ဒီဇင်ဘာ ၃၀ အပတ်အတွက်ဇယား
ဒီဇင်ဘာ ၃၀ မှာစမယ့်အပတ်
သီချင်း ၁၂၆ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
jl အခန်း ၂၆-၂၈ (၃၀ မိ.)
□ ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ဗျာဒိတ် ၁၅-၂၂ (၁၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း (၂၀ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၁၀ မိ– “‘ယုံကြည်ခြင်း၌တည်မြဲ’ နေဖို့ ကူညီပေးပါ။” ဟောပြောပါ။ ပြီးတဲ့နောက်၊ ဇန်နဝါရီလရဲ့ ပထမဆုံးစနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ သင်အံမှုစဖို့ မဂ္ဂဇင်းတွေကို အသုံးပြုပုံကို အတိုချုပ်သရုပ်ပြပါ။ (သင်တို့ရဲ့ အသင်းတော်မှာ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင် မရောက်သေးဘူးဆိုရင် နိုဝင်ဘာလထုတ် ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှုက ဒီဇင်ဘာ ၁ ရက်ထုတ်ကင်းမျှော်စင်ရဲ့ သင်အံမှုစဖို့ နမူနာတင်ဆက်နည်းကို အစားထိုးအသုံးပြုနိုင်ပါတယ်။) အားလုံးပါဝင်လုပ်ဆောင်ကြဖို့ အားပေးပါ။
၁၀ မိ– သင့်ကလေး ကြေညာသူဖြစ်လာအောင် ကူညီပေးပါ။ ဖွဲ့စည်းထားခြင်း စာအုပ် စာမျက်နှာ ၈၂၊ အပိုဒ် ၁-၂ ကိုအခြေခံပြီး ဟောပြောပါ။ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူကလေးရှိပြီး ပုံသက်သေကောင်းတဲ့မိဘတစ်ဦးကို လူတွေ့မေးမြန်းပါ။ ကလေးဖြစ်သူ တိုးတက်လာအောင်နဲ့ ကြေညာသူတစ်ဦးအဖြစ် အရည်အချင်းပြည့်မီလာအောင် သူဘယ်လိုကူညီပေးခဲ့သလဲ။
၁၀ မိ– ဘယ်တော့မှ တစ်ယောက်တည်းမဟုတ်ပါ။ (၄ ရာ. ၆:၁၆) ၂၀၁၃ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၄၈၊ အပိုဒ် ၁-၃ ကို အခြေခံပြီး ဆွေးနွေးပါ။ ရရှိတဲ့သင်ခန်းစာတွေကို မှတ်ချက်ပေးဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။
သီချင်း ၁၁၉ နဲ့ ဆုတောင်းချက်