သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၁၀၊ ဇွန် ၂၈ အပတ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ သုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၁၀၊ မေ ၃ ရက်မှ ဇွန် ၂၈ ရက်အပတ်များအထိ တာဝန်များကို သုံးသပ်ခဲ့ရာများအပေါ် အခြေပြု၍ မိနစ် ၂၀ ပြန်လည်သုံးသပ်မည်ဖြစ်သည်။
၁။ အာဗနာအတွက် ဒါဝိဒ်ငိုကြွေးမြည်တမ်းခြင်းမှ ကျွန်ုပ်တို့အဘယ်အရာ သင်ယူနိုင်သနည်း။ (၂ ရာ. ၃:၃၁-၃၄) [က၀၅ ၅/၁၅ စ. ၁၇ ပိုဒ်. ၆; က၀၆ ၇/၁၅ စ. ၂၁ ပိုဒ်. ၉-၁၀]
၂။ နာသန်သည် အဘယ်အမှားကို ပြုလုပ်ခဲ့သနည်း၊ သူသည် ယေဟောဝါ၏ပရောဖက်အဖြစ် အဘယ်ကြောင့် ငြင်းပယ်မခံခဲ့ရသနည်း။ (၂ ရာ. ၇:၃) [rs-BU စ. ၂၂၃ ပိုဒ်. ၈]
၃။ ၂ ဓမ္မရာဇဝင် ၇:၁၄ သည် မည်သို့ပြည့်စုံခဲ့သနည်း။ [it-1 စ. ၂၇၃ ပိုဒ်. ၃; it-2 စ. ၈၁၈ ပိုဒ်. ၂]
၄။ မေဖိဗောရှက်အပေါ် ဒါဝိဒ်၏လုပ်ရပ်များသည် ချစ်ခင်ကြင်နာမှုပြခြင်း မည်သို့ဖြစ်ခဲ့သနည်း၊ ယင်းက ကျွန်ုပ်တို့အပေါ် အဘယ်အကျိုးသက်ရောက်မှုရှိသင့်သနည်း။ (၂ ရာ. ၉:၇) [က၀၂ ၅/၁၅ စ. ၁၉ ပိုဒ်. ၅]
၅။ ဂိတ္တိလူအိတ္တဲနှင့် ရှင်ဘုရင်ဒါဝိဒ်တို့၏ဆက်ဆံရေးမှ အဘယ်သင်ခန်းစာများရရှိနိုင်သနည်း။ (၂ ရာ. ၁၅:၁၉-၂၂) [က၀၉ ၅/၁၅ စစ. ၂၇-၂၈]
၆။ မေဖိဗောရှက်အပေါ် ဇိဘ၏စွပ်စွဲချက်သည် မှားကြောင်း ကျမ်းစာမှ မည်သို့ကျိုးကြောင်းဆင်ခြင်နိုင်သနည်း။ (၂ ရာ. ၁၆:၁-၄) [က၀၂ ၂/၁၅ စစ. ၁၄-၁၅ ပိုဒ်. ၁၁ အောက်ခြေမှတ်ချက်။]
၇။ ဒါဝိဒ်သည် အသက် ၈၀ ရှိပြီဖြစ်သောဗာဇိလဲကို မိမိ၏မှူးမတ်တစ်ဦးလုပ်ရန် တောင်းဆိုခဲ့သောအခါ ဗာဇိလဲသည် အဘယ်ကြောင့် ခိမဟံကိုထောက်ခံခဲ့သနည်း။ (၂ ရာ. ၁၉:၃၃-၃၇) [က၀၇ ၆/၁ စ. ၂၄ ပိုဒ်. ၁၃]
၈။ ယေဟောဝါ၏နှိမ့်ချခြင်းက ဒါဝိဒ်အား မည်သို့ ချီးမြှောက်မှုဖြစ်စေခဲ့သနည်း။ (၂ ရာ. ၂၂:၃၆၊ ကဘ) [က၀၇ ၁၁/၁ စ. ၅ ပိုဒ်. ၂; က၀၄ ၁၁/၁ စ. ၂၉]
၉။ ဒါဝိဒ်သက်ရှိထင်ရှားစဉ် အဒေါနိယသည် နန်းမွေကို သိမ်းယူရန် အဘယ်ကြောင့်ကြိုးစားခဲ့သနည်း။ (၃ ရာ. ၁:၅) [က၀၅ ၇/၁ စ. ၂၈ ပိုဒ်. ၅]
၁၀။ ဉာဏ်ပညာနှင့် သိနားလည်မှုအတွက် ရှောလမုန်၏ဆုတောင်းချက်ကို ယေဟောဝါ အဘယ်ကြောင့် ဖြေကြားတော်မူခဲ့သနည်း။ (၃ ရာ. ၃:၉) [က၀၅ ၇/၁ စ. ၃၀ ပိုဒ်. ၁]