လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဇန်နဝါရီ ၁၀ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ ဒီဇင်ဘာ ၁၅ ကင်းမျှော်စင် နှင့် ဇန်နဝါရီ ၈ နိုးလော့! အတွက် တင်ဆက်ပုံကိုသရုပ်ပြရန် စာမျက်နှာ ၁၀ ပါအကြံပြုချက်များကို (သင့်ရပ်ကွက်အတွက် သင့်လျော်လျှင်) အသုံးပြုပါ။ အခြားလက်တွေ့ကျသည့် တင်ဆက်မှုများကို အသုံးပြုနိုင်သည်။ တင်ဆက်မှုတစ်ခုတွင် သက်သေခံမဟုတ်သောဆွေမျိုးတစ်ဦးအား မဂ္ဂဇင်းများ မည်သို့ဝေငှနိုင်ကြောင်း သရုပ်ပြပါ။
၁၅ မိ– “ယုံကြည်ခြင်းနှင့်ဆိုင်သောစကားများဖြင့် မွေးမြူခြင်းခံရ။”a အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို ဖတ်၍ ဆွေးနွေးပါ။
၂၀ မိ– “ပြောင်းသာလဲသာရှိသောချဉ်းကပ်နည်းတစ်ခုကိုစမ်းကြည့်ပါ။” ကြားညှပ်စာရွက်၏ စာမျက်နှာ ၈ ကိုပရိသတ်နှင့်ဆွေးနွေးပါ။ ဤချဉ်းကပ်နည်းကို လအတွက်ဝေငှမည့်စာပေနှင့်အတူ မည်သို့အသုံးပြုနိုင်ကြောင်း နမူနာနှစ်ခုကို သရုပ်ပြပါ။ သရုပ်ပြတစ်ခုစီတွင် အိမ်ရှင်ကပြောပြသည့် စိုးရိမ်ပူပန်မှုတစ်ခုနှင့်သက်ဆိုင်သော ကျမ်းချက်တစ်ချက်ကို ကြေညာသူအား ဖတ်ပြစေပါ။
သီချင်း ၁၄၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၁၇ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။
၄၀ မိ– “ခရိုင်စည်းဝေးကြီးက ဘုရားသခင်နှင့်အတူလျှောက်လှမ်းရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေး။” အကြီးအကဲတစ်ဦးကိုင်ရန်။ တစ်မိနစ် သို့မဟုတ် ထိုထက်မပိုစေဘဲ နိဒါန်းပျိုးပြီးနောက် ဆောင်းပါးတွင်ပါသည့် မေးခွန်းများကို အသုံးပြု၍ စည်းဝေးကြီးအစီအစဉ်ကို ပရိသတ်နှင့်ဆွေးနွေးရန်။ မေးခွန်းတစ်ခုစီကို လုံလုံလောက်လောက် သုံးသပ်ခွင့်ရစေရန် အချိန်ကို ခန့်ခွဲသတ်မှတ်ပါ၊ အချို့သောမေးခွန်းများအတွက် အဖြေတစ်ခုတည်းကိုသာ သုံးသပ်နိုင်ပေမည်။ သတ်မှတ်ထားချိန်အတွင်း ညွှန်းထားသောကျမ်းချက်တိုင်းကို ဖတ်နိုင်မည်မဟုတ်ပေ; အဖြေများရှာရာတွင် လွယ်ကူစေရန် ယင်းတို့ကို ထည့်ပေးထားခြင်းဖြစ်သည်။ မှတ်ချက်များကို သိရှိခဲ့ရာများအား လက်တွေ့ကျင့်သုံးခြင်း၏ အကျိုးကျေးဇူးများအပေါ် အာရုံစိုက်စေသင့်သည်။
သီချင်း ၇၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၂၄ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၀ မိ– မေးခွန်းသေတ္တာ။ ဟောရန်။
၂၅ မိ– “နမူနာတင်ဆက်နည်းများကိုအသုံးပြုပုံ။”b ဖော်ပြထားသောမေးခွန်းများကို အသုံးပြုပါ။ ဤလကြားညှပ်စာရွက်၏ စာမျက်နှာ ၃၊ ၄ နှင့် ၇ တို့တွင် ကျွန်ုပ်တို့ဝေငှကြမည့်စာပေများအတွက် တင်ဆက်နည်းများပါဝင်ကြောင်း ဖော်ပြပါ။ တစ်နှစ်လုံးအသုံးပြုရန် ကြားညှပ်စာရွက်ကို သိမ်းထားပါ။ ဆောင်းပါးကိုသုံးသပ်ပြီးနောက် ဖေဖော်ဝါရီလအတွင်း ယေဟောဝါထံချဉ်းကပ်လော့ ကို မည်သို့ဝေငှနိုင်ကြောင်း ဆွေးနွေးပါ။ တင်ဆက်နည်းနှစ်ခုကို သရုပ်ပြပါ။ ယင်းတို့ကို စာမျက်နှာ ၃ ရှိ နမူနာတင်ဆက်နည်းများအပေါ် သို့မဟုတ် ဒေသခံရပ်ကွက်တွင် ထိရောက်မှုရှိမည့် အခြားတင်ဆက်နည်းများအပေါ် အခြေခံနိုင်သည်။
သီချင်း ၂၀၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၃၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဇန်နဝါရီလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ ဇန်နဝါရီ ၁ ကင်းမျှော်စင် အတွက် တင်ဆက်ပုံကိုသရုပ်ပြရန် စာမျက်နှာ ၁၀ ပါအကြံပြုချက်ကို (သင့်ရပ်ကွက်အတွက် သင့်လျော်လျှင်) အသုံးပြုပါ။ အခြားလက်တွေ့ကျသည့် တင်ဆက်မှုများကို အသုံးပြုနိုင်သည်။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– သင်သည် ကျမ်းစာကို နေ့စဉ်စေ့စေ့ကြည့်ရှုနေသလော။ ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်း—၂၀၀၅ ၏ကျမ်းဦးစကားကိုအခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ နေ့စဉ် မိနစ်အနည်းငယ်အချိန်ယူ၍ ကျမ်းချက်နှင့် မှတ်ချက်များကို သုံးသပ်ကြဖို့ အားလုံးအတွက် လိုအပ်ကြောင်း ဆွေးနွေးပါ။ ကျမ်းချက်သုံးသပ်ရန်အတွက် သူတို့၏လုပ်ရိုးလုပ်စဉ်နှင့် သူတို့အကျိုးခံစားခဲ့ရပုံတို့နှင့်စပ်လျဉ်းသည့် မှတ်ချက်တစ်ခုနှစ်ခုအတွက် ကြိုတင်စီစဉ်ပါ။ ၂၀၀၅ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်ကို အကျဉ်းချုံးဆွေးနွေးခြင်းဖြင့် နိဂုံးချုပ်ပါ။
သီချင်း ၁၈၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၇ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။
၂၀ မိ– “ဘရိုရှာအသစ်ကိုဖြန့်ဝေရန် အထူးကင်ပိန်း။”c လုပ်ငန်းတော်ကြီးကြပ်မှူးကိုင်ရန်။ အကြံပြုထားသည့် တင်ဆက်နည်းများကို သရုပ်ပြပါ။ သရုပ်ပြတစ်ခုတွင် အိမ်ရှင်သည် ကျမ်းစာဆိုင်ရာတင်ဆက်မှုကို အနည်းငယ်သာ စိတ်ဝင်စားမှုပြရာ သူ့အား ဘရိုရှာအစား ဝေစာကို ဝေငှသည်။
၂၀ မိ– “တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း—အပိုင်း ၅။”d အတွေ့အကြုံရှိသောသွန်သင်သူတစ်ဦးက ကြေညာသူလူသစ်တစ်ဦးနှင့် အပိုဒ် ၄-၅ တွင်ဖော်ပြထားသည့် ထောင်ချောက်များကို မည်သို့ရှောင်ကြဉ်နိုင်ကြောင်း ဆွေးနွေးသည့် သရုပ်ပြတစ်ခု ပါဝင်စေပါ။
သီချင်း ၁၀၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။