ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၃၊ ဒီဇင်ဘာ ၃၀ မှာ စမယ့်အပတ်အတွင်း သုံးသပ်မှာဖြစ်တယ်။ လေ့လာသုံးသပ်တဲ့အပတ်ရဲ့ ရက်စွဲတွေကို ဖော်ပြထားတာက ပတ်စဉ်သင်တန်းအစီအစဉ်အတွက် ပြင်ဆင်တဲ့အခါ ရှာဖွေလေ့လာနိုင်ဖို့ ဖြစ်ပါတယ်။
၁။ အစိုးရအာဏာပိုင်တွေကို ဘာကြောင့် နူးညံ့သိမ်မွေ့စွာ ဆက်ဆံသင့်တာလဲ။ (တိ. ၃:၂) [နို. ၄၊ က၀၃ ၄/၁ စ. ၂၅ ပိုဒ်. ၁၈-၁၉]
၂။ ဖိလေမုန် ၄၊ ၅၊ ၇ မှာ မှတ်တမ်းတင်ထားတဲ့ ပေါလုရဲ့စကားတွေကနေ ဘာသင်ခန်းစာ ရရှိနိုင်သလဲ။ [နို. ၄၊ က၀၈ ၁၀/၁၅ စ. ၃၁ ပိုဒ်. ၁၊ ၂; က၉၂ ၄/၁၅ စ. ၂၅ ပိုဒ်. ၂]
၃။ ဘုရားသခင့် အနားယူရာထဲ ဘယ်လိုဝင်နိုင်သလဲ။ (ဟေဗြဲ ၄:၉-၁၁) [နို. ၁၁၊ က၁၁ ၇/၁၅ စ. ၂၈ ပိုဒ်. ၁၆၊ ၁၇]
၄။ “ဖြောင့်မတ်ခြင်းတရားကို ကျင့်သုံး” တဲ့ ရှမွေလနဲ့ သစ္စာရှိတရားသူကြီးတွေ၊ ပရောဖက်တွေဆီက ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။ (ဟေဗြဲ ၁၁:၃၂၊ ၃၃) [နို. ၁၈၊ က၁၁ ၁/၁ စ. ၂၅ ပိုဒ်. ၅၊ စ. ၂၆ ပိုဒ်. ၁]
၅။ “အထက်မှဉာဏ်ပညာမူကား ဦးစွာ စင်ကြယ်၏။ ထို့နောက် သင့်မြတ်စွာနေတတ်၏” လို့ ဘာကြောင့် ယာကုပ် ရေးခဲ့တာလဲ။ (ယာ. ၃:၁၇) [နို. ၂၅၊ က၁၁ ၈/၁၅ စ. ၃၀-၃၁ ပိုဒ်. ၁၅]
၆။ သတင်းကောင်းဟောခြင်းခံရတဲ့ “သေလွန်သောသူတို့” က ဘယ်သူတွေလဲ။ (၁ ပေ. ၄:၆) [ဒီ. ၂၊ က၀၈ ၁၁/၁၅ စ. ၂၁ ပိုဒ်. ၇]
၇။ ၁ ယောဟန် ၂:၇၊ ၈ မှာ ယောဟန်က ဘယ် “ပညတ်ဟောင်း” နဲ့ “ပညတ်သစ်” အကြောင်း ပြောနေတာလဲ။ [ဒီ. ၉၊ က၀၈ ၁၂/၁၅ စ. ၂၇ ပိုဒ်. ၆]
၈။ “အာလဖနှင့် ဩမေဃ၊” “အဦးဆုံးနှင့် နောက်ဆုံး” ဆိုတဲ့ဘွဲ့အမည်တွေက ဘယ်သူတွေကို ရည်ညွှန်းနေတာလဲ။ (ဗျာ. ၁:၈၊ ၁၇) [ဒီ. ၁၆၊ က၀၉ ၁/၁၅ စ. ၃၀ ပိုဒ်. ၆]
၉။ ဘိသိက်ခံခရစ်ယာန်တွေကို ‘တံဆိပ်ခတ်’ တဲ့ အဆင့်နှစ်ဆင့်ကို ဖော်ပြပါ။ (ဗျာ. ၇:၃) [ဒီ. ၂၃၊ က၀၇ ၁/၁ စ. ၃၁ ပိုဒ်. ၂]
၁၀။ ဘုရားသခင့်နိုင်ငံတော်မှာ ရရှိမယ့်ကောင်းချီးတွေ တကယ်ပြည့်စုံလာမယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။ အဲဒါက ကျွန်ုပ်တို့အပေါ် ဘာအကျိုးသက်ရောက်မှု ရှိသင့်သလဲ။ (ဗျာ. ၂၁:၅၊ ၆) [ဒီ. ၃၀၊ re စ. ၃၀၄ ပိုဒ်. ၉]