အပိုင်း ၅–တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း
အကြောင်းအရာမည်မျှသုံးသပ်မည်ကို ဆုံးဖြတ်ခြင်း
၁ ယေရှုသွန်သင်သည့်အခါ “နားထောင်နိုင်သည်” အထိသာ ဟောပြောခြင်းဖြင့် မိမိတပည့်တော်များ၏ အကန့်အသတ်ရှိမှုများကို ထည့်တွက်စဉ်းစားပေးခဲ့သည်။ (မာ. ၄:၃၃; ယော. ၁၆:၁၂) အလားတူပင် ယနေ့ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သွန်သင်သူများသည် ကျမ်းစာသင်အံမှုတစ်ခုတွင် အကြောင်းအရာမည်မျှသုံးသပ်မည်ကို ချင့်တွက်ဖို့လို၏။ သုံးသပ်နိုင်သောအကြောင်းအရာပမာဏသည် သင်ပေးသူနှင့် သင်သားနှစ်ဦးစလုံး၏ စွမ်းရည်နှင့် အခြေအနေများအပေါ် မူတည်မည်ဖြစ်သည်။
၂ ခိုင်မြဲသောယုံကြည်ခြင်းကို တည်ဆောက်ပါ– အချို့သင်သားများ တစ်ကြိမ်သင်သည်နှင့် အလွယ်တကူနားလည်နိုင်သောအကြောင်းအရာကို အချို့သင်သားများမူ နှစ်ကြိမ်သုံးကြိမ်ခွဲ၍ သင်ဖို့လိုပေမည်။ ကျွန်ုပ်တို့သည် မြန်မြန်ဆန်ဆန်ပြီးဖို့အတွက် သင်သား၏ ရှင်းလင်းစွာနားလည်သဘောပေါက်မှုကို အဟန့်အတားမဖြစ်စေလိုကြပါ။ သင်သားတိုင်းသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ပါ အသစ်တွေ့ရသောယုံကြည်ခြင်းအတွက် အခြေခိုင်ဖို့လို၏။—သု. ၄:၇; ရော. ၁၂:၂။
၃ သင်သည် ပတ်စဉ်ပတ်တိုင်း သင်အံမှုကျင်းပစဉ် သင်သားအား ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သူသင်ယူနေသည့်အရာကို နားလည်လက်ခံရန်ကူညီပေးဖို့ လိုအပ်သမျှအချိန်ကို အသုံးပြုပါ။ သင်ယူနေသောသမ္မာတရား၏အနှစ်သာရ ယုတ်လျော့မသွားစေရန် အမြန်နှုန်းဖြင့်သင်ခြင်းကိုရှောင်ပါ။ အဓိကအချက်များအပေါ်အာရုံစိုက်ရန်နှင့် သွန်သင်ချက်များအတွက် အခြေပြုထားသည့် အဓိကကျမ်းချက်များကို သုံးသပ်ရန် အချိန် အလုံအလောက်ပေးပါ။—၂ တိ. ၃:၁၆၊ ၁၇။
၄ သင်အံမှုကို လမ်းကြောင်းမပြောင်းစေပါနှင့်– ကျွန်ုပ်တို့သည် သင်အံမှုကို အလောတကြီး မကျင်းပလိုကြသကဲ့သို့ လမ်းကြောင်းပြောင်းသွားခြင်းလည်း မဖြစ်လိုကြချေ။ သင်သားတစ်ဦးသည် ကိုယ်ရေးကိုယ်တာကိစ္စများကို များစွာပြောဆိုလိုပါက သင်အံမှုပြီးမှ ယင်းတို့ကို ပြောဆိုဆွေးနွေးရန် စီစဉ်ထားဖို့လိုပေမည်။—ဒေ. ၃:၁။
၅ အခြားတစ်ဖက်တွင်မူ သမ္မာတရားအတွက် ကျွန်ုပ်တို့၏စိတ်အားထက်သန်မှုကြောင့် သင်အံမှုကျင်းပနေချိန်တွင် စကားများများမပြောဆိုရန် အခက်တွေ့နိုင်သည်။ (ဆာ. ၁၄၅:၆၊ ၇) တစ်ခါတစ်ရံ အမှတ်မထင်ပေါ်လာသောအချက်တစ်ချက် သို့မဟုတ် တွေ့ကြုံမှုတစ်ခုသည် သင်အံမှုကို အကျိုးရှိစေနိုင်သော်လည်း ၎င်းတို့ကြောင့် သင်သား၏ ကျမ်းစာအခြေခံသွန်သင်ချက်များဆိုင်ရာ တိကျမှန်ကန်သောအသိပညာဆည်းပူးခြင်းကို အဟန့်အတားဖြစ်သည်အထိ များလွန်းခြင်း သို့မဟုတ် ရှည်လွန်းခြင်းဖြစ်စေလိုကြမည်မဟုတ်ပေ။
၆ ကျွန်ုပ်တို့သည် သင်အံမှုအစီအစဉ်တစ်ခုစီတွင် အကြောင်းအရာပမာဏအတော်အသင့်ကို ဆွေးနွေးသုံးသပ်ခြင်းဖြင့် “ယေဟောဝါ၏အလင်းတော်၌ လျှောက်လှမ်း” ရန် ကျမ်းစာသင်သားများအား ကူညီပေးကြသည်။—ဟေရှာ. ၂:၅၊ ကဘ။