ဒီဇင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
ဒီဇင်ဘာ ၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှရွေးချယ်ထားသောကြေညာချက်များ။
၁၅ မိ– “နေ့စဉ်နေ့တိုင်း ယေဟောဝါအကြောင်းပြောပါ။” မေးဖြေရန်။ အပိုဒ် ၄ ကိုခြုံငုံသုံးသပ်သောအခါ ကျောင်းလမ်းညွှန်စာအုပ်၊ သင်ခန်းစာ ၁၆၊ အပိုဒ် ၁၄-၁၆ မှမှတ်ချက်များပါဝင်စေပါ။
၂၀ မိ– “သမ္မာကျမ်းစာ—လူခပ်သိမ်းအတွက်ဘုရားသခင့်လမ်းညွှန်။” သမ္မာကျမ်းစာကိုဆန်းစစ်သုံးသပ်ရန် လူတိုင်းလှုံ့ဆော်ခံသင့်သည့်အကြောင်းရင်းများနှင့်တကွ ဆောင်းပါးကို အကြီးအကဲတစ်ဦးဆွေးနွေးပါ။ (လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်ဘရိုရှာ၊ စာမျက်နှာ ၃၀၊ ၃၂ ရှု။) အပိုဒ် ၃-၈ တွင်အကြံပြုထားသည့်တင်ဆက်ပုံများကိုအသုံးပြုရန် မည်သို့ပြင်ဆင်ခဲ့ပုံနှင့်စပ်လျဉ်း၍ ကြေညာသူနှစ်ဦးကို တိုတုတ်စွာလူတွေ့ခေါ်မေးပါ။ ဦးဆုံးအကြိမ်သွားရောက်ဟောပြောခြင်းနှင့် ဆက်နွှယ်သောပြန်လည်ပတ်မှုအတွက် ယင်းတို့အနက်မှ တစ်ခုကို သရုပ်ပြပါ။
သီချင်း ၁၆၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၈ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၂၀ မိ– မကောင်းမှုပြုခြင်းကို အဘယ့်ကြောင့်တိုင်ကြားရမည်နည်း။ ၁၉၉၇၊ ဩဂုတ် ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၆-၃၀ ကိုအခြေခံ၍အကြီးအကဲတစ်ဦးဟောပါ။
၁၅ မိ– “သင့်ကိုသတိရနေကြသည်!” ပရိသတ်နှင့်အကြီးအကဲတစ်ဦးဆွေးနွေးရန်။ အသင်းတော်စည်းဝေးတက်ရောက်သူပျမ်းမျှခြင်းတို့ကို ပြောပြပါ။ အတူတကွစည်းဝေးရခြင်းမှလန်းဆန်းမှုရရှိခဲ့သည့်အကြောင်းရင်းများကိုပြောပြရန် အချို့ကိုဖိတ်ခေါ်ပါ။
သီချင်း ၁၇၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၁၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ လောကီပွဲနေ့နှုတ်ခွန်းဆက်စကားများကို လိမ္မာပါးနပ်စွာတုံ့ပြန်ပုံနှင့်စပ်လျဉ်း၍ အကြံပြုချက်များပေးပါ။ ဒီဇင်ဘာ ၂၅ ရက်နှင့် ဇန်နဝါရီ ၁ ရက်အတွက် အထူးလယ်ကွင်းလုပ်ငန်းတော်အစီအစဉ်များကို ဖော်ပြပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။
၂၅ မိ– “ကျွန်ုပ်တို့သည် ဟောပြောသူများသာမဟုတ်၊ သွန်သင်ပေးသူများပါဖြစ်သင့်။” မေးဖြေရန်။ အပိုဒ် ၁၁ ကိုခြုံငုံသုံးသပ်သောအခါ ကျောင်းလမ်းညွှန်စာအုပ်၊ သင်ခန်းစာ ၁၅၊ အပိုဒ် ၁၁ ကိုဖတ်ပြပါ။
သီချင်း ၁၇၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၂၂ တွင်စမည့်အပတ်
၈ မိ– ဒေသကြေညာချက်များ။ ကြေညာသူများအား နောက်အပတ်စည်းဝေးအတွက် ဇန်နဝါရီ ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်ကိုယူလာရန် သတိပေးပါ။
၁၇ မိ– “၁၉၉၈ ခုနှစ်အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်း။” ကျောင်းကြီးကြပ်မှူးဟောရန်။ လာမည့်နှစ်အတွင်း ကျောင်းမှ အားလုံး ပို၍ပြည့်ဝစွာအကျိုးခံစားနိုင်သည့်နည်းများကို သုံးသပ်ပါ။ “ထပ်ဆင့်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်” သစ်ကို ပတ်စဉ်မှန်မှန်ပြုလုပ်ရန် အားပေးပါ။
၂၀ မိ– သတင်းကောင်းကို နေရာတိုင်း၌ဟောပြောပါ။ ဤမေးခွန်းများကိုသုံးကာ ကျွန်ုပ်တို့၏ဓမ္မအမှုစာအုပ်၊ စာမျက်နှာ ၉၃-၈ ကိုပရိသတ်နှင့်ဆွေးနွေးပါ– (၁) သတင်းကောင်းကိုပျံ့နှံ့စေရာတွင် စာပေများကိုအသုံးပြုခြင်းသည် အဘယ်ကြောင့်ထိရောက်သနည်း။ အခွင့်အရေးရတိုင်း စာပေများကို အဘယ်ကြောင့်ဝေငှသင့်သနည်း။ (၂) အလွတ်သဘောသက်သေခံရာတွင် အဘယ်ကြောင့်သတိရှိသင့်သနည်း။ အလွတ်သဘောသက်သေခံနိုင်သည့်နည်းအချို့ကား အဘယ်နည်း။ (အလွတ်သဘောသက်သေခံသည့်တွေ့ ကြုံမှုများကိုပြောပြရန် အချို့ကိုဖိတ်ခေါ်ပါ။) (၃) အသင်းတော်သည် ခန့်အပ်ထားသည့်ရပ်ကွက်ကို ကောင်းကောင်းနှံ့စပ်ရန် အဘယ်ကြောင့်ကြိုးပမ်းသင့်သနည်း။ ရပ်ကွက်များသည့်အခါ ကိုယ်ပိုင်ရပ်ကွက်ထားရှိခြင်း၏အကျိုးကား အဘယ်နည်း။ (၄) အုပ်စုလိုက်သက်သေခံခြင်းအစီအစဉ်များမှ ကျွန်ုပ်တို့မည်သို့အကျိုးခံစားရသနည်း။ ကျွန်ုပ်တို့၏အချိန်ကိုအကောင်းဆုံးအသုံးပြုခြင်းဖြစ်စေရန် သက်သေခံခြင်းလုပ်ငန်းကို မည်သို့စီစဉ်နိုင်သနည်း။
သီချင်း ၂၂၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၂၉ တွင်စမည့်အပတ်
၈ မိ– ဒေသကြေညာချက်များ။ လယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းများပေးရန် အားလုံးကိုသတိပေးပါ။ သင့်အသင်းတော်သည် နှစ်သစ်အတွက်စည်းဝေးအချိန်များပြောင်းမည်ဆိုပါက အသင်းတော်အချိန်ဇယားအသစ်နှင့်အတူ စည်းဝေးမှန်မှန်တက်ရောက်ခြင်းကို ထိန်းသိမ်းထားရန် ကြင်နာစွာဖြင့်အားပေးတိုက်တွန်းပါ။
၁၂ မိ– ဇန်နဝါရီလတွင်ဝေငှမည့်စာပေကိုသုံးသပ်ပါ။ အသင်းတော်တွင်ပိုလျှံနေသောစာအုပ်ဟောင်းများကိုပြပြီး တင်ဆက်မှုများပြင်ဆင်ရာတွင်အကူအညီဖြစ်စေမည့် စိတ်ဝင်စားစရာအချက်အလက်များကို ပြောပြပါ။ သရုပ်ပြတစ်ခုပါဝင်စေပါ။ ကျွန်ုပ်တို့သည် တောင်းဆိုဘရိုရှာဖြင့်ဖြစ်စေ၊ အသိပညာစာအုပ်ဖြင့်ဖြစ်စေ သင်အံမှုများစရန်ဆက်ကြိုးစားအားထုတ်သင့်သည်။
၂၅ မိ– ၁၉၉၈ ခုနှစ်ခရိုင်စည်းဝေးကြီးတက်ရန်ပြင်ဆင်ပါ။ ဇန်နဝါရီ ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်တွင်ပါသည့် စည်းဝေးကြီးအချက်အလက်များကို အတွင်းရေးမှူးမေးဖြေဆွေးနွေးရန်။ ပထမတွင် ဒီဇင်ဘာ ၁၅ ရက်၊ စည်းဝေးကြီးတာဝန်ခန့်အပ်ချက်စာကိုဖတ်ပါ။ ထို့နောက် ဆောင်းပါးမှအပိုဒ် ၅ ကိုသုံးသပ်ပြီးနောက် တည်းခိုရေးအကြံပြုစာရင်း၏အစနှင့်နိဂုံးစာပိုဒ်များကိုဖတ်ပြပါ။ ဆောင်းပါးတွင်ဖော်ပြထားသည့်အတိုင်း တည်းခိုရေးကိစ္စများတွင် အသင်းမ၏ညွှန်ကြားချက်ကိုလိုက်နာရန်အတွက် ကျမ်းစာမူများကိုအလေးပေးတင်ပြပါ။ အသင်းမအစီအစဉ်နှင့်ပူးပေါင်းလုပ်ဆောင်ခြင်းအတွက် ညီအစ်ကိုများကိုချီးမွမ်းပါ။
သီချင်း ၂၁၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။