ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၀၈ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဧပြီ ၁၄ တွင် စမည့်အပတ်
  • ဧပြီ ၂၁ တွင် စမည့်အပတ်
  • ဧပြီ ၂၈ တွင် စမည့်အပတ်
  • မေ ၅ တွင် စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နဓ ၄/၀၈ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဧပြီ ၁၄ တွင် စမည့်အပတ်

သီချင်း ၁၈၃

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။ စာမျက်နှာ ၈ မှအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက်သင့်လျော်သည့် အခြားတင်ဆက်နည်းများကိုအသုံးပြု၍ မတ် ၁ ကင်းမျှော်စင်နှင့် မတ်နိုးလော့! ဝေငှပုံကို သရုပ်ပြပါ။

၁၅ မိ– “ကျေးဇူးတော်ကိုသိသောစိတ် ရှိကြလော့။”a အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။

၂၀ မိ– “ညည်းတွားမြည်တမ်းသူတို့ကို နှစ်သိမ့်ပေးခြင်း။”b ချစ်ရသူတစ်ဦး သေဆုံးသွားခြင်းကြောင့် သူ့ကိုဆုံးရှုံးလိုက်ရသူတစ်ဦးအား အားပေးနှစ်သိမ့်ခဲ့သည့် ထူးခြားသောတွေ့ကြုံမှုရှိပါက ပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။

သီချင်း ၄၂

ဧပြီ ၂၁ တွင် စမည့်အပတ်

သီချင်း ၁၇၁

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ နောက်အပတ် လုပ်ငန်းတော်အစည်းအဝေးသို့ ဧပြီ ၁ ကင်းမျှော်စင်နှင့် ဧပြီ နိုးလော့! ယူလာရန်၊ ဒေသခံရပ်ကွက်အတွက် သင့်တော်သော တင်ဆက်နည်းများကိုလည်း ပြင်ဆင်လာကြရန် ပရိသတ်ကိုနှိုးဆော်ပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– ခရစ်ယာန်တစ်ဦးသည် နှစ်ခြင်းမခံထားသူတစ်ဦးကို ထိမ်းမြားနိုင်ပါသလော။ ၂၀၀၄၊ ဇူလိုင် ၁ ကင်းမျှော်စင် စာမျက်နှာ ၃၀-၃၁ ပါ “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုအခြေခံ၍ အကြီးအကဲတစ်ဦးဟောပြောရန်။ ၁ ကောရိန္သု ၇:၃၉ တွင်ပါသည့် “သခင်ဘုရား၌သာ” ဟူသောအသုံးအနှုန်းသည် အဘယ်အရာကိုဆိုလိုကြောင်း သေချာရှင်းပြပါ။

သီချင်း ၁၉၇

ဧပြီ ၂၈ တွင် စမည့်အပတ်

သီချင်း ၅၅

၁၅ မိ– ဒေသကြေညာချက်များ။ ဧပြီလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ ဧပြီ ၁ ကင်းမျှော်စင်နှင့် ဧပြီ နိုးလော့!ကို အတိုချုပ်သုံးသပ်ပြီး ရပ်ကွက်ရှိလူတို့အတွက် အဘယ်ဆောင်းပါးများသည် အကောင်းဆုံးဖြစ်နိုင်ကြောင်း၊ အဘယ်ကြောင့် ထိုသို့ဖြစ်နိုင်ကြောင်း ပရိသတ်ကိုမေးပါ။ မိမိတို့အသုံးပြုရန် ကြံရွယ်ထားသောဆောင်းပါးများနှင့်ပတ်သက်သည့် တင်ဆက်ပုံများကို အကြံပြုရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ စကားစမြည်စပြောနိုင်ရန် အဘယ်မေးခွန်းကို အသုံးပြုနိုင်သနည်း။ ထို့နောက် ဆောင်းပါးတွင်ပါသည့် အဘယ်ကျမ်းချက်ကို ဖတ်ပြနိုင်သနည်း။ ကျမ်းချက်နှင့် မေးခွန်းကို မည်သို့ဆက်စပ်ပေးနိုင်သနည်း။ ပရိသတ်အကြံပြုသော တင်ဆက်နည်း သို့မဟုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင်ပါသော တင်ဆက်နည်းများကိုသုံး၍ မဂ္ဂဇင်းတစ်စောင်စီအား ဝေငှနိုင်ပုံကို သရုပ်ပြပါ။

၁၀ မိ– မေးခွန်းသေတ္တာ။ ပရိသတ်နှင့်ဆွေးနွေးရန်။

၂၀ မိ– “ခြေတော်ရာကို နီးကပ်စွာ လျှောက်လိုက်လော့။”c အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။

သီချင်း ၆၅

မေ ၅ တွင် စမည့်အပတ်

သီချင်း ၂၁၇

၁၀ မိ– ဒေသကြေညာချက်များ။

၁၅ မိ– ယေဟောဝါသည် သင့်ကိုမစွန့်။ ၂၀၀၅၊ အောက်တိုဘာ ၁၅ ကင်းမျှော်စင် စာမျက်နှာ ၈-၁၁ ကိုအခြေခံကာ အားရှိဖွယ်ဟောပြောချက်ပေးရန်။

၂၀ မိ– “တိုးတက်နေသော ဓမ္မအမှုဆောင်တစ်ဦးဖြစ်ပါ။”d အပိုဒ် ၃ ကိုဆွေးနွေးစဉ် ဓမ္မအမှုကျောင်းစာအုပ်၊ စာမျက်နှာ ၆-၈၊ “အကျိုးအပြည့်အဝရရှိရန် ပြုလုပ်ပုံ” ခေါင်းစဉ်ငယ်အောက်မှ မှတ်ချက်များ ပါဝင်စေပါ။

သီချင်း ၁၁

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ