ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၀၂ စာ. ၁
  • နိုင်ငံတော်ကို ဆက်၍ ရှေးဦးထားလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိုင်ငံတော်ကို ဆက်၍ ရှေးဦးထားလော့
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘နိုင်ငံတော်ကို ရှေးဦးစွာ ဆက်၍ရှာကြလော့’
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • အကျိုးပြုလုပ်ငန်းကို ထမ်းဆောင်နေတဲ့ အသင်းတော် အမှုထမ်းများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ဟောပြောရန်အတားအဆီးဖြစ်သလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • “နိုင်ငံတော် လာပါစေ”—သန်းနဲ့ချီတဲ့ လူတွေရဲ့ ဆုတောင်းချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နဓ ၁/၀၂ စာ. ၁

နိုင်ငံတော်ကို ဆက်၍ ရှေးဦးထားလော့

၁ စီးပွားရေးအကျပ်အတည်းများ သို့မဟုတ် အခြားပြဿနာများကို ကျွန်ုပ်တို့ကြုံတွေ့ရသောအခါ အသက်တာ၌ ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးထားရန်နှင့် ထိုသို့ဆက်၍လုပ်ဆောင်နေခြင်းသည် မလွယ်ကူပေ။ အခက်အခဲများပေါ်ပေါက်လာသည့်အခါ နိုင်ငံတော်ကို ကျွန်ုပ်တို့ မည်သို့ ဆက်၍ ရှေးဦးထားနိုင်သနည်း။ အစည်းအဝေးများပျက်စေသည့် သို့မဟုတ် လယ်ကွင်းလုပ်ငန်းကို အဟန့်အတားဖြစ်စေသည့် အလုပ်တစ်ခုကမ်းလှမ်းခံရလျှင်ကော အသို့နည်း။ ထိုအခါ နိုင်ငံတော်ကို အသက်တာတွင် ဒုတိယနေရာ၌ထားရမည်လော။

၂ ခိုင်မာသောယုံကြည်ခြင်း မရှိမဖြစ်လိုအပ်– ထိုသို့သောအခြေအနေမျိုးအောက် ကျွန်ုပ်တို့၏ယုံကြည်ခြင်း စမ်းသပ်ခံရသည့်အခါ နိုင်ငံတော်ကို ရှေးဦးရှာလျှင် ဘုရားသခင်အကူအညီပေးမည်ဟူသော ယေဟောဝါ၏ကတိတော်နှင့် ယေရှု၏အာမခံချက်ကို မျက်ခြည်မပြတ်ရပါ။ (ဆာ. ၃၇:၂၅; မ. ၆:၃၁-၃၄) လောကီသြဇာလွှမ်းမိုးမှုများနှင့် ဖိစီးမှုများသည် ကျွန်ုပ်တို့၏အမြင်ကိုမှုန်ဝါးစေကာ နိုင်ငံတော်ကို ဆက်၍ရှေးဦးမထားနိုင်ရန် အတားအဆီးဖြစ်စေနိုင်သည်။ အချို့သူတို့သည် အလုပ်တွင် ထင်ပေါ်ကျော်ကြားရန် သို့မဟုတ် ငွေကြေးအမြတ်အစွန်းရရန်အလားအလာများကို အသက်တာတွင် အဓိကအရာဖြစ်စေခဲ့ကြပြီ။ သို့သော် ပေါလုကဲ့သို့ ကျွန်ုပ်တို့သည် အသက်တာတွင် အမှန်အရေးပါသည့်အရာကို မှန်ကန်စွာ တန်ဖိုးဖြတ်ရန်လိုသည်။—ဖိ. ၃:၇-၁၀။

၃ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ဖို့ လိုသလော– ကြေညာသူတစ်ဦးက ဤသို့ဆိုသည်– “ကျွန်မရဲ့စိတ်နှလုံးဟာ လုပ်ငန်းပေါ်မှာပဲရှိခဲ့ပြီး တကယ့်ကိုတွယ်တာမိခဲ့တယ်။ ကျွန်မရဲ့အချိန်အများစုကို စီးပွားရေးလုပ်ငန်းထဲမှာ မြှုပ်နှံထားရင်းနဲ့ သက်သေခံတစ်ဦးအဖြစ် ဆက်လက်ရပ်တည်နိုင်တယ်လို့ ကျွန်မယူဆခဲ့တယ်။” သို့သော် ယေဟောဝါ၏အမှုတော်ကို ပိုမိုထမ်းဆောင်နိုင်သည်ဟူသော ခံစားချက်က သူ့ကို တစ်ချိန်လုံးအနှောင့်အယှက်ပေးနေခဲ့သည်။ အချိန်တန်သော် သူ၏ဝိညာဉ်ရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့်လုပ်ငန်းကို စွန့်လွှတ်ခဲ့သည်။ နိုင်ငံတော်လုပ်ငန်းအတွက် မိမိကိုယ်ကိုလုံးလုံးပေးဆက်ပြီးသည်နှင့် သူဤသို့ပြောနိုင်ခဲ့သည်– “အခုအချိန်မှာတော့ ယေဟောဝါရဲ့မျက်မှောက်တော်မှာ ကျွန်မရဲ့ဘဝဟာ အောင်မြင်နေတယ်လို့ခံစားမိတယ်။ အဲဒါက အရေးကြီးဆုံးပဲမဟုတ်လား။”

၄ ချီးကျူးစရာမှာ၊ များစွာသောသူတို့သည် လောကီလုပ်ငန်းများနှင့် ငွေကြေးအမြတ်အစွန်းများများရရှိစေသည့် အလားအလာများကို စွန့်လွှတ်ပြီး မိမိတို့၏အသက်တာကို ရိုးရှင်းစေကာ အချိန်ပြည့်လုပ်ငန်းသို့ ဝင်ရောက်ခဲ့ကြသည်။ ဓမ္မအမှုထမ်းသင်တန်းကျောင်းတက်နေကြသည့် ငယ်ရွယ်သော တစ်ကိုယ်ရေဓမ္မအမှုထမ်းများနှင့် အကြီးအကဲများသည် ယင်းသို့လုပ်ဆောင်ခဲ့ကြကာ လုပ်ငန်းတော်အခွင့်ထူးများကို ခံစားနေကြရသည်။ ပေါလု၏ အထူးကောင်းမွန်သောပုံသက်သေကို တုပသည့်အနေဖြင့် အခြေခံရုပ်ပိုင်းအထောက်အပံ့များဖြင့် အမှန်ကျေနပ်ရောင့်ရဲကြသည်။—၁ ကော. ၁၁:၁; ၁ တိ. ၆:၆-၈; ဟေဗြဲ ၁၃:၅။

၅ ဘဝအပေါ် ကျွန်ုပ်တို့၏ရှုမြင်ပုံကို လောကမှ ပြက်ရယ်ပြုကောင်းပြုမည်ဖြစ်သော်လည်း ကျွန်ုပ်တို့သည် ယေဟောဝါ၏ကောင်းချီးခံစားနေရသည်။ (၁ ကော. ၁:၂၆-၃၁) ကိုယ်တော်သည် ကျွန်ုပ်တို့ကို အတတ်နိုင်ဆုံး အပြည့်အဝအသုံးပြုမည်ဖြစ်ကြောင်းနှင့် ကိုယ်တော်၏လုပ်ငန်းပြီးမြောက်စေရန် အကူအညီပေးမည်ဖြစ်ကြောင်း သိရခြင်းသည် အားရှိစရာမဟုတ်ပေလော။ တည်ထောင်ပြီးဖြစ်သော ဘုရားသခင့်နိုင်ငံတော်ကိုကြေညာရသည့် ကျွန်ုပ်တို့၏လက်ရှိအခွင့်အရေးကို နောက်တစ်ဖန် ပြန်ရရှိတော့မည်မဟုတ်ပေ။ ထို့ကြောင့် ယခုအချိန်သည် ကျွန်ုပ်တို့၏အသက်တာ၌ နိုင်ငံတော်ကို ဆက်၍ ရှေးဦးထားရမည့်အချိန်ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ