ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၀၈ စာ. ၁
  • တိုးတက်နေသော ဓမ္မအမှုဆောင်တစ်ဦးဖြစ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တိုးတက်နေသော ဓမ္မအမှုဆောင်တစ်ဦးဖြစ်ပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမှုဆောင်လုပ်ငန်းမှာ ဇွဲထက်သန်နေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဘုရားသခင့်နှုတ်ကပတ်တော်ကိုအသုံးပြုရာတွင်ကျွမ်းကျင်လာရန် သူတစ်ပါးကိုကူညီပေးခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ဟောပြောရန် လူသစ်များကို လေ့ကျင့်ပေးနိုင်ပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • ဘုရားပေး တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နဓ ၄/၀၈ စာ. ၁

တိုးတက်နေသော ဓမ္မအမှုဆောင်တစ်ဦးဖြစ်ပါ

၁ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် မိမိ၏ကျေးကျွန်များ ဝိညာဉ်ရေးတွင် တိုးတက်နေသောအခါ ဝမ်းမြောက်တော်မူသည်။ ယင်းတွင် သတင်းကောင်းဟောပြောရာ၌ ထိရောက်ပြီး ရင့်ကျက်သောဓမ္မအမှုဆောင်တစ်ဦးအဖြစ် တိုးတက်နေခြင်းပါဝင်သည်။ ပေါလုသည် ကြီးကြပ်မှူးတစ်ဦးဖြစ်သော တိမောသေအား ကျမ်းစာဖတ်ရှုခြင်းနှင့်သွန်သင်ခြင်းတို့ကို ကြိုးစားလုပ်ဆောင်ခြင်းဖြင့် သူ၏တိုးပွားခြင်းကို ထင်ရှားစေရန် အားပေးခဲ့သည်။ (၁ တိ. ၄:၁၃-၁၅) ကျွန်ုပ်တို့သည် အတွေ့အကြုံရင့်ကျက်သော ကြေညာသူများဖြစ်သည့်တိုင် ဓမ္မအမှုတွင် ဆက်၍အရည်အသွေးတိုးတက်နေရန် ကြိုးစားသင့်သည်။

၂ ကိုယ်ပိုင်ပန်းတိုင်များ ချမှတ်ပါ– တိုးတက်နေရန်ကြိုးစားရာတွင် ကိုယ်ပိုင်ပန်းတိုင်များ ချမှတ်ဖို့လိုအပ်သည်။ ကျွန်ုပ်တို့ချမှတ်နိုင်သည့်ပန်းတိုင်အချို့ကား အဘယ်နည်း။ ဝိညာဉ်တော်၏ဓားဖြစ်သော သမ္မာကျမ်းစာကို ပို၍ကျွမ်းကျင်စွာ အသုံးပြုတတ်ရန် ကြိုးစားနိုင်သည်။ (ဧ. ၆:၁၇) ကျွန်ုပ်တို့သည် လမ်းပေါ်သက်သေခံခြင်း၊ ဖုန်းဖြင့်သက်သေခံခြင်း၊ စီးပွားရေးရပ်ကွက်တွင် သက်သေခံခြင်းအစရှိသော ဓမ္မအမှုကဏ္ဍတစ်ခုတွင် တိုးတက်ဖို့ လိုကောင်းလိုပေမည်။ ပြန်လည်ပတ်မှုကို ပို၍ထိရောက်စွာလုပ်ဆောင်နိုင်ဖို့ လိုကောင်းလိုပေမည်။ ကျမ်းစာသင်အံမှုများကိုစတင်၍ ကျင်းပရာတွင် ကျွန်ုပ်တို့၏စွမ်းရည် ပို၍တိုးတက်စေရန် ပန်းတိုင်ထားခြင်းကလည်း အလွန်ကောင်းမွန်ပေမည်။

၃ ပြင်ဆင်ပေးချက်များ– အသင်းတော်အစည်းအဝေးများ၊ အထူးသဖြင့် သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော်အစည်းအဝေးတို့သည် ဓမ္မအမှုဆောင်များအဖြစ် တိုးတက်ရန် ကျွန်ုပ်တို့ကိုကူညီပေးသည်။ ထိုအစည်းအဝေးများအတွက် ပြင်ဆင်ကာ တက်ရောက်ရန်၊ ရရှိသောအကြံဉာဏ်များကို ကျင့်သုံးရန် ကျွန်ုပ်တို့ပို၍ကြိုးစားလေ ပို၍အကျိုးခံစားရလေဖြစ်သည်။​—၂ ကော. ၉:၆။

၄ ကျွန်ုပ်တို့ တိုးတက်နိုင်ရန် အချင်းအချင်းကူညီကြဖို့လည်း လိုသည်။ (သု. ၂၇:၁၇) ဓမ္မအမှုတွင် ကျွန်ုပ်တို့နှင့်အတူတွဲ၍အမှုဆောင်သူ၏ တင်ဆက်မှုကို ဂရုတစိုက်နားထောင်ခြင်းက ကျွန်ုပ်တို့ကိုတိုးတက်စေရန် ကူညီပါလိမ့်မည်။ ထို့ပြင် ကျွန်ုပ်တို့၏ စာအုပ်ကြီးသင်တန်းကြီးကြပ်မှူးသည် ကျွန်ုပ်တို့လိုအပ်သောအကူအညီ ရရှိနိုင်ရန် စီစဉ်ပေမည်။ ဓမ္မအမှုတွင် ပို၍ထိရောက်ပြီးပျော်ရွှင်နိုင်ဖို့ ကျွန်ုပ်တို့ကိုကူညီပေးရန် အတွေ့အကြုံရင့်ကျက်သောရှေ့ဆောင် သို့မဟုတ် အခြားကြေညာသူတစ်ဦးရှိထားခြင်းကလည်း ကောင်းချီးတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့၏စာအုပ်ကြီးသင်တန်းတွင် ကြေညာသူအသစ်ရှိသလော။ ကျွန်ုပ်တို့နှင့်အတူတွဲ၍အမှုဆောင်ရန် သူ့ကို အစပြုဖိတ်ခေါ်နိုင်သည်။

၅ ယနေ့ လုပ်ဆောင်လျက်ရှိသော အရေးကြီးဆုံးလုပ်ငန်းမှာ ခရစ်ယာန်ဓမ္မအမှုဖြစ်သည်။ ကျွန်ုပ်တို့သည် ယေဟောဝါအား “ချီးမွမ်းခြင်းယဇ်ကို” ပူဇော်ရာတွင် အကောင်းဆုံးပေးဆက်လိုကြသည်။ (ဟေဗြဲ ၁၃:၁၅) ထို့ကြောင့် ဓမ္မအမှုတွင်တိုးတက်နေရန် ကျွန်ုပ်တို့ကြိုးစားပါက “ရှက်ကြောက်စရာအကြောင်းမရှိဘဲ သမ္မာတရားကို မှန်ကန်စွာပိုင်းခြားတတ်သော” ဆရာသမားဖြစ်လာပါလိမ့်မည်။​—၂ တိ. ၂:၁၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ