ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ—အလိုက်သင့်ပြောင်းပေးခြင်းဖြင့်
၁ တမန်တော်ပေါလုသည် ပရိသတ်၏နောက်ခံ၊ စိတ်နေသဘောထားနှင့်အညီ မိမိ၏သတင်းကောင်းတင်ဆက်မှုကို အမြဲတမ်း အလိုက်သင့်ပြောင်းပေးခြင်းဖြင့် ပုံသက်သေကောင်းပြခဲ့သည်။ (၁ ကော. ၉:၁၉-၂၃) ကျွန်ုပ်တို့လည်း အလားတူပြုရန် ကြိုးစားသင့်သည်။ အနည်းငယ် ကြိုတင်စဉ်းစားထားခြင်းဖြင့် ကျွန်ုပ်တို့ရပ်ကွက်ရှိလူတို့၏ လိုအပ်ရာများနှင့်ကိုက်ညီရန် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ပါ နမူနာတင်ဆက်နည်းများကို အလိုက်သင့်ပြောင်းပေးနိုင်သည်။ အိမ်တစ်အိမ်သို့ချဉ်းကပ်စဉ် အိမ်ရှင်၏စိတ်ဝင်စားမှုကို ညွှန်ပြသည့်လက္ခဏာများကို ဂရုပြုကာ ယင်းတို့ကို ကျွန်ုပ်တို့၏တင်ဆက်မှုတွင် ပါဝင်စေနိုင်သည်။ သို့သော် ကျွန်ုပ်တို့၏ဓမ္မအမှုတွင် အလိုက်သင့်ပြောင်းပေးနိုင်သည့် နောက်တစ်နည်းရှိသေးသည်။
၂ အခြားသူများ၏ပြောဆိုချက်နှင့်အညီ အလိုက်သင့်ပြောင်းပါ– ကျွန်ုပ်တို့ သတင်းကောင်းတင်ဆက်သည့်အခါ အိမ်ရှင်များအား မေးခွန်းတစ်ခုမေးကာ တုံ့ပြန်ရန် ဖိတ်ခေါ်လေ့ရှိ၏။ သူ၏တုံ့ပြန်မှုကို သင် မည်သို့ရှုမြင်သနည်း။ စတိလောက်သာအသိအမှတ်ပြုပြီး သင်ပြင်ဆင်ထားရာကိုသာ ဆက်၍တင်ဆက်လေ့ရှိသလော။ သို့မဟုတ် သင်ပြောဆိုသည့်စကားက အိမ်ရှင်များ၏တင်ပြချက်များကို ထည့်သွင်းစဉ်းစားကြောင်း ဖော်ပြသလော။ အခြားသူများပြောဆိုရာကို သင် တကယ်စိတ်ဝင်စားမည်ဆိုလျှင် သူတို့၏စိတ်ထဲ အမှန်တကယ်ဘာရှိသည်ကို သိရှိရန် ပါးနပ်စွာ ထပ်ဆင့်မေးခွန်းများမေးနိုင်ပေမည်။ (သု. ၂၀:၅) ဤသို့ဖြင့် သင်သည် နားထောင်နေသူ၏ စိုးရိမ်ပူပန်မှုများနှင့်တိုက်ရိုက်သက်ဆိုင်သည့် နိုင်ငံတော်သတင်း၏ကဏ္ဍများအပေါ် အာရုံစိုက်နိုင်မည်။
၃ ထိုသို့ပြုနိုင်ရန် ကျွန်ုပ်တို့သည် ဆွေးနွေးဖို့ အစကစီစဉ်ထားသောအကြောင်းအရာအပြင် တခြားအကြောင်းအရာများကိုပြောဆိုရန် တလိုတလားရှိရမည်။ သတင်းတွင်ပါသည့် ပြဿနာတစ်ရပ်ကို ကျွန်ုပ်တို့က စတင်ပြောဆို၍ အိမ်ရှင်ဘက်မှ သူစိုးရိမ်နေသည့် ဒေသန္တရ သို့မဟုတ် ကိုယ်ရေးကိုယ်တာပြဿနာတစ်ရပ်ကို ဖွင့်ဟလာမည်ဆိုလျှင် အိမ်ရှင်၏လိုအပ်ရာများကို ဖြည့်ဆည်းပေးရန် ကျွန်ုပ်တို့၏စစ်မှန်သောစိတ်ဝင်စားမှုက သူ့အတွက် အရေးအကြီးဆုံးဖြစ်သည့် အကြောင်းအရာတစ်ခုပေါ်အခြေပြု၍ ကျမ်းစာဆွေးနွေးရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးလိမ့်မည်။—ဖိ. ၂:၄။
၄ ချဉ်းကပ်နည်းကို အလိုက်သင့်ပြောင်းပေးခြင်း– အိမ်ရှင်က မေးခွန်းတစ်ခုမေးသည့်အခါ အကြောင်းအရာနှင့်ဆိုင်သည့် ထပ်ဆင့်အချက်အလက်များကို ကျွန်ုပ်တို့ရှာဖွေနိုင်ပြီးနောက်ပိုင်း တစ်ချိန်ချိန်တွင် ဆက်လက်ဆွေးနွေးခြင်းက ပို၍အကျိုးရှိပေမည်။ ထိုအကြောင်းအရာကို ပို၍စေ့စေ့စပ်စပ်သုံးသပ်ထားသည့် စာပေများကိုလည်း ဝေငှနိုင်သည်။ ယင်းတို့အားလုံးက ယေဟောဝါအား သိရှိလာရန် အခြားသူများကိုကူညီပေးဖို့ ကျွန်ုပ်တို့အမှန်တကယ်စိတ်ဝင်စားကြောင်း ဖော်ပြသည်။—၂ ကော. ၂:၁၇။