လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဒီဇင်ဘာ ၁၂ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ နိုဝင်ဘာ ၁၅ ကင်းမျှော်စင် နှင့် ဒီဇင်ဘာ ၈ နိုးလော့! အတွက်တင်ဆက်ပုံကို သရုပ်ပြရန် စာမျက်နှာ ၈ ပါအကြံပြုချက်များကို (သင့်ရပ်ကွက်အတွက် သင့်လျော်လျှင်) အသုံးပြုပါ။ အခြားလက်တွေ့ကျသည့် တင်ဆက်မှုများကို အသုံးပြုနိုင်သည်။ သရုပ်ပြတစ်ခုစီပြီးနောက် တင်ဆက်မှုတွင် ကျမ်းချက်တစ်ချက်ကို မည်သို့လွယ်ကူစွာထည့်သွင်းနိုင်ကြောင်း မှတ်ချက်ပေးပါ။
၁၅ မိ– “လက်တွေ့ကျင့်သုံးရန် ကူညီပေးသည့်ကျောင်း။” ကျောင်းကြီးကြပ်မှူးဟောရန်။ အောက်တိုဘာ ၂၀၀၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်မှ မှတ်ချက်များပါဝင်စေပါ။
၂၀ မိ– “အသက်ရစေသောပညာရေး။”a မြင့်မြတ်သောပညာရေးမှ အကျိုးကျေးဇူးခံစားခဲ့ရပုံကို မှတ်ချက်ပေးရန် တစ်ဦးနှစ်ဦးကို ကြိုတင်စီစဉ်ပါ။
သီချင်း ၁၀၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၁၉ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။ ဒီဇင်ဘာ ၂၅ နှင့် ဇန်နဝါရီ ၁ ရက်အတွက် အထူးလယ်ကွင်းလုပ်ငန်း အစီအစဉ်များကို ဖော်ပြပါ။
၁၅ မိ– “ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ—အလိုက်သင့်ပြောင်းပေးခြင်းဖြင့်။”b အိမ်ရှင်၏ပြောဆိုချက်များအပေါ်အခြေခံ၍ ကြေညာသူတစ်ဦး၏ချဉ်းကပ်နည်းကို မည်သို့အလိုက်သင့်ပြောင်းပေးနိုင်ကြောင်း ဖော်ပြသည့် တိုတုတ်သောသရုပ်ပြတစ်ခု ပါဝင်စေပါ။
၂၅ မိ– “သင့်ကလေးကို ရင့်ကျက်သောဆုံးဖြတ်ချက် ချစေနိုင်မည်လော။”c အကြီးအကဲတစ်ဦးကိုင်တွယ်ရန်။ အပိုဒ်တစ်ခုစီကို စာဖတ်စွမ်းရည်ရှိသည့် ညီအစ်ကိုတစ်ဦးအား အသံကျယ်ကျယ်ဖြင့် ဖတ်စေပါ။ ညွှန်းထားသောကျမ်းချက်အားလုံးကို ဆွေးနွေးပါ။ အပိုဒ် ၂ ကို သုံးသပ်ပြီးနောက် ဇွန် ၁၅၊ ၁၉၉၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၉-၂၀ ရှိ အပိုဒ် ၁၆-၁၇ နှင့် လေးထောင့်ကွက်တို့တွင် ဖော်ပြထားသော လူငယ်နှစ်ဦး၏အခြေအနေကွာခြားမှုကို ဖော်ပြပါ။ နိဂုံးချုပ်တွင် ကင်းမျှော်စင် ပါဆောင်းပါးတစ်ခုလုံးကို သုံးသပ်ကြရန်၊ သူတို့၏ယုံကြည်ချက်များကို ခံယူချက်ဖြင့် ဖော်ပြနိုင်အောင် သွေးနှင့်စပ်လျဉ်းသည့် ကျမ်းစာအခြေပြုမိန့်မှာချက်အကြောင်းကို မိမိတို့၏သားသမီးများနှင့် ဆွေးနွေးမှုများ၊ လေ့ကျင့်မှုအစီအစဉ်များ ချက်ချင်းပြုလုပ်ကြရန် မိဘများအား တိုက်တွန်းပါ။
သီချင်း ၅၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၂၆ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ ဒီဇင်ဘာအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ ဇန်နဝါရီအတွက် ဝေငှမည့်စာပေကို ဖော်ပြကာ အကြံပြုထားသည့်တင်ဆက်မှုများ ရှာတွေ့နိုင်သောနေရာကို ညွှန်ပြပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– မေးခွန်းသေတ္တာ။ အကြီးအကဲတစ်ဦးဟောရန်။
သီချင်း ၂၂၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၂ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။
၁၅ မိ– “ကျွန်ုပ်တို့၏ကျမ်းစာအခြေပြုစာပေများကို ပညာရှိရှိအသုံးပြုပါ။”d စက်တင်ဘာ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၁ နှင့်စပ်လျဉ်းသည့် မှတ်ချက်များပါဝင်စေပါ။
၂၅ မိ– “ကျွန်ုပ်တို့ဘုရားသခင်၏အိမ်တော်ကို လျစ်လျူမရှုခြင်း။”e
သီချင်း ၄၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
e အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။