သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ နှုတ်ဖြေသုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၅ ခုနှစ် နိုဝင်ဘား ၇ မှ ဒီဇင်ဘာ ၂၆ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆-၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ ကျွန်ုပ်တို့သည် “မေတ္တာအားဖြင့်” တိုက်တွန်းနှိုးဆော်ကြောင်း သေချာစေရန် အဘယ်အရာပြုလုပ်နိုင်သနည်း။ (ဖိလေ. ၉) [ပက စ. ၂၆၆]
၂။ ကျွန်ုပ်တို့သည် ‘ကျန်းခံ့သောသွန်သင်ခြင်းဖြင့်’ မည်သို့တိုက်တွန်းနိုင်သနည်း။ (တိ. ၁:၉၊ ကဘ) [ပက စ. ၂၆၇ အပိုဒ် ၁-၂]
၃။ ကျွန်ုပ်တို့၏ဟောပြောချက်များသည် အားရှိစရာဖြစ်စေဖို့ အဘယ်ကြောင့် အရေးကြီးသနည်း၊ ထိုသို့ဖြစ်ရန် မည်သို့ပြုလုပ်နိုင်သနည်း။ [ပက စ. ၂၆၈ အပိုဒ် ၁-၃၊ လေးထောင့်ကွက်]
၄။ မောရှေပြုခဲ့သကဲ့သို့ မိမိ၏လူမျိုးတော်အတွက် ယေဟောဝါလုပ်ဆောင်ခဲ့ရာကို သတိရစေခြင်းက အခြားသူတို့အား မည်သို့ရဲစွမ်းသတ္တိရှိစေသနည်း။ (တရား. ၃:၂၈; ၃၁:၁-၈) [ပက စ. ၂၆၈ အပိုဒ် ၅–စ. ၂၆၉ အပိုဒ် ၂]
၅။ ယခုပင် ယေဟောဝါလုပ်ဆောင်နေသည့်အရာနှင့် အနာဂတ်တွင် လုပ်ဆောင်ပေးမည့်အရာများကို နှစ်ခြိုက်စွာပြောဆိုခြင်းက ကျွန်ုပ်တို့၏ပရိသတ်ကို အဘယ်ကြောင့် အားရှိစေမည်နည်း။ [ပက စစ. ၂၇၀-၁]
တာဝန်နံပါတ် ၁
၆။ စက်ပ်တွားဂျင့် ကျမ်းကား အဘယ်နည်း၊ ယင်းသည် ခရစ်ယာန်များအတွက် အဘယ်ကြောင့် စိတ်ဝင်စားစရာဖြစ်သနည်း။ [ဘကမ-၀၅ စ. ၁၅ အပိုဒ် ၁၂-၁၄]
၇။ မက်စရိများကား မည်သူများနည်း၊ သူတို့သည် ကျမ်းစာဘာသာပြန်ဆိုခြင်းအတွက် သိသာထင်ရှားသည့် အဘယ်အရာများ လုပ်ဆောင်ခဲ့ကြသနည်း။ [ဘကမ-၀၅ စ. ၁၈ အပိုဒ် ၁၈; စ. ၁၉ အပိုဒ် ၂၀-၂၁]
၈။ အင်္ဂလိပ်ဘာသာဖြင့်ပြန်ဆိုသော ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၏ ဟေဗြဲကျမ်းပိုင်းအတွက် အခြေခံကျမ်းကားအဘယ်နည်း။ ဤဘာသာပြန်ကျမ်းသည် ခိုင်လုံပြီး ယုံကြည်စိတ်ချရသောကျမ်းဖြစ်သည်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။ [ဘကမ-၀၅ စ. ၂၂ အပိုဒ် ၂၈၊ ၃၀]
၉။ ကနဦးခရစ်ယာန်များသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကြေညာရန် ဆန္ဒပြင်းပြကြောင်း မည်သို့ပြသခဲ့ကြသနည်း။ [ဘကမ-၀၅ စ. ၂၃-၄ အပိုဒ် ၁-၅]
၁၀။ သမ္မာကျမ်းစာ၏ တည်ရှိနေဆဲလက်ရေးစာမူများနှင့် စာသားများကိုလေ့လာခြင်းက ကျမ်းစာနှင့်ပတ်သက်၍ အဘယ်အရာဖော်ပြသနည်း။ [ဘကမ-၀၅ စ. ၃၀ အပိုဒ် ၃၂]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ ဒါဝိဒ်သည် ဗိမာန်တော်တည်ဆောက်ခွင့်မရခဲ့ခြင်းက ယေဟောဝါသည် ဒါဝိဒ်တိုက်ခဲ့သည့်စစ်ပွဲများကို မနှစ်သက်ကြောင်း ဖော်ပြသလော။ (၅ ရာ. ၂၂:၆-၁၀)
၁၂။ ဗိမာန်တော်အပ်နှံပွဲဆုတောင်းချက်တွင် ယေဟောဝါသည် မိမိကျေးကျွန်တို့၏လိုအပ်ရာများကို အုပ်စုတစ်စုလုံးအနေဖြင့် ဂရုစိုက်ရုံသာမကဘဲ မိမိအားကြောက်ရွံ့သူ တစ်ဦးချင်းစီ၏အခြေအနေ တစ်စုံတစ်ရာကိုပါ သိရှိတော်မူကြောင်း ရှောလမုန် မည်သို့အသိအမှတ်ပြုခဲ့သနည်း။ (၆ ရာ. ၆:၂၉၊ ၃၀)
၁၃။ ဘုရားသခင်၏လူမျိုးကို မာဂေါဂပြည်သားဂေါဂ တိုက်ခိုက်သည့်အခါ ၂ ရာဇဝင်ချုပ် ၂၀:၁၇ ပါစကားများနှင့်အညီ ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်ရမည်နည်း။
၁၄။ အားသာချက်များနှင့်ပတ်သက်သည့် အလေးအနက်စဉ်းစားစရာ မည်သည့်သင်ခန်းစာကို ယုဒဘုရင်သြဇိ၏ဖြစ်ရပ်မှ ကျွန်ုပ်တို့သင်ယူနိုင်သနည်း။ (၆ ရာ. ၂၆:၁၅-၂၁)
၁၅။ စာတန့်လောက ကြုံတွေ့ရတော့မည့်အရာကို ၂ ရာဇဝင်ချုပ် ၂၀:၂၂၊ ၂၃ က မည်သို့ကွက်ကွင်းကွင်းကွင်း သရုပ်ဖော်ထားသနည်း။