါန်းသုံးပြီး တင်ဆက်ပုံကို သရုပ်ပြပါ။ ဓမ္မအမှုကျောင်းစာအုပ် စာမျက်နှာ ၂၁၅-၂၁၉ က သက်ဆိုင်တဲ့အချက်တွေကို အချိန်ရသလောက် ထည့်ပြောပါ။
သီချင်း ၁၁၇ နဲ့ ဆုတောင်းချက်