အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း —နိဒါန်းကို ပြင်ဆင်ပါ
ဘာကြောင့် အရေးကြီး– ကိုယ့်နိဒါန်းကို အိမ်ရှင်စိတ်မဝင်စားဘူးဆိုရင် ဆက်ပြီးစကားပြောလို့ ရတော့မှာမဟုတ်ဘူး။ ဒါကြောင့် နိဒါန်းဟာ တင်ဆက်မှုရဲ့ အရေးကြီးဆုံးအပိုင်းဖြစ်တယ်လို့ ကြေညာသူတော်တော်များများ ခံယူထားကြတယ်။ ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှု နဲ့ ကျိုးကြောင်းဆင်ခြင် စာအုပ်တွေမှာပါတဲ့ နမူနာတင်ဆက်နည်းတွေမှာ နိဒါန်းကို အများအားဖြင့် အပြည့်အစုံ မဖော်ပြထားပါဘူး။ အကြောင်းက လိုသလိုပြောင်းလဲသုံးနိုင်အောင်လို့ဖြစ်တယ်။ နမူနာတင်ဆက်နည်းက အပြည့်အစုံပါတယ်ဆိုရင်တောင် အဲဒါကို ပြောင်းလဲပြီး ဒါမှမဟုတ် ကိုယ်ပိုင်တင်ဆက်နည်းပြင်ဆင်ပြီး အသုံးပြုနိုင်တယ်။ အိမ်ရှင်ကိုတွေ့မှ စိတ်ထဲပေါ်လာတာတွေကိုပဲ ပြောလိုက်မယ့်အစား နိဒါန်းကို ဂရုတစိုက် ပြင်ဆင်ထားမယ်ဆိုရင် ပိုထိရောက်ပါလိမ့်မယ်။—သု. ၁၅:၂၈။
ဒီလအတွင်း ကြိုးစားကြည့်ပါ–
မိသားစုဝတ်ပြုမှုမှာ နိဒါန်းကို ပြင်ဆင်ပြီး လေ့ကျင့်ပါ။
အမှုဆောင်သွားနေတဲ့အခါ တခြားသူကို ကိုယ်ပြင်ဆင်ထားတဲ့နိဒါန်းအကြောင်း ပြောပြပါ။ (သု. ၂၇:၁၇) ကိုယ့်နိဒါန်းက မထိရောက်ဘူးဆိုရင် တခြားနိဒါန်းကို ပြောင်းသုံးပါ။