ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၁၀ စာ. ၃
  • ဇွန် ၂၈ အပတ်အတွက်ဇယား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇွန် ၂၈ အပတ်အတွက်ဇယား
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဇွန် ၂၈ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
နဓ ၆/၁၀ စာ. ၃

ဇွန် ၂၈ အပတ်အတွက်ဇယား

ဇွန် ၂၈ တွင်စမည့်အပတ်

သီချင်း ၆၂

□ အသင်းတော်ကျမ်းစာလေ့လာမှု–

cf-BU အခန်း ၆ ¶၁၉-၂၅၊ စ. ၆၅ မှလေးထောင့်ကွက်

□ သီအိုကရက်တစ်ဓမ္မအမှုကျောင်း–

ကျမ်းစာဖတ်ရှုခြင်း– ၃ ဓမ္မရာဇဝင် ၃–၆

သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း

□ လုပ်ငန်းတော်အစည်းအဝေး–

သီချင်း ၉၀

၅ မိ– ကြေညာချက်များ။

၁၅ မိ– ဇူလိုင်လအတွင်းဝေငှမည့် မဂ္ဂဇင်းများကို ပြင်ဆင်ပါ။ ပရိသတ်နှင့်ဆွေးနွေးရန်။ မဂ္ဂဇင်းတွင်ပါဝင်သည့် အကြောင်းအရာများကို တစ်မိနစ် သို့မဟုတ် နှစ်မိနစ် အချိန်ယူသုံးသပ်ပါ။ ထို့နောက် ဆောင်းပါးနှစ်ခု သို့မဟုတ် သုံးခုကိုရွေးချယ်ကာ ဝေငှရာတွင် အသုံးပြုနိုင်မည့် မေးခွန်းများနှင့် ကျမ်းချက်များကိုအကြံပြုရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ မဂ္ဂဇင်းတစ်စောင်ချင်းစီကို မည်သို့ဝေငှမည်ကို သရုပ်ပြပါ။ ပြန်လည်ပတ်မှုပြုလုပ်ချိန်တွင် ကျမ်းစာသင်အံမှုတစ်ခု မည်သို့စတင်နိုင်သည်ကိုပြသည့် နောက်ထပ်သရုပ်ပြတစ်ခုဖြင့် နိဂုံးချုပ်ပါ။

၁၅ မိ– နို့စို့အရွယ်မှစ၍ သွန်သင်ပါ။ ပရိသတ်နှင့်ဆွေးနွေးရန်။ တိမောသေသည် ဇွဲလုံ့လရှိ၍ ကျွမ်းကျင်သော သတင်းကောင်းဟောပြောသူအဖြစ် ထင်ရှားခဲ့သည်။ (ဖိ. ၂:၂၀-၂၂) ယင်းသို့ဖြစ်ရခြင်းမှာ သူနို့စို့အရွယ်မှစ၍ မိခင်နှင့် အဘွားထံမှ သမ္မာကျမ်းစာနှင့်ဆိုင်သော အခြေခံသွန်သင်ချက်များကို အတိုင်းအတာတစ်ခုအထိ သင်ယူရရှိခဲ့သောကြောင့်လည်းပါသည်။ (၂ တိ. ၁:၅; ၃:၁၅) မိမိတို့ကလေးများအား အရည်အချင်းရှိသော သတင်းကောင်းဟောပြောသူများဖြစ်လာစေရန် မိဘများ လေ့ကျင့်ပေးရာ၌ အောက်ပါကျမ်းဆိုင်ရာ အကြံပြုချက်များက အထောက်အကူပြုပါလိမ့်မည်။ (၁) မိမိတို့ကလေး ငယ်ရွယ်စဉ်၌ပင် ဓမ္မအမှုလုပ်ငန်းသို့ ခေါ်သွားပါ၊ ဓမ္မအမှုတွင်ပါဝင်နိုင်ရန် သူ၏အသက်အရွယ်၊ ဉာဏ်စွမ်းနှင့်အညီ လေ့ကျင့်ပေးပါ။ (သု. ၂၂:၆) (၂) ဓမ္မအမှုကို ဦးစားထားခြင်းတွင် ပုံသက်သေကောင်းပြပါ။ (ဖိ. ၁:၉၊ ၁၀) (၃) မိသားစုဝတ်ပြုမှုပြုလုပ်ချိန်အတွင်းနှင့် အခြားအချိန်များတွင် ဟောပြောခြင်းလုပ်ငန်းကို နှစ်သက်ကာ လေးမြတ်စိတ်ရှိလာအောင် သွတ်သွင်းပေးပါ။ (တရား. ၆:၆၊ ၇) (၄) ဓမ္မအမှုအပေါ် အပြုသဘောထားရှိကြောင်း သင့်သဘောထားနှင့် အပြောအဆိုတွင် ထင်ရှားစေပါ။ (ဖိ. ၃:၈; ၄:၈; ၁ တိ. ၁:၁၂) (၅) ဓမ္မအမှုလုပ်ငန်းတွင် မိသားစုလိုက်ပါဝင်ကာ ယင်းကို အလေ့အထတစ်ခုဖြစ်စေပါ။ (တ. ၅:၄၁၊ ၄၂) (၆) ဓမ္မအမှုတွင် ဇွဲလုံ့လရှိသူများနှင့် ပေါင်းသင်းပါ။ (သု. ၁၃:၂၀) ဓမ္မအမှုတွင် ပျော်ရွှင်ကာ ထိရောက်သူများဖြစ်စေရန် မိဘများထံမှ အကူအညီရရှိခဲ့သည့် သတ်သတ်မှတ်မှတ်အချက်များကို မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။

သီချင်း ၈၈

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ